Premier League Transfer News

ေနာက္ဆုံးရ မန္ခ်က္စတာစီးတီးသတင္းမ်ား စုစည္းမွဳ – ၃၀.၈.၂၀၂၀

– နာပုိလီအသင္းရဲ႕ အသက္ ၂၉ ႏွစ္အရြယ္ေနာက္ခံလူ ခါလီဒူး ကူလီေဘလီအေနနဲ႔ သူ႕ရဲ႕ ေနာက္အသင္းသစ္ကို ေရြးခ်ယ္မယ္ဆုိရင္ မန္ခ်က္စတာစီးတီးအသင္းကပဲ ဦးစားေပးျဖစ္တယ္လို႔ဆိုခဲ့ၿပီး တျခားစိတ္ဝင္စားေနတဲ့ အသင္းေတြကို စိတ္ပ်က္ေစခဲ့။

– မန္စီးတီးအသင္းအေနနဲ႔ ကူလီေဘလီကို ေခၚယူရာမွာ အသင္းနဲ႔ စာခ်ဳပ္သက္တမ္းမတုိးတဲ့ လာမာစီယာအကယ္ဒမီထြက္ စပိန္လူငယ္ေနာက္ခံလူ အဲရစ္ ဂါစီယာကို အလိုက္ေပးၿပီး ေခၚယူသြားဖို႔ လုပ္ေဆာင္ေနၿပီး အသင္းေဟာင္း ဘာစီလိုနာအသင္းရဲ႕ စိတ္ဝင္စားမွဳေၾကာင့္ ေႏွာင့္ေႏွးေန။

– ကီဗင္ ဒီဘ႐ိုင္းနားရဲ႕ မန္ေနဂ်ာမွာ ေငြေၾကးခဝါခ်မွဳ ျပႆနာေတြ ရွိေနေပမယ့္ မန္စီးတီးအသင္းဘက္ကေတာ့ သူတုိ႔ရဲ႕ အေကာင္းဆုံး ကြင္းလယ္လူအတြက္ တစ္ပတ္လုပ္ခ ေပါင္သုံးသိန္းခြဲေပးၿပီး စာခ်ဳပ္သက္တမ္းတုိးဖို႔ အသင့္လုိ႔ဆို။

– မက္ဆီအတြက္ ဘာစီလိုနာကို သြားေရာက္ခဲ့တယ္လို႔ ယူဆရတဲ့ နည္းျပ ပက္ပ္ ဂြါဒီယိုလာအေနနဲ႔ မန္ခ်က္စတာစီးတီးရဲ႕ ရာသီႀကဳိျပင္ဆင္မွဳကို မပါဝင္ႏုိင္ခင္မွာ ကြာရန္တင္းဝင္ရမွာျဖစ္ၿပီး ၿဗိတိန္က်န္းမာေရးအာဏာပုိင္ေတြရဲ႕ သတ္မွတ္ခ်က္ေတြအရ ၁၄ ရက္ ေစာင့္ရဖြယ္ရွိေန။

– ေအးမရစ္ လာေပါ့တ္အေနနဲ႔ မန္စီးတီးအသင္းရဲ႕ ဦးစားေပးေနာက္ခံလူအျဖစ္ ေျခစြမ္းျပကစားႏုိင္ခဲ့ေပမယ့္ ျပင္သစ္နည္းျပ ဒီဒီေယး ေဒးရႊမ့္စ္ရဲ႕ ေရြးခ်ယ္မွဳကို မခံခဲ့ရဘဲ Nation League ကစားမယ့္ လက္ေရြးစင္အသင္းရဲ႕ ၂၃ ဦး စာရင္းက က်န္ရစ္ခဲ့ရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– နာပိုလီအသင်းရဲ့ အသက် ၂၉ နှစ်အရွယ်နောက်ခံလူ ခါလီဒူး ကူလီဘေလီအနေနဲ့ သူ့ရဲ့ နောက်အသင်းသစ်ကို ရွေးချယ်မယ်ဆိုရင် မန်ချက်စတာစီးတီးအသင်းကပဲ ဦးစားပေးဖြစ်တယ်လို့ဆိုခဲ့ပြီး တခြားစိတ်ဝင်စားနေတဲ့ အသင်းတွေကို စိတ်ပျက်စေခဲ့။

– မန်စီးတီးအသင်းအနေနဲ့ ကူလီဘေလီကို ခေါ်ယူရာမှာ အသင်းနဲ့ စာချုပ်သက်တမ်းမတိုးတဲ့ လာမာစီယာအကယ်ဒမီထွက် စပိန်လူငယ်နောက်ခံလူ အဲရစ် ဂါစီယာကို အလိုက်ပေးပြီး ခေါ်ယူသွားဖို့ လုပ်ဆောင်နေပြီး အသင်းဟောင်း ဘာစီလိုနာအသင်းရဲ့ စိတ်ဝင်စားမှုကြောင့် နှောင့်နှေးနေ။

– ကီဗင် ဒီဘရိုင်းနားရဲ့ မန်နေဂျာမှာ ငွေကြေးခဝါချမှု ပြဿနာတွေ ရှိနေပေမယ့် မန်စီးတီးအသင်းဘက်ကတော့ သူတို့ရဲ့ အကောင်းဆုံး ကွင်းလယ်လူအတွက် တစ်ပတ်လုပ်ခ ပေါင်သုံးသိန်းခွဲပေးပြီး စာချုပ်သက်တမ်းတိုးဖို့ အသင့်လို့ဆို။

– မက်ဆီအတွက် ဘာစီလိုနာကို သွားရောက်ခဲ့တယ်လို့ ယူဆရတဲ့ နည်းပြ ပက်ပ် ဂွါဒီယိုလာအနေနဲ့ မန်ချက်စတာစီးတီးရဲ့ ရာသီကြိုပြင်ဆင်မှုကို မပါဝင်နိုင်ခင်မှာ ကွာရန်တင်းဝင်ရမှာဖြစ်ပြီး ဗြိတိန်ကျန်းမာရေးအာဏာပိုင်တွေရဲ့ သတ်မှတ်ချက်တွေအရ ၁၄ ရက် စောင့်ရဖွယ်ရှိနေ။

– အေးမရစ် လာပေါ့တ်အနေနဲ့ မန်စီးတီးအသင်းရဲ့ ဦးစားပေးနောက်ခံလူအဖြစ် ခြေစွမ်းပြကစားနိုင်ခဲ့ပေမယ့် ပြင်သစ်နည်းပြ ဒီဒီယေး ဒေးရွှမ့်စ်ရဲ့ ရွေးချယ်မှုကို မခံခဲ့ရဘဲ Nation League ကစားမယ့် လက်ရွေးစင်အသင်းရဲ့ ၂၃ ဦး စာရင်းက ကျန်ရစ်ခဲ့ရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.