Premier League

ဆာကာရဲ့ နာကျင်မှုတွေကို ငွေသားအနည်းငယ်၊စာတစ်စောင်နဲ့အတူ ကုစားပေးခဲ့တဲ့ ပရိသတ်ကလေးငယ်

အာဆင်နယ်ကြယ်ပွင့် ဘူကာယို ဆာကာဟာ အသည်းကွဲခဲ့တဲ့ ယူရို ၂၀၂၀ ပင်နယ်တီအဆုံးအဖြတ်အပြီးမှာ ၎င်းဆီကို စုဆောင်းထားတဲ့ မုန့်ဖိုးလေးတွေ ပေးပို့ခဲ့တဲ့ ပရိသတ်ကလေးငယ်တစ်ဦးကြောင့် အံ့အားသင့်ခဲ့ရပါတယ်။

တက်ဒီလို့ အမည်ရတဲ့ ကလေးငယ်ဟာ Amazon Prime ရဲ့ ‘All or Nothing: Arsenal’ မှတ်တမ်းရုပ်ရှင်စီးရီးမှာ ပါဝင်ခဲ့တာဖြစ်ပြီး ဆာကာက ပရိသတ်ကလေးငယ်ကို ရုတ်တရက် အံ့အားသင့်စေခဲ့တာဖြစ်ပါတယ်။ ဒီဇာတ်လမ်းရဲ့ အစဟာ ဝင်ဘလေမှာ အီတလီနဲ့ အင်္ဂလန်တို့ ကစားခဲ့တဲ့ ယူရို ၂၀၂၀ ဗိုလ်လုပွဲအတွင်းမှာ အရေးကြီးတဲ့ ပင်နယ်တီကို ဆာကာ လွဲချော်ခဲ့တဲ့အချိန်မှာ စတင်ခဲ့တာဖြစ်ပြီး အီတလီအသင်းက ယူရို ချန်ပီယံဖြစ်သွားခဲ့တာဖြစ်ပါတယ်။

ပွဲအပြီးမှာ ဆာကာနဲ့အတူ အင်္ဂလန်ကစားသမားအများအပြားဟာ လူမှုကွန်ရက်ပေါ်မှာ လူမျိုးရေးခွဲခြား တိုက်ခိုက်မှုတွေကို ခံခဲ့ရတာဖြစ်ပြီး မှတ်တမ်းရုပ်ရှင်စီးရီး နောက်ဆုံးအပိုင်းမှာ ဆာကာဟာ ယူရိုဗိုလ်လုပွဲအပြီး ပရိသတ်တွေဆီကနေ ရရှိခဲ့တဲ့ အားပေးထောက်ခံမှုအကြောင်း ပြောကြားနေခဲ့တာကို ရိုက်ကူးထားခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်ကွင်းလယ်ကြယ်ပွင့်က ပရိသတ်တွေဆီကနေ ရရှိခဲ့တဲ့ အားပေးမှုတွေထဲကမှ ထူးခြားတဲ့ စာတစ်စောင်အကြောင်းကို ပြောပြခဲ့တာ ဖြစ်ပါတယ်။

“ယူရိုဗိုလ်လုပွဲအပြီးမှာ ကလေးတစ်ယောက် ကျွန်တော့်ဆီကို သူ့ရဲ့ မုန့်ဖိုးလေးတွေနဲ့အတူ စာတစ်စောင်ကို ပေးပို့ခဲ့ပါတယ်။ သူက ကျွန်တော့်အတွက်နဲ့ ဖြစ်ခဲ့တာတွေအတွက် ဘယ်လောက် ဝမ်းနည်းမိလဲဆိုတာကို ပြောထားပြီး ကျွန်တော်နဲ့ ပန်းခြံထဲမှာ ဘောလုံးအတူတူ ကန်ချင်တဲ့အကြောင်း၊ ရေခဲမုန့်အတူတူစားချင်တဲ့အကြောင်းတွေ ပြောထားပါတယ်။ ကျွန်တော် ဒီလိုမျိုး တစ်ခါမှ မမျှော်လင့်မိခဲ့ဖူးပါဘူး။ အထူးသဖြင့် ဒီလို ငယ်ရွယ်တဲ့ကလေးတစ်ယောက်က သူ့ရဲ့ မုန့်ဖိုးလေးကို ကျွန်တော့်အတွက် ပေးခဲ့တာပါ”

“အဲဒါက အများကြီး အဓိပ္ပာယ်ရှိပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်လည်း ကလေးဘဝတုန်းက ပိုက်ဆံက အရာအားလုံးပဲဆိုတာကို သိခဲ့လို့ပါ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ ပြီးတဲ့နောက် ဆာကာနဲ့ တက်ဒီတို့ အမ်းမရိတ်စ်ကွင်းထဲမှာ အတူတူရှိနေတာကို ရိုက်ကူးပြသခဲ့ပြီး တက်ဒီက အာဆင်နယ်ရဲ့ ကျော်ကြားတဲ့ကွင်းထဲကို အလည်အပတ်ရောက်နေခဲ့ချိန်မှာ ဆာကာက ရုတ်တရက် အံ့အားသင့်စေခဲ့တာ ဖြစ်ပါတယ်။

တက်ဒီက အာဆင်နယ်ကစားသမားတွေရဲ့ ရှပ်ချိတ်ထားတဲ့ အရှေ့မှာ ဓာတ်ပုံအရိုက်ခံနေတုန်း ဆာကာက ဘွားခနဲ ရောက်လာပြီး လက်ထဲမှာ ကိုင်ထားတဲ့ ရေခဲမုန့် ၂ ခုနဲ့အတူ ပရိသတ်ကလေးငယ်နား ချဉ်းကပ်ခဲ့ပြီး စတော်ဘယ်ရီစားမလား၊ ချောကလက်စားမလားဆိုပြီး ရွေးချယ်စရာ ပေးခဲ့တာဖြစ်ပါတယ်။

ပြီးတဲ့နောက် ဆာကာဟာ အမ်းမရိတ်စ်ကွင်းထဲမှာ တက်ဒီကို ဘောလုံးကန်ခွင့်ပေးခဲ့ပြီး ပရိသတ် ကလေးငယ်က ဂိုးပေါက်မှာ စောင့်နေတဲ့ ဆာကာကို ပင်နယ်တီ ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။

ဒီစီးရီးရဲ့ ထုတ်ဝေသူက တက်ဒီကို ဘာကြောင့် ဆာကာဆီကို မုန့်ဖိုးနဲ့အတူ စာပေးပို့ဖို့ ဆုံးဖြတ်ခဲ့တာလဲလို့ မေးမြန်းခဲ့တဲ့အချိန်မှာ ‘ဘာလို့လဲဆိုတော့ လူတွေက ဆာကာကို လူမျိုးရေးခွဲခြားပြီး အနိုင်ကျင့် စော်ကားခဲ့ကြလို့ပါ”လို့ ပရိသတ်ကလေးငယ်က အဖြေပြန်ပေးခဲ့ပါတယ်။ ဆာကာဟာ ကွင်းအတွင်းမှာ ရှိနေချိန်အတွင်း တက်ဒီရဲ့ ဘောလုံးစွမ်းရည်ကို ချီးကျူး ပြောဆိုခဲ့ပြီး ၎င်းရဲ့အသင်းဖော်ဖြစ်တဲ့ ဘန် ဝှိုက်နဲ့တောင် နှိုင်းယှဉ်ခဲ့တာ ဖြစ်ပါတယ်။

ဆာကာက တစ်နေ့မှာ အာဆင်နယ်အတွက် ကွင်းထဲမှာ တက်ဒီနဲ့အတူ ကစားနိုင်လိမ့်မယ်လို့လည်း ပြောကြားခဲ့ပြီး ဒီမှတ်တမ်းရုပ်ရှင် အပိုင်းကို ကြည့်ရှုခဲ့သူအားလုံးရဲ့ ရင်ထဲမှာ လူမျိုးရေးခွဲခြားမှု အမုန်းတရားတွေမရှိဘဲ ချစ်ခြင်းမေတ္တာတရားကိုသာ အလေးထားတဲ့ တက်ဒီလိုမျိုး လူပီသသူတွေ များများရှိရင် လောကကြီးက သာယာလှပပြီး နေချင့်စဖွယ်ဖြစ်လာမယ်လို့ မြင်ယောင်မိကြမှာ အသေအချာပဲ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
UNITED A2Z.

ZAWGYI: အာဆင္နယ္ၾကယ္ပြင့္ ဘူကာယို ဆာကာဟာ အသည္းကြဲခဲ့တဲ့ ယူ႐ို ၂၀၂၀ ပင္နယ္တီအဆုံးအျဖတ္အၿပီးမွာ ၎ဆီကို စုေဆာင္းထားတဲ့ မုန႔္ဖိုးေလးေတြ ေပးပို႔ခဲ့တဲ့ ပရိသတ္ကေလးငယ္တစ္ဦးေၾကာင့္ အံ့အားသင့္ခဲ့ရပါတယ္။

တက္ဒီလို႔ အမည္ရတဲ့ ကေလးငယ္ဟာ Amazon Prime ရဲ႕ ‘All or Nothing: Arsenal’ မွတ္တမ္း႐ုပ္ရွင္စီးရီးမွာ ပါဝင္ခဲ့တာျဖစ္ၿပီး ဆာကာက ပရိသတ္ကေလးငယ္ကို ႐ုတ္တရက္ အံ့အားသင့္ေစခဲ့တာျဖစ္ပါတယ္။ ဒီဇာတ္လမ္းရဲ႕ အစဟာ ဝင္ဘေလမွာ အီတလီနဲ႔ အဂၤလန္တို႔ ကစားခဲ့တဲ့ ယူ႐ို ၂၀၂၀ ဗိုလ္လုပြဲအတြင္းမွာ အေရးႀကီးတဲ့ ပင္နယ္တီကို ဆာကာ လြဲေခ်ာ္ခဲ့တဲ့အခ်ိန္မွာ စတင္ခဲ့တာျဖစ္ၿပီး အီတလီအသင္းက ယူ႐ို ခ်န္ပီယံျဖစ္သြားခဲ့တာျဖစ္ပါတယ္။

ပြဲအၿပီးမွာ ဆာကာနဲ႔အတူ အဂၤလန္ကစားသမားအမ်ားအျပားဟာ လူမႈကြန္ရက္ေပၚမွာ လူမ်ိဳးေရးခြဲျခား တိုက္ခိုက္မႈေတြကို ခံခဲ့ရတာျဖစ္ၿပီး မွတ္တမ္း႐ုပ္ရွင္စီးရီး ေနာက္ဆုံးအပိုင္းမွာ ဆာကာဟာ ယူ႐ိုဗိုလ္လုပြဲအၿပီး ပရိသတ္ေတြဆီကေန ရရွိခဲ့တဲ့ အားေပးေထာက္ခံမႈအေၾကာင္း ေျပာၾကားေနခဲ့တာကို ႐ိုက္ကူးထားခဲ့တာျဖစ္ပါတယ္။ အာဆင္နယ္ကြင္းလယ္ၾကယ္ပြင့္က ပရိသတ္ေတြဆီကေန ရရွိခဲ့တဲ့ အားေပးမႈေတြထဲကမွ ထူးျခားတဲ့ စာတစ္ေစာင္အေၾကာင္းကို ေျပာျပခဲ့တာ ျဖစ္ပါတယ္။

“ယူ႐ိုဗိုလ္လုပြဲအၿပီးမွာ ကေလးတစ္ေယာက္ ကြၽန္ေတာ့္ဆီကို သူ႔ရဲ႕ မုန႔္ဖိုးေလးေတြနဲ႔အတူ စာတစ္ေစာင္ကို ေပးပို႔ခဲ့ပါတယ္။ သူက ကြၽန္ေတာ့္အတြက္နဲ႔ ျဖစ္ခဲ့တာေတြအတြက္ ဘယ္ေလာက္ ဝမ္းနည္းမိလဲဆိုတာကို ေျပာထားၿပီး ကြၽန္ေတာ္နဲ႔ ပန္းၿခံထဲမွာ ေဘာလုံးအတူတူ ကန္ခ်င္တဲ့အေၾကာင္း၊ ေရခဲမုန႔္အတူတူစားခ်င္တဲ့အေၾကာင္းေတြ ေျပာထားပါတယ္။ ကြၽန္ေတာ္ ဒီလိုမ်ိဳး တစ္ခါမွ မေမွ်ာ္လင့္မိခဲ့ဖူးပါဘူး။ အထူးသျဖင့္ ဒီလို ငယ္႐ြယ္တဲ့ကေလးတစ္ေယာက္က သူ႔ရဲ႕ မုန႔္ဖိုးေလးကို ကြၽန္ေတာ့္အတြက္ ေပးခဲ့တာပါ”

“အဲဒါက အမ်ားႀကီး အဓိပၸာယ္ရွိပါတယ္။ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္လည္း ကေလးဘဝတုန္းက ပိုက္ဆံက အရာအားလုံးပဲဆိုတာကို သိခဲ့လို႔ပါ”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။ ၿပီးတဲ့ေနာက္ ဆာကာနဲ႔ တက္ဒီတို႔ အမ္းမရိတ္စ္ကြင္းထဲမွာ အတူတူရွိေနတာကို ႐ိုက္ကူးျပသခဲ့ၿပီး တက္ဒီက အာဆင္နယ္ရဲ႕ ေက်ာ္ၾကားတဲ့ကြင္းထဲကို အလည္အပတ္ေရာက္ေနခဲ့ခ်ိန္မွာ ဆာကာက ႐ုတ္တရက္ အံ့အားသင့္ေစခဲ့တာ ျဖစ္ပါတယ္။

တက္ဒီက အာဆင္နယ္ကစားသမားေတြရဲ႕ ရွပ္ခ်ိတ္ထားတဲ့ အေရွ႕မွာ ဓာတ္ပုံအ႐ိုက္ခံေနတုန္း ဆာကာက ဘြားခနဲ ေရာက္လာၿပီး လက္ထဲမွာ ကိုင္ထားတဲ့ ေရခဲမုန႔္ ၂ ခုနဲ႔အတူ ပရိသတ္ကေလးငယ္နား ခ်ဥ္းကပ္ခဲ့ၿပီး စေတာ္ဘယ္ရီစားမလား၊ ေခ်ာကလက္စားမလားဆိုၿပီး ေ႐ြးခ်ယ္စရာ ေပးခဲ့တာျဖစ္ပါတယ္။

ၿပီးတဲ့ေနာက္ ဆာကာဟာ အမ္းမရိတ္စ္ကြင္းထဲမွာ တက္ဒီကို ေဘာလုံးကန္ခြင့္ေပးခဲ့ၿပီး ပရိသတ္ ကေလးငယ္က ဂိုးေပါက္မွာ ေစာင့္ေနတဲ့ ဆာကာကို ပင္နယ္တီ ကန္သြင္းယူခဲ့တာျဖစ္ပါတယ္။

ဒီစီးရီးရဲ႕ ထုတ္ေဝသူက တက္ဒီကို ဘာေၾကာင့္ ဆာကာဆီကို မုန႔္ဖိုးနဲ႔အတူ စာေပးပို႔ဖို႔ ဆုံးျဖတ္ခဲ့တာလဲလို႔ ေမးျမန္းခဲ့တဲ့အခ်ိန္မွာ ‘ဘာလို႔လဲဆိုေတာ့ လူေတြက ဆာကာကို လူမ်ိဳးေရးခြဲျခားၿပီး အႏိုင္က်င့္ ေစာ္ကားခဲ့ၾကလို႔ပါ”လို႔ ပရိသတ္ကေလးငယ္က အေျဖျပန္ေပးခဲ့ပါတယ္။ ဆာကာဟာ ကြင္းအတြင္းမွာ ရွိေနခ်ိန္အတြင္း တက္ဒီရဲ႕ ေဘာလုံးစြမ္းရည္ကို ခ်ီးက်ဴး ေျပာဆိုခဲ့ၿပီး ၎ရဲ႕အသင္းေဖာ္ျဖစ္တဲ့ ဘန္ ဝႈိက္နဲ႔ေတာင္ ႏႈိင္းယွဥ္ခဲ့တာ ျဖစ္ပါတယ္။

ဆာကာက တစ္ေန႔မွာ အာဆင္နယ္အတြက္ ကြင္းထဲမွာ တက္ဒီနဲ႔အတူ ကစားႏိုင္လိမ့္မယ္လို႔လည္း ေျပာၾကားခဲ့ၿပီး ဒီမွတ္တမ္း႐ုပ္ရွင္ အပိုင္းကို ၾကည့္ရႈခဲ့သူအားလုံးရဲ႕ ရင္ထဲမွာ လူမ်ိဳးေရးခြဲျခားမႈ အမုန္းတရားေတြမရွိဘဲ ခ်စ္ျခင္းေမတၱာတရားကိုသာ အေလးထားတဲ့ တက္ဒီလိုမ်ိဳး လူပီသသူေတြ မ်ားမ်ားရွိရင္ ေလာကႀကီးက သာယာလွပၿပီး ေနခ်င့္စဖြယ္ျဖစ္လာမယ္လို႔ ျမင္ေယာင္မိၾကမွာ အေသအခ်ာပဲ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
UNITED A2Z.