Ligue1 Premier League Transfer News

သီယာဂို ေဆးလ္ဗားကို တစ္ႏွစ္စာခ်ဳပ္နဲ႔ ေဆြးေႏြးေနတဲ့ ခ်ဲလ္ဆီး

အဂၤလန္ပရီးမီးယားလိဂ္ကလပ္ ခ်ဲလ္ဆီးအသင္းအေနနဲ႔ ခ်န္ပီယံလိဂ္ဖိုင္နယ္ကေန ထြက္ခြာခဲ့ရတဲ့ ပီအက္စ္ဂ်ီအသင္းနဲ႔ စာခ်ဳပ္ကုန္ဆုံးမယ့္ အသင္းေခါင္းေဆာင္ သီယာဂို ေဆးလ္ဗားကို တစ္ႏွစ္စာခ်ဳပ္နဲ႔ ေခၚယူသြားႏုိင္ဖုိ႔ တျခားအသင္းေတြထက္ လက္ဦးမွဳရယူၿပီး ေဆြးေႏြးသြားဖို႔ ရွိေနပါတယ္။

ဘရာဇီးလ္ခံစစ္မွဴးဟာ မိနစ္ကိုးဆယ္ မေမာမပန္းကစားႏုိင္တဲ့ ပုံစံမွာ ရွိေနဆဲျဖစ္ၿပီး အေကာင္းဆုံးအခ်ိန္ေတြက ေျခစြမ္းနဲ႔ မ်ားမ်ားစားစား ကြာျခားျခင္း မရွိေသးသလို ဘုိင္ယန္နဲ႔ပြဲမွာ ရွင္းထုတ္မွဳ ေတာ္ေတာ္မ်ားမ်ားလုပ္ႏုိင္ခဲ့လို႔ အသင္းက တစ္ဂိုးတည္းသာ ေပးခဲ့ရတာျဖစ္ၿပီး အသက္ ၃၅ ႏွစ္အရြယ္နဲ႔ မလုိက္ေအာင္ ေျခစြမ္းျပဆဲျဖစ္ပါတယ္။

ခ်ဲလ္ဆီးအသင္းအေနနဲ႔ သီယာဂို ေဆးလ္ဗားကို တစ္ပတ္အတြင္းမွာ ေခၚယူႏုိင္ဖို႔ ပစ္မွတ္ထားလုပ္ေဆာင္ေနၿပီး သူ႕ရဲ႕ အေတြ႕အႀကဳံေကာင္းေတြက အသင္းရဲ႕ လိုအပ္ခ်က္ရွိၿပီး ပြဲေၾကာင္တတ္တဲ့ ဗဟိုခံစစ္မွဴးေတြကို ထိန္းေက်ာင္းသင္ၾကားေပးႏုိင္ဖို႔ ရည္ရြယ္သလို သူနဲ႔ တြဲဖက္အျဖစ္ သုံးဖို႔ ဗဟိုခံစစ္မွဴး ေနာက္ထပ္တစ္ဦးကိုလည္း ေခၚယူသြားဖို႔ ရွိေနပါတယ္။

ပီအက္စ္ဂ်ီအသင္းမွာ တစ္ပတ္လုပ္ခ ေပါင္သုံးသိန္းေက်ာ္ရရွိေနခဲ့တဲ့ ေဆးလ္ဗားကို ေခၚယူဖို႔ စီးရီးေအကလပ္ ဖီအုိရင္တီးနားက ေပါင္ ၇၀၀၀၀ နဲ႔ ကမ္းလွမ္းခဲ့တာကို သေဘာတူညီၿပီဆိုတဲ့ ဟာသဆန္ဆန္သတင္းေၾကာင့္ တခ်ဳိ႕ခ်ဲလ္ဆီးပရိသတ္ေတြ စိတ္ပ်က္ခဲ့ရေပမယ့္ ဒါက ဘယ္လိုမွ မျဖစ္ႏုိင္ေသးဘဲ သူ႕လို ကစားသမားတစ္ေယာက္ရဲ႕ အဆင့္အတန္းနဲ႔ ထိုက္တန္တဲ့ အသင္းကိုပဲ ေရြးခ်ယ္သြားဖို႔ပဲ ျဖစ္ႏုိင္ပါတယ္။

ဘရာဇီးလ္အသင္းေခါင္းေဆာင္ေဟာင္းအေနနဲ႔ အသင္းသားတစ္ဦးအျဖစ္ ပါဝင္ဆဲျဖစ္တဲ့ လက္ေရြးစင္အသင္းမွာ ဆက္လက္ေရြးခ်ယ္ခံႏုိင္ဖို႔ ႀကဳိးစားသြားမွာျဖစ္ၿပီး ပီအက္စ္ဂ်ီအသင္းကိုေတာ့ ႏွဳတ္ဆက္စကားေျပာၾကားတယ္လို႔ သိရသလို ခ်ဲလ္ဆီးနည္းျပ ဖရန္႔ လမ္းပတ္ကေတာ့ အသည္းအသန္ အလိုရွိေနေၾကာင္းလည္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: အင်္ဂလန်ပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီးအသင်းအနေနဲ့ ချန်ပီယံလိဂ်ဖိုင်နယ်ကနေ ထွက်ခွာခဲ့ရတဲ့ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်ကုန်ဆုံးမယ့် အသင်းခေါင်းဆောင် သီယာဂို ဆေးလ်ဗားကို တစ်နှစ်စာချုပ်နဲ့ ခေါ်ယူသွားနိုင်ဖို့ တခြားအသင်းတွေထက် လက်ဦးမှုရယူပြီး ဆွေးနွေးသွားဖို့ ရှိနေပါတယ်။

ဘရာဇီးလ်ခံစစ်မှူးဟာ မိနစ်ကိုးဆယ် မမောမပန်းကစားနိုင်တဲ့ ပုံစံမှာ ရှိနေဆဲဖြစ်ပြီး အကောင်းဆုံးအချိန်တွေက ခြေစွမ်းနဲ့ များများစားစား ကွာခြားခြင်း မရှိသေးသလို ဘိုင်ယန်နဲ့ပွဲမှာ ရှင်းထုတ်မှု တော်တော်များများလုပ်နိုင်ခဲ့လို့ အသင်းက တစ်ဂိုးတည်းသာ ပေးခဲ့ရတာဖြစ်ပြီး အသက် ၃၅ နှစ်အရွယ်နဲ့ မလိုက်အောင် ခြေစွမ်းပြဆဲဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းအနေနဲ့ သီယာဂို ဆေးလ်ဗားကို တစ်ပတ်အတွင်းမှာ ခေါ်ယူနိုင်ဖို့ ပစ်မှတ်ထားလုပ်ဆောင်နေပြီး သူ့ရဲ့ အတွေ့အကြုံကောင်းတွေက အသင်းရဲ့ လိုအပ်ချက်ရှိပြီး ပွဲကြောင်တတ်တဲ့ ဗဟိုခံစစ်မှူးတွေကို ထိန်းကျောင်းသင်ကြားပေးနိုင်ဖို့ ရည်ရွယ်သလို သူနဲ့ တွဲဖက်အဖြစ် သုံးဖို့ ဗဟိုခံစစ်မှူး နောက်ထပ်တစ်ဦးကိုလည်း ခေါ်ယူသွားဖို့ ရှိနေပါတယ်။

ပီအက်စ်ဂျီအသင်းမှာ တစ်ပတ်လုပ်ခ ပေါင်သုံးသိန်းကျော်ရရှိနေခဲ့တဲ့ ဆေးလ်ဗားကို ခေါ်ယူဖို့ စီးရီးအေကလပ် ဖီအိုရင်တီးနားက ပေါင် ၇၀၀၀၀ နဲ့ ကမ်းလှမ်းခဲ့တာကို သဘောတူညီပြီဆိုတဲ့ ဟာသဆန်ဆန်သတင်းကြောင့် တချို့ချဲလ်ဆီးပရိသတ်တွေ စိတ်ပျက်ခဲ့ရပေမယ့် ဒါက ဘယ်လိုမှ မဖြစ်နိုင်သေးဘဲ သူ့လို ကစားသမားတစ်ယောက်ရဲ့ အဆင့်အတန်းနဲ့ ထိုက်တန်တဲ့ အသင်းကိုပဲ ရွေးချယ်သွားဖို့ပဲ ဖြစ်နိုင်ပါတယ်။

ဘရာဇီးလ်အသင်းခေါင်းဆောင်ဟောင်းအနေနဲ့ အသင်းသားတစ်ဦးအဖြစ် ပါဝင်ဆဲဖြစ်တဲ့ လက်ရွေးစင်အသင်းမှာ ဆက်လက်ရွေးချယ်ခံနိုင်ဖို့ ကြိုးစားသွားမှာဖြစ်ပြီး ပီအက်စ်ဂျီအသင်းကိုတော့ နှုတ်ဆက်စကားပြောကြားတယ်လို့ သိရသလို ချဲလ်ဆီးနည်းပြ ဖရန့် လမ်းပတ်ကတော့ အသည်းအသန် အလိုရှိနေကြောင်းလည်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.