Premier League Transfer News

ေနာက္ဆုံးရ အာဆင္နယ္သတင္းမ်ား စုစည္းမွဳ – ၃၁.၈.၂၀၂၀

– ႐ိုးမားအသင္းက လာေရာက္ေဆြးေႏြးေနေပမယ့္ စိတ္ဝင္စားမွဳ မရွိဘဲ အာဆင္နယ္အသင္းက ထြက္ခြာမယ့္ ကိုလာစီနက္ခ်္အေနနဲ႔ အသင္းေဟာင္း ေရွာ္လ္ကာကို ျပန္လည္ေျပာင္းေရႊ႕ၿပီး အသင္းေခါင္းေဆာင္ျဖစ္လာႏုိင္ဖို႔ ပစ္မွတ္ထားေန။

– ေသာမတ္စ္ ပါေတးအတြက္ အက္သလက္တီကို မက္ဒရစ္ဘက္က သေဘာထားအနည္းငယ္ ေပ်ာ့ေျပာင္းလာခဲ့တယ္လုိ႔ သိရၿပီး အာဆင္နယ္အေနနဲ႔ အလက္ဇန္းဒါး လာကာဇက္ကို ထည့္သြင္းကမ္းလွမ္းမယ္ဆုိရင္ သေဘာတူႏုိင္ေၾကာင္း ျပသ။

– ကစားသမားေတြ ေရာင္းခ်ထားတဲ့ ဗလင္စီယာအသင္းက ကြင္းလယ္ပုိင္း ျပန္လည္အားျဖည့္မွဳအျဖစ္ ေခၚယူဖို႔ စိတ္ဝင္စားလာခဲ့တဲ့ မက္တီယို ဂန္ဒူဇီအတြက္ ေျပာင္းေရႊ႕ေၾကးအျဖစ္ ယူ႐ိုသန္း ၄၀ ကို အာဆင္နယ္သတ္မွတ္။

– ပုံမွန္ကစားခြင့္အတြက္ အသင္းကေန ထြက္ခြာဖို႔ ရွိတယ္လို႔ သတင္းထြက္ခဲ့တဲ့ အိန္းစလီ မိတ္လန္းႏုိင္းလ္စ္အေနနဲ႔ စိတ္ေျပာင္းသြားၿပီး အာဆင္နယ္အသင္းမွာပဲ ဆက္ေနၿပီး ပြဲထြက္ခြင့္အတြက္ ႀကဳိးစားသြားမွာျဖစ္သလို စာခ်ဳပ္သစ္လည္း ခ်ဳပ္ဆုိသြားဖြယ္ရွိေန။

– လာကာဇက္ကို ေရာင္းခ်မယ္ဆုိရင္ တုိက္စစ္မွဴးသစ္တစ္ေယာက္ ျပန္လည္ေခၚယူရမယ့္ အာဆင္နယ္အသင္းရဲ႕ ပစ္မွတ္တစ္ခုျဖစ္တဲ့ ျပင္သစ္သား ေအာ့ဒ္ဆြန္း ေအဒူယာအတြက္ ဆဲလ္တစ္အသင္းက ေပါင္သန္း ၄၀ သတ္မွတ္ထားၿပီး စိတ္ဝင္စားေနၾကတဲ့ ဘ႐ိုက္တန္နဲ႔ ဗီလာတုိ႔အတြက္လည္း ေခၚယူဖို႔ ခက္ခဲသြားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– ရိုးမားအသင်းက လာရောက်ဆွေးနွေးနေပေမယ့် စိတ်ဝင်စားမှု မရှိဘဲ အာဆင်နယ်အသင်းက ထွက်ခွာမယ့် ကိုလာစီနက်ချ်အနေနဲ့ အသင်းဟောင်း ရှော်လ်ကာကို ပြန်လည်ပြောင်းရွှေ့ပြီး အသင်းခေါင်းဆောင်ဖြစ်လာနိုင်ဖို့ ပစ်မှတ်ထားနေ။

– သောမတ်စ် ပါတေးအတွက် အက်သလက်တီကို မက်ဒရစ်ဘက်က သဘောထားအနည်းငယ် ပျော့ပြောင်းလာခဲ့တယ်လို့ သိရပြီး အာဆင်နယ်အနေနဲ့ အလက်ဇန်းဒါး လာကာဇက်ကို ထည့်သွင်းကမ်းလှမ်းမယ်ဆိုရင် သဘောတူနိုင်ကြောင်း ပြသ။

– ကစားသမားတွေ ရောင်းချထားတဲ့ ဗလင်စီယာအသင်းက ကွင်းလယ်ပိုင်း ပြန်လည်အားဖြည့်မှုအဖြစ် ခေါ်ယူဖို့ စိတ်ဝင်စားလာခဲ့တဲ့ မက်တီယို ဂန်ဒူဇီအတွက် ပြောင်းရွှေ့ကြေးအဖြစ် ယူရိုသန်း ၄၀ ကို အာဆင်နယ်သတ်မှတ်။

– ပုံမှန်ကစားခွင့်အတွက် အသင်းကနေ ထွက်ခွာဖို့ ရှိတယ်လို့ သတင်းထွက်ခဲ့တဲ့ အိန်းစလီ မိတ်လန်းနိုင်းလ်စ်အနေနဲ့ စိတ်ပြောင်းသွားပြီး အာဆင်နယ်အသင်းမှာပဲ ဆက်နေပြီး ပွဲထွက်ခွင့်အတွက် ကြိုးစားသွားမှာဖြစ်သလို စာချုပ်သစ်လည်း ချုပ်ဆိုသွားဖွယ်ရှိနေ။

– လာကာဇက်ကို ရောင်းချမယ်ဆိုရင် တိုက်စစ်မှူးသစ်တစ်ယောက် ပြန်လည်ခေါ်ယူရမယ့် အာဆင်နယ်အသင်းရဲ့ ပစ်မှတ်တစ်ခုဖြစ်တဲ့ ပြင်သစ်သား အော့ဒ်ဆွန်း အေဒူယာအတွက် ဆဲလ်တစ်အသင်းက ပေါင်သန်း ၄၀ သတ်မှတ်ထားပြီး စိတ်ဝင်စားနေကြတဲ့ ဘရိုက်တန်နဲ့ ဗီလာတို့အတွက်လည်း ခေါ်ယူဖို့ ခက်ခဲသွားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.