Ligue1 Other Leagues

ပြတ်ပြီကွဲပြီပြောပြီး လင်တော်မောင်လေး အီကာဒီကို ရှယ်တွေ ရှာပေးတဲ့ ဝန်ဒါ နာရာ

ပီအက်စ်ဂျီလိုအသင်းကနေ ထွက်ခွာပြီး ဥရောပရဲ့ ထိပ်တန်းလိဂ်တွေက ကလပ်အသင်းတွေဆီ မပြောင်းဘဲနဲ့ ဂါလာတာစာရေးကို မော်ရို အီကာဒီတစ်ယောက် ရောက်သွားခဲ့ချိန်မှာ ဒီကိစ္စနောက်ကွယ်မှာ အာဂျင်တီးနားတိုက်စစ်မှူးတစ်ယောက်ရမယ့် ခံစားခွင့်တွေကတော့ မနည်းနိုင်ဘူးလို့ အားလုံး ခန့်မှန်းကောင်း ခန့်မှန်းမိကြမှာပါ။

ဒါပေမယ့် အစ္စတန်ဘူလ်ကို ရောက်မှ သတင်းတွေ ထွက်လာခဲ့တဲ့ ထုတ်ဖော်မှုတွေအရ အေးဂျင့်မမကြီးနဲ့ ဇနီးဖြစ်သူ ဝန်ဒါ နာရာအနေနဲ့ သူ့ထက် အတော်လေးငယ်တဲ့ အီကာဒီကို အသင်းသစ်မှာ ဘယ်လိုမျိုး ဆရာကျကျ နေနိုင်အောင် လစာငွေအပြင် စပယ်ရှယ် အထူးအခွင့်အရေးတွေ ၆ ချက်အထိ ရှာဖွေတောင်းဆိုပေးထားခဲ့သလဲဆိုတာကို Sportsmail က ဖော်ပြလာခဲ့ပါတယ်။

အသက် ၂၉ နှစ်အရွယ် အင်တာမီလန် ကပ္ပတိန်ဟောင်းကို တစ်နှစ်အငှားနဲ့ ခေါ်ယူခဲ့တဲ့ ဂါလာတာစာရေးတို့အနေနဲ့ အမြဲတမ်းခေါ်ထားတဲ့ ကစားသမားတွေရဲ့ အခွင့်အရေးမျိုးကို ပေးခဲ့ရတာဖြစ်ပြီး ဒီထဲမှာတော့ ပထမတစ်ချက်က သူ့ကို ၂၄ နာရီ ကားမောင်းပေးမယ့် ဒရိုင်ဘာတွေ ရှာဖွေပေးထားရတာဖြစ်ပြီး အစ္စတန်ဘူလ်မြို့ထဲက ပွဲလမ်းမှန်သမျှ သွားချင်တဲ့အချိန်မှာ သွားနိုင်အောင်လို့ ဆိုပါတယ်။

ဒုတိယတစ်ချက်ကတော့ သူတို့ရဲ့ အိမ်မှာ အထူးကျွမ်းကျင်တဲ့ စားဖိုမှူးတစ်ယောက်ကို ငှားရမ်းပေးထားရမှာဖြစ်ပြီး သူ့အနေနဲ့ အီကာဒီရဲ့ ကျစ်လျစ်တောင့်တင်းပြီး အားကစားသမားပီသတဲ့ ကိုယ်လုံးကိုယ်ထည်နဲ့ စွမ်းဆောင်ရည်ကို ပိုင်ဆိုင်နိုင်ဖို့ စိစစ်ကြပ်မတ်ထားတဲ့ အစားအသောက်တွေကို ချက်ပြုတ်ပေးနိုင်ရမှာလည်းဖြစ်ပါတယ်။

တတိယ၊ စတုတ္ထနဲ့ ပဉ္စမအချက်တွေ အနေနဲ့ ကြီးကျယ်ခမ်းနားတဲ့ အိမ်တစ်ဆောင် မီးတစ်ပြောင်ကို နေဖို့ ပေးရမှာဖြစ်ပြီး ဒီအိမ်မှာ လုံခြုံရေးတွေကို အမြဲတမ်း တင်းကြပ်ထားရမှာဖြစ်သလို အန္တရာယ်ကင်းကင်းနဲ့ နေနိုင်အောင်လို့ ဝန်ဒါ နာရာက တောင်းဆိုခဲ့ပြီး လက်ရှိမှာတော့ ဒီဇင်ဘာလ မတိုင်ခင်အထိ ဟော်တယ်မှာ နေဖို့ကို စီစဉ်ပေးထားရဦးမှာပါ။

နောက်ဆုံးတစ်ချက်ကတော့ သူတို့ရဲ့ သားသမီးတွေအတွက် အစ္စတန်ဘူလ်က ကျောင်းကောင်းကောင်းမှာ ထားဖို့ စီစဉ်ပေးရမှာဖြစ်ပြီး ဒါမှလည်း ဆရာမကြီးအနေနဲ့ သူ့ရဲ့ လင်တော်မောင် အီကာဒီနောက်က တစ်ကောက်ကောက် စောင့်ရှောက်နိုင်ဖို့နဲ့ အိမ်ထောင်ရေးသာယာဖို့ ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။

အီကာဒီနဲ့ အင်တာမီလန်အသင်းရဲ့ ပရိသတ်စစ်စစ်တွေကတော့ ဒီအမျိုးသမီးနဲ့ ယူမိလို့ သူ့ရဲ့ ကစားသမားဘဝက ကျဆင်းခဲ့ရတယ်လို့ စွပ်စွဲထားခဲ့ပြီး စီးရီးအေကနေ လယ်သမားလိဂ်၊ ဒီကနေ ဘောင်မဝင်တဲ့ တူရကီကို ပြောင်းရွှေ့ခဲ့ရမှုတွေအတွက် သူတို့ရဲ့ စွပ်စွဲချက်က မှန်နေပြီလားလို့ တွေးစရာဖြစ်ခဲ့ပြီး သူ့အနေနဲ့ အသင်းသစ်မှာ အတူရောက်ရှိလာသူတွေဖြစ်တဲ့ ဟွမ် မာတာ၊ မီလော့ ရက်ရှီကာတို့နဲ့ တွဲကစားရမှာဖြစ်ကြောင်းလည်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ပီအက္စ္ဂ်ီလိုအသင္းကေန ထြက္ခြာၿပီး ဥေရာပရဲ႕ ထိပ္တန္းလိဂ္ေတြက ကလပ္အသင္းေတြဆီ မေျပာင္းဘဲနဲ႔ ဂါလာတာစာေရးကို ေမာ္႐ို အီကာဒီတစ္ေယာက္ ေရာက္သြားခဲ့ခ်ိန္မွာ ဒီကိစၥေနာက္ကြယ္မွာ အာဂ်င္တီးနားတိုက္စစ္မႉးတစ္ေယာက္ရမယ့္ ခံစားခြင့္ေတြကေတာ့ မနည္းႏိုင္ဘူးလို႔ အားလုံး ခန႔္မွန္းေကာင္း ခန႔္မွန္းမိၾကမွာပါ။

ဒါေပမယ့္ အစၥတန္ဘူလ္ကို ေရာက္မွ သတင္းေတြ ထြက္လာခဲ့တဲ့ ထုတ္ေဖာ္မႈေတြအရ ေအးဂ်င့္မမႀကီးနဲ႔ ဇနီးျဖစ္သူ ဝန္ဒါ နာရာအေနနဲ႔ သူ႔ထက္ အေတာ္ေလးငယ္တဲ့ အီကာဒီကို အသင္းသစ္မွာ ဘယ္လိုမ်ိဳး ဆရာက်က် ေနႏိုင္ေအာင္ လစာေငြအျပင္ စပယ္ရွယ္ အထူးအခြင့္အေရးေတြ ၆ ခ်က္အထိ ရွာေဖြေတာင္းဆိုေပးထားခဲ့သလဲဆိုတာကို Sportsmail က ေဖာ္ျပလာခဲ့ပါတယ္။

အသက္ ၂၉ ႏွစ္အ႐ြယ္ အင္တာမီလန္ ကပၸတိန္ေဟာင္းကို တစ္ႏွစ္အငွားနဲ႔ ေခၚယူခဲ့တဲ့ ဂါလာတာစာေရးတို႔အေနနဲ႔ အၿမဲတမ္းေခၚထားတဲ့ ကစားသမားေတြရဲ႕ အခြင့္အေရးမ်ိဳးကို ေပးခဲ့ရတာျဖစ္ၿပီး ဒီထဲမွာေတာ့ ပထမတစ္ခ်က္က သူ႔ကို ၂၄ နာရီ ကားေမာင္းေပးမယ့္ ဒ႐ိုင္ဘာေတြ ရွာေဖြေပးထားရတာျဖစ္ၿပီး အစၥတန္ဘူလ္ၿမိဳ႕ထဲက ပြဲလမ္းမွန္သမွ် သြားခ်င္တဲ့အခ်ိန္မွာ သြားႏိုင္ေအာင္လို႔ ဆိုပါတယ္။

ဒုတိယတစ္ခ်က္ကေတာ့ သူတို႔ရဲ႕ အိမ္မွာ အထူးကြၽမ္းက်င္တဲ့ စားဖိုမႉးတစ္ေယာက္ကို ငွားရမ္းေပးထားရမွာျဖစ္ၿပီး သူ႔အေနနဲ႔ အီကာဒီရဲ႕ က်စ္လ်စ္ေတာင့္တင္းၿပီး အားကစားသမားပီသတဲ့ ကိုယ္လုံးကိုယ္ထည္နဲ႔ စြမ္းေဆာင္ရည္ကို ပိုင္ဆိုင္ႏိုင္ဖို႔ စိစစ္ၾကပ္မတ္ထားတဲ့ အစားအေသာက္ေတြကို ခ်က္ျပဳတ္ေပးႏိုင္ရမွာလည္းျဖစ္ပါတယ္။

တတိယ၊ စတုတၳနဲ႔ ပၪၥမအခ်က္ေတြ အေနနဲ႔ ႀကီးက်ယ္ခမ္းနားတဲ့ အိမ္တစ္ေဆာင္ မီးတစ္ေျပာင္ကို ေနဖို႔ ေပးရမွာျဖစ္ၿပီး ဒီအိမ္မွာ လုံၿခဳံေရးေတြကို အၿမဲတမ္း တင္းၾကပ္ထားရမွာျဖစ္သလို အႏၲရာယ္ကင္းကင္းနဲ႔ ေနႏိုင္ေအာင္လို႔ ဝန္ဒါ နာရာက ေတာင္းဆိုခဲ့ၿပီး လက္ရွိမွာေတာ့ ဒီဇင္ဘာလ မတိုင္ခင္အထိ ေဟာ္တယ္မွာ ေနဖို႔ကို စီစဥ္ေပးထားရဦးမွာပါ။

ေနာက္ဆုံးတစ္ခ်က္ကေတာ့ သူတို႔ရဲ႕ သားသမီးေတြအတြက္ အစၥတန္ဘူလ္က ေက်ာင္းေကာင္းေကာင္းမွာ ထားဖို႔ စီစဥ္ေပးရမွာျဖစ္ၿပီး ဒါမွလည္း ဆရာမႀကီးအေနနဲ႔ သူ႔ရဲ႕ လင္ေတာ္ေမာင္ အီကာဒီေနာက္က တစ္ေကာက္ေကာက္ ေစာင့္ေရွာက္ႏိုင္ဖို႔နဲ႔ အိမ္ေထာင္ေရးသာယာဖို႔ ေဆာင္႐ြက္ႏိုင္မွာျဖစ္ပါတယ္။

အီကာဒီနဲ႔ အင္တာမီလန္အသင္းရဲ႕ ပရိသတ္စစ္စစ္ေတြကေတာ့ ဒီအမ်ိဳးသမီးနဲ႔ ယူမိလို႔ သူ႔ရဲ႕ ကစားသမားဘဝက က်ဆင္းခဲ့ရတယ္လို႔ စြပ္စြဲထားခဲ့ၿပီး စီးရီးေအကေန လယ္သမားလိဂ္၊ ဒီကေန ေဘာင္မဝင္တဲ့ တူရကီကို ေျပာင္းေ႐ႊ႕ခဲ့ရမႈေတြအတြက္ သူတို႔ရဲ႕ စြပ္စြဲခ်က္က မွန္ေနၿပီလားလို႔ ေတြးစရာျဖစ္ခဲ့ၿပီး သူ႔အေနနဲ႔ အသင္းသစ္မွာ အတူေရာက္ရွိလာသူေတြျဖစ္တဲ့ ဟြမ္ မာတာ၊ မီေလာ့ ရက္ရွီကာတို႔နဲ႔ တြဲကစားရမွာျဖစ္ေၾကာင္းလည္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.