Bundesliga La Liga UCL&UEL

ဘိုင်ယန်ထက် ဘာစီလိုနာမှာက ပိုပြီး လမ်းနီးတယ်လို့ ပြောလိုက်တဲ့ လီဗာ

ဘိုင်ယန်မြူးနစ်အသင်းရဲ့ တိုက်စစ်မှာ နှစ်ပေါင်းများစွာ ခြေစွမ်းပြခဲ့ပြီးတဲ့နောက် ဒီရာသီမှာတော့ သူထားခဲ့လို့ အသည်းကွဲတဲ့ ကောင်မလေးလို ဖြစ်နေတဲ့ နည်းပြ ဂျူလီယန် နာဂဲလ်စ်မန်းတို့ကို လှည့်မကြည့်ဖြစ်တော့တဲ့ ပိုလန်တိုက်စစ်မှူး ရောဘတ် လီဗန်ဒေါ့ဗ်စကီးက ဘာစီလိုနာအသင်းကို ပြောင်းလာဖြစ်တဲ့ အကြောင်းရင်းတစ်ရပ်ကို ချပြလိုက်ပါတယ်။

အသက် ၃၄ နှစ်အရွယ် တိုက်စစ်မှူးဟာ ဂျာမန်မြေမှာ ဘိုရုရှားဒေါ့မွန်နဲ့ ဘိုင်ယန်မြူးနစ်အသင်းတွေအတွက် ခြေစွမ်းပြခဲ့သူဖြစ်ပြီး နှစ်သင်းပေါင်း သွင်းဂိုး ၄၄၇ ဂိုးကို ၅၆၂ ပွဲမှာ ရှာဖွေနိုင်ခဲ့သူဖြစ်ပြီး ဘွန်ဒက်စ်လီဂါသွင်းဂိုးပေါင်း ၃၁၂ ဂိုးနဲ့အတူ ဂိုးသွင်းဘုရင်ဆုကို နောက်ဆုံး ၅ ရာသီ ဆက်တိုက် အပါအဝင် ၇ ကြိမ် ရယူပေးခဲ့သူလည်းဖြစ်ပါတယ်။

ဘိုင်ယန်နဲ့အတူ ဘွန်ဒက်စ်လီဂါ ချန်ပီယံ ၈ ကြိမ်၊ ဒေါ့မွန်နဲ့အတူ ၂ ကြိမ် ရယူခဲ့တဲ့ လီဗန်ဒေါ့ဗ်စကီးဟာ ချန်ပီယံလိဂ်ကို ၂၀၁၉-၂၀ ရာသီမှာ ရယူနိုင်ခဲ့သူဖြစ်ပြီး အဲ့ဒီနှစ်မှာပဲ ဂိုးသွင်းအများဆုံးရော ဖန်တီးမှုအများဆုံးဆုကိုပါ ရရှိခဲ့သလို အကောင်းဆုံးတိုက်စစ်မှူးဆုကိုလည်း ရယူနိုင်ခဲ့တာပါ။

၂၀၂၁ ခုနှစ်ရဲ့ ဥရောပအကောင်းဆုံးတိုက်စစ်မှူးဆုကို အသစ်ထွင်ပြီး ပေးရတဲ့အထိ ဂျာမန်မြေမှာ ခြေစွမ်းပြနိုင်ခဲ့တဲ့ တိုက်စစ်မှူးက သူ့ရဲ့ နေရာဟောင်းဟာ ကြံ့ခိုင်မှုကို အားပြုလွန်းတယ်လို့ စွပ်စွဲလိုက်ပြီး စပိန်မြေကတော့ ဘောလုံးကို ပိုပြီး ဦးစားပေး ကစားကြသလို ပြောင်းရွှေ့ဖြစ်ခဲ့တဲ့ အကြောင်းရင်းတစ်ခုကိုလည်း ထုတ်ဖော်သွားပါတယ်။

အဲ့ဒါကတော့ ဘယ်လွန်ဒေါဆုကို လိုချင်လို့ပဲဖြစ်ပြီး သူက “ဘယ်လွန်ဒေါဆု ရဖို့အတွက်လား။ ဟုတ်တာပေါ့ဗျာ… ဘာစီလိုနာဆိုတာ ဒီဆုကို အများဆုံး ပိုင်ဆိုင်ထားတဲ့ ကစားသမား‌တွေရဲ့ အသင်းပဲ။ ကျွန်တော့်အမြင်တော့ ဘိုင်ယန်မြူးနစ်မှာ ကစားပြီး ဒီဆုကို ရဖို့ထက် ဘာစီလိုနာမှာဆိုရင် လမ်းတိုတိုနဲ့ သွားရောက်ရယူနိုင်မယ်လို့ ထင်မိတာပဲဗျ”လို့ ပြောပြသွားခဲ့တာပါ။

လာလီဂါမှာ ၆ ပွဲကစား ၈ ဂိုး သွင်းယူထားခဲ့သလို ပြိုင်ပွဲစုံ ၈ ပွဲမှာ ၁၁ ဂိုး ရယူထားတဲ့ လီဗန်ဒေါ့ဗ်စကီးအနေနဲ့ ဒီနှစ်မှာ ပြင်သစ် ဘောလုံးမဂ္ဂဇင်းက ပေးတဲ့ ဥရောပအကောင်းဆုံးဆုကို ရယူဖို့ အယ်လ်ကလာစီကို ပြိုင်ဘက်တိုက်စစ်မှူး ကာရင်မ် ဘင်ဇီးမားနဲ့အပြိုင် ရေပန်းစားနေခဲ့ပြီး ဒီနှစ်မှာ မရခဲ့ရင်တောင် နောက်နှစ်မှာ ရယူသွားနိုင်လိမ့်မယ်လို့ သူ့ရဲ့ ပရိသတ်တွေက ခန့်မှန်းထားကြပါတယ်။

လီဗန်ဒေါ့ဗ်စကီးက သူ့အနေနဲ့ ဘာစီလိုနာအသင်းမှာ ကစားရတာဟာ သိပ်ကို သက်တောင့်သက်သာရှိတယ်လို့ ထုတ်ဖော်သွားခဲ့ပြီး အသင်းဖော်တွေနဲ့ နည်းပြအဖွဲ့ဝင်တွေရဲ့ အလျင်အမြန် အထိုင်ကျအောင် ကူညီပေးမှုအတွက် ကျေးဇူးတင်ကြောင်း ပြောကြားသွားခဲ့သလို ဒီအသင်းနဲ့ ဆုဖလားတွေ ရယူနိုင်ဖို့ မျှော်လင့်နေတယ်လို့ ဆိုခဲ့ကြောင်းလည်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဘိုင္ယန္ျမဴးနစ္အသင္းရဲ႕ တိုက္စစ္မွာ ႏွစ္ေပါင္းမ်ားစြာ ေျခစြမ္းျပခဲ့ၿပီးတဲ့ေနာက္ ဒီရာသီမွာေတာ့ သူထားခဲ့လို႔ အသည္းကြဲတဲ့ ေကာင္မေလးလို ျဖစ္ေနတဲ့ နည္းျပ ဂ်ဴလီယန္ နာဂဲလ္စ္မန္းတို႔ကို လွည့္မၾကည့္ျဖစ္ေတာ့တဲ့ ပိုလန္တိုက္စစ္မႉး ေရာဘတ္ လီဗန္ေဒါ့ဗ္စကီးက ဘာစီလိုနာအသင္းကို ေျပာင္းလာျဖစ္တဲ့ အေၾကာင္းရင္းတစ္ရပ္ကို ခ်ျပလိုက္ပါတယ္။

အသက္ ၃၄ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ ဂ်ာမန္ေျမမွာ ဘို႐ုရွားေဒါ့မြန္နဲ႔ ဘိုင္ယန္ျမဴးနစ္အသင္းေတြအတြက္ ေျခစြမ္းျပခဲ့သူျဖစ္ၿပီး ႏွစ္သင္းေပါင္း သြင္းဂိုး ၄၄၇ ဂိုးကို ၅၆၂ ပြဲမွာ ရွာေဖြႏိုင္ခဲ့သူျဖစ္ၿပီး ဘြန္ဒက္စ္လီဂါသြင္းဂိုးေပါင္း ၃၁၂ ဂိုးနဲ႔အတူ ဂိုးသြင္းဘုရင္ဆုကို ေနာက္ဆုံး ၅ ရာသီ ဆက္တိုက္ အပါအဝင္ ၇ ႀကိမ္ ရယူေပးခဲ့သူလည္းျဖစ္ပါတယ္။

ဘိုင္ယန္နဲ႔အတူ ဘြန္ဒက္စ္လီဂါ ခ်န္ပီယံ ၈ ႀကိမ္၊ ေဒါ့မြန္နဲ႔အတူ ၂ ႀကိမ္ ရယူခဲ့တဲ့ လီဗန္ေဒါ့ဗ္စကီးဟာ ခ်န္ပီယံလိဂ္ကို ၂၀၁၉-၂၀ ရာသီမွာ ရယူႏိုင္ခဲ့သူျဖစ္ၿပီး အဲ့ဒီႏွစ္မွာပဲ ဂိုးသြင္းအမ်ားဆုံးေရာ ဖန္တီးမႈအမ်ားဆုံးဆုကိုပါ ရရွိခဲ့သလို အေကာင္းဆုံးတိုက္စစ္မႉးဆုကိုလည္း ရယူႏိုင္ခဲ့တာပါ။

၂၀၂၁ ခုႏွစ္ရဲ႕ ဥေရာပအေကာင္းဆုံးတိုက္စစ္မႉးဆုကို အသစ္ထြင္ၿပီး ေပးရတဲ့အထိ ဂ်ာမန္ေျမမွာ ေျခစြမ္းျပႏိုင္ခဲ့တဲ့ တိုက္စစ္မႉးက သူ႔ရဲ႕ ေနရာေဟာင္းဟာ ႀကံ့ခိုင္မႈကို အားျပဳလြန္းတယ္လို႔ စြပ္စြဲလိုက္ၿပီး စပိန္ေျမကေတာ့ ေဘာလုံးကို ပိုၿပီး ဦးစားေပး ကစားၾကသလို ေျပာင္းေ႐ႊ႕ျဖစ္ခဲ့တဲ့ အေၾကာင္းရင္းတစ္ခုကိုလည္း ထုတ္ေဖာ္သြားပါတယ္။

အဲ့ဒါကေတာ့ ဘယ္လြန္ေဒါဆုကို လိုခ်င္လို႔ပဲျဖစ္ၿပီး သူက “ဘယ္လြန္ေဒါဆု ရဖို႔အတြက္လား။ ဟုတ္တာေပါ့ဗ်ာ… ဘာစီလိုနာဆိုတာ ဒီဆုကို အမ်ားဆုံး ပိုင္ဆိုင္ထားတဲ့ ကစားသမား‌ေတြရဲ႕ အသင္းပဲ။ ကြၽန္ေတာ့္အျမင္ေတာ့ ဘိုင္ယန္ျမဴးနစ္မွာ ကစားၿပီး ဒီဆုကို ရဖို႔ထက္ ဘာစီလိုနာမွာဆိုရင္ လမ္းတိုတိုနဲ႔ သြားေရာက္ရယူႏိုင္မယ္လို႔ ထင္မိတာပဲဗ်”လို႔ ေျပာျပသြားခဲ့တာပါ။

လာလီဂါမွာ ၆ ပြဲကစား ၈ ဂိုး သြင္းယူထားခဲ့သလို ၿပိဳင္ပြဲစုံ ၈ ပြဲမွာ ၁၁ ဂိုး ရယူထားတဲ့ လီဗန္ေဒါ့ဗ္စကီးအေနနဲ႔ ဒီႏွစ္မွာ ျပင္သစ္ ေဘာလုံးမဂၢဇင္းက ေပးတဲ့ ဥေရာပအေကာင္းဆုံးဆုကို ရယူဖို႔ အယ္လ္ကလာစီကို ၿပိဳင္ဘက္တိုက္စစ္မႉး ကာရင္မ္ ဘင္ဇီးမားနဲ႔အၿပိဳင္ ေရပန္းစားေနခဲ့ၿပီး ဒီႏွစ္မွာ မရခဲ့ရင္ေတာင္ ေနာက္ႏွစ္မွာ ရယူသြားႏိုင္လိမ့္မယ္လို႔ သူ႔ရဲ႕ ပရိသတ္ေတြက ခန႔္မွန္းထားၾကပါတယ္။

လီဗန္ေဒါ့ဗ္စကီးက သူ႔အေနနဲ႔ ဘာစီလိုနာအသင္းမွာ ကစားရတာဟာ သိပ္ကို သက္ေတာင့္သက္သာရွိတယ္လို႔ ထုတ္ေဖာ္သြားခဲ့ၿပီး အသင္းေဖာ္ေတြနဲ႔ နည္းျပအဖြဲ႕ဝင္ေတြရဲ႕ အလ်င္အျမန္ အထိုင္က်ေအာင္ ကူညီေပးမႈအတြက္ ေက်းဇူးတင္ေၾကာင္း ေျပာၾကားသြားခဲ့သလို ဒီအသင္းနဲ႔ ဆုဖလားေတြ ရယူႏိုင္ဖို႔ ေမွ်ာ္လင့္ေနတယ္လို႔ ဆိုခဲ့ေၾကာင္းလည္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.