Premier League Transfer News

နောက်ဆုံးရ မန်ချက်စတာစီးတီးသတင်းများ စုစည်းမှု – ၂၉.၈.၂၀၂၀






REF: INTERNET SOURCES
SPORTS A2Z.

UNICODE:

– လီယွန်နယ် မက်ဆီနဲ့ ဆွေးနွေးမှုတွေအတွက် သတင်းထွက်နေချိန်မှာ ဒါတွေကို အရှိန်မြင့်စေမယ့်ဖြစ်ရပ်အဖြစ် မန်ချက်စတာစီးတီး နည်းပြ ပက်ပ် ဂွါဒီယိုလာကို ဘာစီလိုနာရောက်ရှိနေမှုအဖြစ် ဒင်ဆမ်းစားသောက်ဆိုင်ရှေ့မှာ တွေ့မြင်ခဲ့ရ။

– မန်ချက်စတာစီးတီးနဲ့ အာဆင်နယ်အသင်းတွေက အလိုရှိနေခဲ့တဲ့ ကွင်းလယ်လူ ဟူဆင်းမ် အောဝါအတွက် ပီအက်စ်ဂျီအသင်းရဲ့ ပေါင် ၃၅ သန်းတန် ကမ်းလှမ်းမှုကို လီယွန်ဘက်က ပယ်ချထားပြီး မြင့်မားတဲ့ ကမ်းလှမ်းမှုတွေကို စောင့်မျှော်နေ။

– ပရီးမီးယားလိဂ်ရဲ့ တစ်ရာသီလုံး အကောင်းဆုံးကစားသမားဆုရှင် ကီဗင် ဒီဘရိုင်းနားရဲ့ မန်နေဂျာ ပက်ထရစ် ဒီကိုစတာဟာ ငွေကြေး ခဝါချမှုနဲ့ စာရွက်စာတမ်း အတုပြုလုပ်မှုတွေအတွက် တာဝန်ရှိသူတွေရဲ့ ဖမ်းဆီးစစ်ဆေးမှုခံယူနေရ။

– အသင်းရဲ့ ကစားသမားသစ်တွေအတွက် ကျောနံပါတ် တရားဝင်ထုတ်ဖော်ကြေငြာခဲ့ရာမှာ နောက်ခံလူသစ် နာသန် အေကီက နံပါတ် ၆ နဲ့ တောင်ပံတိုက်စစ်မှူး ဖယ်ရန် တောရက်စ်က ဒေးဗစ် ဆေးလ်ဗားရဲ့ နာမည်ကျော် နံပါတ် ၂၁ ကို အသီးသီးရရှိသွားခဲ့။

– ဘာစီလိုနာအသင်းနဲ့ နှစ်ပေါင်း ၂၀ နီးပါး အတူရှိခဲ့ပြီး လမ်းခွဲချိန်မှာ ပီအက်စ်ဂျီနဲ့ အင်တာမီလန်ထက် မန်ချက်စတာစီးတီးအသင်းဆီကိုသာ ပြောင်းရွှေ့ဖို့ အာဂျင်တီးနားတိုက်စစ်မှူးအနေနဲ့ ပိုမိုလိုလားတယ်လို့ မက်ဆီရဲ့ ဖခင်နဲ့ အေးဂျင့်ဖြစ်သူ ဟော်ဟဲ ထုတ်ဖော်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.