Premier League

နောက်ဆုံးရ မန်ချက်စတာစီးတီး သတင်းများ စုစည်းမှု-၂၄.၈.၂၀၂၀






REF: INTERNET SOURCES
PHOTOS CREDIT TO OWNER
SPORTS A2Z.

မန်ချက်စတာစီးတီးအသင်းအနေနဲ့ သူတို့ရဲ့ ပိုလျှံအင်အားအဖြစ် သတ်မှတ်ထားတဲ့ အသက် ၂၆ နှစ်အရွယ် အင်္ဂလန်လက်ရွေးစင်နောက်ခံလူ ဂျွန်စတုန်းစ်ကို ချဲလ်ဆီးအသင်းက ခေါ်ယူနိုင်ဖို့ ပေါင်သန်း ၂၀ နဲ့ ကမ်းလှမ်းပေးပြီး လမ်းဖွင့်ပေးခဲ့တယ်လို့ ဆိုပါတယ်။

နာပိုလီအသင်းရဲ့ ဥက္ကဌဖြစ်သူ ဒီလော်ရန်တီးစ်ကတော့ ခါလီဒူး ကူလီဘေလီအတွက် သင့်တော်တဲ့ကမ်းလမ်းမှုမျိုး မရမချင်း ရောင်းထုတ်သွားမှာမဟုတ်ဘူးလို့ ပြောဆိုသွားခဲ့တဲ့အတွက် မန်ချက်စတာစီးတီးအသင်းနဲ့ ကူလီဘေလီကိုခေါ်ယူနိုင်ဖို့ဆိုရင် ပြောင်းရွှေ့ကြေး တိုးမြှင့်ကမ်းလှမ်းရတော့မှာပါ။

လွန်ခဲ့တဲ့ ၂၀၀၈ က ဒီနေ့လို နေ့မှာ မန်ချက်စတာစီးတီးအသင်းရဲ့အသင်းခေါင်းဆောင်ဟောင်း ဗင်းဆင့်ကွန်ပနီဟာ မန်ချက်စတာစီးတီးအသင်းအတွက် ပွဲဉီးထွက်ကစားခဲ့တယ်လို့ သိရပါတယ်။

မန်စီးတီးအသင်းရဲ့ ညာနောက်ခံလူ ဂျိုအာ ကန်ဆယ်လိုကို ဘာစီလိုနာအသင်းက ခေါ်ယူဖို့ မရှိဘူးလို့ ငြင်းဆန်လိုက်ပြီး တခြားနောက်ခံလူတစ်ဦးဖြစ်တဲ့ RB လိုက်ပ်ဇ်မှာ အငှားချထားတဲ့ အန်ဟဲလီညိုကိုတော့ စိတ်ဝင်စားနေတယ်လို့ ဆိုပါတယ်။

မန်ချက်စတာစီးတီးအသင်းမှာ Premier League Restart ကစလို့ ခြေစွမ်းပြနိုင်ခဲ့တဲ့ အသက် ၂၀ အရွယ် လူငယ်တောင်ပံကစားသမား ဖီးလ်ဖိုဒန်ဟာ အင်္ဂလက်လက်ရွေးစင်အသင်းကြီးအတွက် ပထမဆုံးအကြိမ် ရွေးချယ်ခံရဖို့ရှိတယ်လို့ သိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNER
SPORTS A2Z.