Premier League Transfer News

နောက်ဆုံးရ လီဗာပူးလ်သတင်းများ စုစည်းမှု – ၃၁.၈.၂၀၂၀





isamaila sarr


REF: INTERNET SOURCES
SPORTS A2Z.

UNICODE:

– အာဆင်နယ်အသင်းနဲ့ ယှဉ်ပြိုင်ခေါ်ယူရနိုင်တဲ့ ဘိုင်ယန်မြူးနစ်ကွင်းလယ်လူ သီယာဂို အယ်လ်ကန်တာရာဟာ ဒီနှစ်နွေရာသီ အပြောင်းအရွှေ့ကာလအတွက် လီဗာပူးလ်အသင်းရဲ့ အဓိက ပစ်မှတ်ဖြစ်ပြီး ပေါင်သန်း ၃၀ အသုံးပြုသွားဖို့ နည်းပြ ကလော့ပ် စီစဉ်နေ။

– ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေခဲ့တဲ့ အသင်းရဲ့ ဆီနီဂေါတောင်ပံကစားသမား ဆာဒီယို မာနေးအတွက် အနည်းဆုံး ပေါင်သန်း ၉၀ တောင်းဆိုသွားဖို့ လီဗာပူးလ် စီစဉ်နေပြီး ထိန်းသိမ်းထားနိုင်ဖို့ထက် ရောင်းချရဖို့များနေ။

– ဘုန်းမောက်အသင်းကို အငှားသွားရောက်ကစားပြီး ခြေစွမ်းပြသနိုင်ခဲ့တဲ့ ဝေးလ်စ်တောင်ပံကစားသမား ဟာရီ ဝီလ်ဆန်ကို ခေါ်ယူလိုနေတဲ့ လိဒ်စ်ယူနိုက်တက်အသင်းအနေနဲ့ ပေါင်သန်း ၂၀ ပေးချေပြီး ခေါ်ယူနိုင်တယ်လို့ လီဗာပူးလ် ဈေးနှုန်းသတ်မှတ်။

– အာဆင်နယ်နဲ့ ကွန်မြူနတီဒိုင်းမှာ ပင်နယ်တီ လွဲချော်ခဲ့တဲ့ လူငယ်တိုက်စစ်မှူး ရိုင်ယန် ဘရူးစတားကို အငှားနဲ့ ခေါ်ယူဖို့ တော့တင်ဟမ် ဟော့စပါးစ်အသင်းက ကမ်းလှမ်းထားခဲ့ပေမယ့် နည်းပြ ကလော့ပ်ကတော့ သူ့အတွက် ရှက်ဖီးလ်ဒ်ယူနိုက်တက်ကသာ အသင့်တော်ဆုံးလို့ ဆုံးဖြတ်ထား။

isamaila sarr

– အသင်းကို ပရီးမီးယားလိဂ်ရဲ့ Invincible စံချိန်ကို ရရှိစေမယ့် လမ်းပေါ်က ခြေချော်သွားစေခဲ့တဲ့ ဝတ်ဖို့ဒ်တောင်ပံတိုက်စစ်မှူး အစ္စမိုင်လာ ဆားရ်အတွက် လီဗာပူးလ်အသင်းအနေနဲ့ ပေါင်သန်း ၄၀ ပေးဖို့ အဆင်သင့်ရှိနေပြီး ဘာစီလိုနာနဲ့ သတင်းထွက်နေတဲ့ နိုင်ငံတူကစားသမား မာနေးနေရာအတွက် ရည်ရွယ်ထား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.