Ligue1 Premier League Transfer News

ငွေသုံးလို့ မဝသေးတဲ့ ချဲလ်ဆီးကို နေမာအတွက် ချဉ်းကပ်ခဲ့တဲ့ ပီအက်စ်ဂျီ

ချဲလ်ဆီးအသင်းနည်းပြ သောမတ်စ် တူဟယ်ဟာ စက်တင်ဘာလ ၁ ရက်နေ့ည အပြောင်းအရွှေ့ဈေးကွက်မပိတ်ခင် တိုက်စစ်ကို အင်အားဖြည့်တင်းချင်နေတာကြောင့် ချဲလ်ဆီးအသင်းအနေနဲ့ နေမာအတွက် ကြီးမားတဲ့ ကမ်းလှမ်းမှုနဲ့ သွေးတိုးစမ်းသွားနိုင်တယ်လို့ သိရပါတယ်။

ဘရာဇီးလ်တိုက်စစ်မှူးရဲ့ လက်ရှိကလပ်အသင်းဖြစ်တဲ့ ပီအက်စ်ဂျီဟာ ချဲလ်ဆီးအသင်းကို အပြောင်းအရွှေ့အတွက် ချဉ်းကပ်ခဲ့ပြီး အသင်းပိုင်ရှင် တော့ဒ် ဘိုလီက ကြီးမားတဲ့ ငွေကြေးပမာဏ သုံးစွဲသွားချင်တဲ့ ဆန္ဒရှိနေတယ်လို့ Daily Mail က ဖော်ပြခဲ့ပါတယ်။

ကမ္ဘာ့အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးဟာ အပြောင်းအရွှေ့ဈေးကွက်ပိတ်ဖို့ ၁ ရက်သာလိုတော့တဲ့အချိန်မှာ အခြားအသင်းကို ပြောင်းရွှေ့ဖို့ဟာ တော်တော်လေးကို ဖြစ်နိုင်ခြေနည်းပါးပေမယ့် ပီအက်စ်ဂျီအနေနဲ့ မမျှော်လင့်ထားတဲ့ ဆုံးဖြတ်ချက်မျိုး ချရမယ့်အနေအထားမှာ ရှိနေတာဖြစ်ပါတယ်။

Daily Mail ရဲ့သတင်းအရ ပြင်သစ်ကလပ်အသင်းဟာ ကစားသမားရောင်းချမှုကနေ ငွေကြေးအမြောက်အမြား မပြသနိုင်ဘူးဆိုရင် ယူအီးအက်ဖ်အေ Financial Fair Play ရဲ့ အရေးယူခြင်းကို ခံရနိုင်တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။ အဲဒါကြောင့် လိဂန်းချန်ပီယံတွေဟာ ယူအီးအက်ဖ်အေရဲ့ နာမည်ကောင်းစာရင်းဝင်အသင်းထဲမှာ ဆက်လက်ရှိနေဖို့အတွက် နေမာ သို့မဟုတ် လီယွန်နယ် မက်ဆီတို့ထဲက တစ်ဦးဦးကို ထွက်ခွာခွင့် ပေးသွားလိမ့်မယ်လို့ ယူဆရပါတယ်။

ပီအက်စ်ဂျီအသင်းဟာ အသက် ၃၀ အရွယ် ဘရာဇီးလ်တိုက်စစ်မှူးကို ရောင်းချမှဖြစ်မယ့် အခြေအနေဆိုပေမယ့်လည်း ဈေးပေါပေါနဲ့တော့ အသင်းကနေ ထွက်ခွာခွင့် ပြုသွားမှာမဟုတ်ဘူးလို့ သိရပြီး နေမာဟာ ယခုရာသီ လိဂန်း ၄ ပွဲမှာ ၆ ဂိုးအထိ သွင်းယူထားနိုင်တဲ့ကစားသမားဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းဟာ မနက်ဖြန်ည အပြောင်းအရွှေ့ဈေးကွက်မပိတ်ခင် ဝက်စ်လေ ဖိုဖာနာနဲ့ အူဘာမီယန်းတို့ကို ခေါ်ယူဖို့ ကြိုးပမ်းနေပြီး အနောက်လန်ဒန်ကလပ်အသင်းဟာ ယခုနွေရာသီမှာ စတားလင်း၊ ကူလီဘေလီ၊ ကူကူရယ်လာ၊ ချူကူမက်ကာတို့ကို ပေါင်သန်း ၁၅၀ အထိ သုံးစွဲပြီး ခေါ်ယူထားတာဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းကလည်း နိစ်နည်းပြဟောင်း ခရစ္စတိုဖီ ဂဲလ်တီယာကို နည်းပြသစ်အဖြစ် ခန့်အပ်ပြီးနောက်ပိုင်း အပြောင်းအရွှေ့ဈေးကွက်မှာ အလုပ်များနေခဲ့တာဖြစ်ပြီး ဗီတင်ညာ၊ နူနို မန်းဒက်စ်၊ ဖေဘီယံ ရူးအစ်ဇ်၊ ရီနာတို ဆန်းချက်စ်၊ နော်ဒီ မူခေလေတို့ကို ပေါင်သန်း ၁၀၀ အထိ သုံးစွဲပြီး ခေါ်ယူထားတာဖြစ်ပါတယ်။

အဲဒီကစားသမားခေါ်ယူမှုအားလုံးနဲ့ ခီလီယန် အမ်ဘာပေရဲ့ ကြောက်မက်ဖွယ် တစ်ပတ်လုပ်ခလစာ ပေါင် ၆၅၀၀၀၀ နဲ့ ပေါင်းလိုက်ရင် ပီအက်စ်ဂျီအသင်းအနေနဲ့ အလွန်တရာကြီးမားလှတဲ့ လစာပေးချေမှုကို ပြုလုပ်ရမှာဖြစ်တာကြောင့် နာမည်ကြီး ကစားသမားအချို့ကို ရောင်းထုတ်ဖို့ လိုအပ်ချက်က မြင့်တက်လာနေတာဖြစ်ပါတယ်။

နေမာဟာ ယနေ့ညနေ တူးလူ့စ်နဲ့ ကစားမယ့်ပွဲစဉ်အတွက် ကြိုတင်ပြင်ဆင်နေတဲ့ အသင်းဖော်တွေနဲ့အတူ အင်္ဂါနေ့ညမှာ ပီအက်စ်ဂျီအသင်းဟိုတယ်မှာ ရှိနေခဲ့သေးတာဖြစ်ပြီး အပြောင်းအရွှေ့ဈေးကွက်ပိတ်ဖို့ကလည်း အချိန်တွေ နီးစပ်လာပြီဖြစ်တာကြောင့် ချဲလ်ဆီးအနေနဲ့ ဘောလုံးစွမ်းရည်မြင့်မားတဲ့ တိုက်စစ်မှူးကို ခေါ်ယူချင်တယ်ဆိုရင် မြန်နိုင်သမျှ မြန်မြန် လုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခ်ဲလ္ဆီးအသင္းနည္းျပ ေသာမတ္စ္ တူဟယ္ဟာ စက္တင္ဘာလ ၁ ရက္ေန႔ည အေျပာင္းအေ႐ႊ႕ေဈးကြက္မပိတ္ခင္ တိုက္စစ္ကို အင္အားျဖည့္တင္းခ်င္ေနတာေၾကာင့္ ခ်ဲလ္ဆီးအသင္းအေနနဲ႔ ေနမာအတြက္ ႀကီးမားတဲ့ ကမ္းလွမ္းမႈနဲ႔ ေသြးတိုးစမ္းသြားႏိုင္တယ္လို႔ သိရပါတယ္။

ဘရာဇီးလ္တိုက္စစ္မႉးရဲ႕ လက္ရွိကလပ္အသင္းျဖစ္တဲ့ ပီအက္စ္ဂ်ီဟာ ခ်ဲလ္ဆီးအသင္းကို အေျပာင္းအေ႐ႊ႕အတြက္ ခ်ဥ္းကပ္ခဲ့ၿပီး အသင္းပိုင္ရွင္ ေတာ့ဒ္ ဘိုလီက ႀကီးမားတဲ့ ေငြေၾကးပမာဏ သုံးစြဲသြားခ်င္တဲ့ ဆႏၵရွိေနတယ္လို႔ Daily Mail က ေဖာ္ျပခဲ့ပါတယ္။

ကမာၻ႔အေကာင္းဆုံးကစားသမားေတြထဲက တစ္ဦးဟာ အေျပာင္းအေ႐ႊ႕ေဈးကြက္ပိတ္ဖို႔ ၁ ရက္သာလိုေတာ့တဲ့အခ်ိန္မွာ အျခားအသင္းကို ေျပာင္းေ႐ႊ႕ဖို႔ဟာ ေတာ္ေတာ္ေလးကို ျဖစ္ႏိုင္ေျခနည္းပါးေပမယ့္ ပီအက္စ္ဂ်ီအေနနဲ႔ မေမွ်ာ္လင့္ထားတဲ့ ဆုံးျဖတ္ခ်က္မ်ိဳး ခ်ရမယ့္အေနအထားမွာ ရွိေနတာျဖစ္ပါတယ္။

Daily Mail ရဲ႕သတင္းအရ ျပင္သစ္ကလပ္အသင္းဟာ ကစားသမားေရာင္းခ်မႈကေန ေငြေၾကးအေျမာက္အျမား မျပသႏိုင္ဘူးဆိုရင္ ယူအီးအက္ဖ္ေအ Financial Fair Play ရဲ႕ အေရးယူျခင္းကို ခံရႏိုင္တဲ့ အေျခအေနနဲ႔ ရင္ဆိုင္ေနရတယ္လို႔ သိရပါတယ္။ အဲဒါေၾကာင့္ လိဂန္းခ်န္ပီယံေတြဟာ ယူအီးအက္ဖ္ေအရဲ႕ နာမည္ေကာင္းစာရင္းဝင္အသင္းထဲမွာ ဆက္လက္ရွိေနဖို႔အတြက္ ေနမာ သို႔မဟုတ္ လီယြန္နယ္ မက္ဆီတို႔ထဲက တစ္ဦးဦးကို ထြက္ခြာခြင့္ ေပးသြားလိမ့္မယ္လို႔ ယူဆရပါတယ္။

ပီအက္စ္ဂ်ီအသင္းဟာ အသက္ ၃၀ အ႐ြယ္ ဘရာဇီးလ္တိုက္စစ္မႉးကို ေရာင္းခ်မွျဖစ္မယ့္ အေျခအေနဆိုေပမယ့္လည္း ေဈးေပါေပါနဲ႔ေတာ့ အသင္းကေန ထြက္ခြာခြင့္ ျပဳသြားမွာမဟုတ္ဘူးလို႔ သိရၿပီး ေနမာဟာ ယခုရာသီ လိဂန္း ၄ ပြဲမွာ ၆ ဂိုးအထိ သြင္းယူထားႏိုင္တဲ့ကစားသမားျဖစ္ပါတယ္။

ခ်ဲလ္ဆီးအသင္းဟာ မနက္ျဖန္ည အေျပာင္းအေ႐ႊ႕ေဈးကြက္မပိတ္ခင္ ဝက္စ္ေလ ဖိုဖာနာနဲ႔ အူဘာမီယန္းတို႔ကို ေခၚယူဖို႔ ႀကိဳးပမ္းေနၿပီး အေနာက္လန္ဒန္ကလပ္အသင္းဟာ ယခုေႏြရာသီမွာ စတားလင္း၊ ကူလီေဘလီ၊ ကူကူရယ္လာ၊ ခ်ဴကူမက္ကာတို႔ကို ေပါင္သန္း ၁၅၀ အထိ သုံးစြဲၿပီး ေခၚယူထားတာျဖစ္ပါတယ္။

ပီအက္စ္ဂ်ီအသင္းကလည္း နိစ္နည္းျပေဟာင္း ခရစၥတိုဖီ ဂဲလ္တီယာကို နည္းျပသစ္အျဖစ္ ခန႔္အပ္ၿပီးေနာက္ပိုင္း အေျပာင္းအေ႐ႊ႕ေဈးကြက္မွာ အလုပ္မ်ားေနခဲ့တာျဖစ္ၿပီး ဗီတင္ညာ၊ ႏူႏို မန္းဒက္စ္၊ ေဖဘီယံ ႐ူးအစ္ဇ္၊ ရီနာတို ဆန္းခ်က္စ္၊ ေနာ္ဒီ မူေခေလတို႔ကို ေပါင္သန္း ၁၀၀ အထိ သုံးစြဲၿပီး ေခၚယူထားတာျဖစ္ပါတယ္။

အဲဒီကစားသမားေခၚယူမႈအားလုံးနဲ႔ ခီလီယန္ အမ္ဘာေပရဲ႕ ေၾကာက္မက္ဖြယ္ တစ္ပတ္လုပ္ခလစာ ေပါင္ ၆၅၀၀၀၀ နဲ႔ ေပါင္းလိုက္ရင္ ပီအက္စ္ဂ်ီအသင္းအေနနဲ႔ အလြန္တရာႀကီးမားလွတဲ့ လစာေပးေခ်မႈကို ျပဳလုပ္ရမွာျဖစ္တာေၾကာင့္ နာမည္ႀကီး ကစားသမားအခ်ိဳ႕ကို ေရာင္းထုတ္ဖို႔ လိုအပ္ခ်က္က ျမင့္တက္လာေနတာျဖစ္ပါတယ္။

ေနမာဟာ ယေန႔ညေန တူးလူ႔စ္နဲ႔ ကစားမယ့္ပြဲစဥ္အတြက္ ႀကိဳတင္ျပင္ဆင္ေနတဲ့ အသင္းေဖာ္ေတြနဲ႔အတူ အဂၤါေန႔ညမွာ ပီအက္စ္ဂ်ီအသင္းဟိုတယ္မွာ ရွိေနခဲ့ေသးတာျဖစ္ၿပီး အေျပာင္းအေ႐ႊ႕ေဈးကြက္ပိတ္ဖို႔ကလည္း အခ်ိန္ေတြ နီးစပ္လာၿပီျဖစ္တာေၾကာင့္ ခ်ဲလ္ဆီးအေနနဲ႔ ေဘာလုံးစြမ္းရည္ျမင့္မားတဲ့ တိုက္စစ္မႉးကို ေခၚယူခ်င္တယ္ဆိုရင္ ျမန္ႏိုင္သမွ် ျမန္ျမန္ လုပ္ေဆာင္သြားရမွာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.