Premier League Transfer News

ေနာက္ဆုံးရ ခ်ဲလ္ဆီးသတင္းမ်ား စုစည္းမွဳ – ၂၈.၈.၂၀၂၀

– မာလန္း ဆားရ္ကို အလြတ္ေျပာင္းေရႊ႕ေၾကး၊ ငါးႏွစ္စာခ်ဳပ္နဲ႔ ေခၚယူႏုိင္ခဲ့ၿပီလို႔ ခ်ဲလ္ဆီးအသင္းဝက္ဘ္ဆုိက္ ေၾကျငာသြားခဲ့ၿပီး သူ႕လို တုိးတက္မွဳ ျမင့္မားေနတဲ့ လူငယ္မ်ဳိးကို ေခၚယူႏုိင္ဖို႔ အခြင့္အေရးကို မိမိတုိ႔ဘက္က လက္လြတ္မခံခဲ့ဘူးလို႔ အေျပာင္းအေရႊ႕အႀကီးအကဲ မာရီနာ ဂရာေနာ့ဗ္စကားယာေျပာၾကား။

– ပီအက္စ္ဂ်ီကေန ထြက္ခြာလာခဲ့ၿပီး မီလန္ၿမဳိ႕မွာ ေဆးစစ္မွဳ ေအာင္ျမင္သြားခဲ့ၿပီျဖစ္တဲ့ သီယာဂို ေဆးလ္ဗားအေနနဲ႔ အဂၤလန္ႏုိင္ငံရဲ႕ ခ်မွတ္ထားတဲ့ ကိုဗစ္-၁၉ ဆုိင္ရာ လုပ္ထုံးလုပ္နည္းေတြကို ျဖတ္ေက်ာ္ဖို႔နဲ႔ ကြာရန္တင္းဝင္ဖို႔ လုပ္ေဆာင္ၿပီးခဲ့ရင္ ကစားသမားသစ္အျဖစ္ ခ်ဲလ္ဆီး တရားဝင္ေၾကျငာႏုိင္ဖြယ္ရွိေန။

– ခ်ဲလ္ဆီးအသင္းကို ေျပာင္းေရႊ႕ခဲ့ၿပီးမွာ ေပါင္သန္း ၅၀ တန္ ဘယ္ေနာက္ခံလူ ဘန္ ေခ်းလ္ဝဲလ္က သူ႕ရဲ႕ ဒဏ္ရာအေျခအေနက တကယ္ပဲ တုိးတက္ေကာင္းမြန္စျပဳေနၿပီျဖစ္ၿပီး တစ္ေန႔ထက္တစ္ေန႔ ပိုမိုႀကံ့ခိုင္လာတယ္လုိ႔ ခံစားရေၾကာင္း ေျပာၾကား။

– စီးရီးေအအင္အားႀကီးကလပ္ အင္တာမီလန္က အလိုရွိေနခဲ့တဲ့ ကြင္းလယ္လူ အန္ဂိုလို ကြန္ေတကို ယူ႐ိုသန္း ၆၀ ေဈးႏွဳန္းသတ္မွတ္ ထားခဲ့ၿပီး ေရာင္းခ်ႏုိင္ခဲ့ရင္ေတာ့ ရရွိတဲ့ ေငြေၾကးနဲ႔ ဂိုးသမားေကာင္းတစ္ေယာက္ကို ခ်ဲလ္ဆီးတုိ႔ ေခၚယူဖြယ္ရွိေန။

– လက္ရွိရက္သတၱပတ္ ကုန္ဆုံးၿပီး ေနာင္လာမယ့္ ရက္ပုိင္းအတြင္းမွာ ခ်ဲလ္ဆီးတုိ႔အေနနဲ႔ ကြင္းလယ္တုိက္စစ္သမား ခိုင္ ဟာဗတ္ဇ္ကို ေလဗာကူဆင္ကေန ေခၚယူၿပီလို႔ ေၾကျငာႏုိင္ဖြယ္ရွိတယ္လို႔ ဘြန္ဒက္စ္လီဂါအေျပာင္းအေရႊ႕ကၽြမ္းက်င္သူ ယန္အာ့ဂ်္ ဖ်ဳးေတာ့ဖ္ ခန္႔မွန္းထား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– မာလန်း ဆားရ်ကို အလွတ်ပြောင်းရွှေ့ကြေး၊ ငါးနှစ်စာချုပ်နဲ့ ခေါ်ယူနိုင်ခဲ့ပြီလို့ ချဲလ်ဆီးအသင်းဝက်ဘ်ဆိုက် ကြေငြာသွားခဲ့ပြီး သူ့လို တိုးတက်မှု မြင့်မားနေတဲ့ လူငယ်မျိုးကို ခေါ်ယူနိုင်ဖို့ အခွင့်အရေးကို မိမိတို့ဘက်က လက်လွတ်မခံခဲ့ဘူးလို့ အပြောင်းအရွှေ့အကြီးအကဲ မာရီနာ ဂရာနော့ဗ်စကားယာပြောကြား။

– ပီအက်စ်ဂျီကနေ ထွက်ခွာလာခဲ့ပြီး မီလန်မြို့မှာ ဆေးစစ်မှု အောင်မြင်သွားခဲ့ပြီဖြစ်တဲ့ သီယာဂို ဆေးလ်ဗားအနေနဲ့ အင်္ဂလန်နိုင်ငံရဲ့ ချမှတ်ထားတဲ့ ကိုဗစ်-၁၉ ဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေကို ဖြတ်ကျော်ဖို့နဲ့ ကွာရန်တင်းဝင်ဖို့ လုပ်ဆောင်ပြီးခဲ့ရင် ကစားသမားသစ်အဖြစ် ချဲလ်ဆီး တရားဝင်ကြေငြာနိုင်ဖွယ်ရှိနေ။

– ချဲလ်ဆီးအသင်းကို ပြောင်းရွှေ့ခဲ့ပြီးမှာ ပေါင်သန်း ၅၀ တန် ဘယ်နောက်ခံလူ ဘန် ချေးလ်ဝဲလ်က သူ့ရဲ့ ဒဏ်ရာအခြေအနေက တကယ်ပဲ တိုးတက်ကောင်းမွန်စပြုနေပြီဖြစ်ပြီး တစ်နေ့ထက်တစ်နေ့ ပိုမိုကြံ့ခိုင်လာတယ်လို့ ခံစားရကြောင်း ပြောကြား။

– စီးရီးအေအင်အားကြီးကလပ် အင်တာမီလန်က အလိုရှိနေခဲ့တဲ့ ကွင်းလယ်လူ အန်ဂိုလို ကွန်တေကို ယူရိုသန်း ၆၀ ဈေးနှုန်းသတ်မှတ် ထားခဲ့ပြီး ရောင်းချနိုင်ခဲ့ရင်တော့ ရရှိတဲ့ ငွေကြေးနဲ့ ဂိုးသမားကောင်းတစ်ယောက်ကို ချဲလ်ဆီးတို့ ခေါ်ယူဖွယ်ရှိနေ။

– လက်ရှိရက်သတ္တပတ် ကုန်ဆုံးပြီး နောင်လာမယ့် ရက်ပိုင်းအတွင်းမှာ ချဲလ်ဆီးတို့အနေနဲ့ ကွင်းလယ်တိုက်စစ်သမား ခိုင် ဟာဗတ်ဇ်ကို လေဗာကူဆင်ကနေ ခေါ်ယူပြီလို့ ကြေငြာနိုင်ဖွယ်ရှိတယ်လို့ ဘွန်ဒက်စ်လီဂါအပြောင်းအရွှေ့ကျွမ်းကျင်သူ ယန်အာ့ဂျ် ဖျုးတော့ဖ် ခန့်မှန်းထား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.