Premier League Transfer News

ေနာက္ဆုံးရ ခ်ဲလ္ဆီးသတင္းမ်ား စုစည္းမွဳ – ၃၁.၈.၂၀၂၀

– ေလဗာကူဆင္အသင္းရဲ႕ တနဂၤေႏြေန႔ ထရိန္နင္မွာ ခုိင္ ဟာဗတ္ဇ္ကို မျမင္ရဘူးလို႔ ဂ်ာမန္သတင္းဌာနေတြက ေဖာ္ျပခဲ့ၾကၿပီး ဒါဟာ ဒီရက္ပုိင္းအတြင္း ခ်ဲလ္ဆီးအသင္းဆီ လာေရာက္အၿပီးသတ္ႏုိင္ေတာ့မယ့္ ေျပာင္းေရႊ႕မွဳ လကၡဏာလုိ႔ ပရိသတ္ေတြ ရင္ခုန္ေနၾက။

– ဂိုးသမားသစ္ေတြကို ေခၚယူဖို႔ ႀကဳိးစားေနတာ မွန္ေပမယ့္ ကီပါ အာရီဇာဘာလာဂါရဲ႕ အေကာင္းဆုံးလက္စြမ္းကို ျပန္လည္ျမင္ေတြ႕ရဖို႔ လက္မေလွ်ာ့ေၾကာင္းနဲ႔ ဒီဂိုးသမားဟာ အသင္းရဲ႕ ႀကီးမားတဲ့ ရင္းႏွီးျမႇဳပ္ႏွံမွဳလို႔ ရွဳျမင္ထားတာျဖစ္ေၾကာင္း ပီတာခ်က္ဆုိ။

– ေအဒူယာ မန္ဒီအတြက္ ဘာကမ္းလွမ္းမွဳမွ ရရွိမထားေသးေၾကာင္းနဲ႔ လီဂူးဝမ္းရာသီ စတင္ခဲ့ခ်ိန္မွာ အသင္းရဲ႕ နံပါတ္တစ္ ဂိုးသမားျဖစ္တဲ့ သူ႕ကို ေရာင္းခ်သြားဖို႔က ခက္ခဲမယ္လို႔ ျပင္သစ္ကလပ္ ရင္းေနး ထုတ္ျပန္။

– အီမာဆန္ ပယ္လ္မီယာရီ အသင္းကေန ထြက္ခြာႏုိင္တယ္လုိ႔ ေျပာလိုက္ၿပီး စိတ္ဝင္စားတဲ့ အသင္းေတြနဲ႔ ခ်ဲလ္ဆီးအသင္းတုိ႔ၾကား ေျပာင္းေရႊ႕ေၾကး(ယူ႐ို ၂၅-၃၀ သန္း ေတာင္းဆုိထား)သေဘာတူညီမွဳရႏုိင္မယ္လို႔ ေအးဂ်င့္ ေမွ်ာ္လင့္ေန။

– ဘ႐ိုက္တန္နဲ႔ပြဲမွာ သူ႕ရဲ႕ အျပာေရာင္ဝတ္စုံနဲ႔ ပထမဆုံးသြင္းဂိုးကို ရရွိခဲ့တဲ့ ေပါင္ ၄၇ သန္းခြဲတန္ တုိက္စစ္မွဴး တီမို ဗာနာက ခ်ဲလ္ဆီးပရိသတ္ေတြကို သြင္းဂိုးေတြ ထပ္မံရယူေပးသြားမယ္လို႔ ကတိေပးခဲ့ေၾကာင္း သိရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– လေဗာကူဆင်အသင်းရဲ့ တနင်္ဂနွေနေ့ ထရိန်နင်မှာ ခိုင် ဟာဗတ်ဇ်ကို မမြင်ရဘူးလို့ ဂျာမန်သတင်းဌာနတွေက ဖော်ပြခဲ့ကြပြီး ဒါဟာ ဒီရက်ပိုင်းအတွင်း ချဲလ်ဆီးအသင်းဆီ လာရောက်အပြီးသတ်နိုင်တော့မယ့် ပြောင်းရွှေ့မှု လက္ခဏာလို့ ပရိသတ်တွေ ရင်ခုန်နေကြ။

– ဂိုးသမားသစ်တွေကို ခေါ်ယူဖို့ ကြိုးစားနေတာ မှန်ပေမယ့် ကီပါ အာရီဇာဘာလာဂါရဲ့ အကောင်းဆုံးလက်စွမ်းကို ပြန်လည်မြင်တွေ့ရဖို့ လက်မလျှော့ကြောင်းနဲ့ ဒီဂိုးသမားဟာ အသင်းရဲ့ ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှုလို့ ရှုမြင်ထားတာဖြစ်ကြောင်း ပီတာချက်ဆို။

– အေဒူယာ မန်ဒီအတွက် ဘာကမ်းလှမ်းမှုမှ ရရှိမထားသေးကြောင်းနဲ့ လီဂူးဝမ်းရာသီ စတင်ခဲ့ချိန်မှာ အသင်းရဲ့ နံပါတ်တစ် ဂိုးသမားဖြစ်တဲ့ သူ့ကို ရောင်းချသွားဖို့က ခက်ခဲမယ်လို့ ပြင်သစ်ကလပ် ရင်းနေး ထုတ်ပြန်။

– အီမာဆန် ပယ်လ်မီယာရီ အသင်းကနေ ထွက်ခွာနိုင်တယ်လို့ ပြောလိုက်ပြီး စိတ်ဝင်စားတဲ့ အသင်းတွေနဲ့ ချဲလ်ဆီးအသင်းတို့ကြား ပြောင်းရွှေ့ကြေး(ယူရို ၂၅-၃၀ သန်း တောင်းဆိုထား)သဘောတူညီမှုရနိုင်မယ်လို့ အေးဂျင့် မျှော်လင့်နေ။

– ဘရိုက်တန်နဲ့ပွဲမှာ သူ့ရဲ့ အပြာရောင်ဝတ်စုံနဲ့ ပထမဆုံးသွင်းဂိုးကို ရရှိခဲ့တဲ့ ပေါင် ၄၇ သန်းခွဲတန် တိုက်စစ်မှူး တီမို ဗာနာက ချဲလ်ဆီးပရိသတ်တွေကို သွင်းဂိုးတွေ ထပ်မံရယူပေးသွားမယ်လို့ ကတိပေးခဲ့ကြောင်း သိရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.