Premier League Transfer News

OFFICIAL: မာလန္း ဆားရ္ကို ေခၚယူႏုိင္ခဲ့ၿပီလို႔ ခ်ဲလ္ဆီးအသင္း တရားဝင္ေၾကျငာ

ခ်ဲလ္ဆီးအသင္းအေနနဲ႔ နိစ္အသင္းကေန စာခ်ဳပ္ကုန္ဆုံးၿပီး အသင္းလက္မဲ့ျဖစ္ေနခဲ့တဲ့ လူငယ္ေနာက္ခံလူ မာလန္း ဆားရ္ကို အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ေခၚယူႏုိင္ခဲ့ၿပီး ငါးႏွစ္စာခ်ဳပ္ ခ်ဳပ္ဆိုဖို႔ သေဘာတူညီခဲ့သလို ကိုဗစ္-၁၉ ေၾကာင့္ လုိက္နာရမယ့္ စည္းမ်ဥ္းစည္းကမ္းေတြအရ အၿပီးသတ္ႏုိင္ဖို႔ လုပ္ေဆာင္သြားမယ္လုိ႔ သိရပါတယ္။

ဒီသတင္းကို ခ်ဲလ္ဆီးအသင္းရဲ႕ တရားဝင္ဝက္ဘ္ဆုိက္ကေန ေၾကျငာသြားခဲ့ၿပီး အသက္ ၂၁ ႏွစ္အရြယ္ ေနာက္ခံလူဟာ လာမယ့္ ၂၀၂၀-၂၁ ေဘာလုံးရာသီကိုေတာ့ အငွားကစားသမားအျဖစ္ အေတြ႕အႀကဳံရွာေဖြရမယ္လို႔ ဆုိခဲ့သလို အျမန္ဆုံးအသင္းႀကီးမွာ အခြင့္အေရး ေပးႏုိင္ဖို႔ ေမွ်ာ္လင့္တယ္လို႔လည္း ဆုိခဲ့ပါတယ္။

အသက္ ၅ ႏွစ္အရြယ္ကတည္းက နိစ္အသင္းကို ေရာက္ရွိလာခဲ့တဲ့ ဆားရ္ဟာ ျပင္သစ္ယူ-၂၁ လက္ေရြးစင္တစ္ဦးလည္းျဖစ္ၿပီး အသင္းအတြက္ အသက္ ၁၇ ႏွစ္ အရြယ္မွာ ပြဲထြက္ကစားခဲ့သလို ၿပီးခဲ့တဲ့ ႏွစ္ရာသီဆက္တုိက္ အဓိက ေနာက္ခံလူအျဖစ္ ဗဟိုခံစစ္နဲ႔ ဘယ္ျခမ္းခံစစ္ေတြမွာ အသုံးေတာ္ခံခဲ့တာလည္းျဖစ္ပါတယ္။

ခ်ဲလ္ဆီးအသင္းရဲ႕ အေျပာင္းအေရႊ႕အႀကီးအကဲ မာရီနာ ဂရာေနာ့ဗ္စကားယာကေတာ့ သူတုိ႔အေနနဲ႔ ဒီလိုမ်ဳိး အမ်ားႀကီး တုိးတက္လာဖို႔ ရွိေသးတဲ့ မာလန္း ဆားရ္လို လူငယ္တစ္ဦးကို ေခၚယူဖို႔ အခြင့္အေရးကို လက္လႊတ္မခံႏုိင္ခဲ့ေၾကာင္းနဲ႔ အငွားထြက္ကစားၿပီးရင္ အသင္းနဲ႔ အျမန္ဆုံးပါဝင္လာဖို႔ ေမွ်ာ္လင့္သလို ဒီေန႔မွာ အသင္းအေနနဲ႔ ႀကဳိဆုိႏုိင္ခဲ့လို႔ ဝမ္းသာေၾကာင္းလည္း ေျပာၾကားသြားခဲ့ပါတယ္။

မိဘေတြရဲ႕ ႏုိင္ငံျဖစ္တဲ့ ဆီနီေဂါကို ကိုယ္စားျပဳခြင့္ရွိေနတဲ့ ဆားရ္ဟာ လူငယ္အဆင့္မွာေတာ့ ယူ-၁၆ ကေန ယူ-၂၁ အထိ ျပင္သစ္ႏုိင္ငံကိုပဲ ေရြးခ်ယ္ခဲ့ၿပီး နိစ္နဲ႔အတူ ၁၁၉ ပြဲ ကစားခဲ့အၿပီးမွာ သူ႕ရဲ႕ လာမယ့္ပြဲထြက္ခြင့္ရမယ့္အသင္းကေတာ့ ဘယ္အသင္းျဖစ္မလဲဆုိတာ အငွားခ်မွဳအေပၚ ေစာင့္ၾကည့္ရမွာျဖစ္ေၾကာင္းလည္း သိရွိရပါတယ္။

REF: CHELSEA FC
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ချဲလ်ဆီးအသင်းအနေနဲ့ နိစ်အသင်းကနေ စာချုပ်ကုန်ဆုံးပြီး အသင်းလက်မဲ့ဖြစ်နေခဲ့တဲ့ လူငယ်နောက်ခံလူ မာလန်း ဆားရ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ခဲ့ပြီး ငါးနှစ်စာချုပ် ချုပ်ဆိုဖို့ သဘောတူညီခဲ့သလို ကိုဗစ်-၁၉ ကြောင့် လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေအရ အပြီးသတ်နိုင်ဖို့ လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

ဒီသတင်းကို ချဲလ်ဆီးအသင်းရဲ့ တရားဝင်ဝက်ဘ်ဆိုက်ကနေ ကြေငြာသွားခဲ့ပြီး အသက် ၂၁ နှစ်အရွယ် နောက်ခံလူဟာ လာမယ့် ၂၀၂၀-၂၁ ဘောလုံးရာသီကိုတော့ အငှားကစားသမားအဖြစ် အတွေ့အကြုံရှာဖွေရမယ်လို့ ဆိုခဲ့သလို အမြန်ဆုံးအသင်းကြီးမှာ အခွင့်အရေး ပေးနိုင်ဖို့ မျှော်လင့်တယ်လို့လည်း ဆိုခဲ့ပါတယ်။

အသက် ၅ နှစ်အရွယ်ကတည်းက နိစ်အသင်းကို ရောက်ရှိလာခဲ့တဲ့ ဆားရ်ဟာ ပြင်သစ်ယူ-၂၁ လက်ရွေးစင်တစ်ဦးလည်းဖြစ်ပြီး အသင်းအတွက် အသက် ၁၇ နှစ် အရွယ်မှာ ပွဲထွက်ကစားခဲ့သလို ပြီးခဲ့တဲ့ နှစ်ရာသီဆက်တိုက် အဓိက နောက်ခံလူအဖြစ် ဗဟိုခံစစ်နဲ့ ဘယ်ခြမ်းခံစစ်တွေမှာ အသုံးတော်ခံခဲ့တာလည်းဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းရဲ့ အပြောင်းအရွှေ့အကြီးအကဲ မာရီနာ ဂရာနော့ဗ်စကားယာကတော့ သူတို့အနေနဲ့ ဒီလိုမျိုး အများကြီး တိုးတက်လာဖို့ ရှိသေးတဲ့ မာလန်း ဆားရ်လို လူငယ်တစ်ဦးကို ခေါ်ယူဖို့ အခွင့်အရေးကို လက်လွှတ်မခံနိုင်ခဲ့ကြောင်းနဲ့ အငှားထွက်ကစားပြီးရင် အသင်းနဲ့ အမြန်ဆုံးပါဝင်လာဖို့ မျှော်လင့်သလို ဒီနေ့မှာ အသင်းအနေနဲ့ ကြိုဆိုနိုင်ခဲ့လို့ ဝမ်းသာကြောင်းလည်း ပြောကြားသွားခဲ့ပါတယ်။

မိဘတွေရဲ့ နိုင်ငံဖြစ်တဲ့ ဆီနီဂေါကို ကိုယ်စားပြုခွင့်ရှိနေတဲ့ ဆားရ်ဟာ လူငယ်အဆင့်မှာတော့ ယူ-၁၆ ကနေ ယူ-၂၁ အထိ ပြင်သစ်နိုင်ငံကိုပဲ ရွေးချယ်ခဲ့ပြီး နိစ်နဲ့အတူ ၁၁၉ ပွဲ ကစားခဲ့အပြီးမှာ သူ့ရဲ့ လာမယ့်ပွဲထွက်ခွင့်ရမယ့်အသင်းကတော့ ဘယ်အသင်းဖြစ်မလဲဆိုတာ အငှားချမှုအပေါ် စောင့်ကြည့်ရမှာဖြစ်ကြောင်းလည်း သိရှိရပါတယ်။

REF: CHELSEA FC
PHOTOS CREDIT TO OWNERS
SPORTS A2Z.