Article La Liga Premier League Transfer News

မက္ဆီရဲ႕ အေျပာင္းအေရႊ႕နဲ႔ မန္စီးတီးပရိသတ္ေတြအတြက္ ရင္ခုန္စရာ အခိုက္အတန္႔

မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ကမာၻ႕အေကာင္းဆုံးကစားသမား လီယြန္နယ္ မက္ဆီအတြက္ ကစားသမားေတြ အလိုက္ေပးၿပီး ကမ္းလွမ္းခဲ့သလို အသင္းႏွစ္သင္းၾကား သင့္ေတာ္တဲ့ ညႇိႏွဳိင္းမွဳတစ္ခုနဲ႔ သေဘာတူညီႏုိင္ဖို႔ ႀကဳိးစားေနၾကတာက မုိးျပာေရာင္ပရိသတ္ေတြအတြက္ေတာ့ ရင္ခုန္စရာအခိုက္အတန္႔လည္း ျဖစ္ေနခဲ့ပါတယ္။

မက္ဆီအေနနဲ႔ သူ႕ရဲ႕ စာခ်ဳပ္မွာ ဇြန္လ ၁၀ ရက္ကေန ၃၀ အတြင္း ရာသီသစ္မစတင္ခင္ ကလပ္အသင္းကို ႀကဳိတင္အေၾကာင္းၾကားၿပီး အသင္းက ထြက္ခြာႏုိင္တယ္ဆိုေပမယ့္ လက္ရွိအေျခအေနမွာ စပိန္ႏုိင္ငံရဲ႕ ဥပေဒေတြအရေတာ့ ကိုဗစ္-၁၉ ေၾကာင့္ ေျပာင္းလဲခဲ့ရတဲ့ ေဘာလုံးျပကၡဒိန္ဟာ စာခ်ဳပ္ေပၚက ေန႔စြဲေလာက္ မခိုင္မာဘဲ အယူခံေတြနဲ႔ အလုပ္ရွဳပ္ႏုိင္ေသးတဲ့အတြက္ မန္စီးတီးဘက္က အလြတ္မေခၚဘဲ ညႇိႏွဳိင္းဖို႔ ဆုံးျဖတ္ခဲ့တာလည္း ျဖစ္ႏုိင္ပါတယ္။

ကနဦးသတင္းေတြအရ မန္စီးတီးနဲ႔ မက္ဆီတုိ႔ သေဘာတူညီထားခဲ့ၿပီးျဖစ္သလို ကမ္းလွမ္းမွဳကိုေတာ့ ေနာက္ခံလူေတြျဖစ္ၾကတဲ့ အန္ဟဲလီညဳိနဲ႔ အဲရစ္ ဂါစီယာ၊ ကြင္းလယ္လူ ဘာနာဒို ေဆးလ္ဗားနဲ႔ ရီယက္ မာရက္ဇ္၊ တုိက္စစ္မွဴး ဂါဘရီယယ္လ္ ေဂ်ဆူးစ္တုိ႔ထဲက အလုိက္ေပးၿပီး ကမ္းလွမ္းမယ္လုိ႔ သတင္းေတြ ထြက္ေပၚခဲ့ၿပီး ေနာက္ဆုံးမွာေတာ့ ဘာစီလိုနာဘက္က ေရြးခ်ယ္မွဳကိုလည္း ရရွိထားခဲ့ပါတယ္။

ဘာစီလိုနာအသင္းအေနနဲ႔ မက္ဆီအတြက္ အဲရစ္ ဂါစီယာ၊ ဘာနာဒို ေဆးလ္ဗား၊ ေဂ်ဆူးစ္နဲ႔ ယူ႐ုိသန္း ၉၀ ကို အလိုရွိေနၿပီး မန္စီးတီးဘက္ကလည္း ေပးအပ္သြားဖို႔ အသင့္ရွိေနသလို ကလပ္အသင္းခ်င္းၾကားမွာေတာ့ အျမန္ဆုံး အေျပာင္းအေရႊ႕ျဖစ္ေပၚဖို႔လည္း လုပ္ေဆာင္ေနၾကပါတယ္။

ကာတာလန္အသင္းအတြက္ လာမာစီယာအကယ္ဒမီကေန အသင္းႀကီးကုိ ေရာက္ရွိခဲ့ခ်ိန္မွာ ၇၃၁ ပြဲကစားၿပီး ၆၃၄ ဂိုးသြင္း၊ ၂၈၅ ဂိုး ဖန္တီးႏုိင္ခဲ့တဲ့ အာဂ်င္တီးနားဝါရင့္တုိက္စစ္မွဴးဟာ မန္စီးတီးအသင္းနဲ႔ လြဲေခ်ာ္ေနခဲ့တဲ့ ခ်န္ပီယံလိဂ္ကို ရယူေပးႏုိင္မယ့္သူလုိ႔လည္း အားလုံးက တစ္ညီတစ္ညြတ္တည္း ေျပာၾကားေနၾကၿပီး လက္ရွိကစားသမားေတြကိုလည္း ပုိႀကဳိးစားေစလိမ့္မယ္လို႔ ခန္႔မွန္းေနၾကပါတယ္။

မက္ဆီနဲ႔ ကီဗင္ ဒီဘ႐ိုင္းနားတုိ႔ရဲ႕ ဖန္တီးမွဳ ျမင့္မားမယ့္ အတြဲအဖက္ဟာ တုိက္စစ္မွဴး ဆာဂ်ီယို အေဂြ႐ိုကိုေတာ့ ပရီးမီးယားလိဂ္စံခ်ိန္ေတြကို ထပ္မံခ်ဳိးဖ်က္ဖို႔ အေထာက္အကူျပဳႏုိင္ဦးမယ္လို႔လည္း ကၽြမ္းက်င္သူေတြက သုံးသပ္ထားၾကၿပီး မန္စီးတီးအေနနဲ႔ေတာ့ အနာဂတ္အတြက္ တိုက္စစ္မွဴးသစ္တစ္ဦးကိုေတာ့ ေဂ်ဆူးစ္ေနရာအတြက္ ျပန္လည္ျဖည့္ဆည္းဖို႔ေတာ့ လိုအပ္ေနပါေသးတယ္။

အားလုံးျမင္ေတြ႕ခ်င္ေနၾကတဲ့ စိတ္လွဳပ္ရွားစရာ ျပန္လည္ဆုံဆည္းမွဳျဖစ္တဲ့ ဂြါဒီယိုလာနဲ႔ မက္ဆီ၊ ဆရာနဲ႔ တပည့္၊ ေအာင္မွဳေတြကို စတင္ဖို႔ ဘာစီလိုနာကေန စတင္ၿပီး ေျခလွမ္းသစ္ေတြ လွမ္းခဲ့ၾကဖူးတဲ့ အတြဲအဖက္ကလည္း ေဘာလုံးပရိသတ္ေတြအတြက္ေတာ့ ၾကည္ႏူးစရာျဖစ္ေပမယ့္ ၿပဳိင္ဘက္အသင္းေတြအတြက္ေတာ့ ႀကီးမားတဲ့ အႏၲရာယ္အျဖစ္ ေစာင့္ၾကည့္ရေတာ့မွာျဖစ္ေၾကာင္း ေဖာ္ျပလုိက္ရပါတယ္။

REF: ATHLETIC & DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာစီးတီးအသင်းအနေနဲ့ ကမ္ဘာ့အကောင်းဆုံးကစားသမား လီယွန်နယ် မက်ဆီအတွက် ကစားသမားတွေ အလိုက်ပေးပြီး ကမ်းလှမ်းခဲ့သလို အသင်းနှစ်သင်းကြား သင့်တော်တဲ့ ညှိနှိုင်းမှုတစ်ခုနဲ့ သဘောတူညီနိုင်ဖို့ ကြိုးစားနေကြတာက မိုးပြာရောင်ပရိသတ်တွေအတွက်တော့ ရင်ခုန်စရာအခိုက်အတန့်လည်း ဖြစ်နေခဲ့ပါတယ်။

မက်ဆီအနေနဲ့ သူ့ရဲ့ စာချုပ်မှာ ဇွန်လ ၁၀ ရက်ကနေ ၃၀ အတွင်း ရာသီသစ်မစတင်ခင် ကလပ်အသင်းကို ကြိုတင်အကြောင်းကြားပြီး အသင်းက ထွက်ခွာနိုင်တယ်ဆိုပေမယ့် လက်ရှိအခြေအနေမှာ စပိန်နိုင်ငံရဲ့ ဥပဒေတွေအရတော့ ကိုဗစ်-၁၉ ကြောင့် ပြောင်းလဲခဲ့ရတဲ့ ဘောလုံးပြက္ခဒိန်ဟာ စာချုပ်ပေါ်က နေ့စွဲလောက် မခိုင်မာဘဲ အယူခံတွေနဲ့ အလုပ်ရှုပ်နိုင်သေးတဲ့အတွက် မန်စီးတီးဘက်က အလွတ်မခေါ်ဘဲ ညှိနှိုင်းဖို့ ဆုံးဖြတ်ခဲ့တာလည်း ဖြစ်နိုင်ပါတယ်။

ကနဦးသတင်းတွေအရ မန်စီးတီးနဲ့ မက်ဆီတို့ သဘောတူညီထားခဲ့ပြီးဖြစ်သလို ကမ်းလှမ်းမှုကိုတော့ နောက်ခံလူတွေဖြစ်ကြတဲ့ အန်ဟဲလီညိုနဲ့ အဲရစ် ဂါစီယာ၊ ကွင်းလယ်လူ ဘာနာဒို ဆေးလ်ဗားနဲ့ ရီယက် မာရက်ဇ်၊ တိုက်စစ်မှူး ဂါဘရီယယ်လ် ဂျေဆူးစ်တို့ထဲက အလိုက်ပေးပြီး ကမ်းလှမ်းမယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီး နောက်ဆုံးမှာတော့ ဘာစီလိုနာဘက်က ရွေးချယ်မှုကိုလည်း ရရှိထားခဲ့ပါတယ်။

ဘာစီလိုနာအသင်းအနေနဲ့ မက်ဆီအတွက် အဲရစ် ဂါစီယာ၊ ဘာနာဒို ဆေးလ်ဗား၊ ဂျေဆူးစ်နဲ့ ယူရိုသန်း ၉၀ ကို အလိုရှိနေပြီး မန်စီးတီးဘက်ကလည်း ပေးအပ်သွားဖို့ အသင့်ရှိနေသလို ကလပ်အသင်းချင်းကြားမှာတော့ အမြန်ဆုံး အပြောင်းအရွှေ့ဖြစ်ပေါ်ဖို့လည်း လုပ်ဆောင်နေကြပါတယ်။

ကာတာလန်အသင်းအတွက် လာမာစီယာအကယ်ဒမီကနေ အသင်းကြီးကို ရောက်ရှိခဲ့ချိန်မှာ ၇၃၁ ပွဲကစားပြီး ၆၃၄ ဂိုးသွင်း၊ ၂၈၅ ဂိုး ဖန်တီးနိုင်ခဲ့တဲ့ အာဂျင်တီးနားဝါရင့်တိုက်စစ်မှူးဟာ မန်စီးတီးအသင်းနဲ့ လွဲချော်နေခဲ့တဲ့ ချန်ပီယံလိဂ်ကို ရယူပေးနိုင်မယ့်သူလို့လည်း အားလုံးက တစ်ညီတစ်ညွတ်တည်း ပြောကြားနေကြပြီး လက်ရှိကစားသမားတွေကိုလည်း ပိုကြိုးစားစေလိမ့်မယ်လို့ ခန့်မှန်းနေကြပါတယ်။

မက်ဆီနဲ့ ကီဗင် ဒီဘရိုင်းနားတို့ရဲ့ ဖန်တီးမှု မြင့်မားမယ့် အတွဲအဖက်ဟာ တိုက်စစ်မှူး ဆာဂျီယို အဂွေရိုကိုတော့ ပရီးမီးယားလိဂ်စံချိန်တွေကို ထပ်မံချိုးဖျက်ဖို့ အထောက်အကူပြုနိုင်ဦးမယ်လို့လည်း ကျွမ်းကျင်သူတွေက သုံးသပ်ထားကြပြီး မန်စီးတီးအနေနဲ့တော့ အနာဂတ်အတွက် တိုက်စစ်မှူးသစ်တစ်ဦးကိုတော့ ဂျေဆူးစ်နေရာအတွက် ပြန်လည်ဖြည့်ဆည်းဖို့တော့ လိုအပ်နေပါသေးတယ်။

အားလုံးမြင်တွေ့ချင်နေကြတဲ့ စိတ်လှုပ်ရှားစရာ ပြန်လည်ဆုံဆည်းမှုဖြစ်တဲ့ ဂွါဒီယိုလာနဲ့ မက်ဆီ၊ ဆရာနဲ့ တပည့်၊ အောင်မှုတွေကို စတင်ဖို့ ဘာစီလိုနာကနေ စတင်ပြီး ခြေလှမ်းသစ်တွေ လှမ်းခဲ့ကြဖူးတဲ့ အတွဲအဖက်ကလည်း ဘောလုံးပရိသတ်တွေအတွက်တော့ ကြည်နူးစရာဖြစ်ပေမယ့် ပြိုင်ဘက်အသင်းတွေအတွက်တော့ ကြီးမားတဲ့ အန္တရာယ်အဖြစ် စောင့်ကြည့်ရတော့မှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: ATHLETIC & DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.