Premier League Transfer News

ေနာက္ဆုံးရ လီဗာပူးလ္သတင္းမ်ား စုစည္းမွဳ – ၂၇.၈.၂၀၂၀

– မန္ခ်က္စတာစီးတီးအသင္းကို ေရာက္ဖို႔ ေတာ္ေတာ္ေလး နီးစပ္ေနတဲ့ အာဂ်င္တီးနားတုိက္စစ္မွဴး လီယြန္နယ္ မက္ဆီရဲ႕ ေနရာမွာ အစားထိုးဖို႔အတြက္ ဆာဒီယို မာေနးကို ဘာစီလိုနာကို ေခၚယူမလားဆုိၿပီး လီဗာပူးလ္ဘက္က စတင္ကမ္းလွမ္းခဲ့။

– ဟာသာဘာလင္အသင္းကို အငွားသြားေရာက္ကစားခဲ့ၿပီး ေျခစြမ္းျပခဲ့တဲ့ ဆားဘီးယားကြင္းလယ္လူ မာကို ဂ႐ူယစ္ခ်္ကို ေခၚယူဖို႔ စီးရီးေအကလပ္ ေအစီမီလန္အသင္းက စိတ္ဝင္စားေနၿပီး အၿပီးသတ္ေခၚယူခြင့္ ထည့္သြင္းထားတဲ့ အငွားစာခ်ဳပ္နဲ႔ ကမ္းလွမ္းသြားဖြယ္ရွိေန။

– ကြန္ျမဴနတီဒိုင္းၿပဳိင္ပြဲမွာ ေတြ႕ဆုံရမယ့္ လီဗာပူးလ္အသင္းကို ရင္ဆုိင္ဖို႔ အသင္းကို ေလ့က်င့္ခန္းအစီအစဥ္ ႏွစ္ခ်ိန္တိတိ ျပင္းျပင္းထန္ထန္ ေလ့က်င့္မွဳေတြ ျပဳလုပ္ထားတယ္လုိ႔ အာဆင္နယ္နည္းျပ မီခယ္လ္ အာတီတာ ေျပာၾကား။

– လီဗာပူးလ္အသင္းက စိတ္ဝင္စားေနတဲ့ ေတာင္ပံကစားသမား အဒါမာ ထရာအိုေရးကို ဝုလ္ဗ္စ္ဘက္က ေရာင္းခ်သြားဖုိ႔ စီစဥ္ေနၿပီး အာဆင္နယ္ကြင္းလယ္လူ အိန္းစလီ မိတ္လန္းႏုိင္းလ္စ္နဲ႔ ျပန္လည္အစားထိုးသြားဖို႔ နည္းျပ ႏူႏိုဆန္တုိ ပစ္မွတ္ထားေန။

– ဒီႏွစ္အတြက္ အေျပာင္းအေရႊ႕ေဈးကြက္မွာ အသင္းအတြက္ ဘယ္ေနာက္ခံလူသစ္ ေကာ့စ္တတ္ ဆီမီကတ္စ္ကိုသာ ေခၚယူရေသးတဲ့ လီဗာပူးလ္အသင္းအေနနဲ႔ တုိက္စစ္ပုိင္း အားျဖည့္မွဳအျဖစ္ ဝါဒါဘရီမင္ရဲ႕ ကိုဆိုဗိုေတာင္ပံကစားသမား ရာရွီကာကို RB လုိက္ပ္ဇစ္နဲ႔ အၿပဳိင္ေစာင့္ၾကည့္ေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– မန်ချက်စတာစီးတီးအသင်းကို ရောက်ဖို့ တော်တော်လေး နီးစပ်နေတဲ့ အာဂျင်တီးနားတိုက်စစ်မှူး လီယွန်နယ် မက်ဆီရဲ့ နေရာမှာ အစားထိုးဖို့အတွက် ဆာဒီယို မာနေးကို ဘာစီလိုနာကို ခေါ်ယူမလားဆိုပြီး လီဗာပူးလ်ဘက်က စတင်ကမ်းလှမ်းခဲ့။

– ဟာသာဘာလင်အသင်းကို အငှားသွားရောက်ကစားခဲ့ပြီး ခြေစွမ်းပြခဲ့တဲ့ ဆားဘီးယားကွင်းလယ်လူ မာကို ဂရူယစ်ချ်ကို ခေါ်ယူဖို့ စီးရီးအေကလပ် အေစီမီလန်အသင်းက စိတ်ဝင်စားနေပြီး အပြီးသတ်ခေါ်ယူခွင့် ထည့်သွင်းထားတဲ့ အငှားစာချုပ်နဲ့ ကမ်းလှမ်းသွားဖွယ်ရှိနေ။

– ကွန်မြူနတီဒိုင်းပြိုင်ပွဲမှာ တွေ့ဆုံရမယ့် လီဗာပူးလ်အသင်းကို ရင်ဆိုင်ဖို့ အသင်းကို လေ့ကျင့်ခန်းအစီအစဉ် နှစ်ချိန်တိတိ ပြင်းပြင်းထန်ထန် လေ့ကျင့်မှုတွေ ပြုလုပ်ထားတယ်လို့ အာဆင်နယ်နည်းပြ မီခယ်လ် အာတီတာ ပြောကြား။

– လီဗာပူးလ်အသင်းက စိတ်ဝင်စားနေတဲ့ တောင်ပံကစားသမား အဒါမာ ထရာအိုရေးကို ဝုလ်ဗ်စ်ဘက်က ရောင်းချသွားဖို့ စီစဉ်နေပြီး အာဆင်နယ်ကွင်းလယ်လူ အိန်းစလီ မိတ်လန်းနိုင်းလ်စ်နဲ့ ပြန်လည်အစားထိုးသွားဖို့ နည်းပြ နူနိုဆန်တို ပစ်မှတ်ထားနေ။

– ဒီနှစ်အတွက် အပြောင်းအရွှေ့ဈေးကွက်မှာ အသင်းအတွက် ဘယ်နောက်ခံလူသစ် ကော့စ်တတ် ဆီမီကတ်စ်ကိုသာ ခေါ်ယူရသေးတဲ့ လီဗာပူးလ်အသင်းအနေနဲ့ တိုက်စစ်ပိုင်း အားဖြည့်မှုအဖြစ် ဝါဒါဘရီမင်ရဲ့ ကိုဆိုဗိုတောင်ပံကစားသမား ရာရှီကာကို RB လိုက်ပ်ဇစ်နဲ့ အပြိုင်စောင့်ကြည့်နေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.