Premier League

အမ်းမရိတ်စ်က အလံတိုင်တွေ ထပ်လဲရဦးမယ့် အက်စတန်ဗီလာနဲ့ ယနေ့ညပွဲစဉ်

အာဆင်နယ်အသင်းဟာ ယနေ့ည အမ်းမရိတ်စ်မှာ အက်စတန် ဗီလာအသင်းကို လက်ခံယှဉ်ပြိုင်သွားရမှာဖြစ်ပြီး လာမယ့် တနင်္ဂနွေနေ့ အိုးထရက်ဖို့ဒ်ကို သွားရောက်ပြီး မန်ချက်စတာယူနိုက်တက်နဲ့ မရင်ဆိုင်မီ နည်းပြအာတီတာအနေနဲ့ ပရီးမီးယားလိဂ် ရာသီအဖွင့် ၅ ပွဲဆက် နိုင်ပွဲကို ရယူဖို့ ကြိုးပမ်းသွားမှာဖြစ်ပါတယ်။

အာဆင်နယ်နဲ့ အက်စတန် ဗီလာတို့ရဲ့ နောက်ဆုံး ၅ ကြိမ်တွေ့ဆုံမှုမှာ အက်စတန် ဗီလာအသင်းက ၃ ပွဲ နိုင် ၂ ပွဲရှုံးရလဒ် ထွက်ပေါ်ခဲ့ပြီး အာဆင်နယ်က နောက်ဆုံး ကစားခဲ့တဲ့ ၂ ပွဲစလုံးမှာ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်ဟာ ပရီးမီယားလိဂ်ရာသီ အဖွင့်ပွဲစဉ် ၄ ပွဲစလုံးကို ၂၀၀၃-၂၀၀၄၊ ၂၀၀၄-၂၀၀၅ ရာသီနောက်ပိုင်း ယခုရာသီမှာ တတိယအကြိမ်မြောက် အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

အာတီတာရဲ့ အာဆင်နယ်ဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၁၁ ပွဲမှာ ၉ ပွဲ အနိုင်ရရှိခဲ့ပြီး အမ်းမရိတ်စ်မှာ ယနေ့ည ကစားမယ့် အက်စတန် ဗီလာနဲ့ပွဲမှာ အနိုင်ရခဲ့မယ်ဆိုရင် ပရီးမီးယားလိဂ်အိမ်ကွင်းနိုင်ပွဲ ၂၀၀ ပြည့်ပွဲစဉ် ဖြစ်လာမှာ ဖြစ်ပါတယ်။ မြောက်လန်ဒန် ကလပ်အသင်းဟာ အက်စတန် ဗီလာနဲ့ ကစားခဲ့တဲ့ ပြိုင်ပွဲစုံ အိမ်ကွင်းနောက်ဆုံး ၆ ပွဲထဲက ၅ ပွဲမှာ အနည်းဆုံး ၃ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

အက်စတန် ဗီလာကတော့ ပရီးမီးယားလိဂ်မှာ နောက်ဆုံး ကစားထားတဲ့ အဝေးကွင်းပွဲစဉ် ၃ ပွဲစလုံးမှာ ရှုံးနိမ့်ခဲ့ပြီး ယခုရာသီမှာ ၄ ပွဲကစားထားရာကနေ ရမှတ် ၃ နဲ့ အဆင့် ၁၅ နေရာမှာ ရပ်တည်နေရတာဖြစ်ပါတယ်။ အာတီတာရဲ့အသင်းဟာ စနေနေ့ မတိုင်ခင်ကတည်းက အဓိကကစားသမားအချို့ ဒဏ်ရာပြဿနာတွေ ရှိခဲ့ပြီး ပါတေးနဲ့ ဇင်ချန်ကိုတို့ဟာ ဖူလ်ဟမ်နဲ့ပွဲကို လွဲချော်ခဲ့တာဖြစ်ပါတယ်။

အာတီတာက ဒီကစားသမား ၂ ဦးစလုံး ဗီလာနဲ့ပွဲမှာ ပါဝင်မှာမဟုတ်ဘူးလို့ အတည်ပြုခဲ့ပေမယ့်လည်း ဇင်ချန်ကိုကတော့ မန်ချက်စတာယူနိုက်တက်နဲ့ ပွဲမှာတော့ ပါဝင်ကစားပေးနိုင်ဖွယ် ရှိနေပြီး မိုဟာမက် အယ်လ်နန်နီကလည်း တံကောက်ကြော ဒဏ်ရာကြောင့် အချိန်အနည်းငယ်လောက် အနားယူရမှာဖြစ်တာကြောင့် အာဆင်နယ်အတွက် လာမယ့် ပွဲစဉ်အနည်းငယ်မှာ ကွင်းလယ်ဗဟိုအတွက် ရွေးချယ်စရာမရှိတော့တာ ဖြစ်ပါတယ်။

ချာကာနဲ့ လိုကွန်ဂါတို့ဟာ လူစာရင်းထဲမှာ ကျန်ရှိနေတဲ့ ကွင်းလယ်ကစားသမား ၂ ဦးဖြစ်ပြီး ဘန် ဝှိုက်နဲ့ ဇင်ချန်ကိုတို့ကလည်း ကွင်းလယ်ခံစစ်နေရာမှာ ကစားနိုင်စွမ်းရှိတာဖြစ်ပါတယ်။ ဖေဘီယို ဗီယာရာကလည်း အင်္ဂလန်မှာ အစမ်းသပ်မခံရသေးပေမယ့်လည်း အက်စတန် ဗီလာနဲ့ပွဲမှာ ပါဝင်လာနိုင်ပြီး အာတီတာအနေနဲ့ လိုကွန်ဂါနဲ့ ချာကာတို့ကို ကွင်းလယ်အထိုင်အဖြစ် အသုံးပြုသွားဖွယ်ရှိပါတယ်။

ခံစစ်ပိုင်းမှာတော့ ဖူလ်ဟမ်နဲ့ပွဲစဉ်ကအတိုင်း ဘာမှ အပြောင်းအလဲ မရှိဘဲ တိုက်စစ်ပိုင်းမှာတော့ နကီးတီးယားဟာ စနေနေ့က အထင်ကြီးဖွယ်ခြေစွမ်းပြခဲ့ပေမယ့်လည်း အာတီတာက မာတီနယ်လီ၊ ဆာကာနဲ့ ဂျေးဇုစ်တို့ကိုပဲ ပွဲထုတ်သွားမှာဖြစ်ပါတယ်။ စတီဗင် ဂျရတ်ကလည်း အာဆင်နယ်နဲ့ပွဲမတိုင်ခင် ကြံ့ခိုင်မှု နောက်ဆုံးသတင်းတွေကို စောင့်ဆိုင်းနေပြီး အသင်းခေါင်းဆောင်ဟောင်း တိုင်ရုန်း မင်းစ်ရဲ့ ကြံ့ခိုင်မှုအပေါ် အာရုံစိုက်နေတာဖြစ်ပါတယ်။

အင်္ဂလိပ်နောက်ခံလူဟာ ဝက်စ်ဟမ်းနဲ့ပွဲကို နာမကျန်းဖြစ်မှုကြောင့် လွဲချော်ခဲ့ပေမယ့် ယနေ့ညပွဲစဉ်မှာတော့ ပြန်လည် ပါဝင်လာနိုင်မယ်လို့ မျှော်လင့်ရပါတယ်။ မင်းစ်သာ ပြန်လည်ပါဝင်လာခဲ့မယ်ဆိုရင် ခံစစ်မှာ ခွန်ဆာနဲ့ တွဲဖက်ကစားရနိုင်ပြီး တောင်ပံ ၂ ဖက်မှာတော့ ကက်ရှ်နဲ့ ဒီညီတို့ ဆက်လက် ပါဝင်လာမှာ ဖြစ်ပါတယ်။

ကွင်းလယ်ပိုင်းမှာတော့ စတီဗင် ဂျရတ်အနေနဲ့ ဝက်စ်ဟမ်းနဲ့ပွဲမှာ ခြေစွမ်းပြနိုင်ခဲ့တဲ့ ဂျေကော့ဘ် ရမ်းဆေးကို ထည့်သွင်းသွားနိုင်ပြီး ကာမာရာနဲ့ မက်ဂင်းတို့လည်း ပွဲထွက်ကစားသမားနေရာမှာ ဆက်လက်ပါဝင်လာမှာ ဖြစ်ပါတယ်။ တိုက်စစ်ပိုင်းမှာလည်း နောက်ထပ်အပြောင်းအလဲတွေ ပြုလုပ်ဖွယ်ရှိပြီး အိုလီ ဝက်ကင်စ်က အထောင်တိုက်စစ်နေရာမှာ ပွဲထွက်လာနိုင်ပြီး တောင်ပံတိုက်စစ်နေရာမှာတော့ ကော်တင်ညိုနဲ့ လီယွန် ဘေလီတို့ ပွဲထွက်လာနိုင်ပါတယ်။

အာဆင်နယ်ဟာ အိုးထရက်ဖို့ဒ်ကို မသွားခင် ယခုရာသီ ၅ ပွဲဆက်နိုင်ပွဲကို ရယူသွားဖို့ ရည်မှန်းထားပြီး အဓိက ကစားသမားအနည်းငယ် ဒဏ်ရာရနေပေမယ့်လည်း လက်ရှိလူစာရင်းဟာ အာတီတာအတွက် နောက်ထပ်နိုင်ပွဲ ရယူပေးနိုင်မယ်လို့ စိတ်ချထားလို့ရနိုင်တဲ့ လူစာရင်းဖြစ်ပါတယ်။ အက်စတန် ဗီလာကလည်း ရလဒ်ဆိုးတွေကို ချေဖျက်နိုင်ဖို့ ကြိုးပမ်းနေတာဖြစ်ပေမယ့်လည်း ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ အာတီတာရဲ့အသင်းဟာ စတီဗင် ဂျရတ်ရဲ့ အက်စတန် ဗီလာအတွက်တော့ တော်တော်လေးကို ကောင်းလွန်းနေတာကြောင့် အမ်းမရိတ်စ်က အလံတိုင်တွေ အသစ်လဲချိန်တန်ပြီလို့သာ ယုံကြည်မိပါတယ်။

ဖြစ်နိုင်ဖွယ် ပွဲထွက်လူစာရင်း

အာဆင်နယ်- ရမ်းစ်ဒေးလ်၊ ဝှိုက်၊ ဆာလီဘာ၊ တီယာနီ၊ ဂါဘရီယယ်လ်၊ လိုကွန်ဂါ၊ ချာကာ၊ အော်ဒီဂွါဒ်၊ မာတီနယ်လီ၊ ဆာကာ၊ ဂျေးဇုစ်။

အက်စတန် ဗီလာ- မာတီနက်ဇ်၊ မင်းစ်၊ ခွန်ဆာ၊ ဒီညီ၊ ကက်ရှ်၊ ကာမာရာ၊ ရမ်းဆေး၊ မက်ဂင်း၊ ကော်တင်ညို၊ ဘေလီ၊ ဝက်ကင်စ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္အသင္းဟာ ယေန႔ည အမ္းမရိတ္စ္မွာ အက္စတန္ ဗီလာအသင္းကို လက္ခံယွဥ္ၿပိဳင္သြားရမွာျဖစ္ၿပီး လာမယ့္ တနဂၤေႏြေန႔ အိုးထရက္ဖို႔ဒ္ကို သြားေရာက္ၿပီး မန္ခ်က္စတာယူႏိုက္တက္နဲ႔ မရင္ဆိုင္မီ နည္းျပအာတီတာအေနနဲ႔ ပရီးမီးယားလိဂ္ ရာသီအဖြင့္ ၅ ပြဲဆက္ ႏိုင္ပြဲကို ရယူဖို႔ ႀကိဳးပမ္းသြားမွာျဖစ္ပါတယ္။

အာဆင္နယ္နဲ႔ အက္စတန္ ဗီလာတို႔ရဲ႕ ေနာက္ဆုံး ၅ ႀကိမ္ေတြ႕ဆုံမႈမွာ အက္စတန္ ဗီလာအသင္းက ၃ ပြဲ ႏိုင္ ၂ ပြဲရႈံးရလဒ္ ထြက္ေပၚခဲ့ၿပီး အာဆင္နယ္က ေနာက္ဆုံး ကစားခဲ့တဲ့ ၂ ပြဲစလုံးမွာ အႏိုင္ရရွိခဲ့တာျဖစ္ပါတယ္။ အာဆင္နယ္ဟာ ပရီးမီယားလိဂ္ရာသီ အဖြင့္ပြဲစဥ္ ၄ ပြဲစလုံးကို ၂၀၀၃-၂၀၀၄၊ ၂၀၀၄-၂၀၀၅ ရာသီေနာက္ပိုင္း ယခုရာသီမွာ တတိယအႀကိမ္ေျမာက္ အႏိုင္ရရွိခဲ့တာ ျဖစ္ပါတယ္။

အာတီတာရဲ႕ အာဆင္နယ္ဟာ ေနာက္ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ္ ၁၁ ပြဲမွာ ၉ ပြဲ အႏိုင္ရရွိခဲ့ၿပီး အမ္းမရိတ္စ္မွာ ယေန႔ည ကစားမယ့္ အက္စတန္ ဗီလာနဲ႔ပြဲမွာ အႏိုင္ရခဲ့မယ္ဆိုရင္ ပရီးမီးယားလိဂ္အိမ္ကြင္းႏိုင္ပြဲ ၂၀၀ ျပည့္ပြဲစဥ္ ျဖစ္လာမွာ ျဖစ္ပါတယ္။ ေျမာက္လန္ဒန္ ကလပ္အသင္းဟာ အက္စတန္ ဗီလာနဲ႔ ကစားခဲ့တဲ့ ၿပိဳင္ပြဲစုံ အိမ္ကြင္းေနာက္ဆုံး ၆ ပြဲထဲက ၅ ပြဲမွာ အနည္းဆုံး ၃ ဂိုး သြင္းယူႏိုင္ခဲ့ပါတယ္။

အက္စတန္ ဗီလာကေတာ့ ပရီးမီးယားလိဂ္မွာ ေနာက္ဆုံး ကစားထားတဲ့ အေဝးကြင္းပြဲစဥ္ ၃ ပြဲစလုံးမွာ ရႈံးနိမ့္ခဲ့ၿပီး ယခုရာသီမွာ ၄ ပြဲကစားထားရာကေန ရမွတ္ ၃ နဲ႔ အဆင့္ ၁၅ ေနရာမွာ ရပ္တည္ေနရတာျဖစ္ပါတယ္။ အာတီတာရဲ႕အသင္းဟာ စေနေန႔ မတိုင္ခင္ကတည္းက အဓိကကစားသမားအခ်ိဳ႕ ဒဏ္ရာျပႆနာေတြ ရွိခဲ့ၿပီး ပါေတးနဲ႔ ဇင္ခ်န္ကိုတို႔ဟာ ဖူလ္ဟမ္နဲ႔ပြဲကို လြဲေခ်ာ္ခဲ့တာျဖစ္ပါတယ္။

အာတီတာက ဒီကစားသမား ၂ ဦးစလုံး ဗီလာနဲ႔ပြဲမွာ ပါဝင္မွာမဟုတ္ဘူးလို႔ အတည္ျပဳခဲ့ေပမယ့္လည္း ဇင္ခ်န္ကိုကေတာ့ မန္ခ်က္စတာယူႏိုက္တက္နဲ႔ ပြဲမွာေတာ့ ပါဝင္ကစားေပးႏိုင္ဖြယ္ ရွိေနၿပီး မိုဟာမက္ အယ္လ္နန္နီကလည္း တံေကာက္ေၾကာ ဒဏ္ရာေၾကာင့္ အခ်ိန္အနည္းငယ္ေလာက္ အနားယူရမွာျဖစ္တာေၾကာင့္ အာဆင္နယ္အတြက္ လာမယ့္ ပြဲစဥ္အနည္းငယ္မွာ ကြင္းလယ္ဗဟိုအတြက္ ေ႐ြးခ်ယ္စရာမရွိေတာ့တာ ျဖစ္ပါတယ္။

ခ်ာကာနဲ႔ လိုကြန္ဂါတို႔ဟာ လူစာရင္းထဲမွာ က်န္ရွိေနတဲ့ ကြင္းလယ္ကစားသမား ၂ ဦးျဖစ္ၿပီး ဘန္ ဝႈိက္နဲ႔ ဇင္ခ်န္ကိုတို႔ကလည္း ကြင္းလယ္ခံစစ္ေနရာမွာ ကစားႏိုင္စြမ္းရွိတာျဖစ္ပါတယ္။ ေဖဘီယို ဗီယာရာကလည္း အဂၤလန္မွာ အစမ္းသပ္မခံရေသးေပမယ့္လည္း အက္စတန္ ဗီလာနဲ႔ပြဲမွာ ပါဝင္လာႏိုင္ၿပီး အာတီတာအေနနဲ႔ လိုကြန္ဂါနဲ႔ ခ်ာကာတို႔ကို ကြင္းလယ္အထိုင္အျဖစ္ အသုံးျပဳသြားဖြယ္ရွိပါတယ္။

ခံစစ္ပိုင္းမွာေတာ့ ဖူလ္ဟမ္နဲ႔ပြဲစဥ္ကအတိုင္း ဘာမွ အေျပာင္းအလဲ မရွိဘဲ တိုက္စစ္ပိုင္းမွာေတာ့ နကီးတီးယားဟာ စေနေန႔က အထင္ႀကီးဖြယ္ေျခစြမ္းျပခဲ့ေပမယ့္လည္း အာတီတာက မာတီနယ္လီ၊ ဆာကာနဲ႔ ေဂ်းဇုစ္တို႔ကိုပဲ ပြဲထုတ္သြားမွာျဖစ္ပါတယ္။ စတီဗင္ ဂ်ရတ္ကလည္း အာဆင္နယ္နဲ႔ပြဲမတိုင္ခင္ ႀကံ့ခိုင္မႈ ေနာက္ဆုံးသတင္းေတြကို ေစာင့္ဆိုင္းေနၿပီး အသင္းေခါင္းေဆာင္ေဟာင္း တိုင္႐ုန္း မင္းစ္ရဲ႕ ႀကံ့ခိုင္မႈအေပၚ အာ႐ုံစိုက္ေနတာျဖစ္ပါတယ္။

အဂၤလိပ္ေနာက္ခံလူဟာ ဝက္စ္ဟမ္းနဲ႔ပြဲကို နာမက်န္းျဖစ္မႈေၾကာင့္ လြဲေခ်ာ္ခဲ့ေပမယ့္ ယေန႔ညပြဲစဥ္မွာေတာ့ ျပန္လည္ ပါဝင္လာႏိုင္မယ္လို႔ ေမွ်ာ္လင့္ရပါတယ္။ မင္းစ္သာ ျပန္လည္ပါဝင္လာခဲ့မယ္ဆိုရင္ ခံစစ္မွာ ခြန္ဆာနဲ႔ တြဲဖက္ကစားရႏိုင္ၿပီး ေတာင္ပံ ၂ ဖက္မွာေတာ့ ကက္ရွ္နဲ႔ ဒီညီတို႔ ဆက္လက္ ပါဝင္လာမွာ ျဖစ္ပါတယ္။

ကြင္းလယ္ပိုင္းမွာေတာ့ စတီဗင္ ဂ်ရတ္အေနနဲ႔ ဝက္စ္ဟမ္းနဲ႔ပြဲမွာ ေျခစြမ္းျပႏိုင္ခဲ့တဲ့ ေဂ်ေကာ့ဘ္ ရမ္းေဆးကို ထည့္သြင္းသြားႏိုင္ၿပီး ကာမာရာနဲ႔ မက္ဂင္းတို႔လည္း ပြဲထြက္ကစားသမားေနရာမွာ ဆက္လက္ပါဝင္လာမွာ ျဖစ္ပါတယ္။ တိုက္စစ္ပိုင္းမွာလည္း ေနာက္ထပ္အေျပာင္းအလဲေတြ ျပဳလုပ္ဖြယ္ရွိၿပီး အိုလီ ဝက္ကင္စ္က အေထာင္တိုက္စစ္ေနရာမွာ ပြဲထြက္လာႏိုင္ၿပီး ေတာင္ပံတိုက္စစ္ေနရာမွာေတာ့ ေကာ္တင္ညိဳနဲ႔ လီယြန္ ေဘလီတို႔ ပြဲထြက္လာႏိုင္ပါတယ္။

အာဆင္နယ္ဟာ အိုးထရက္ဖို႔ဒ္ကို မသြားခင္ ယခုရာသီ ၅ ပြဲဆက္ႏိုင္ပြဲကို ရယူသြားဖို႔ ရည္မွန္းထားၿပီး အဓိက ကစားသမားအနည္းငယ္ ဒဏ္ရာရေနေပမယ့္လည္း လက္ရွိလူစာရင္းဟာ အာတီတာအတြက္ ေနာက္ထပ္ႏိုင္ပြဲ ရယူေပးႏိုင္မယ္လို႔ စိတ္ခ်ထားလို႔ရႏိုင္တဲ့ လူစာရင္းျဖစ္ပါတယ္။ အက္စတန္ ဗီလာကလည္း ရလဒ္ဆိုးေတြကို ေခ်ဖ်က္ႏိုင္ဖို႔ ႀကိဳးပမ္းေနတာျဖစ္ေပမယ့္လည္း ပရီးမီးယားလိဂ္အမွတ္ေပးဇယားကို ဦးေဆာင္ေနတဲ့ အာတီတာရဲ႕အသင္းဟာ စတီဗင္ ဂ်ရတ္ရဲ႕ အက္စတန္ ဗီလာအတြက္ေတာ့ ေတာ္ေတာ္ေလးကို ေကာင္းလြန္းေနတာေၾကာင့္ အမ္းမရိတ္စ္က အလံတိုင္ေတြ အသစ္လဲခ်ိန္တန္ၿပီလို႔သာ ယုံၾကည္မိပါတယ္။

ျဖစ္ႏိုင္ဖြယ္ ပြဲထြက္လူစာရင္း

အာဆင္နယ္- ရမ္းစ္ေဒးလ္၊ ဝႈိက္၊ ဆာလီဘာ၊ တီယာနီ၊ ဂါဘရီယယ္လ္၊ လိုကြန္ဂါ၊ ခ်ာကာ၊ ေအာ္ဒီဂြါဒ္၊ မာတီနယ္လီ၊ ဆာကာ၊ ေဂ်းဇုစ္။

အက္စတန္ ဗီလာ- မာတီနက္ဇ္၊ မင္းစ္၊ ခြန္ဆာ၊ ဒီညီ၊ ကက္ရွ္၊ ကာမာရာ၊ ရမ္းေဆး၊ မက္ဂင္း၊ ေကာ္တင္ညိဳ၊ ေဘလီ၊ ဝက္ကင္စ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.