Premier League

ပရီးမီးယားလိဂ္ပြဲအမ်ားဆုံး ကစားသမား ဘယ္ရီ အနားယူခဲ့ၿပီး အသင္းေဟာင္းမ်ား ခ်ီးက်ဴး

ပရီးမီးယားလိဂ္မွာ စံခ်ိန္တင္ပြဲအေရအတြက္အျဖစ္ ပြဲေပါင္း ၆၅၃ ပြဲအထိ ကစားထားခဲ့တဲ့ ကြင္းလယ္လူ ဂါရက္သ္ ဘယ္ရီဟာ ကစားသမားဘဝကေန အနားယူၿပီျဖစ္ေၾကာင္း သူ႕ရဲ႕ေနာက္ဆုံးကလပ္အသင္း ဝက္စ္ဘရြန္းရဲ႕ တန္းတက္ကစားႏုိင္ခဲ့တဲ့ ရာသီအစမွာ ေၾကျငာခဲ့ပါတယ္။

ဘယ္ရီဟာ အက္စတန္ဗီလာ၊ မန္ခ်က္စတာစီးတီး၊ အဲဗာတန္၊ ဝက္စ္ဘရြန္းအသင္းေတြမွာ ပေရာ္ဖက္ရွင္နယ္ကစားသမားဘဝကို ၂၂ ႏွစ္တာ ျဖတ္သန္းခဲ့သူျဖစ္ၿပီး မန္စီးတီးအသင္းနဲ႔အတူ ေအာင္ျမင္မွဳေတြ ရယူႏုိင္ခဲ့သလို ကစားသမားဘဝမွာေတာ့ တရားဝင္ပြဲေပါင္း ၈၃၂ ပြဲအထိ ကစားႏုိင္ခဲ့သူလည္းျဖစ္ပါတယ္။

အသက္ ၁၇ ႏွစ္အရြယ္မွာ အက္စ္တန္ဗီလာအသင္းရဲ႕ ဘယ္ေနာက္ခံလူတစ္ေယာက္အျဖစ္ ကစားသမားဘဝကို စတင္ခဲ့တဲ့ ဘယ္ရီဟာ ေနာက္ပုိင္းမွာေတာ့ ဗဟိုေနာက္ခံလူ၊ ဘယ္ေတာင္ပံကစားသမားေနရာေတြမွာ ကစားခဲ့ၿပီး ေနာက္ဆုံးမွာေတာ့ လက္ရွိေနရာျဖစ္တဲ့ ကြင္းလယ္အဖ်က္ကစားသမားအျဖစ္ ေျပာင္းလဲကစားၿပီး ေအာင္ျမင္ႏုိင္ခဲ့သလို အဂၤလန္လက္ေရြးစင္အသင္းမွာေတာ့ ၅၃ ပြဲ ကစားခြင့္ရရွိခဲ့ပါတယ္။

ပရီးမီးယားလိဂ္မွာ တကယ့္နာမည္ႀကီးနဲ႔ အသင္းႀကီးကစားသမားေတြျဖစ္ၾကတဲ့ ႐ိုင္ယန္ဂစ္၊ ဖရန္႔ လမ္းပတ္၊ ေဂ်မီ ကာေရဂါ၊ ဖီးလ္ နဗီးလ္တုိ႔ထက္ ပြဲပုိမိုကစားထားခဲ့တဲ့ အသက္ ၃၉ ႏွစ္အရြယ္ ကြင္းလယ္ကစားသမားဟာ အဂၤလန္ရဲ႕ ထိပ္တန္းလိဂ္မွာေတာ့ ၁၉၉၇-၉၈ ရာသီမွာ စတင္ကစားခဲ့သလို ၂၀၁၇-၁၈ ရာသီက ေနာက္ဆုံး ကစားခဲ့သူလည္းျဖစ္ပါတယ္။

ဘယ္ရီရဲ႕ ကစားသမားဘဝကေန အနားယူမွဳအတြက္ သူ႕ရဲ႕ အသင္းေဟာင္း ၄ သင္းျဖစ္ၾကတဲ့ အက္စ္တန္ဗီလာ၊ မန္စီးတီး၊ အဲဗာတန္နဲ႔ ဝက္စ္ဘရြန္းတုိ႔က ခ်ီးက်ဴးဂုဏ္ျပဳစကားနဲ႔ ဆုေတာင္းစကားေတြကို အသင္းရဲ႕ တြစ္တာစာမ်က္ႏွာေတြမွာ တရားဝင္ထုတ္ျပန္ခဲ့ၾကၿပီး သူ႕အေနနဲ႔ လာမယ့္ဘဝလမ္းကို ေဘာလုံးေလာကမွာ နည္းျပတစ္ဦးအျဖစ္ ေတြ႕ျမင္ရမွာလားဆုိတာကေတာ့ ေစာင့္ၾကည့္ရဦးမွာျဖစ္ေၾကာင္း ေဖာ္ျပလုိက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ပရီးမီးယားလိဂ်မှာ စံချိန်တင်ပွဲအရေအတွက်အဖြစ် ပွဲပေါင်း ၆၅၃ ပွဲအထိ ကစားထားခဲ့တဲ့ ကွင်းလယ်လူ ဂါရက်သ် ဘယ်ရီဟာ ကစားသမားဘဝကနေ အနားယူပြီဖြစ်ကြောင်း သူ့ရဲ့နောက်ဆုံးကလပ်အသင်း ဝက်စ်ဘရွန်းရဲ့ တန်းတက်ကစားနိုင်ခဲ့တဲ့ ရာသီအစမှာ ကြေငြာခဲ့ပါတယ်။

ဘယ်ရီဟာ အက်စတန်ဗီလာ၊ မန်ချက်စတာစီးတီး၊ အဲဗာတန်၊ ဝက်စ်ဘရွန်းအသင်းတွေမှာ ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို ၂၂ နှစ်တာ ဖြတ်သန်းခဲ့သူဖြစ်ပြီး မန်စီးတီးအသင်းနဲ့အတူ အောင်မြင်မှုတွေ ရယူနိုင်ခဲ့သလို ကစားသမားဘဝမှာတော့ တရားဝင်ပွဲပေါင်း ၈၃၂ ပွဲအထိ ကစားနိုင်ခဲ့သူလည်းဖြစ်ပါတယ်။

အသက် ၁၇ နှစ်အရွယ်မှာ အက်စ်တန်ဗီလာအသင်းရဲ့ ဘယ်နောက်ခံလူတစ်ယောက်အဖြစ် ကစားသမားဘဝကို စတင်ခဲ့တဲ့ ဘယ်ရီဟာ နောက်ပိုင်းမှာတော့ ဗဟိုနောက်ခံလူ၊ ဘယ်တောင်ပံကစားသမားနေရာတွေမှာ ကစားခဲ့ပြီး နောက်ဆုံးမှာတော့ လက်ရှိနေရာဖြစ်တဲ့ ကွင်းလယ်အဖျက်ကစားသမားအဖြစ် ပြောင်းလဲကစားပြီး အောင်မြင်နိုင်ခဲ့သလို အင်္ဂလန်လက်ရွေးစင်အသင်းမှာတော့ ၅၃ ပွဲ ကစားခွင့်ရရှိခဲ့ပါတယ်။

ပရီးမီးယားလိဂ်မှာ တကယ့်နာမည်ကြီးနဲ့ အသင်းကြီးကစားသမားတွေဖြစ်ကြတဲ့ ရိုင်ယန်ဂစ်၊ ဖရန့် လမ်းပတ်၊ ဂျေမီ ကာရေဂါ၊ ဖီးလ် နဗီးလ်တို့ထက် ပွဲပိုမိုကစားထားခဲ့တဲ့ အသက် ၃၉ နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ အင်္ဂလန်ရဲ့ ထိပ်တန်းလိဂ်မှာတော့ ၁၉၉၇-၉၈ ရာသီမှာ စတင်ကစားခဲ့သလို ၂၀၁၇-၁၈ ရာသီက နောက်ဆုံး ကစားခဲ့သူလည်းဖြစ်ပါတယ်။

ဘယ်ရီရဲ့ ကစားသမားဘဝကနေ အနားယူမှုအတွက် သူ့ရဲ့ အသင်းဟောင်း ၄ သင်းဖြစ်ကြတဲ့ အက်စ်တန်ဗီလာ၊ မန်စီးတီး၊ အဲဗာတန်နဲ့ ဝက်စ်ဘရွန်းတို့က ချီးကျူးဂုဏ်ပြုစကားနဲ့ ဆုတောင်းစကားတွေကို အသင်းရဲ့ တွစ်တာစာမျက်နှာတွေမှာ တရားဝင်ထုတ်ပြန်ခဲ့ကြပြီး သူ့အနေနဲ့ လာမယ့်ဘဝလမ်းကို ဘောလုံးလောကမှာ နည်းပြတစ်ဦးအဖြစ် တွေ့မြင်ရမှာလားဆိုတာကတော့ စောင့်ကြည့်ရဦးမှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.