Premier League Transfer News

ေနာက္ဆုံးရ အာဆင္နယ္သတင္းမ်ား စုစည္းမွဳ – ၂၇.၈.၂၀၂၀

– ၿပီးခဲ့တဲ့ အက္ဖ္ေအဖလားနဲ႔ ရာသီပိတ္ပြဲစဥ္ေတြမွာ လက္စြမ္းျပခဲ့တဲ့ အာဂ်င္တီးနားဂိုးသမား အီမီလီယာႏို မာတီနက္ဇ္ဟာ အားလပ္ရက္အၿပီးမွာ ကြာရန္တင္းဝင္ေနရတဲ့အတြက္ လုံေလာက္ေအာင္ ေလ့က်င့္ရေသးျခင္းမရွိဘူးလုိ႔ သိရၿပီး ဒီအတြက္ ဂ်ာမန္ဂိုးသမား လီႏိုကိုပဲ လီဗာပူးလ္နဲ႔ ကြန္ျမဴနတီဒိုင္းမွာ အာဆင္နယ္တုိ႔ ပြဲထုတ္ဖြယ္ရွိေန။

– အာဆင္နယ္ကေန လိဒ္စ္ကို ေပါင္ ၃ သန္းနဲ႔ ေျပာင္းေရႊ႕ေတာ့မယ့္ အသက္ ၁၈ ႏွစ္အရြယ္ လူငယ္တုိက္စစ္မွဴး ဆမ္ ဂရင္းဝုဒ္က ေက်းဇူးတင္စကားနဲ႔ ႏွဳတ္ဆက္စကားေျပာၾကားခဲ့ၿပီး ေမြးရပ္ေျမ ဆန္ဒါးလန္းကို လြမ္းလို႔ ပိုနီးတဲ့ အသင္းဆီ ေျပာင္းေရႊ႕ခဲ့ေၾကာင္းဆို။

– မာ့ခ္ ႐ိုကာကို အက္စ္ပန္ညဳိကေန ေခၚယူသြားမယ့္ အက္သလက္တီကိုတုိ႔အေနနဲ႔ ေသာမတ္စ္ ပါေတးကို အာဆင္နယ္ဆီ ေရာင္းခ်ဖို႔ ပုိမုိျဖစ္ႏုိင္ေျခရွိလာၿပီး လန္ဒန္ကလပ္ဘက္ကို ေဈးအနည္းငယ္ေလွ်ာ့ၿပီး ေရာင္းခ်သြားႏုိင္။

– ဆဲလ္တစ္နဲ႔အတူ ခ်န္ပီယံလိဂ္ေျခစစ္ပြဲမွာ ရွဳံးနိမ့္ခဲ့ၿပီး ဒီရာသီ ဥေရာပရဲ႕ အျမင့္ဆုံးၿပဳိင္ပြဲမွာ ကစားခြင့္ကို လြဲေခ်ာ္ခဲ့ၿပီးတဲ့ေနာက္ အာဆင္နယ္အသင္းက ကမ္းလွမ္းလာခဲ့ရင္ ေျပာင္းေရႊ႕ဖို႔ တုိက္စစ္မွဴး ေအာ့ဒ္ဆြန္း ေအဒူယာ စိတ္ဝင္စားလာ။

– အသင္းရဲ႕ ေပါင္ ၂၅ သန္းတန္ ဘယ္ေနာက္ခံလူ ကီရန္ တီယာနီဟာ ခ်ဲလ္ဆီးက ေပါင္သန္း ၅၀ နဲ႔ ေခၚယူသြားခဲ့တဲ့ ဘန္ ေခ်းလ္ဝဲလ္ထက္ ပုိမိုေကာင္းမြန္သူျဖစ္တယ္လို႔ အာဆင္နယ္ပရိသတ္ေတြက ႏွဳိင္းယွဥ္ခ်ီးက်ဴးထားၾက။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– ပြီးခဲ့တဲ့ အက်ဖ်အေဖလားနဲ့ ရာသီပိတ်ပွဲစဉ်တွေမှာ လက်စွမ်းပြခဲ့တဲ့ အာဂျင်တီးနားဂိုးသမား အီမီလီယာနို မာတီနက်ဇ်ဟာ အားလပ်ရက်အပြီးမှာ ကွာရန်တင်းဝင်နေရတဲ့အတွက် လုံလောက်အောင် လေ့ကျင့်ရသေးခြင်းမရှိဘူးလို့ သိရပြီး ဒီအတွက် ဂျာမန်ဂိုးသမား လီနိုကိုပဲ လီဗာပူးလ်နဲ့ ကွန်မြူနတီဒိုင်းမှာ အာဆင်နယ်တို့ ပွဲထုတ်ဖွယ်ရှိနေ။

– အာဆင်နယ်ကနေ လိဒ်စ်ကို ပေါင် ၃ သန်းနဲ့ ပြောင်းရွှေ့တော့မယ့် အသက် ၁၈ နှစ်အရွယ် လူငယ်တိုက်စစ်မှူး ဆမ် ဂရင်းဝုဒ်က ကျေးဇူးတင်စကားနဲ့ နှုတ်ဆက်စကားပြောကြားခဲ့ပြီး မွေးရပ်မြေ ဆန်ဒါးလန်းကို လွမ်းလို့ ပိုနီးတဲ့ အသင်းဆီ ပြောင်းရွှေ့ခဲ့ကြောင်းဆို။

– မာ့ခ် ရိုကာကို အက်စ်ပန်ညိုကနေ ခေါ်ယူသွားမယ့် အက်သလက်တီကိုတို့အနေနဲ့ သောမတ်စ် ပါတေးကို အာဆင်နယ်ဆီ ရောင်းချဖို့ ပိုမိုဖြစ်နိုင်ခြေရှိလာပြီး လန်ဒန်ကလပ်ဘက်ကို ဈေးအနည်းငယ်လျှော့ပြီး ရောင်းချသွားနိုင်။

– ဆဲလ်တစ်နဲ့အတူ ချန်ပီယံလိဂ်ခြေစစ်ပွဲမှာ ရှုံးနိမ့်ခဲ့ပြီး ဒီရာသီ ဥရောပရဲ့ အမြင့်ဆုံးပြိုင်ပွဲမှာ ကစားခွင့်ကို လွဲချော်ခဲ့ပြီးတဲ့နောက် အာဆင်နယ်အသင်းက ကမ်းလှမ်းလာခဲ့ရင် ပြောင်းရွှေ့ဖို့ တိုက်စစ်မှူး အော့ဒ်ဆွန်း အေဒူယာ စိတ်ဝင်စားလာ။

– အသင်းရဲ့ ပေါင် ၂၅ သန်းတန် ဘယ်နောက်ခံလူ ကီရန် တီယာနီဟာ ချဲလ်ဆီးက ပေါင်သန်း ၅၀ နဲ့ ခေါ်ယူသွားခဲ့တဲ့ ဘန် ချေးလ်ဝဲလ်ထက် ပိုမိုကောင်းမွန်သူဖြစ်တယ်လို့ အာဆင်နယ်ပရိသတ်တွေက နှိုင်းယှဉ်ချီးကျူးထားကြ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.