Premier League Transfer News

နောက်ဆုံးရ မန်ချက်စတာစီးတီးသတင်းများ စုစည်းမှု – ၂၈.၈.၂၀၂၀



– အန်ဒါလက်ခ်ျအသင်းရဲ့နည်းပြ မန်စီးတီးအသင်းခေါင်းဆောင်ဟောင်း ဗင်းဆန့် ကွန်ပနီကတော့ အစ်တီဟတ်ကို မက်ဆီရောက်လာဖို့ သိပ်ကို အလိုရှိနေပြီး အာဂျင်တီးနားတိုက်စစ်မှူးဟာ စီတီဇင်တွေကို ချန်ပီယံလိဂ်ဖလားယူပေးမယ့်သူဖြစ်တယ်လို့ ပြောကြား။



REF: INTERNET SOURCES
SPORTS A2Z.

UNICODE:

– အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာလာနိုင်ခြေနေနည်းနေတဲ့ လီယွန်နယ် မက်ဆီအတွက် မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဘာစီလိုနာဘက် စိတ်ဝင်စားနိုင်တဲ့ အဲရစ် ဂါစီယာ၊ အန်ဟဲလီညို၊ မာရက်ဇ်၊ ဘာနာဒို ဆေးလ်ဗားနဲ့ ဂျေဆူးစ်တို့ထဲက ရွေးချယ်ခွင့်ပေးပြီး ယူရိုသန်း ၉၀ နဲ့ အလဲအထပ်ကမ်းလှမ်းသွားနိုင်တယ်လို့ သတင်းတွေ ခန့်မှန်း။

– မက်ဆီကို ထိန်းသိမ်းနိုင်မယ်ဆိုရင် ဥက္ကဌ ဘာတိုမြူက အသင်းကနေ ထွက်ခွာပေးမယ်လို့ ဆိုခဲ့ပေမယ့် အဆင်မပြေနိုင်တော့ဘဲ ရက်ပိုင်းအတွင်းမှာ မန်ချက်စတာစီးတီးနဲ့ သဘောတူညီမှုကို ကြေငြာသွားနိုင်ဖို့ ညှိနှိုင်းဆွေးနွေးနေ။

– အန်ဒါလက်ချ်အသင်းရဲ့နည်းပြ မန်စီးတီးအသင်းခေါင်းဆောင်ဟောင်း ဗင်းဆန့် ကွန်ပနီကတော့ အစ်တီဟတ်ကို မက်ဆီရောက်လာဖို့ သိပ်ကို အလိုရှိနေပြီး အာဂျင်တီးနားတိုက်စစ်မှူးဟာ စီတီဇင်တွေကို ချန်ပီယံလိဂ်ဖလားယူပေးမယ့်သူဖြစ်တယ်လို့ ပြောကြား။

– နောက်ခံလူ ကူလီဘေလီအတွက် သူ့ရဲ့အေးဂျင့်ဖြစ်တဲ့ ရာမာဒါနီကို မန်စီးတီးအသင်းဘက် ကစားသမားအတွက် ယူရိုသန်း ၆၀ မှာ ဆုကြေးခံစားခွင့် ယူရို ၁၀ သန်း ပေးမယ့် ကမ်းလှမ်းမှုဟာ နောက်ဆုံးပဲလို့ နာပိုလီဘက်ကို ညှိနှိုင်းခိုင်းလိုက်တယ်လို့ နေပယ်လ်ကလာတဲ့ သတင်းတွေ ဖော်ပြ။

– မန်ချက်စတာစီးတီးအသင်းမှာ ကစားခဲ့စဉ်အတွင်း နည်းပြ ပက်ပ် ဂွါဒီယိုလာရဲ့ သင်ကြားပေးမှုတွေက သူ့အပေါ် ကစားသမားကောင်း တစ်ဦးဖြစ်လာအောင် ပြောင်းလဲပေးခဲ့ကြောင်းနဲ့ သူ့ရဲ့ဘဝမှာ ဒီကျေးဇူးတွေကို ပြန်ဆပ်ဖို့ အကြွေးတင်နေတယ်လို့ ဘိုင်ယန်မြူးနစ် တောင်ပံကစားသမားသစ် လီရွိုင်း ဆာနေးဆို။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.