Premier League

နောက်ဆုံးရ လီဗာပူးလ်သတင်းများ စုစည်းမှု-၂၄.၈.၂၀၂၀




လီဗာပူးလ်အသင်းရဲ့ ကစားသမားဟောင်း ဒန်နီယယ်လ် စတာရစ်ခ်ျကတော့ ဘောလုံးကစားသမားဘ၀က အနားယူပြီးသွားရင် လီဗာပူးလ်အသင်းရဲ့ တစ်နေရာရာမှာ ပါဝင်ချင်ကြောင်း ပြောဆိုသွားခဲ့ပါတယ်။


REF: INTERNET SOURCES
PHOTOS CREDIT TO OWNER
SPORTS A2Z.

လီဗာပူးလ်အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေခဲ့ပြီး ကစားသမားကလည်း အန်းဖီးလ်ဒ်ကို လာချင်တယ်လို့ ရိပ်ဖမ်းသံဖမ်းပြောထားတဲ့ ဘိုင်ယန်မြူးနစ် ကွင်းလယ်ကစားသမား သီယာဂို အယ်လ်ကန်တာရာအနေနဲ့ ချန်ပီယံလိဂ်မှာ ဗိုလ်စွဲနိုင်ခဲ့အပြီးမှာ စိတ်ပြောင်းသွားခဲ့တယ်လို့ နည်းပြ ဟန်ဆီ ဖလစ်ခ်က ထုတ်ဖော်လာခဲ့ပါတယ်။

လီဗာပူးလ်တိုက်စစ်မှူးဟောင်း ရစ်ကီ လမ်းဘတ်ကတော့ လီဗာပူးလ်အသင်းဟာ Nike နဲ့ ဆက်ဆံရေးကောင်းတွေရှိနေခြင်းကြောင်း လာမယ့်နှစ်တွေအတွင်း PSG ကြယ်ပွင့် အမ်ဘာပေကို ခေါ်ယူနိုင်ရေးအတွက် အားသာချက်တစ်ခုအဖြစ် မျှော်လင့်မိကြောင်း ပြောဆိုလိုက်ပါတယ်။

ဘာစီလိုနာအသင်းမှာ အနာဂတ်မရှိတော့တဲ့ ဥရုဂွေးတိုက်စစ်မှူး လူးဝစ် ဆွာရက်ဇ်ကို အန်ဖီးလ်မြေကို ပြန်လာချင်တဲ့ ပရိသတ်တွေရော၊ မလာစေချင်တဲ့ ပရိသတ်တွေရော ရောထွေးနေတယ်လို့ သိရပါတယ်။

လီဗာပူးလ်အသင်းရဲ့ ကစားသမားဟောင်း ဒန်နီယယ်လ် စတာရစ်ချ်ကတော့ ဘောလုံးကစားသမားဘဝက အနားယူပြီးသွားရင် လီဗာပူးလ်အသင်းရဲ့ တစ်နေရာရာမှာ ပါဝင်ချင်ကြောင်း ပြောဆိုသွားခဲ့ပါတယ်။

လီဗာပူးလ်အသင်းအနေနဲ့ ကော်တင်ညိုရဲ့ အောင်မြင်မှုကနေ ဘာစီလိုနာအသင်းထံမှ ငွေကြေးတွေ ထပ်မံရရှိလာဖို့ မရှိဘဲ ကော်တင်ညိုသာ လာမယ့်ရာသီမှာ ဘာစီလိုနာအသင်းမှာဆက်ရှိပြီး ပွဲထွက်ကစားခွင့်တွေရမှသာ ပေါင် ၄.၄သန်းလောက် ရနိုင်တယ်လို့ သိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNER
SPORTS A2Z.