Premier League Transfer News

ေနာက္ဆုံးရ ခ်ဲလ္ဆီးသတင္းမ်ား စုစည္းမွဳ – ၃၀.၈.၂၀၂၀

– ဒက္ကလန္ ႐ိုက္စ္ကို ေခၚယူေပးဖို႔ ခ်ဲလ္ဆီးအသင္းတာဝန္ရွိသူေတြကို နည္းျပ ဖရန္႔ လမ္းပတ္ ညႊန္ၾကားထားခဲ့ၿပီး အသစ္ေရာက္လာတဲ့ ဝါရင့္ေနာက္ခံလူ သီယာဂို ေဆးလ္ဗားနဲ႔အတူ အသင္းရဲ႕ ခံစစ္ပုိင္းအတြက္ အဓိက ကစားသမားေတြျဖစ္လာဖို႔ ေမွ်ာ္လင့္ေန။

– ေအစီမီလန္ရဲ႕ ဒြန္နာရမ္မာအတြက္ ႀကဳိးစားေနတဲ့အျပင္ ဂိုးသမားပုိင္းအတြက္ တျခားပစ္မွတ္တစ္ခုအျဖစ္ ပီတာခ်က္ရဲ႕ အသင္းေဟာင္း ျပင္သစ္ကလပ္ ရင္းေနးရဲ႕ အသက္ ၂၈ ႏွစ္အရြယ္ ေအဒူယာ မန္ဒီကို ယူ႐ိုသန္း ၂၀ နဲ႔ ေခၚယူႏိုင္ဖုိ႔ ခ်ဲလ္ဆီး ခ်ိတ္ဆက္ေန။

– ပရိသတ္ ၂၅၂၄ ဦးကို ပထမဆုံးဝင္ခြင့္ေပးခဲ့တဲ့ပြဲျဖစ္ခဲ့တဲ့ ေအးမက္စ္ကြင္းက ဘ႐ိုက္တန္နဲ႔ ေျခစမ္းပြဲမွာ တစ္ဂိုးစီသေရက်ခဲ့ေပမယ့္လည္း အသင္းအတြက္ ပထမဆုံးပြဲမွာ ဂိုးသြင္းယူႏုိင္ခဲ့တဲ့ တုိက္စစ္မွဴး တီမို ဗာနာရဲ႕ ထက္ျမက္တဲ့ ပုံစံကို လမ္းပတ္ခ်ီးက်ဴး။

– ဘ႐ိုက္တန္နဲ႔ပြဲရဲ႕ ဒုတိယပုိင္းမွာ ဒဏ္ရာေၾကာင့္ ဆက္မကစားႏုိင္ဘဲ လူစားလဲခဲ့ရတဲ့ ေတာင္ပံကစားသမား ဟာကင္မ္ ဇီယက္ခ်္ရဲ႕ အေျခအေနက ဆုိးရြားမွဳ မရွိဘဲ ကစားရင္း ဒူးအနည္းငယ္လိမ္သြားခဲ့တာလုိ႔ လမ္းပတ္ေျပာၾကား။

– ဒြန္နာရမ္မာကို ခ်ိတ္ဆက္ေနတာ မွန္ကန္ေၾကာင္း အီတလီသတင္းဌာနေတြက အတည္ျပဳခဲ့ၿပီး ေအစီမီလန္အသင္းအေနနဲ႔ သူတုိ႔ရဲ႕ အသက္ ၂၁ ႏွစ္အရြယ္ အီတလီလက္ေရြးစင္ကို ေရာင္းခ်ရမယ္ဆုိရင္ ေပါင္သန္း ၅၀ ေတာင္းဆုိသြားဖို႔ရွိေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– ဒက်ကလန် ရိုက်စ်ကို ခေါ်ယူပေးဖို့ ချဲလ်ဆီးအသင်းတာဝန်ရှိသူတွေကို နည်းပြ ဖရန့် လမ်းပတ် ညွှန်ကြားထားခဲ့ပြီး အသစ်ရောက်လာတဲ့ ဝါရင့်နောက်ခံလူ သီယာဂို ဆေးလ်ဗားနဲ့အတူ အသင်းရဲ့ ခံစစ်ပိုင်းအတွက် အဓိက ကစားသမားတွေဖြစ်လာဖို့ မျှော်လင့်နေ။

– အေစီမီလန်ရဲ့ ဒွန်နာရမ်မာအတွက် ကြိုးစားနေတဲ့အပြင် ဂိုးသမားပိုင်းအတွက် တခြားပစ်မှတ်တစ်ခုအဖြစ် ပီတာချက်ရဲ့ အသင်းဟောင်း ပြင်သစ်ကလပ် ရင်းနေးရဲ့ အသက် ၂၈ နှစ်အရွယ် အေဒူယာ မန်ဒီကို ယူရိုသန်း ၂၀ နဲ့ ခေါ်ယူနိုင်ဖို့ ချဲလ်ဆီး ချိတ်ဆက်နေ။

– ပရိသတ် ၂၅၂၄ ဦးကို ပထမဆုံးဝင်ခွင့်ပေးခဲ့တဲ့ပွဲဖြစ်ခဲ့တဲ့ အေးမက်စ်ကွင်းက ဘရိုက်တန်နဲ့ ခြေစမ်းပွဲမှာ တစ်ဂိုးစီသရေကျခဲ့ပေမယ့်လည်း အသင်းအတွက် ပထမဆုံးပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့တဲ့ တိုက်စစ်မှူး တီမို ဗာနာရဲ့ ထက်မြက်တဲ့ ပုံစံကို လမ်းပတ်ချီးကျူး။

– ဘရိုက်တန်နဲ့ပွဲရဲ့ ဒုတိယပိုင်းမှာ ဒဏ်ရာကြောင့် ဆက်မကစားနိုင်ဘဲ လူစားလဲခဲ့ရတဲ့ တောင်ပံကစားသမား ဟာကင်မ် ဇီယက်ချ်ရဲ့ အခြေအနေက ဆိုးရွားမှု မရှိဘဲ ကစားရင်း ဒူးအနည်းငယ်လိမ်သွားခဲ့တာလို့ လမ်းပတ်ပြောကြား။

– ဒွန်နာရမ်မာကို ချိတ်ဆက်နေတာ မှန်ကန်ကြောင်း အီတလီသတင်းဌာနတွေက အတည်ပြုခဲ့ပြီး အေစီမီလန်အသင်းအနေနဲ့ သူတို့ရဲ့ အသက် ၂၁ နှစ်အရွယ် အီတလီလက်ရွေးစင်ကို ရောင်းချရမယ်ဆိုရင် ပေါင်သန်း ၅၀ တောင်းဆိုသွားဖို့ရှိနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.