Premier League

ေနာက္ဆုံးရ အာဆင္နယ္သတင္းမ်ား စုစည္းမွဳ – ၂၈.၈.၂၀၂၀

– လီဗာပူးလ္နဲ႔ ကစားမယ့္ပြဲမတုိင္ခင္ အာဆင္နယ္ဂိုးသမား အီမီလီယာႏို မာတီနက္ဇ္ကေတာ့ အသင္းရဲ႕ သီးသန္႔ခြဲျခားထားတဲ့ ကစားသမား ၄ ဦးစာရင္းထဲမွာ ပါဝင္ေနၿပီး အရန္ခုံကေန ပါဝင္လာဖို႔ေတာ့ ျဖစ္ႏုိင္မယ္လို႔ဆို။

– ဂ်ဴဗင္တပ္စ္နဲ႔ ပီအက္စ္ဂ်ီတုိ႔က စိတ္ဝင္စားေနတဲ့ ညာေနာက္ခံလူ ဟက္တာ ဘယ္လာရင္အတြက္ အာဆင္နယ္ဘက္က ခပ္မာမာပဲ တုံ႔ျပန္လုိက္ၿပီး ေပါင္သန္း ၅၀ ေလာက္အထိ ေဈးေပါက္ခဲ့ဖူးတဲ့ ၂၅ ႏွစ္သားကို ေပါင္ ၂၇ သန္းထက္ ေလွ်ာ့ၿပီး ေရာင္းခ်မွာ မဟုတ္ဘူးလို႔ ျပန္ၾကားထား။

– ဘာစီလိုနာနည္းျပသစ္ ေရာ္နယ္လ္ ကိုးမန္းရဲ႕ အစီအစဥ္ထဲမွာ ပါဝင္တယ္လို႔ ေျပာၾကားခံထားခဲ့ရေပမယ့္ ေကာ္တင္ညဳိကေတာ့ ႏူးကမ့္ကေန ထြက္ခြာလိုေနၿပီး အာဆင္နယ္ကို ေျပာင္းေရႊ႕ခ်င္တယ္လို႔ ေျပာၾကားထားၿပီး ပုဂၢဳိလ္ေရးသေဘာတူညီထားတယ္လို႔ သတင္းေတြ ေဖာ္ျပ။

– အသင္းရဲ႕ ကြင္းလယ္ဝင္႐ိုးကစားသမားတစ္ဦးကို မျဖစ္မေန ထပ္မံေခၚယူရဦးမယ့္ အာဆင္နယ္တို႔အတြက္ သီယာဂိုကို ေခၚယူႏုိင္ဖို႔ ေမွ်ာ္လင့္ခ်က္ ရွိလာခဲ့ၿပီး လီဗာပူးလ္နဲ႔ ဘုိင္ယန္ျမဴးနစ္ၾကား သေဘာတူညီမွဳ တစ္စုံတစ္ရာမရွိဘူးလို႔ အသင္းဥကၠဌ ကားလ္-ဟိုင့္ဇ္ ရမ္မာနစ္ဂါ ေျပာၾကား။

– ေသာမတ္စ္ ပါေတးကို အက္သလက္တီကိုရဲ႕ ေဈးကိုင္မွဳေၾကာင့္ ေခၚယူႏုိင္ေျခနည္းလာခ်ိန္မွာ နည္းျပ မီခယ္လ္ အာတီတာအေနနဲ႔ ႐ိုးမားရဲ႕ အာမာဒူ ဒီယာဝါရာကိုပဲ အီတလီေျမကို ျပန္ခ်င္ေနတဲ့ လူးကပ္စ္ ေတာ္ရဲရားနဲ႔ အလဲအထပ္ျပဳလုပ္ၿပီး ေခၚယူသြားဖြယ္ရွိေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– လီဗာပူးလ်နဲ့ ကစားမယ့်ပွဲမတိုင်ခင် အာဆင်နယ်ဂိုးသမား အီမီလီယာနို မာတီနက်ဇ်ကတော့ အသင်းရဲ့ သီးသန့်ခွဲခြားထားတဲ့ ကစားသမား ၄ ဦးစာရင်းထဲမှာ ပါဝင်နေပြီး အရန်ခုံကနေ ပါဝင်လာဖို့တော့ ဖြစ်နိုင်မယ်လို့ဆို။

– ဂျူဗင်တပ်စ်နဲ့ ပီအက်စ်ဂျီတို့က စိတ်ဝင်စားနေတဲ့ ညာနောက်ခံလူ ဟက်တာ ဘယ်လာရင်အတွက် အာဆင်နယ်ဘက်က ခပ်မာမာပဲ တုံ့ပြန်လိုက်ပြီး ပေါင်သန်း ၅၀ လောက်အထိ ဈေးပေါက်ခဲ့ဖူးတဲ့ ၂၅ နှစ်သားကို ပေါင် ၂၇ သန်းထက် လျှော့ပြီး ရောင်းချမှာ မဟုတ်ဘူးလို့ ပြန်ကြားထား။

– ဘာစီလိုနာနည်းပြသစ် ရော်နယ်လ် ကိုးမန်းရဲ့ အစီအစဉ်ထဲမှာ ပါဝင်တယ်လို့ ပြောကြားခံထားခဲ့ရပေမယ့် ကော်တင်ညိုကတော့ နူးကမ့်ကနေ ထွက်ခွာလိုနေပြီး အာဆင်နယ်ကို ပြောင်းရွှေ့ချင်တယ်လို့ ပြောကြားထားပြီး ပုဂ္ဂိုလ်ရေးသဘောတူညီထားတယ်လို့ သတင်းတွေ ဖော်ပြ။

– အသင်းရဲ့ ကွင်းလယ်ဝင်ရိုးကစားသမားတစ်ဦးကို မဖြစ်မနေ ထပ်မံခေါ်ယူရဦးမယ့် အာဆင်နယ်တို့အတွက် သီယာဂိုကို ခေါ်ယူနိုင်ဖို့ မျှော်လင့်ချက် ရှိလာခဲ့ပြီး လီဗာပူးလ်နဲ့ ဘိုင်ယန်မြူးနစ်ကြား သဘောတူညီမှု တစ်စုံတစ်ရာမရှိဘူးလို့ အသင်းဥက္ကဌ ကားလ်-ဟိုင့်ဇ် ရမ်မာနစ်ဂါ ပြောကြား။

– သောမတ်စ် ပါတေးကို အက်သလက်တီကိုရဲ့ ဈေးကိုင်မှုကြောင့် ခေါ်ယူနိုင်ခြေနည်းလာချိန်မှာ နည်းပြ မီခယ်လ် အာတီတာအနေနဲ့ ရိုးမားရဲ့ အာမာဒူ ဒီယာဝါရာကိုပဲ အီတလီမြေကို ပြန်ချင်နေတဲ့ လူးကပ်စ် တော်ရဲရားနဲ့ အလဲအထပ်ပြုလုပ်ပြီး ခေါ်ယူသွားဖွယ်ရှိနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.