Carabao & FA Match Report Premier League

ပရီးမီးယားလိဂ်အသင်းကြီးတွေ ပါဝင်လာခဲ့တဲ့ ကာရာဘောင်းတတိယအဆင့်ပွဲစဉ်များ

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ညက ကာရာဘောင်းဖလားလို့ စပွန်ဆာအရ အမည်တွင်နေတဲ့ လိဂ်ဖလား ဒုတိယအဆင့်ပွဲစဉ်တွေကို ကစားခဲ့ကြအပြီးမှာတော့ တတိယအဆင့်ကို တက်ရောက်လာခဲ့ကြတဲ့ အသင်းတွေနဲ့အတူ နိုဝင်ဘာ ၈ ရက်ကနေ ၁၀ ရက်ကြားမှာ ကစားကြမယ့် နောက်တစ်ဆင့်ပွဲစဉ်တွေကို ရေးဆွဲခဲ့ပြီး ဘယ်အသင်းတွေချင်း တွေ့ဆုံမလဲဆိုတာတော့ ပေါ်ထွက်လာခဲ့ကြပြီဖြစ်ပါတယ်။

တတိယအဆင့်မှာပဲ ပရီးမီးယားလိဂ် ထိပ်တန်းအသင်းကြီးချင်း တွေ့ဆုံမှုက အားလုံးရဲ့ စိတ်ဝင်စားမှုတွေကို ဆွဲယူနိုင်ခဲ့ပြီး ဒါကတော့ အစ်တီဟတ်ကွင်းမှာ ကစားရမယ့် မန်ချက်စတာစီးတီးနဲ့ ချဲလ်ဆီးတို့ရဲ့ ပွဲစဉ်ပဲဖြစ်နေခဲ့ချိန်မှာ ကျန်တဲ့ အသင်းကြီးတွေကြားမှာတော့ ဒီလောက်ကြီး ခက်ခက်ခဲခဲ တွေ့ဆုံမှု မပါခဲ့ကြဘူးလို့ပဲ ဆိုရမှာပါ။

နောက်ထပ် စိတ်ဝင်စားစရာပွဲစဉ်ကတော့ ပရီးမီးယားလိဂ်မှာ ထိပ်ဆုံးကို နိုင်ပွဲအပြည့်နဲ့ ရောက်နေခဲ့တဲ့ အာဆင်နယ်အသင်းရဲ့ အမ်းမရိတ်မှာ လက်ခံကစားရမယ့် ဘရိုက်တန်နဲ့ တွေ့ဆုံမှုပဲဖြစ်ပြီး ဂန်းနားတွေအနေနဲ့ သွက်လက်တက်ကြွနေတဲ့ ပင်လယ်စင်ရော်တွေကို ဧည့်ခံမှုမှာ သိပ်ပြီးတော့ မလွယ်ကူနိုင်တာကြောင့် ပရိသတ်တွေ ရင်ခုန်နိုင်ကြမှာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်တို့ကလည်း လက်ရှိအချိန်အထိ ဂဏန်းမငြိမ်သေးတာကြောင့် သူတို့အသင်းရဲ့ တွေ့ဆုံမှုဖြစ်တဲ့ အိုးလ်ထရက်ဖို့ဒ်က အက်စ်တန်ဗီလာနဲ့ ပွဲစဉ်ကို စိတ်ဝင်တစား စောင့်ကြည့်ရနိုင်သလို နယူးကာဆယ်လ်နဲ့ ခရစ္စတယ်လ်ပဲလေ့စ်၊ ဘုန်းမောက်နဲ့ အဲဗာတန်၊ ဝုလ်ဗာဟမ့်ပ်တန်နဲ့ လိဒ်စ်ယူနိုက်တက်၊ နော့တင်ဟမ်ဖောရက်စ်နဲ့ တော့တင်ဟမ်ဟော့စပါးစ်တို့လည်း ပရီးမီးယားလိဂ်အသင်းချင်း တွေ့ဆုံနေကြတာပါ။

အောက်တန်းအသင်းတွေနဲ့ တွေ့ဆုံပြီး ပွဲချောင်ခဲ့ကြသူတွေကတော့ လက်စတာနဲ့ နယူးပို့ကောင်တီ၊ ဝက်စ်ဟမ်းနဲ့ ဘလက်ဘန်း၊ လီဗာပူးလ်နဲ့ ဒါဘီ၊ ဆောက်သမ်တန်နဲ့ ရှက်ဖီးလ်ဒ် ဝမ့်စ်ဒေး၊ ဘရန့်ဖို့ဒ်နဲ့ ဂီလင်ဟမ်တို့ဖြစ်ကြပြီး သူတို့တွေကတော့ စတုတ္ထအဆင့်ကို အေးအေးဆေးဆေး တက်လှမ်းဖို့ ရေပန်းစားနေနိုင်ပါတယ်။

ကျန်တဲ့ အသင်းငယ်တွေချင်း တွေ့ဆုံမှုတွေကတော့ ဘန်လေနဲ့ ခရော်လီတောင်း၊ ဘရစ္စတိုလ်စီးတီးနဲ့ လင်ကွန်းစီးတီး၊ စတီဗန်နေ့ချ်နဲ့ ချာလ်တန်၊ MK ဒွန်းစ်နဲ့ မိုးကမ့်ဘ်တို့ဖြစ်ကြပြီး သူတို့တွေကတော့ နောက်တစ်ဆင့်ကို ပရီးမီးယားလိဂ်အသင်းကြီးတွေထဲက အနိုင်ရသူတွေနဲ့ တွေ့ရမယ့် အိမ်ဖြည့်အသင်းတွေအဖြစ် ဆက်လက်ပါဝင်လာနိုင်တာပါ။

ပွဲစဉ်ဇယားရေးဆွဲမှု အပြည့်အစုံကတော့…
လက်စတာ-နယူးပို့ကောင်တီ
ဝက်စ်ဟမ်း-ဘလက်ဘန်း
ဝုလ်ဗ်စ်-လိဒ်စ်
ဖောရက်စ်-စပါးစ်
မန်ယူနိုက်တက်-ဗီလာ
ဘုန်းမောက်-အဲဗာတန်
လီဗာပူးလ်-ဒါဘီ
ဘန်လေ-ခရော်လီ
ဘရစ္စတိုလ်စီးတီး-လင်ကွန်း
မန်စီးတီး-ချဲလ်ဆီး
စတီဗန်နေ့ချ်-ချာလ်တန်
MK ဒွန်းစ်-မိုးကမ့်ဘ်
နယူးကာဆယ်လ်-ပဲလေ့စ်
ဆောက်သမ်တန်-ရှက်ဖီးလ် ဝမ့်စ်ဒေး
အာဆင်နယ်-ဘရိုက်တန်
ဘရန့်ဖို့ဒ်-ဂီလင်ဟမ်တို့ ဖြစ်ကြပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ၿပီးခဲ့တဲ့ ဗုဒၶဟူးေန႔ညက ကာရာေဘာင္းဖလားလို႔ စပြန္ဆာအရ အမည္တြင္ေနတဲ့ လိဂ္ဖလား ဒုတိယအဆင့္ပြဲစဥ္ေတြကို ကစားခဲ့ၾကအၿပီးမွာေတာ့ တတိယအဆင့္ကို တက္ေရာက္လာခဲ့ၾကတဲ့ အသင္းေတြနဲ႔အတူ ႏိုဝင္ဘာ ၈ ရက္ကေန ၁၀ ရက္ၾကားမွာ ကစားၾကမယ့္ ေနာက္တစ္ဆင့္ပြဲစဥ္ေတြကို ေရးဆြဲခဲ့ၿပီး ဘယ္အသင္းေတြခ်င္း ေတြ႕ဆုံမလဲဆိုတာေတာ့ ေပၚထြက္လာခဲ့ၾကၿပီျဖစ္ပါတယ္။

တတိယအဆင့္မွာပဲ ပရီးမီးယားလိဂ္ ထိပ္တန္းအသင္းႀကီးခ်င္း ေတြ႕ဆုံမႈက အားလုံးရဲ႕ စိတ္ဝင္စားမႈေတြကို ဆြဲယူႏိုင္ခဲ့ၿပီး ဒါကေတာ့ အစ္တီဟတ္ကြင္းမွာ ကစားရမယ့္ မန္ခ်က္စတာစီးတီးနဲ႔ ခ်ဲလ္ဆီးတို႔ရဲ႕ ပြဲစဥ္ပဲျဖစ္ေနခဲ့ခ်ိန္မွာ က်န္တဲ့ အသင္းႀကီးေတြၾကားမွာေတာ့ ဒီေလာက္ႀကီး ခက္ခက္ခဲခဲ ေတြ႕ဆုံမႈ မပါခဲ့ၾကဘူးလို႔ပဲ ဆိုရမွာပါ။

ေနာက္ထပ္ စိတ္ဝင္စားစရာပြဲစဥ္ကေတာ့ ပရီးမီးယားလိဂ္မွာ ထိပ္ဆုံးကို ႏိုင္ပြဲအျပည့္နဲ႔ ေရာက္ေနခဲ့တဲ့ အာဆင္နယ္အသင္းရဲ႕ အမ္းမရိတ္မွာ လက္ခံကစားရမယ့္ ဘ႐ိုက္တန္နဲ႔ ေတြ႕ဆုံမႈပဲျဖစ္ၿပီး ဂန္းနားေတြအေနနဲ႔ သြက္လက္တက္ႂကြေနတဲ့ ပင္လယ္စင္ေရာ္ေတြကို ဧည့္ခံမႈမွာ သိပ္ၿပီးေတာ့ မလြယ္ကူႏိုင္တာေၾကာင့္ ပရိသတ္ေတြ ရင္ခုန္ႏိုင္ၾကမွာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္တို႔ကလည္း လက္ရွိအခ်ိန္အထိ ဂဏန္းမၿငိမ္ေသးတာေၾကာင့္ သူတို႔အသင္းရဲ႕ ေတြ႕ဆုံမႈျဖစ္တဲ့ အိုးလ္ထရက္ဖို႔ဒ္က အက္စ္တန္ဗီလာနဲ႔ ပြဲစဥ္ကို စိတ္ဝင္တစား ေစာင့္ၾကည့္ရႏိုင္သလို နယူးကာဆယ္လ္နဲ႔ ခရစၥတယ္လ္ပဲေလ့စ္၊ ဘုန္းေမာက္နဲ႔ အဲဗာတန္၊ ဝုလ္ဗာဟမ့္ပ္တန္နဲ႔ လိဒ္စ္ယူႏိုက္တက္၊ ေနာ့တင္ဟမ္ေဖာရက္စ္နဲ႔ ေတာ့တင္ဟမ္ေဟာ့စပါးစ္တို႔လည္း ပရီးမီးယားလိဂ္အသင္းခ်င္း ေတြ႕ဆုံေနၾကတာပါ။

ေအာက္တန္းအသင္းေတြနဲ႔ ေတြ႕ဆုံၿပီး ပြဲေခ်ာင္ခဲ့ၾကသူေတြကေတာ့ လက္စတာနဲ႔ နယူးပို႔ေကာင္တီ၊ ဝက္စ္ဟမ္းနဲ႔ ဘလက္ဘန္း၊ လီဗာပူးလ္နဲ႔ ဒါဘီ၊ ေဆာက္သမ္တန္နဲ႔ ရွက္ဖီးလ္ဒ္ ဝမ့္စ္ေဒး၊ ဘရန႔္ဖို႔ဒ္နဲ႔ ဂီလင္ဟမ္တို႔ျဖစ္ၾကၿပီး သူတို႔ေတြကေတာ့ စတုတၳအဆင့္ကို ေအးေအးေဆးေဆး တက္လွမ္းဖို႔ ေရပန္းစားေနႏိုင္ပါတယ္။

က်န္တဲ့ အသင္းငယ္ေတြခ်င္း ေတြ႕ဆုံမႈေတြကေတာ့ ဘန္ေလနဲ႔ ခေရာ္လီေတာင္း၊ ဘရစၥတိုလ္စီးတီးနဲ႔ လင္ကြန္းစီးတီး၊ စတီဗန္ေန႔ခ်္နဲ႔ ခ်ာလ္တန္၊ MK ဒြန္းစ္နဲ႔ မိုးကမ့္ဘ္တို႔ျဖစ္ၾကၿပီး သူတို႔ေတြကေတာ့ ေနာက္တစ္ဆင့္ကို ပရီးမီးယားလိဂ္အသင္းႀကီးေတြထဲက အႏိုင္ရသူေတြနဲ႔ ေတြ႕ရမယ့္ အိမ္ျဖည့္အသင္းေတြအျဖစ္ ဆက္လက္ပါဝင္လာႏိုင္တာပါ။

ပြဲစဥ္ဇယားေရးဆြဲမႈ အျပည့္အစုံကေတာ့…
လက္စတာ-နယူးပို႔ေကာင္တီ
ဝက္စ္ဟမ္း-ဘလက္ဘန္း
ဝုလ္ဗ္စ္-လိဒ္စ္
ေဖာရက္စ္-စပါးစ္
မန္ယူႏိုက္တက္-ဗီလာ
ဘုန္းေမာက္-အဲဗာတန္
လီဗာပူးလ္-ဒါဘီ
ဘန္ေလ-ခေရာ္လီ
ဘရစၥတိုလ္စီးတီး-လင္ကြန္း
မန္စီးတီး-ခ်ဲလ္ဆီး
စတီဗန္ေန႔ခ်္-ခ်ာလ္တန္
MK ဒြန္းစ္-မိုးကမ့္ဘ္
နယူးကာဆယ္လ္-ပဲေလ့စ္
ေဆာက္သမ္တန္-ရွက္ဖီးလ္ ဝမ့္စ္ေဒး
အာဆင္နယ္-ဘ႐ိုက္တန္
ဘရန႔္ဖို႔ဒ္-ဂီလင္ဟမ္တို႔ ျဖစ္ၾကပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.