Premier League Transfer News

ေနာက္ဆုံးရ လီဗာပူးလ္သတင္းမ်ား စုစည္းမွဳ – ၂၈.၈.၂၀၂၀

– ေပါင္ ၂၇ သန္းနဲ႔ ေခၚယူဖို႔ စုံစမ္းမွဳေတြ ျပဳလုပ္ထားတဲ့ ဘုိင္ယန္ျမဴးနစ္ကြင္းလယ္လူ သီယာဂို အယ္လ္ကန္တာရာကို ေခၚယူရာမွာ ရန္ပုံေငြရရွိေအာင္ ဘာစီလိုနာအသင္းက စိတ္ဝင္စားေနတဲ့ ကြင္းလယ္လူ ေဂ်ာ္ဂ်င္နီယို(ဂ်ီနီ) ဗိုင္နယ္လ္ဒြမ္ကို ေပါင္ ၂၂ သန္းနဲ႔ ေရာင္းခ်သြားဖို႔ လီဗာပူးလ္ စီစဥ္ေန။

– လီဗာပူးလ္အတြက္ ရာသီႀကဳိေျခစမ္းပြဲေတြမွာ အေကာင္းဆုံးေျခစြမ္းျပေနၿပီး အသင္းရဲ႕ ဘယ္လ္ဂ်ီယမ္သား ဒီေဗာ့ခ္ အိုရီဂီထက္ ေကာင္းတယ္လို႔ ပရိသတ္ေတြ အသိအမွတ္ျပဳထားတဲ့ လူငယ္တုိက္စစ္မွဴး ႐ိုင္ယန္ ဘ႐ူးစတားကို အငွားနဲ႔ ေခၚယူဖို႔ ရွက္ဖီးလ္ဒ္ ယူႏုိက္တက္အပါအဝင္ အသင္း ၁၁ သင္းက အလိုရွိေန။

– ၿပီးခဲ့တဲ့ ရာသီက လိဂ္ခ်န္ပီယံရွစ္ကလပ္ ရက္ဒင္းမွာ အငွားနဲ႔ သြားေရာက္ၿပီး ေျခစြမ္းျပခဲ့တဲ့ ကြင္းလယ္လူ အိုဗီ အီဂ်ာရီးယားကို ေပါင္သုံးသန္းခြဲနဲ႔ အၿပီးသတ္ ေရာင္းခ်ဖို႔ဟာ အသင္းရဲ႕ အားကစားဒါ႐ိုက္တာ မိုက္ကယ္ အက္ဒ္ဝပ္ရဲ႕ ပညာရွိ သတိျဖစ္ခဲ လုပ္ရပ္ ျဖစ္လာမယ္လို႔ ပရိသတ္ေတြ သတိေပး။

– ပရီးမီးယားလိဂ္ကို ပူပူေႏြးေႏြး ဆြတ္ခူးထားခဲ့ၿပီး ခ်န္ပီယံလိဂ္နဲ႔ တျခားအေရးပါတဲ့ အဓိကဆုဖလားေတြကို ရယူထားေပမယ့္လည္း ဒါေတြဟာ ၿပီးဆုံးသြားခဲ့တဲ့ အရာေတြပဲျဖစ္ၿပီး ဆုဖလားအသစ္ေတြကို ရယူဖို႔ ဆာေလာင္ေနဆဲျဖစ္တယ္လို႔ လီဗာပူးလ္အသင္းေခါင္းေဆာင္ ေဂ်ာ္ဒန္ ဟန္ဒါဆန္ ေျပာၾကား။

– အရန္အသင္းတုိက္စစ္မွဴး တုိင္ဝို အာဝိုနီယီကို ေပါင္ ၉ သန္းနဲ႔ ဆဲလ္တစ္အသင္းဆီ ေရာင္းခ်သြားႏုိင္ဖို႔ နီးစပ္ေနၿပီး စေကာ့တလန္ ကလပ္အေနနဲ႔ သူတုိ႔ရဲ႕ အသင္းက ထြက္ခြာႏုိင္တဲ့ တုိက္စစ္မွဴး ေအဒူယာေနရာအတြက္ လီဗာပူးလ္လူငယ္နဲ႔ အစားထိုးသြားဖို႔ စီစဥ္ေနေၾကာင္းဆို။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– ပေါင် ၂၇ သန်းနဲ့ ခေါ်ယူဖို့ စုံစမ်းမှုတွေ ပြုလုပ်ထားတဲ့ ဘိုင်ယန်မြူးနစ်ကွင်းလယ်လူ သီယာဂို အယ်လ်ကန်တာရာကို ခေါ်ယူရာမှာ ရန်ပုံငွေရရှိအောင် ဘာစီလိုနာအသင်းက စိတ်ဝင်စားနေတဲ့ ကွင်းလယ်လူ ဂျော်ဂျင်နီယို(ဂျီနီ) ဗိုင်နယ်လ်ဒွမ်ကို ပေါင် ၂၂ သန်းနဲ့ ရောင်းချသွားဖို့ လီဗာပူးလ် စီစဉ်နေ။

– လီဗာပူးလ်အတွက် ရာသီကြိုခြေစမ်းပွဲတွေမှာ အကောင်းဆုံးခြေစွမ်းပြနေပြီး အသင်းရဲ့ ဘယ်လ်ဂျီယမ်သား ဒီဗော့ခ် အိုရီဂီထက် ကောင်းတယ်လို့ ပရိသတ်တွေ အသိအမှတ်ပြုထားတဲ့ လူငယ်တိုက်စစ်မှူး ရိုင်ယန် ဘရူးစတားကို အငှားနဲ့ ခေါ်ယူဖို့ ရှက်ဖီးလ်ဒ် ယူနိုက်တက်အပါအဝင် အသင်း ၁၁ သင်းက အလိုရှိနေ။

– ပြီးခဲ့တဲ့ ရာသီက လိဂ်ချန်ပီယံရှစ်ကလပ် ရက်ဒင်းမှာ အငှားနဲ့ သွားရောက်ပြီး ခြေစွမ်းပြခဲ့တဲ့ ကွင်းလယ်လူ အိုဗီ အီဂျာရီးယားကို ပေါင်သုံးသန်းခွဲနဲ့ အပြီးသတ် ရောင်းချဖို့ဟာ အသင်းရဲ့ အားကစားဒါရိုက်တာ မိုက်ကယ် အက်ဒ်ဝပ်ရဲ့ ပညာရှိ သတိဖြစ်ခဲ လုပ်ရပ် ဖြစ်လာမယ်လို့ ပရိသတ်တွေ သတိပေး။

– ပရီးမီးယားလိဂ်ကို ပူပူနွေးနွေး ဆွတ်ခူးထားခဲ့ပြီး ချန်ပီယံလိဂ်နဲ့ တခြားအရေးပါတဲ့ အဓိကဆုဖလားတွေကို ရယူထားပေမယ့်လည်း ဒါတွေဟာ ပြီးဆုံးသွားခဲ့တဲ့ အရာတွေပဲဖြစ်ပြီး ဆုဖလားအသစ်တွေကို ရယူဖို့ ဆာလောင်နေဆဲဖြစ်တယ်လို့ လီဗာပူးလ်အသင်းခေါင်းဆောင် ဂျော်ဒန် ဟန်ဒါဆန် ပြောကြား။

– အရန်အသင်းတိုက်စစ်မှူး တိုင်ဝို အာဝိုနီယီကို ပေါင် ၉ သန်းနဲ့ ဆဲလ်တစ်အသင်းဆီ ရောင်းချသွားနိုင်ဖို့ နီးစပ်နေပြီး စကော့တလန် ကလပ်အနေနဲ့ သူတို့ရဲ့ အသင်းက ထွက်ခွာနိုင်တဲ့ တိုက်စစ်မှူး အေဒူယာနေရာအတွက် လီဗာပူးလ်လူငယ်နဲ့ အစားထိုးသွားဖို့ စီစဉ်နေကြောင်းဆို။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.