Match Report Serie A UCL&UEL

စပယ်ရှယ်ဝမ်း မော်ရင်ညိုနဲ့ ဒီဘားလားတို့ လက်တွဲညီနေခဲ့ပြီး နိုင်ပွဲဆက်တဲ့ ရိုးမား

ရိုးမားအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ရူအီ ပက်ထရီစီယို၊ ခံစစ်မှာ ကားစ်ဒေါ့ပ်၊ အီဘာညက်ဇ်၊ မန်ချီနီ၊ ဗီညာနဲ့ စပင်နက်ဇိုလာတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ မာတစ်ချ်၊ ခရစ္စတန်တေ၊ ပယ်လီဂရီနီ၊ ဇာနျိုလိုတို့နဲ့ စုဖွဲ့လာခဲ့သလို တိုက်စစ်မှာတော့ ဘယ်လော့တီတစ်ဦးတည်းကို အထောင်ထားပြီး ပွဲထွက်လာခဲ့တာဖြစ်ပါတယ်။

ဖင်လန်ကလပ် HJK ဟယ်လ်ဆင်ကီတို့ကတော့ နာမည်ကြီးတွေ တစ်ယောက်မှ ပါဝင်မလာဘဲ ဂိုးသမား ဟာဇတ်၊ ခံစစ်မှာ ဆွာရီ၊ ဟော့စ်ကိုနန်၊ တန်ဟို၊ ရိုက်တာလာနဲ့ ဘရောင်းတို့ကို ထည့်သွင်းခဲ့ပြီး ကွင်းလယ်မှာတော့ ခီယေဗိုကစားသမားဟောင်း ဟာတီမိုင်၊ ဗားနာနန်၊ လင်းမန်း၊ ဟော့စ်တစ်ကာတို့ကို အသုံးပြုခဲ့သလို တိုက်စစ်မှာတော့ အဘူဘာကရီတို့ကို ပွဲထုတ်ခဲ့တာပါ။

မော်ရင်ညိုအနေနဲ့ ဒီနေ့ပွဲမှာ အသင်းကို ၅-၄-၁ ပုံစံ ကစားခဲ့တာဖြစ်ပြီး အိမ်ကွင်းမှာ မလိုအပ်ဘဲ ခံစစ်ဦးစားပေးခဲ့တာကြောင့် တိုက်စစ်က ဘယ်လော့တီကို ဇာနျိုလိုနဲ့ ပယ်လီဂရီနီတို့ ထောက်ပံ့ဖို့ ခက်နေခဲ့သလို တောင်ပံတွေမှာလည်း ညာခြမ်းက ကားစ်ဒေါ့ပ်က တိုက်စစ်ပိုင်းမှာ စပင်နက်ဇိုလာလို မစွံခဲ့တာကြောင့် ရုန်းကန်နေခဲ့ရပါတယ်။

ပွဲချိန် ၁၅ မိနစ်မှာကတည်းက ဘယ်လော့တီကို တိုက်ချခဲ့တဲ့ နောက်ခံလူ တန်ဟိုကို ကနဦးမှာ အဝါသာပြခဲ့ပေမယ့် VAR မှာတော့ Last Defender ဖြစ်နေတာကြောင့် တိုက်ရိုက်အနီကတ်နဲ့ အထုတ်ခံခဲ့ရပြီး ရိုးမားတို့ တစ်ယောက်အသာနဲ့ ကစားခဲ့ရပေမယ့် တောင်ပံသမား ဟော့စ်တစ်ကာကို ထုတ်ပြီး နောက်ခံလူ ပယ်လ်တိုလာတို့ ထပ်ထည့်ခဲ့တဲ့ HJK တို့ ပိုပြီးတောင် ပိတ်ကစားသွားခဲ့တာကြောင့် ပထမပိုင်းမှာ ဂိုးမရှိသရေဖြစ်နေခဲ့တာပါ။

ဒါကြောင့် ဒုတိယပိုင်းအစမှာ နည်းပြ မော်ရင်ညိုအနေနဲ့ သူ့ရဲ့ လက်စွဲတော် ဒီဘားလားကို အနားပေးထားရာကနေ နောက်ခံလူ ဗီညာအစား ထည့်သွင်းလာခဲ့ပြီး အီဘာညက်ဇ်အစား စမောလင်းကိုပါ ထည့်ပြီး ၃-၅-၂ ပြောင်းကစားခဲ့သလို လက်စွမ်းပြပြီး အဝေးကန်ချက်တွေကို ကာကွယ်နေတဲ့ မြောက်အိုင်ယာလန်ဂိုးသမား ဟာဇတ်ကို ထိုးဖောက်နိုင်ဖို့ ပြင်ဆင်လာခဲ့ပါတယ်။

ပွဲပြန်စပြီး ၂ မိနစ်ထဲ အရောက်မှာပဲ ဒီဘားလားက မော်ရင်ညိုရဲ့ လုပ်ရပ်မှန်ကန်ကြောင်း ပွဲချိန် ၄၇ မိနစ်မှာ သွင်းဂိုးနဲ့ သက်သေပြနိုင်ခဲ့ပြီး ဘယ်ခြမ်းကနေ စပင်နက်ဇိုလာပေးတာကို One Touch နဲ့ နောက်ကို ပြန်ချပေးတဲ့ ပယ်လီဂရီနီရဲ့ ပေးပို့မှုကနေ အာဂျင်တီးနားသားက ညာဘက် တိုင်ခြေကို အနိမ့်ဘောကန်သွင်းပြီး ရယူသွားခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၄၉ မိနစ်မှာတော့ ပြိုလဲသွားတဲ့ HJK တို့ဘက်ကို ရိုးမားတို့ ဒုတိယ ဦးဆောင်ဂိုး ထပ်မံသွင်းယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းကနေ တန်ပြန်တိုက်စစ်ဆင်လာပြီး တစ်ကိုယ်တော် ထိုးဖောက်ကန်သွင်းခဲ့တဲ့ ဇာနျိုလိုရဲ့ ကန်ချက် လူထိပြီး ထွက်လာခဲ့တာက နောက်က လိုက်လာတဲ့ ပယ်လီဂရီနီနဲ့ ပြန်ထိပြီး ဂိုးထဲ ဝင်သွားခဲ့တာကြောင့် နှစ်ဂိုး-ဂိုးမရှိဖြစ်နေခဲ့တာပါ။

ဒီနောက်ပိုင်းမှာတော့ ဖင်လန်သားတွေ လုံးဝ ပြိုလဲသွားခဲ့ကြပြီး အီတလီမြေမှာ တောင့်ခံဖို့ မဖြစ်နိုင်တော့ချိန်မှာ ရိုးမားတို့ တတိယဂိုးကို လွယ်လွယ်ပဲ ရယူသွားခဲ့ပြီး ဘယ်တောင်ပံကနေ ခြေစွမ်းပြနေတဲ့ ဇာနျိုလိုက အနိမ့်ဘော ဖြတ်တင်ပေးရာမှာ တစ်ယောက်မှ မဖျက်နိုင်ဘဲ လွတ်ထွက်ခဲ့တဲ့ HJK နောက်ခံလူ လေးယောက်ကြားကနေ ဘယ်လော့တီက အသာအယာ ပိတ်သွင်းပြီး ရယူသွားခဲ့တာဖြစ်ပါတယ်။

လက်ကျန်ပွဲချိန်တွေမှာတော့ ဆယ်ယောက်ကျန် HJK ကို ထပ်နှိပ်စက်နိုင်ဖို့ ရိုးမားတို့ဘက်က အေဘရာဟမ်ကိုပါ ထပ်ထည့်ပြီး တိုက်စစ်ဆင်ခဲ့ပေမယ့် ဂိုးထပ်မရခဲ့တာကြောင့် ရောမမြေမှာ လွယ်ကူတဲ့ နိုင်ပွဲတစ်ပွဲကို သုံးဂိုး-ဂိုးမရှိနဲ့ ဖော်ဆောင်နိုင်ခဲ့ကြပြီး လူဒိုဂိုရက်ကို အဝေးကွင်းမှာ ရှုံးနိမ့်ခဲ့ရမှုကို အကောင်းဆုံး တုံ့ပြန်သွားနိုင်ခဲ့ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

႐ိုးမားအသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ႐ူအီ ပက္ထရီစီယို၊ ခံစစ္မွာ ကားစ္ေဒါ့ပ္၊ အီဘာညက္ဇ္၊ မန္ခ်ီနီ၊ ဗီညာနဲ႔ စပင္နက္ဇိုလာတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ မာတစ္ခ်္၊ ခရစၥတန္ေတ၊ ပယ္လီဂရီနီ၊ ဇာန်ိဳလိုတို႔နဲ႔ စုဖြဲ႕လာခဲ့သလို တိုက္စစ္မွာေတာ့ ဘယ္ေလာ့တီတစ္ဦးတည္းကို အေထာင္ထားၿပီး ပြဲထြက္လာခဲ့တာျဖစ္ပါတယ္။

ဖင္လန္ကလပ္ HJK ဟယ္လ္ဆင္ကီတို႔ကေတာ့ နာမည္ႀကီးေတြ တစ္ေယာက္မွ ပါဝင္မလာဘဲ ဂိုးသမား ဟာဇတ္၊ ခံစစ္မွာ ဆြာရီ၊ ေဟာ့စ္ကိုနန္၊ တန္ဟို၊ ႐ိုက္တာလာနဲ႔ ဘေရာင္းတို႔ကို ထည့္သြင္းခဲ့ၿပီး ကြင္းလယ္မွာေတာ့ ခီေယဗိုကစားသမားေဟာင္း ဟာတီမိုင္၊ ဗားနာနန္၊ လင္းမန္း၊ ေဟာ့စ္တစ္ကာတို႔ကို အသုံးျပဳခဲ့သလို တိုက္စစ္မွာေတာ့ အဘူဘာကရီတို႔ကို ပြဲထုတ္ခဲ့တာပါ။

ေမာ္ရင္ညိဳအေနနဲ႔ ဒီေန႔ပြဲမွာ အသင္းကို ၅-၄-၁ ပုံစံ ကစားခဲ့တာျဖစ္ၿပီး အိမ္ကြင္းမွာ မလိုအပ္ဘဲ ခံစစ္ဦးစားေပးခဲ့တာေၾကာင့္ တိုက္စစ္က ဘယ္ေလာ့တီကို ဇာန်ိဳလိုနဲ႔ ပယ္လီဂရီနီတို႔ ေထာက္ပံ့ဖို႔ ခက္ေနခဲ့သလို ေတာင္ပံေတြမွာလည္း ညာျခမ္းက ကားစ္ေဒါ့ပ္က တိုက္စစ္ပိုင္းမွာ စပင္နက္ဇိုလာလို မစြံခဲ့တာေၾကာင့္ ႐ုန္းကန္ေနခဲ့ရပါတယ္။

ပြဲခ်ိန္ ၁၅ မိနစ္မွာကတည္းက ဘယ္ေလာ့တီကို တိုက္ခ်ခဲ့တဲ့ ေနာက္ခံလူ တန္ဟိုကို ကနဦးမွာ အဝါသာျပခဲ့ေပမယ့္ VAR မွာေတာ့ Last Defender ျဖစ္ေနတာေၾကာင့္ တိုက္႐ိုက္အနီကတ္နဲ႔ အထုတ္ခံခဲ့ရၿပီး ႐ိုးမားတို႔ တစ္ေယာက္အသာနဲ႔ ကစားခဲ့ရေပမယ့္ ေတာင္ပံသမား ေဟာ့စ္တစ္ကာကို ထုတ္ၿပီး ေနာက္ခံလူ ပယ္လ္တိုလာတို႔ ထပ္ထည့္ခဲ့တဲ့ HJK တို႔ ပိုၿပီးေတာင္ ပိတ္ကစားသြားခဲ့တာေၾကာင့္ ပထမပိုင္းမွာ ဂိုးမရွိသေရျဖစ္ေနခဲ့တာပါ။

ဒါေၾကာင့္ ဒုတိယပိုင္းအစမွာ နည္းျပ ေမာ္ရင္ညိဳအေနနဲ႔ သူ႔ရဲ႕ လက္စြဲေတာ္ ဒီဘားလားကို အနားေပးထားရာကေန ေနာက္ခံလူ ဗီညာအစား ထည့္သြင္းလာခဲ့ၿပီး အီဘာညက္ဇ္အစား စေမာလင္းကိုပါ ထည့္ၿပီး ၃-၅-၂ ေျပာင္းကစားခဲ့သလို လက္စြမ္းျပၿပီး အေဝးကန္ခ်က္ေတြကို ကာကြယ္ေနတဲ့ ေျမာက္အိုင္ယာလန္ဂိုးသမား ဟာဇတ္ကို ထိုးေဖာက္ႏိုင္ဖို႔ ျပင္ဆင္လာခဲ့ပါတယ္။

ပြဲျပန္စၿပီး ၂ မိနစ္ထဲ အေရာက္မွာပဲ ဒီဘားလားက ေမာ္ရင္ညိဳရဲ႕ လုပ္ရပ္မွန္ကန္ေၾကာင္း ပြဲခ်ိန္ ၄၇ မိနစ္မွာ သြင္းဂိုးနဲ႔ သက္ေသျပႏိုင္ခဲ့ၿပီး ဘယ္ျခမ္းကေန စပင္နက္ဇိုလာေပးတာကို One Touch နဲ႔ ေနာက္ကို ျပန္ခ်ေပးတဲ့ ပယ္လီဂရီနီရဲ႕ ေပးပို႔မႈကေန အာဂ်င္တီးနားသားက ညာဘက္ တိုင္ေျခကို အနိမ့္ေဘာကန္သြင္းၿပီး ရယူသြားခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၄၉ မိနစ္မွာေတာ့ ၿပိဳလဲသြားတဲ့ HJK တို႔ဘက္ကို ႐ိုးမားတို႔ ဒုတိယ ဦးေဆာင္ဂိုး ထပ္မံသြင္းယူႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဘယ္ျခမ္းကေန တန္ျပန္တိုက္စစ္ဆင္လာၿပီး တစ္ကိုယ္ေတာ္ ထိုးေဖာက္ကန္သြင္းခဲ့တဲ့ ဇာန်ိဳလိုရဲ႕ ကန္ခ်က္ လူထိၿပီး ထြက္လာခဲ့တာက ေနာက္က လိုက္လာတဲ့ ပယ္လီဂရီနီနဲ႔ ျပန္ထိၿပီး ဂိုးထဲ ဝင္သြားခဲ့တာေၾကာင့္ ႏွစ္ဂိုး-ဂိုးမရွိျဖစ္ေနခဲ့တာပါ။

ဒီေနာက္ပိုင္းမွာေတာ့ ဖင္လန္သားေတြ လုံးဝ ၿပိဳလဲသြားခဲ့ၾကၿပီး အီတလီေျမမွာ ေတာင့္ခံဖို႔ မျဖစ္ႏိုင္ေတာ့ခ်ိန္မွာ ႐ိုးမားတို႔ တတိယဂိုးကို လြယ္လြယ္ပဲ ရယူသြားခဲ့ၿပီး ဘယ္ေတာင္ပံကေန ေျခစြမ္းျပေနတဲ့ ဇာန်ိဳလိုက အနိမ့္ေဘာ ျဖတ္တင္ေပးရာမွာ တစ္ေယာက္မွ မဖ်က္ႏိုင္ဘဲ လြတ္ထြက္ခဲ့တဲ့ HJK ေနာက္ခံလူ ေလးေယာက္ၾကားကေန ဘယ္ေလာ့တီက အသာအယာ ပိတ္သြင္းၿပီး ရယူသြားခဲ့တာျဖစ္ပါတယ္။

လက္က်န္ပြဲခ်ိန္ေတြမွာေတာ့ ဆယ္ေယာက္က်န္ HJK ကို ထပ္ႏွိပ္စက္ႏိုင္ဖို႔ ႐ိုးမားတို႔ဘက္က ေအဘရာဟမ္ကိုပါ ထပ္ထည့္ၿပီး တိုက္စစ္ဆင္ခဲ့ေပမယ့္ ဂိုးထပ္မရခဲ့တာေၾကာင့္ ေရာမေျမမွာ လြယ္ကူတဲ့ ႏိုင္ပြဲတစ္ပြဲကို သုံးဂိုး-ဂိုးမရွိနဲ႔ ေဖာ္ေဆာင္ႏိုင္ခဲ့ၾကၿပီး လူဒိုဂိုရက္ကို အေဝးကြင္းမွာ ရႈံးနိမ့္ခဲ့ရမႈကို အေကာင္းဆုံး တုံ႔ျပန္သြားႏိုင္ခဲ့ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.