Premier League Transfer News

နောက်ဆုံးရ ပရီးမီးယားလိဂ် အပြောင်းအရွှေ့သတင်းများ စုစည်းမှု – ၂၇.၈.၂၀၂၀






REF: INTERNET SOURCES
SPORTS A2Z.

UNICODE:

– မာလန်း ဆားရ်ကို အလွတ်ပြောင်းရွှေ့ကြေး၊ ငါးနှစ်စာချုပ်နဲ့ ခေါ်ယူနိုင်ခဲ့ပြီလို့ ချဲလ်ဆီးအသင်းဝက်ဘ်ဆိုက် ကြေငြာသွားခဲ့ပြီး သူ့လို တိုးတက်မှု မြင့်မားနေတဲ့ လူငယ်မျိုးကို ခေါ်ယူနိုင်ဖို့ အခွင့်အရေးကို မိမိတို့ဘက်က လက်လွတ်မခံခဲ့ဘူးလို့ အပြောင်းအရွှေ့အကြီးအကဲ မာရီနာ ဂရာနော့ဗ်စကားယာပြောကြား။

– ဝုလ်ဗာဟမ့်ပ်တန် ဝမ်းဒါးရားစ်အသင်းမှာ ခြေစွမ်းပြနေခဲ့ပြီး ပြီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ်မှာ ၄ ဂိုးသွင်း၊ ၈ ဂိုးဖန်တီးနိုင်ခဲ့တဲ့ ညာနောက်ခံလူ မတ် ဒိုဟာတီကို ခေါ်ယူဖို့ တော့တင်ဟမ် ဟော့စပါးစ်အသင်း သဘောတူညီနိုင်ခဲ့။

– အသင်းကနေ ထွက်ခွာတော့မယ့် တိုက်စစ်မှူး လီယွန်နယ် မက်ဆီရဲ့ နေရာမှာ အစားထိုးနိုင်ဖို့ သူတို့ရဲ့ တောင်ပံကစားသမား ဆာဒီယို မာနေးကို ဘာစီလိုနာဆီ လီဗာပူးလ် ကမ်းလှမ်း။

– အင်္ဂလန်တောင်ပံကစားသမား ဂျက်ခ် ဂရီးလစ်ရှ်ကို ခေါ်ယူဖို့အတွက် ဂိုးသမားကောင်းမရှိတဲ့ အက်စတန်ဗီလာဆီ အရန်ဂိုးသမား ဆာဂျီယို ရိုမဲရိုးကို အလိုက်ပေးပြီး ငွေသားထပ်ဆောင်း ကမ်းလှမ်းသွားဖို့ မန်ချက်စတာယူနိုက်တက်အသင်း စီစဉ်နေ။

– ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးနဲ့ အသန်မာဆုံး ကွင်းလယ်လူတွေထဲက တစ်ဦးဖြစ်တဲ့ အက်ဗ်ဒူလာယေး ဒူကူယေးဟာ တန်းဆင်းခဲ့တဲ့ ဝတ်ဖို့ဒ်အသင်းက ထွက်ခွာဖို့ စီစဉ်နေပြီး ဝုလ်ဗ်နဲ့ အဲဗာတန်တို့အပြင် ဘွန်ဒက်စ်လီဂါကလပ် ဟာသာဘာလင် စိတ်ဝင်စားနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.