La Liga Premier League Transfer News

ကက်စမီရိုရဲ့အပြောင်းအရွှေ့ကို အတည်ပြုရင်း မန်ယူနိုက်တက်ကို တိုက်ခိုက်ခဲ့တဲ့ အန်ဆယ်လော့တီ

ရီးရဲလ်မက်ဒရစ်နည်းပြ အန်ဆယ်လော့တီဟာ ကွင်းလယ်ကြယ်ပွင့်အသင်းကနေ ထွက်ခွာမယ့်အကြောင်းကို အတည်ပြုခဲ့ချိန်မှာ မန်ချက်စတာယူနိုက်တက်ကို ရုန်းကန်နေရတဲ့အသင်းလို့ ရည်ရွယ်ပြီး ထိုးနှက်ခဲ့ပုံပေါ်ပါတယ်။

ဘရာဇီးလ်ကွင်းလယ်ကစားသမားဟာ မန်ချက်စတာယူနိုက်တက်နဲ့ တစ်နှစ်သက်တမ်းတိုးခွင့်ပါဝင်တဲ့ ၄ နှစ်စာချုပ် ချုပ်ဆိုဖို့ သဘောတူညီခဲ့ပြီးနောက် ပေါင်သန်း ၆၀ နဲ့ ပြောင်းရွှေ့ဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။

အန်ဆယ်လော့တီဟာ သောကြာနေ့ သတင်းစာရှင်းလင်းပွဲမှာ ကက်စမီရိုရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး မေးမြန်းခြင်းခံခဲ့ရတာဖြစ်ပြီး ရီးရဲလ်မက်ဒရစ်နည်းပြက အသက် ၃၀ အရွယ် ကွင်းလယ်ကြယ်ပွင့်ဟာ အသင်းဖော်တွေကို နှုတ်ဆက်ပြီးပြီလို့ ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။

ပြီးတဲ့နောက်မှာ အန်ဆယ်လော့တီက ကက်စမီရိုအနေနဲ့ ဘာကြောင့် လာလီဂါနဲ့ ဥရောပချန်ပီယံအသင်းကို ရုန်းကန်နေရတဲ့အသင်းအတွက် စွန့်ခွာချင်လဲဆိုတာ တစ်ဦးတည်းအမြင်အရ နားမလည်နိုင်ဘူးလို့ ဝန်ခံ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

“ကက်စမီရိုက စိန်ခေါ်မှုအသစ်တွေကို စမ်းသပ်ကြည့်ချင်နေပြီး ကျွန်တော်နဲ့ အသင်းက အဲဒါကို နားလည်ပါတယ်။ သူ ဒီအသင်းအတွက် လုပ်ပေးခဲ့တယ်။ ကျွန်တော်တို့ သူ့ရဲ့ ဆုံးဖြတ်ချက်ကို လေးစားဖို့ လိုပါတယ်။ ကက်စမီရို ထွက်ခွာတော့မှာဖြစ်ပေမယ့် ကျွန်တော်တို့မှာ သူ့နေရာကို အစားထိုးဖို့ အရင်းအမြစ်တွေအများကြီးရှိပါတယ်”

“နောက်ကြောင်း ပြန်လှည့်စရာမရှိပါဘူး။ ကက်စမီရိုက စိန်ခေါ်မှုအသစ်တွေကို စမ်းသပ်ဖို့ ဆုံးဖြတ်ခဲ့တယ်။ ကျွန်တော်တို့ သူ့ကို အကောင်းဆုံးဖြစ်ပါစေလို့ ဆုတောင်းပေးချင်ပါတယ်။ မနေ့ကမှ ကျွန်တော် သူ ထွက်တော့မယ်ဆိုတာ သိခဲ့ရပေမယ့် ကျွန်တော်တို့ အစီအစဉ်က မပြောင်းလဲပါဘူး။ ကျွန်တော်တို့ ကက်စမီရို ရှိရှိ၊ မရှိရှိ အရာအားလုံးအတွက် ယှဉ်ပြိုင်သွားမှာပါ။ ကက်စမီရိုက ကျွန်တော်တို့အတွက် အဓိကကစားသမားဖြစ်ခဲ့တယ်လို့ ထင်ပါတယ်။ သူက ခရူးစ်နဲ့ မိုဒရစ်တို့အတွက် အရေးပါခဲ့ပြီး စုဖွဲ့မှုက အောင်မြင်မှုဆီကို သွားတဲ့အဓိကသော့ချက်ဖြစ်ခဲ့ပါတယ်”

“ကက်စမီရိုရဲ့ အသင်းဖော်တွေကလည်း သူ့ဆုံးဖြတ်ချက်ကို နားလည်ပါတယ်။ သူတို့တွေ အဲဒါကို လေးစားပါတယ်။ စိန်ခေါ်မှုအသစ်တွေ စမ်းသပ်ချင်တာက သူ့ဆန္ဒဖြစ်ပြီး ကျွန်တော်တို့ အဲဒါကို လက်ခံရမှာပါ။ ဘာကြောင့် ရုန်းကန်နေရတဲ့အသင်းအတွက် ဥရောပချန်ပီယံအသင်းကို ကက်စမီရို အလဲအလှယ်လုပ်ရတာလဲဆိုတာကို ကျွန်တော် အကြောင်းမပြန်နိုင်ပါဘူး။ အဲဒါက သူ့ရဲ့ တစ်ဦးတည်း ဆုံးဖြတ်ချက်ပါ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
UNITED A2Z.

ZAWGYI: ရီးရဲလ္မက္ဒရစ္နည္းျပ အန္ဆယ္ေလာ့တီဟာ ကြင္းလယ္ၾကယ္ပြင့္အသင္းကေန ထြက္ခြာမယ့္အေၾကာင္းကို အတည္ျပဳခဲ့ခ်ိန္မွာ မန္ခ်က္စတာယူႏိုက္တက္ကို ႐ုန္းကန္ေနရတဲ့အသင္းလို႔ ရည္႐ြယ္ၿပီး ထိုးႏွက္ခဲ့ပုံေပၚပါတယ္။

ဘရာဇီးလ္ကြင္းလယ္ကစားသမားဟာ မန္ခ်က္စတာယူႏိုက္တက္နဲ႔ တစ္ႏွစ္သက္တမ္းတိုးခြင့္ပါဝင္တဲ့ ၄ ႏွစ္စာခ်ဳပ္ ခ်ဳပ္ဆိုဖို႔ သေဘာတူညီခဲ့ၿပီးေနာက္ ေပါင္သန္း ၆၀ နဲ႔ ေျပာင္းေ႐ႊ႕ဖို႔ ျပင္ဆင္ေနတာျဖစ္ပါတယ္။

အန္ဆယ္ေလာ့တီဟာ ေသာၾကာေန႔ သတင္းစာရွင္းလင္းပြဲမွာ ကက္စမီ႐ိုရဲ႕ အနာဂတ္နဲ႔ပတ္သက္ၿပီး ေမးျမန္းျခင္းခံခဲ့ရတာျဖစ္ၿပီး ရီးရဲလ္မက္ဒရစ္နည္းျပက အသက္ ၃၀ အ႐ြယ္ ကြင္းလယ္ၾကယ္ပြင့္ဟာ အသင္းေဖာ္ေတြကို ႏႈတ္ဆက္ၿပီးၿပီလို႔ ထုတ္ေဖာ္ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ၿပီးတဲ့ေနာက္မွာ အန္ဆယ္ေလာ့တီက ကက္စမီ႐ိုအေနနဲ႔ ဘာေၾကာင့္ လာလီဂါနဲ႔ ဥေရာပခ်န္ပီယံအသင္းကို ႐ုန္းကန္ေနရတဲ့အသင္းအတြက္ စြန႔္ခြာခ်င္လဲဆိုတာ တစ္ဦးတည္းအျမင္အရ နားမလည္ႏိုင္ဘူးလို႔ ဝန္ခံ ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

“ကက္စမီ႐ိုက စိန္ေခၚမႈအသစ္ေတြကို စမ္းသပ္ၾကည့္ခ်င္ေနၿပီး ကြၽန္ေတာ္နဲ႔ အသင္းက အဲဒါကို နားလည္ပါတယ္။ သူ ဒီအသင္းအတြက္ လုပ္ေပးခဲ့တယ္။ ကြၽန္ေတာ္တို႔ သူ႔ရဲ႕ ဆုံးျဖတ္ခ်က္ကို ေလးစားဖို႔ လိုပါတယ္။ ကက္စမီ႐ို ထြက္ခြာေတာ့မွာျဖစ္ေပမယ့္ ကြၽန္ေတာ္တို႔မွာ သူ႔ေနရာကို အစားထိုးဖို႔ အရင္းအျမစ္ေတြအမ်ားႀကီးရွိပါတယ္”

“ေနာက္ေၾကာင္း ျပန္လွည့္စရာမရွိပါဘူး။ ကက္စမီ႐ိုက စိန္ေခၚမႈအသစ္ေတြကို စမ္းသပ္ဖို႔ ဆုံးျဖတ္ခဲ့တယ္။ ကြၽန္ေတာ္တို႔ သူ႔ကို အေကာင္းဆုံးျဖစ္ပါေစလို႔ ဆုေတာင္းေပးခ်င္ပါတယ္။ မေန႔ကမွ ကြၽန္ေတာ္ သူ ထြက္ေတာ့မယ္ဆိုတာ သိခဲ့ရေပမယ့္ ကြၽန္ေတာ္တို႔ အစီအစဥ္က မေျပာင္းလဲပါဘူး။ ကြၽန္ေတာ္တို႔ ကက္စမီ႐ို ရွိရွိ၊ မရွိရွိ အရာအားလုံးအတြက္ ယွဥ္ၿပိဳင္သြားမွာပါ။ ကက္စမီ႐ိုက ကြၽန္ေတာ္တို႔အတြက္ အဓိကကစားသမားျဖစ္ခဲ့တယ္လို႔ ထင္ပါတယ္။ သူက ခ႐ူးစ္နဲ႔ မိုဒရစ္တို႔အတြက္ အေရးပါခဲ့ၿပီး စုဖြဲ႕မႈက ေအာင္ျမင္မႈဆီကို သြားတဲ့အဓိကေသာ့ခ်က္ျဖစ္ခဲ့ပါတယ္”

“ကက္စမီ႐ိုရဲ႕ အသင္းေဖာ္ေတြကလည္း သူ႔ဆုံးျဖတ္ခ်က္ကို နားလည္ပါတယ္။ သူတို႔ေတြ အဲဒါကို ေလးစားပါတယ္။ စိန္ေခၚမႈအသစ္ေတြ စမ္းသပ္ခ်င္တာက သူ႔ဆႏၵျဖစ္ၿပီး ကြၽန္ေတာ္တို႔ အဲဒါကို လက္ခံရမွာပါ။ ဘာေၾကာင့္ ႐ုန္းကန္ေနရတဲ့အသင္းအတြက္ ဥေရာပခ်န္ပီယံအသင္းကို ကက္စမီ႐ို အလဲအလွယ္လုပ္ရတာလဲဆိုတာကို ကြၽန္ေတာ္ အေၾကာင္းမျပန္ႏိုင္ပါဘူး။ အဲဒါက သူ႔ရဲ႕ တစ္ဦးတည္း ဆုံးျဖတ္ခ်က္ပါ”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
UNITED A2Z.