Premier League Transfer News

ေနာက္ဆုံးရ မန္ခ်က္စတာစီးတီးသတင္းမ်ား စုစည္းမွဳ – ၂၇.၈.၂၀၂၀

– လူငယ္ဘဝကတည္းက ရင္းႏွီးခဲ့တဲ့ အေဂြ႐ိုေၾကာင့္ မန္ခ်က္စတာစီးတီးအသင္းကို မက္ဆီေရာက္ေတာ့မယ္လို႔ ခန္႔မွန္းမွဳေတြကို ပိုမိုသိပ္သည္းလာေစၿပီး သူ႕ရဲ႕ ခင္ပြန္းဟာ အစ္တီဟတ္ကို ေျပာင္းေရႊ႕ႏုိင္တယ္လုိ႔ ကမာၻ႕အေကာင္းဆုံးဆုရွင္ရဲ႕ ဇနီးျဖစ္သူက ခန္႔မွန္းခဲ့သလို အေဂြ႐ိုရဲ႕ ခ်စ္သူကပါ မက္ဆီကို အင္စတာဂရမ္မွာ Follow လုပ္သြားခဲ့။

– ဘာစီလိုနာနဲ႔ အလြတ္ေျပာင္းေရႊ႕ႏုိင္ဖို႔ ကိစၥကို ေသေသခ်ာခ်ာ ရွင္းလင္းရျခင္း မျပဳရေသးေပမယ့္ ဂြါဒီယိုလာက ေခၚယူဖို႔ အလိုရွိေနတဲ့ မက္ဆီအတြက္ မန္စီးတီးအသင္းဘက္က ႏွစ္ႏွစ္စာခ်ဳပ္ကို ပဏာမ ကမ္းလွမ္းထားတယ္လို႔ သတင္းထြက္လာ။

– မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ကစားသမားသစ္ႏွစ္ဦး ေခၚယူသြားဦးမယ္လို႔ ေအးဂ်င့္ေတြက ထုတ္ေဖာ္ခဲ့ၿပီး ခါလီဒူး ကူလီေဘလီအတြက္ နာပုိလီက ေတာင္းဆုိတဲ့ ေဈးကိုေတာ့ ေပးေခ်လိုျခင္းမရွိလို႔ ၿပဳိင္ဘက္ ယူႏုိက္တက္နဲ႔ ပီအက္စ္ဂ်ီတုိ႔ကို ေရာက္ႏုိင္တယ္လုိ႔ဆို။

– မက္ဆီနဲ႔ ဇာတ္လမ္း မျပတ္ေသးဘဲ ေဆြးေႏြေနခ်ိန္မွာ ဘာစီလိုနာအသင္းနဲ႔ တျခားအေျပာင္းအေရႊ႕ေဆာင္ရြက္မွဳတစ္ခုအျဖစ္ လူးဝစ္ ဆြာရက္ဇ္ရဲ႕ ေနရာမွာ အစားထိုးဖို႔ ဂါဘရီယယ္လ္ ေဂ်ဆူးစ္ကို အလိုရွိေနၿပီး ႏူးကမ့္ဘက္ ကမ္းလွမ္းထား။

– အာဂ်င္တီးနားတုိက္စစ္မွဴး မက္ဆီကို ေခၚယူမယ့္ကိစၥဟာ အသင္းသားေတြကို စိတ္ဓာတ္တက္ၾကြေအာင္နဲ႔ ပုိမုိႀကဳိးစားခ်င္စိတ္ရွိေအာင္ ကမာၻ႕အဆင့္ကစားသမားတစ္ဦးကို အားျဖည့္လိုက္တဲ့ လွဳပ္ႏွဳိးမွဳျဖစ္ၿပီး ေရာ္ဘင္ညဳိကို ေခၚယူတုန္းကလည္း ဒီလိုပဲျဖစ္ခဲ့တယ္လို႔ အသင္းေခါင္းေဆာင္ေဟာင္း ရစ္ခ်တ္ဒန္း ႏွဳိင္းယွဥ္သြားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– လူငယ်ဘဝကတည်းက ရင်းနှီးခဲ့တဲ့ အဂွေရိုကြောင့် မန်ချက်စတာစီးတီးအသင်းကို မက်ဆီရောက်တော့မယ်လို့ ခန့်မှန်းမှုတွေကို ပိုမိုသိပ်သည်းလာစေပြီး သူ့ရဲ့ ခင်ပွန်းဟာ အစ်တီဟတ်ကို ပြောင်းရွှေ့နိုင်တယ်လို့ ကမ္ဘာ့အကောင်းဆုံးဆုရှင်ရဲ့ ဇနီးဖြစ်သူက ခန့်မှန်းခဲ့သလို အဂွေရိုရဲ့ ချစ်သူကပါ မက်ဆီကို အင်စတာဂရမ်မှာ Follow လုပ်သွားခဲ့။

– ဘာစီလိုနာနဲ့ အလွတ်ပြောင်းရွှေ့နိုင်ဖို့ ကိစ္စကို သေသေချာချာ ရှင်းလင်းရခြင်း မပြုရသေးပေမယ့် ဂွါဒီယိုလာက ခေါ်ယူဖို့ အလိုရှိနေတဲ့ မက်ဆီအတွက် မန်စီးတီးအသင်းဘက်က နှစ်နှစ်စာချုပ်ကို ပဏာမ ကမ်းလှမ်းထားတယ်လို့ သတင်းထွက်လာ။

– မန်ချက်စတာစီးတီးအသင်းအနေနဲ့ ကစားသမားသစ်နှစ်ဦး ခေါ်ယူသွားဦးမယ်လို့ အေးဂျင့်တွေက ထုတ်ဖော်ခဲ့ပြီး ခါလီဒူး ကူလီဘေလီအတွက် နာပိုလီက တောင်းဆိုတဲ့ ဈေးကိုတော့ ပေးချေလိုခြင်းမရှိလို့ ပြိုင်ဘက် ယူနိုက်တက်နဲ့ ပီအက်စ်ဂျီတို့ကို ရောက်နိုင်တယ်လို့ဆို။

– မက်ဆီနဲ့ ဇာတ်လမ်း မပြတ်သေးဘဲ ဆွေးနွေနေချိန်မှာ ဘာစီလိုနာအသင်းနဲ့ တခြားအပြောင်းအရွှေ့ဆောင်ရွက်မှုတစ်ခုအဖြစ် လူးဝစ် ဆွာရက်ဇ်ရဲ့ နေရာမှာ အစားထိုးဖို့ ဂါဘရီယယ်လ် ဂျေဆူးစ်ကို အလိုရှိနေပြီး နူးကမ့်ဘက် ကမ်းလှမ်းထား။

– အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီကို ခေါ်ယူမယ့်ကိစ္စဟာ အသင်းသားတွေကို စိတ်ဓာတ်တက်ကြွအောင်နဲ့ ပိုမိုကြိုးစားချင်စိတ်ရှိအောင် ကမ္ဘာ့အဆင့်ကစားသမားတစ်ဦးကို အားဖြည့်လိုက်တဲ့ လှုပ်နှိုးမှုဖြစ်ပြီး ရော်ဘင်ညိုကို ခေါ်ယူတုန်းကလည်း ဒီလိုပဲဖြစ်ခဲ့တယ်လို့ အသင်းခေါင်းဆောင်ဟောင်း ရစ်ချတ်ဒန်း နှိုင်းယှဉ်သွားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.