– ဂ်က္ခ္ ဂရီးလစ္ရွ္ကို ထြက္ခြာခြင့္ေပးရေတာ့မယ္ဆုိတာကို သေဘာတူထားၿပီး သင့္ေတာ္တဲ့ ကမ္းလွမ္းမွဳရွိရင္ ေရာင္းခ်ေပးမယ္ဆုိတဲ့ အက္စတန္ဗီလာနည္းျပ ဒင္းန္ စမစ္အေနနဲ႔ ယူႏုိက္တက္ဘက္က ကမ္းလွမ္းတဲ့ ဆာဂ်ီယို ႐ိုမဲ႐ိုးအျပင္ လူငယ္ေနာက္ခံလူ ဒီယိုဂို ဒါေလာ့ကိုပါ အလိုရွိေန။
– ဆန္ခ်ဳိကို ေခၚယူဖုိ႔အတြက္ ေဒါ့မြန္ဘက္က ေတာင္းဆုိတဲ့ တန္ေၾကးနဲ႔ မန္ယူတုိ႔ ဘယ္တုန္းကမွ မနီးစပ္ခဲ့ဘူးလို႔ ထုတ္ေဖာ္ခံရမွဳအၿပီးမွာ ပရိသတ္ေတြကုိ ႏွစ္သိမ့္တဲ့အေနနဲ႔ ဘာစီလိုနာရဲ႕ ယူ႐ို ၅၆ သန္းတန္ အူစမာနီ ဒမ္ဘီလီကို ေခၚယူေပးႏုိင္တယ္လို႔ အေျပာင္းအေရႊ႕ ကၽြမ္းက်င္သူ ဒန္ကန္ ကတ္ဆယ္လ္ ခန္႔မွန္း။
– ပီယာလိုရဲ႕ ဆက္ခံသူလို႔ သတ္မွတ္ထားခဲ့ၿပီး အင္တာမီလန္နဲ႔ သေဘာတူညီထားတဲ့ ဘရက္စီယာကြင္းလယ္လူ ဆန္ဒ႐ို တုိနာလီကို ေခၚယူဖို႔ မန္ခ်က္စတာယူႏုိက္တက္တုိ႔ စုံစမ္းထားခဲ့ေပမယ့္ ကစားသမားရဲ႕ စီးရီးေအက မခြာခ်င္တဲ့ ဆႏၵေၾကာင့္ လက္ေလွ်ာ့ရဖို႔ရွိေန။
– ဘာစီလိုနာနဲ႔ ရီးရဲလ္မက္ဒရစ္အသင္းေတြရဲ႕ လူငယ္အသင္းေတြကေန အသီးသီး ေျပာင္းေရႊ႕လာခဲ့ၾကတဲ့ ညာေနာက္ခံလူ မာ့ခ္ ဟူရာဒိုနဲ႔ ဘယ္ေနာက္ခံလူ အယ္လ္ဗာ႐ို ဖာနန္ဒက္စ္တို႔ဟာ နံပါတ္ ၉၀ နဲ႔ ၈၈ အက်ႌေတြကို အသီးသီးေပးအပ္ခံခဲ့ရၿပီး ခါးသီးတဲ့ ၿပဳိင္ဘက္ေတြက လာေရာက္ခဲ့ၾကေပမယ့္ မန္ခ်က္စတာမွာ ခ်စ္ခ်စ္ခင္ခင္ျမင္ေတြ႕ရပုံကို အင္စတာဂရမ္မွာ တင္ထားခဲ့။
– ကိုဗစ္-၁၉ ဗုိင္းရပ္စ္ပုိး ေတြ႕ရွိခဲ့တဲ့ ယူႏုိက္တက္ကြင္းလယ္လူ ေပါ့ဘာအေနနဲ႔ ေနးရွင္းလိဂ္ၿပဳိင္ပြဲဝင္မယ့္ ျပင္သစ္လက္ေရြးစင္အသင္း ကေန ခ်န္လွပ္ခံခဲ့ရၿပီး နည္းျပ ေဒးရႊမ့္စ္က ရင္းေနးကြင္းလယ္လူ ကာမာဗင္ဂါကို အစားထိုးေရြးခ်ယ္ထား။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
UNICODE:
– ဂျက်ခ် ဂရီးလစ်ရှ်ကို ထွက်ခွာခွင့်ပေးရတော့မယ်ဆိုတာကို သဘောတူထားပြီး သင့်တော်တဲ့ ကမ်းလှမ်းမှုရှိရင် ရောင်းချပေးမယ်ဆိုတဲ့ အက်စတန်ဗီလာနည်းပြ ဒင်းန် စမစ်အနေနဲ့ ယူနိုက်တက်ဘက်က ကမ်းလှမ်းတဲ့ ဆာဂျီယို ရိုမဲရိုးအပြင် လူငယ်နောက်ခံလူ ဒီယိုဂို ဒါလော့ကိုပါ အလိုရှိနေ။
– ဆန်ချိုကို ခေါ်ယူဖို့အတွက် ဒေါ့မွန်ဘက်က တောင်းဆိုတဲ့ တန်ကြေးနဲ့ မန်ယူတို့ ဘယ်တုန်းကမှ မနီးစပ်ခဲ့ဘူးလို့ ထုတ်ဖော်ခံရမှုအပြီးမှာ ပရိသတ်တွေကို နှစ်သိမ့်တဲ့အနေနဲ့ ဘာစီလိုနာရဲ့ ယူရို ၅၆ သန်းတန် အူစမာနီ ဒမ်ဘီလီကို ခေါ်ယူပေးနိုင်တယ်လို့ အပြောင်းအရွှေ့ ကျွမ်းကျင်သူ ဒန်ကန် ကတ်ဆယ်လ် ခန့်မှန်း။
– ပီယာလိုရဲ့ ဆက်ခံသူလို့ သတ်မှတ်ထားခဲ့ပြီး အင်တာမီလန်နဲ့ သဘောတူညီထားတဲ့ ဘရက်စီယာကွင်းလယ်လူ ဆန်ဒရို တိုနာလီကို ခေါ်ယူဖို့ မန်ချက်စတာယူနိုက်တက်တို့ စုံစမ်းထားခဲ့ပေမယ့် ကစားသမားရဲ့ စီးရီးအေက မခွာချင်တဲ့ ဆန္ဒကြောင့် လက်လျှော့ရဖို့ရှိနေ။
– ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတွေရဲ့ လူငယ်အသင်းတွေကနေ အသီးသီး ပြောင်းရွှေ့လာခဲ့ကြတဲ့ ညာနောက်ခံလူ မာ့ခ် ဟူရာဒိုနဲ့ ဘယ်နောက်ခံလူ အယ်လ်ဗာရို ဖာနန်ဒက်စ်တို့ဟာ နံပါတ် ၉၀ နဲ့ ၈၈ အင်္ကျီတွေကို အသီးသီးပေးအပ်ခံခဲ့ရပြီး ခါးသီးတဲ့ ပြိုင်ဘက်တွေက လာရောက်ခဲ့ကြပေမယ့် မန်ချက်စတာမှာ ချစ်ချစ်ခင်ခင်မြင်တွေ့ရပုံကို အင်စတာဂရမ်မှာ တင်ထားခဲ့။
– ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့တဲ့ ယူနိုက်တက်ကွင်းလယ်လူ ပေါ့ဘာအနေနဲ့ နေးရှင်းလိဂ်ပြိုင်ပွဲဝင်မယ့် ပြင်သစ်လက်ရွေးစင်အသင်း ကနေ ချန်လှပ်ခံခဲ့ရပြီး နည်းပြ ဒေးရွှမ့်စ်က ရင်းနေးကွင်းလယ်လူ ကာမာဗင်ဂါကို အစားထိုးရွေးချယ်ထား။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.