Analysis Premier League

စီးတီးတို့ လွယ်ကူနေဆဲ ပရီးမီးယားလိဂ် ပွဲစဉ်(၈)အတွက် ပေါလ်မာဆန်ရဲ့ ခန့်မှန်းချက်များ

ဝုလ်ဗာဟမ့်ပ်တန်-မန်ချက်စတာစီးတီး
စီးတီးတို့က ပရီးမီးယားလိဂ်မှာ ခြေကုန်ထုတ်ကစားတာမျိုး မတွေ့ရသေးသလို အသုံးမကျတဲ့ ကစားသမားတချို့ကိုလည်း သည်းခံပြီး နေရာပေးနေဆဲဖြစ်ပါတယ်။ ဒါပေမယ့် သူတို့တွေ ဘယ်လောက်ချိုထားချိုထား ဝုလ်ဗ်စ်လို ဂိုးမသွင်းတတ်တဲ့ အသင်းကို ကျော်ဖြတ်ဖို့တော့ လုံလောက်တဲ့ အင်အားတွေ ရှိနေတာပါ။ ဂွါဒီယိုလာအနေနဲ့ သူ့လူစာရင်းကို ဘယ်လိုပြောင်းပြောင်း ဟားလန်းကိုတော့ မပြောင်းမလဲ ထည့်သွင်းနေပြီး ဒီနေ့ပွဲမှာတော့ ဂရီးလစ်ရှ်အစား အယ်လ်ဗာရက်ဇ်ကို သုံးခဲ့ရင် စီးတီးတို့ ဂိုးပိုရနိုင်ပါတယ်။ ဝုလ်ဗ်စ်တို့ ဘယ်လိုပဲပြင်ဆင်လာလာ ဒီနေ့ပွဲမှာတော့ အမှတ်ခွဲယူဖို့ မဖြစ်နိုင်ပါဘူး။ (ဝုလ်ဗ်စ် 0-2 မန်စီးတီး)

အက်စ်တန်ဗီလာ-ဆောက်သမ်တန်
ဂျရတ်နဲ့ ဗီလာတို့အတွက်တော့ မဖြစ်မနေနိုင်မှ ရမယ့်ပွဲဖြစ်သလို သူတို့တွေအနေနဲ့ လက်ရှိ လူအင်အားအရ ဒီထက်ကောင်းတဲ့ ရလဒ်တွေကို ပိုင်ဆိုင်သင့်နေတာပါ။ ဗီလာတာဝန်ရှိသူတွေအနေနဲ့ နည်းပြကို အချိန်ပေးထားခဲ့တာကို ကျေးဇူးတုံ့ပြန်ခံရဖို့ ရှိနေနိုင်ပြီး ကမ္ဘာ့ဖလားမှာ ပါဝင်နိုင်အောင် ကြိုးစားနေတဲ့ ကော်တင်ညိုကလည်း အနားရထားချိန်မှာ ခြေစွမ်းပြလာနိုင်တာကြောင့် ဟေဆန်ဟွတ်တယ်လ်ရဲ့ ဆောက်သမ်တန်တို့ သိပ်ပြီးတော့ အခွင့်အရေး မရှိနိုင်ပါဘူး။ အိမ်ကွင်းမှာ ဗီလာတို့ပဲ နည်းပြကို မပြုတ်အောင် ကြိုးစားပေးရင်း နိုင်ပွဲယူပါလိမ့်မယ်။ (ဗီလာ 2-0 စိန့်)

နော့တင်ဟမ်ဖောရက်စ်-ဖူလ်ဟမ်
ဖောရက်စ်တို့ ပေါင်သန်း ၂၀၀ နားကပ်အောင် ငွေသုံးပြီးမှ တန်းတက်အချင်းချင်း အနိုင်ရဖို့ကောင်းနေသလို လက်ရှိခြေစွမ်းနဲ့ တချို့ရလဒ်တွေ မကိုက်ညီတဲ့ ဖူလ်ဟမ်တို့အတွက်လည်း နိုင်သင့်တယ်လို့ ထင်ရတဲ့ ပွဲမျိုးဖြစ်နေပါတယ်။ ဂိုးတွေ ဆက်တိုက်သွင်းနေတဲ့ မီထရိုဗစ်ချ်ကြောင့် ဖူလ်ဟမ်တို့ မရှုံးနိုင်ဘူးလို့ ပြောလို့ရနိုင်သလို ပရီးမီးယားလိဂ်နဲ့ ပိုရင်းနှီးတဲ့ ကစားသမားတွေက ရလဒ်ပိုင်းအတွက် ပိုစိတ်ချရပါတယ်။ ဖောရက်စ်နည်းပြ ကူးပါးကတော့ ဖီဖာ ယူ-၁၇ မှာ အင်္ဂလန်ကို ဗိုလ်စွဲအောင် လမ်းပြပေးခဲ့ဖူးတယ်ဆိုတာ လူတွေက မေ့နေကြပြီဖြစ်ပြီး သူနဲ့ ကစားသမားသစ်တွေကြားမှာ နားလည်မှုရရင် ဒီထက်တော့ ထူးခြားလာနိုင်မယ်လို့ ထင်ရပါတယ်။ နှစ်သင်းစလုံး မရှုံးအောင်ပဲ ကစားကြမှာပါ။ (ဖောရက်စ် 2-2 ဖူလ်ဟမ်)

နယူးကာဆယ်လ်ယူနိုက်တက်-ဘုန်းမောက်
နည်းပြလည်း မရှိဘဲ နှစ်ဂိုး-ဂိုးမရှိနဲ့ ရှုံးနေရာကနေ ဖောရက်စ်ကို သုံးဂိုး-နှစ်ဂိုးနဲ့ ပြန်တီးခဲ့တဲ့ ဘုန်းမောက်တို့ စိတ်ဓာတ်က လေးစားစရာပါပဲ။ နယူးကာဆယ်လ်ကတော့ စန်မက်ဇီမန် မပါနိုင်ချိန်မှာ ရလဒ်တွေ အနည်းငယ် ကျဆင်းသလိုဖြစ်နေပြီး ဒီပွဲမှာ ပြန်ပါလာရင်တော့ အိမ်ရှင်တွေဘက်က အားရှိချင်စရာပါ။ ဘုန်းမောက်တို့ ပြီးခဲ့တဲ့ ပွဲက ရုန်းပြခဲ့ပေမယ့် စိန့်ဂျိမ်းစ်ပါ့ခ်ကတော့ လွယ်ကူမှာ မဟုတ်သလို အသင်းဟောင်းနဲ့ ရင်ဆိုင်ရမယ့် နည်းပြ အက်ဒီဟောင်းကလည်း နာမည်ပျက်ခံမှာ မဟုတ်လို့ ငှက်ကျားတွေပဲ ကိုယ့်အသိုက်မှာကိုယ် အောင်ပွဲခံပါလိမ့်မယ်။ (နယူးကာဆယ်လ် 2-0 ဘုန်းမောက်)

တော့တင်ဟမ် ဟော့စပါး-လက်စတာစီးတီး
စပါးစ်တို့ကတော့ လောလောဆယ်မှာ ကစားပုံ ဆိုးရွားနေပါတယ်။ ချန်ပီယံလိဂ်မှာ စပို့တင်းကို ရှုံးခဲ့တဲ့ ပုံစံက ချီးကျူးစရာ တစ်ကွက် မရှိပါဘူး။ ဒါပေမယ့် ဒီရှုံးပွဲက သူတို့ကို လှန့်နှိုးလိုက်သလိုဖြစ်နိုင်ပြီး ပရီးမီးယားလိဂ်မှာတော့ ရလဒ်ကောင်းပြန်ယူနိုင်ဖို့ ကြိုးစားပါလိမ့်မယ်။ လက်စတာတို့ကတော့ စည်းလုံးမှု မရှိဘဲ ကစားနေကြပြီး တစ်ကွင်းလုံးမှာ ပြန့်ကြဲနေသလို နည်းပြ ရော့ဂျားစ်ရဲ့ အနာဂတ်အတွက်ပါ စိုးရိမ်ရတဲ့ လက္ခဏာပါပဲ။ စပါးစ်မှာကတော့ ဆွန်ဟောင်မင် တစ်ယောက်တည်းကသာ ပြဿနာဖြစ်နေပြီး သူခြေပြန်ကောင်းမလာခင်တော့ ကွန်တီ့မှာ အဖြေတစ်ခုခု ရှိရမှာဖြစ်ပါတယ်။ အိမ်ကွင်းမှာ စပါးစ်တို့ပဲ နိုင်ပွဲယူပါလိမ့်မယ်။ (စပါးစ် 3-0 လက်စတာ)

ဘရန့်ဖို့ဒ်-အာဆင်နယ်
ယူရိုပါလိဂ်မှာ နိုင်ခဲ့ပေမယ့် ပရီးမီးယားလိဂ်မှာတော့ အာဆင်နယ်တို့ စိတ်ဓာတ်ပိုင်းအရ အစမ်းသပ်ခံရမယ့်ပွဲပါပဲ။ တိုနီက ဟက်ထရစ် ယူပြခဲ့ချိန်မှာ အာတီတာအနေနဲ့ မန်ယူနဲ့ တူးဝမ်းမှာ လုပ်သလို ရူးကြောင်ကြောင် လုပ်ခဲ့ရင် နောင်တထပ်ရသွားပါလိမ့်မယ်။ ဒါပေမယ့် ဇူးရစ်ချ်နဲ့ပွဲက ပုံစံအရ မန်ယူနဲ့ရှုံးပွဲဟာ အာဆင်နယ်တို့ကို ထူးထူးခြားခြား ထိခိုက်မထားခဲ့ဘူးလို့ ယုံကြည်ရပြီး ပြန်လည်တုံ့ပြန်နိုင်ဖို့ ကြိုးစားကြမှာပါ။ ဂျေဆူးစ်ကိုချည်း အားကိုးနေရပြီး နကီးတီးယားက ဘာမှဖြစ်မလာသေးတဲ့ တိုက်စစ်ကတော့ နည်းနည်းစိုးရိမ်စရာရှိပေမယ့် သူတို့တွေ အဆင့် ၄ လိုချင်ရင် နိုင်ပွဲယူတတ်ရမယ့် ပွဲမျိုး ဖြစ်နေပါတယ်။ (ဘရန့်ဖို့ဒ် 0-2 အာဆင်နယ်)

အဲဗာတန်-ဝက်စ်ဟမ်းယူနိုက်တက်
ပရီးမီးယားလိဂ်မှာ ခြေမကောင်းလှသေးတဲ့ အသင်းနှစ်သင်း တွေ့ဆုံရာမှာ လီဗာပူးလ်ကို နိုင်ခဲ့တဲ့ အဲဗာတန်က လူကောင်းတွေနဲ့ အထနှေးနေတဲ့ ဝက်စ်ဟမ်းထက်တော့ အထင်ကြီးစရာ ပိုကောင်းပါတယ်။ ဒါပေမယ့် ဂေါ်ဒန်ကို ချဲလ်ဆီးဆီ မရောက်အောင် မနည်းထိန်းသိမ်းခဲ့ရတဲ့ တိုက်စစ်ပိုင်းကတော့ သူတို့မှာ ပြဿနာဖြစ်နေပြီး ဂိုးရဖို့ ခက်နေသလို လူသစ်တွေနဲ့လည်း အသားကျဖို့ အချိန်ယူရဦးမှာပါ။ ဒဏ်ရာကြောင့် ပစ်ခ်ဖို့ မပါဝင်နိုင်တာက သူတို့ကို နိုင်ပွဲနဲ့ ဝေးစေနိုင်ပြီး ဝက်စ်ဟမ်းကလည်း အဝေးကွင်းဆို သိပ်ယုံလို့ မရတဲ့အတွက် သရေကျသွားဖို့ကတော့ များနေပါတယ်။ (အဲဗာတန် 1-1 ဝက်စ်ဟမ်း)

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဝုလ္ဗာဟမ့္ပ္တန္-မန္ခ်က္စတာစီးတီး
စီးတီးတို႔က ပရီးမီးယားလိဂ္မွာ ေျခကုန္ထုတ္ကစားတာမ်ိဳး မေတြ႕ရေသးသလို အသုံးမက်တဲ့ ကစားသမားတခ်ိဳ႕ကိုလည္း သည္းခံၿပီး ေနရာေပးေနဆဲျဖစ္ပါတယ္။ ဒါေပမယ့္ သူတို႔ေတြ ဘယ္ေလာက္ခ်ိဳထားခ်ိဳထား ဝုလ္ဗ္စ္လို ဂိုးမသြင္းတတ္တဲ့ အသင္းကို ေက်ာ္ျဖတ္ဖို႔ေတာ့ လုံေလာက္တဲ့ အင္အားေတြ ရွိေနတာပါ။ ဂြါဒီယိုလာအေနနဲ႔ သူ႔လူစာရင္းကို ဘယ္လိုေျပာင္းေျပာင္း ဟားလန္းကိုေတာ့ မေျပာင္းမလဲ ထည့္သြင္းေနၿပီး ဒီေန႔ပြဲမွာေတာ့ ဂရီးလစ္ရွ္အစား အယ္လ္ဗာရက္ဇ္ကို သုံးခဲ့ရင္ စီးတီးတို႔ ဂိုးပိုရႏိုင္ပါတယ္။ ဝုလ္ဗ္စ္တို႔ ဘယ္လိုပဲျပင္ဆင္လာလာ ဒီေန႔ပြဲမွာေတာ့ အမွတ္ခြဲယူဖို႔ မျဖစ္ႏိုင္ပါဘူး။ (ဝုလ္ဗ္စ္ 0-2 မန္စီးတီး)

အက္စ္တန္ဗီလာ-ေဆာက္သမ္တန္
ဂ်ရတ္နဲ႔ ဗီလာတို႔အတြက္ေတာ့ မျဖစ္မေနႏိုင္မွ ရမယ့္ပြဲျဖစ္သလို သူတို႔ေတြအေနနဲ႔ လက္ရွိ လူအင္အားအရ ဒီထက္ေကာင္းတဲ့ ရလဒ္ေတြကို ပိုင္ဆိုင္သင့္ေနတာပါ။ ဗီလာတာဝန္ရွိသူေတြအေနနဲ႔ နည္းျပကို အခ်ိန္ေပးထားခဲ့တာကို ေက်းဇူးတုံ႔ျပန္ခံရဖို႔ ရွိေနႏိုင္ၿပီး ကမာၻ႔ဖလားမွာ ပါဝင္ႏိုင္ေအာင္ ႀကိဳးစားေနတဲ့ ေကာ္တင္ညိဳကလည္း အနားရထားခ်ိန္မွာ ေျခစြမ္းျပလာႏိုင္တာေၾကာင့္ ေဟဆန္ဟြတ္တယ္လ္ရဲ႕ ေဆာက္သမ္တန္တို႔ သိပ္ၿပီးေတာ့ အခြင့္အေရး မရွိႏိုင္ပါဘူး။ အိမ္ကြင္းမွာ ဗီလာတို႔ပဲ နည္းျပကို မျပဳတ္ေအာင္ ႀကိဳးစားေပးရင္း ႏိုင္ပြဲယူပါလိမ့္မယ္။ (ဗီလာ 2-0 စိန႔္)

ေနာ့တင္ဟမ္ေဖာရက္စ္-ဖူလ္ဟမ္
ေဖာရက္စ္တို႔ ေပါင္သန္း ၂၀၀ နားကပ္ေအာင္ ေငြသုံးၿပီးမွ တန္းတက္အခ်င္းခ်င္း အႏိုင္ရဖို႔ေကာင္းေနသလို လက္ရွိေျခစြမ္းနဲ႔ တခ်ိဳ႕ရလဒ္ေတြ မကိုက္ညီတဲ့ ဖူလ္ဟမ္တို႔အတြက္လည္း ႏိုင္သင့္တယ္လို႔ ထင္ရတဲ့ ပြဲမ်ိဳးျဖစ္ေနပါတယ္။ ဂိုးေတြ ဆက္တိုက္သြင္းေနတဲ့ မီထ႐ိုဗစ္ခ်္ေၾကာင့္ ဖူလ္ဟမ္တို႔ မရႈံးႏိုင္ဘူးလို႔ ေျပာလို႔ရႏိုင္သလို ပရီးမီးယားလိဂ္နဲ႔ ပိုရင္းႏွီးတဲ့ ကစားသမားေတြက ရလဒ္ပိုင္းအတြက္ ပိုစိတ္ခ်ရပါတယ္။ ေဖာရက္စ္နည္းျပ ကူးပါးကေတာ့ ဖီဖာ ယူ-၁၇ မွာ အဂၤလန္ကို ဗိုလ္စြဲေအာင္ လမ္းျပေပးခဲ့ဖူးတယ္ဆိုတာ လူေတြက ေမ့ေနၾကၿပီျဖစ္ၿပီး သူနဲ႔ ကစားသမားသစ္ေတြၾကားမွာ နားလည္မႈရရင္ ဒီထက္ေတာ့ ထူးျခားလာႏိုင္မယ္လို႔ ထင္ရပါတယ္။ ႏွစ္သင္းစလုံး မရႈံးေအာင္ပဲ ကစားၾကမွာပါ။ (ေဖာရက္စ္ 2-2 ဖူလ္ဟမ္)

နယူးကာဆယ္လ္ယူႏိုက္တက္-ဘုန္းေမာက္
နည္းျပလည္း မရွိဘဲ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ရႈံးေနရာကေန ေဖာရက္စ္ကို သုံးဂိုး-ႏွစ္ဂိုးနဲ႔ ျပန္တီးခဲ့တဲ့ ဘုန္းေမာက္တို႔ စိတ္ဓာတ္က ေလးစားစရာပါပဲ။ နယူးကာဆယ္လ္ကေတာ့ စန္မက္ဇီမန္ မပါႏိုင္ခ်ိန္မွာ ရလဒ္ေတြ အနည္းငယ္ က်ဆင္းသလိုျဖစ္ေနၿပီး ဒီပြဲမွာ ျပန္ပါလာရင္ေတာ့ အိမ္ရွင္ေတြဘက္က အားရွိခ်င္စရာပါ။ ဘုန္းေမာက္တို႔ ၿပီးခဲ့တဲ့ ပြဲက ႐ုန္းျပခဲ့ေပမယ့္ စိန႔္ဂ်ိမ္းစ္ပါ့ခ္ကေတာ့ လြယ္ကူမွာ မဟုတ္သလို အသင္းေဟာင္းနဲ႔ ရင္ဆိုင္ရမယ့္ နည္းျပ အက္ဒီေဟာင္းကလည္း နာမည္ပ်က္ခံမွာ မဟုတ္လို႔ ငွက္က်ားေတြပဲ ကိုယ့္အသိုက္မွာကိုယ္ ေအာင္ပြဲခံပါလိမ့္မယ္။ (နယူးကာဆယ္လ္ 2-0 ဘုန္းေမာက္)

ေတာ့တင္ဟမ္ ေဟာ့စပါး-လက္စတာစီးတီး
စပါးစ္တို႔ကေတာ့ ေလာေလာဆယ္မွာ ကစားပုံ ဆိုး႐ြားေနပါတယ္။ ခ်န္ပီယံလိဂ္မွာ စပို႔တင္းကို ရႈံးခဲ့တဲ့ ပုံစံက ခ်ီးက်ဴးစရာ တစ္ကြက္ မရွိပါဘူး။ ဒါေပမယ့္ ဒီရႈံးပြဲက သူတို႔ကို လွန႔္ႏႈိးလိုက္သလိုျဖစ္ႏိုင္ၿပီး ပရီးမီးယားလိဂ္မွာေတာ့ ရလဒ္ေကာင္းျပန္ယူႏိုင္ဖို႔ ႀကိဳးစားပါလိမ့္မယ္။ လက္စတာတို႔ကေတာ့ စည္းလုံးမႈ မရွိဘဲ ကစားေနၾကၿပီး တစ္ကြင္းလုံးမွာ ျပန႔္ႀကဲေနသလို နည္းျပ ေရာ့ဂ်ားစ္ရဲ႕ အနာဂတ္အတြက္ပါ စိုးရိမ္ရတဲ့ လကၡဏာပါပဲ။ စပါးစ္မွာကေတာ့ ဆြန္ေဟာင္မင္ တစ္ေယာက္တည္းကသာ ျပႆနာျဖစ္ေနၿပီး သူေျချပန္ေကာင္းမလာခင္ေတာ့ ကြန္တီ့မွာ အေျဖတစ္ခုခု ရွိရမွာျဖစ္ပါတယ္။ အိမ္ကြင္းမွာ စပါးစ္တို႔ပဲ ႏိုင္ပြဲယူပါလိမ့္မယ္။ (စပါးစ္ 3-0 လက္စတာ)

ဘရန႔္ဖို႔ဒ္-အာဆင္နယ္
ယူ႐ိုပါလိဂ္မွာ ႏိုင္ခဲ့ေပမယ့္ ပရီးမီးယားလိဂ္မွာေတာ့ အာဆင္နယ္တို႔ စိတ္ဓာတ္ပိုင္းအရ အစမ္းသပ္ခံရမယ့္ပြဲပါပဲ။ တိုနီက ဟက္ထရစ္ ယူျပခဲ့ခ်ိန္မွာ အာတီတာအေနနဲ႔ မန္ယူနဲ႔ တူးဝမ္းမွာ လုပ္သလို ႐ူးေၾကာင္ေၾကာင္ လုပ္ခဲ့ရင္ ေနာင္တထပ္ရသြားပါလိမ့္မယ္။ ဒါေပမယ့္ ဇူးရစ္ခ်္နဲ႔ပြဲက ပုံစံအရ မန္ယူနဲ႔ရႈံးပြဲဟာ အာဆင္နယ္တို႔ကို ထူးထူးျခားျခား ထိခိုက္မထားခဲ့ဘူးလို႔ ယုံၾကည္ရၿပီး ျပန္လည္တုံ႔ျပန္ႏိုင္ဖို႔ ႀကိဳးစားၾကမွာပါ။ ေဂ်ဆူးစ္ကိုခ်ည္း အားကိုးေနရၿပီး နကီးတီးယားက ဘာမွျဖစ္မလာေသးတဲ့ တိုက္စစ္ကေတာ့ နည္းနည္းစိုးရိမ္စရာရွိေပမယ့္ သူတို႔ေတြ အဆင့္ ၄ လိုခ်င္ရင္ ႏိုင္ပြဲယူတတ္ရမယ့္ ပြဲမ်ိဳး ျဖစ္ေနပါတယ္။ (ဘရန႔္ဖို႔ဒ္ 0-2 အာဆင္နယ္)

အဲဗာတန္-ဝက္စ္ဟမ္းယူႏိုက္တက္
ပရီးမီးယားလိဂ္မွာ ေျခမေကာင္းလွေသးတဲ့ အသင္းႏွစ္သင္း ေတြ႕ဆုံရာမွာ လီဗာပူးလ္ကို ႏိုင္ခဲ့တဲ့ အဲဗာတန္က လူေကာင္းေတြနဲ႔ အထေႏွးေနတဲ့ ဝက္စ္ဟမ္းထက္ေတာ့ အထင္ႀကီးစရာ ပိုေကာင္းပါတယ္။ ဒါေပမယ့္ ေဂၚဒန္ကို ခ်ဲလ္ဆီးဆီ မေရာက္ေအာင္ မနည္းထိန္းသိမ္းခဲ့ရတဲ့ တိုက္စစ္ပိုင္းကေတာ့ သူတို႔မွာ ျပႆနာျဖစ္ေနၿပီး ဂိုးရဖို႔ ခက္ေနသလို လူသစ္ေတြနဲ႔လည္း အသားက်ဖို႔ အခ်ိန္ယူရဦးမွာပါ။ ဒဏ္ရာေၾကာင့္ ပစ္ခ္ဖို႔ မပါဝင္ႏိုင္တာက သူတို႔ကို ႏိုင္ပြဲနဲ႔ ေဝးေစႏိုင္ၿပီး ဝက္စ္ဟမ္းကလည္း အေဝးကြင္းဆို သိပ္ယုံလို႔ မရတဲ့အတြက္ သေရက်သြားဖို႔ကေတာ့ မ်ားေနပါတယ္။ (အဲဗာတန္ 1-1 ဝက္စ္ဟမ္း)

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.