Premier League

၃ ပွဲမပြည့်ခင် အနီကတ်ရထားတဲ့ ဥရုဂွေးသားကို ဆွာရက်ဇ်မှ ဆုံးမတော်မူခန်း

လီဗာပူးလ်တိုက်စစ်မှူးဟောင်း လူးဝစ္စ ဆွာရက်ဇ်က ပြီးခဲ့တဲ့တနင်္လာနေ့က ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲမှာ အနီကတ်ပြသခံခဲ့ရတဲ့ အန်းဖီးလူသစ်လေးကို သတိပေးစကား ပြောကြားခဲ့ပါတယ်။

နူးညက်ဇ်ဟာ လီဗာပူးလ်အသင်းအတွက် အိမ်ကွင်း ပွဲဦးထွက်ပွဲစဉ်မှာ ရုန်းကန်ခဲ့ရတာဖြစ်ပြီး ပထမပိုင်းမှာ ရရှိခဲ့တဲ့ အခွင့်အရေးကြီး ၂ ခုကို ဖြုန်းတီးပစ်ခဲ့တာကြောင့် ပဲလေ့စ်က တန်ပြန်တိုက်စစ်ကနေ ဂိုးသွင်းယူသွားခဲ့ပြီးနောက် လီဗာပူးလ်တို့ အံ့အားသင့်တုန်လှုပ်ခဲ့ရတာဖြစ်ပါတယ်။

ဒုတိယပိုင်းမှာ ပဲလေ့စ်နောက်ခံကစားသမား အန်ဒါဆင်ရဲ့ ဆွပေးခြင်းခံခဲ့ရပြီးနောက် စိတ်မထိန်းနိုင်တော့တဲ့ နူးညက်ဇ်ဟာ ခေါင်းနဲ့ တိုက်ခဲ့တာကြောင့် ကွင်းလယ်ဒိုင်က တိုက်ရိုက်အနီကတ်ပြ ထုတ်ပယ်ခဲ့တာဖြစ်ပါတယ်။

ဒီဖြစ်စဉ်အပြီး ရက်အနည်းငယ်အကြာမှာ လီဗာပူးလ်ကြယ်ပွင့်ဟောင်း လူးဝစ္စ ဆွာရက်ဇ်က လီဗာပူးလ်ရဲ့ ပေါင် ၈၅ သန်းတန် နွေရာသီခေါ်ယူမှုဖြစ်တဲ့ ဥရုဂွေးတိုက်စစ်မှူးအတွက် အကြံပေးဆုံးမစကား ပြောကြားခဲ့တာဖြစ်ပါတယ်။

“ဘာကြောင့်လဲဆိုရင် သူ့အနေနဲ့ အခုမှစပြီး ပွဲထွက်လာတာဖြစ်ပြီး ပြိုင်ဘက်တွေက ၂ ကြိမ်၊ ၃ ကြိမ် မကြာခဏ သူ့ကို ရှာနေရအောင် သတိထားမိစေခဲ့လို့ပါ။ အဲဒါထက်ပိုတာက အင်္ဂလန်မှာ သူ့အနေနဲ့ အမှားတွေလုပ်ပြီး အသင်းအတွက် ထိခိုက်စေခဲ့တဲ့ အရူးတစ်ယောက်ဆီကနေ ဒီကိစ္စကို ကြားနေရတာဖြစ်ပေမယ့် လဲကျရင် ပြန်ထတာက ကျွန်တော့်ကို ပိုပြီး သန်မာလာစေခဲ့ပါတယ်”

ဘာစီလိုနာကြယ်ပွင့်ဟောင်း နူးညက်ဇ်ကို အနာဂတ်မှာ သတိမထားဘူးဆိုရင် အရာအားလုံးက ပိုပြီးတော့ ဆိုးရွားလာလိမ့်မယ်လို့လည်း သတိပေးပြောကြားခဲ့ပါတယ်။

“သူတို့ကို နောက်ထပ် ဘာအခွင့်အရေးမှ မပေးနဲ့။ အဲဒါက ပိုပြီးပဲ ဆိုးလာလိမ့်မယ်။ ဒါဝင်က အများကြီး နားထောင်တတ်တဲ့သူပါ။ သူက အရမ်း ပါးနပ်ပြီး ဒီအခြေအနေကို ပြောင်းပြန်လှန်ဖို့ သူ ကြိုးပမ်းသွားမယ်လို့ ကျွန်တော် ထင်တယ်။ အဲဒါက ကြီးကြီးကျယ်ကျယ် ကိစ္စကြီးတော့မဟုတ်ပါဘူး။ ကျွန်တော်တို့အားလုံး အမှားလုပ်ခဲ့ကြတာပဲ။ ကျွန်တော်တို့အားလုံးလည်း ထုတ်ပယ်ခံခဲ့ရဖူးတာပဲ။ ပြဿနာက သူ အဲဒီကို အခုမှ ရောက်လာပြီး ပေါ့ပေါ့ပါးပါးပဲ နေဖို့ပါ။ သူတို့ကတော့ အရာအားလုံးကို ပြဿနာကြီးဖြစ်အောင် လုပ်မှာပါ”လို့ ပြောကြားခဲ့ပါတယ်။

ဥရုဂွေးဝါရင့်တိုက်စစ်မှူးဟာ လီဗာပူးလ်အသင်းကစားသမားအဖြစ်နဲ့ ကစားခဲ့တဲ့အချိန်တုန်းက ပရိသတ်တွေရဲ့ အနှစ်သက်ဆုံး ကစားသမားဖြစ်ခဲ့ပြီး ၎င်းရဲ့ ဂိုးသွင်းဖို့ အမြဲတမ်း ချောင်းမြောင်းပြီး ထူးခြားတဲ့စွမ်းရည်တွေကြောင့် ပရီးမီးယားလိဂ်မှာ ကစားခဲ့ဖူးတဲ့ အကောင်းဆုံးကစားသမားတွေထဲက တစ်ဦး ဖြစ်ခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
UNITED A2Z.

ZAWGYI: လီဗာပူးလ္တိုက္စစ္မႉးေဟာင္း လူးဝစၥ ဆြာရက္ဇ္က ၿပီးခဲ့တဲ့တနလၤာေန႔က ခရစၥတယ္ပဲေလ့စ္နဲ႔ပြဲမွာ အနီကတ္ျပသခံခဲ့ရတဲ့ အန္းဖီးလူသစ္ေလးကို သတိေပးစကား ေျပာၾကားခဲ့ပါတယ္။

ႏူးညက္ဇ္ဟာ လီဗာပူးလ္အသင္းအတြက္ အိမ္ကြင္း ပြဲဦးထြက္ပြဲစဥ္မွာ ႐ုန္းကန္ခဲ့ရတာျဖစ္ၿပီး ပထမပိုင္းမွာ ရရွိခဲ့တဲ့ အခြင့္အေရးႀကီး ၂ ခုကို ျဖဳန္းတီးပစ္ခဲ့တာေၾကာင့္ ပဲေလ့စ္က တန္ျပန္တိုက္စစ္ကေန ဂိုးသြင္းယူသြားခဲ့ၿပီးေနာက္ လီဗာပူးလ္တို႔ အံ့အားသင့္တုန္လႈပ္ခဲ့ရတာျဖစ္ပါတယ္။

ဒုတိယပိုင္းမွာ ပဲေလ့စ္ေနာက္ခံကစားသမား အန္ဒါဆင္ရဲ႕ ဆြေပးျခင္းခံခဲ့ရၿပီးေနာက္ စိတ္မထိန္းႏိုင္ေတာ့တဲ့ ႏူးညက္ဇ္ဟာ ေခါင္းနဲ႔ တိုက္ခဲ့တာေၾကာင့္ ကြင္းလယ္ဒိုင္က တိုက္႐ိုက္အနီကတ္ျပ ထုတ္ပယ္ခဲ့တာျဖစ္ပါတယ္။

ဒီျဖစ္စဥ္အၿပီး ရက္အနည္းငယ္အၾကာမွာ လီဗာပူးလ္ၾကယ္ပြင့္ေဟာင္း လူးဝစၥ ဆြာရက္ဇ္က လီဗာပူးလ္ရဲ႕ ေပါင္ ၈၅ သန္းတန္ ေႏြရာသီေခၚယူမႈျဖစ္တဲ့ ဥ႐ုေဂြးတိုက္စစ္မႉးအတြက္ အႀကံေပးဆုံးမစကား ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“ဘာေၾကာင့္လဲဆိုရင္ သူ႔အေနနဲ႔ အခုမွစၿပီး ပြဲထြက္လာတာျဖစ္ၿပီး ၿပိဳင္ဘက္ေတြက ၂ ႀကိမ္၊ ၃ ႀကိမ္ မၾကာခဏ သူ႔ကို ရွာေနရေအာင္ သတိထားမိေစခဲ့လို႔ပါ။ အဲဒါထက္ပိုတာက အဂၤလန္မွာ သူ႔အေနနဲ႔ အမွားေတြလုပ္ၿပီး အသင္းအတြက္ ထိခိုက္ေစခဲ့တဲ့ အ႐ူးတစ္ေယာက္ဆီကေန ဒီကိစၥကို ၾကားေနရတာျဖစ္ေပမယ့္ လဲက်ရင္ ျပန္ထတာက ကြၽန္ေတာ့္ကို ပိုၿပီး သန္မာလာေစခဲ့ပါတယ္”

ဘာစီလိုနာၾကယ္ပြင့္ေဟာင္း ႏူးညက္ဇ္ကို အနာဂတ္မွာ သတိမထားဘူးဆိုရင္ အရာအားလုံးက ပိုၿပီးေတာ့ ဆိုး႐ြားလာလိမ့္မယ္လို႔လည္း သတိေပးေျပာၾကားခဲ့ပါတယ္။

“သူတို႔ကို ေနာက္ထပ္ ဘာအခြင့္အေရးမွ မေပးနဲ႔။ အဲဒါက ပိုၿပီးပဲ ဆိုးလာလိမ့္မယ္။ ဒါဝင္က အမ်ားႀကီး နားေထာင္တတ္တဲ့သူပါ။ သူက အရမ္း ပါးနပ္ၿပီး ဒီအေျခအေနကို ေျပာင္းျပန္လွန္ဖို႔ သူ ႀကိဳးပမ္းသြားမယ္လို႔ ကြၽန္ေတာ္ ထင္တယ္။ အဲဒါက ႀကီးႀကီးက်ယ္က်ယ္ ကိစၥႀကီးေတာ့မဟုတ္ပါဘူး။ ကြၽန္ေတာ္တို႔အားလုံး အမွားလုပ္ခဲ့ၾကတာပဲ။ ကြၽန္ေတာ္တို႔အားလုံးလည္း ထုတ္ပယ္ခံခဲ့ရဖူးတာပဲ။ ျပႆနာက သူ အဲဒီကို အခုမွ ေရာက္လာၿပီး ေပါ့ေပါ့ပါးပါးပဲ ေနဖို႔ပါ။ သူတို႔ကေတာ့ အရာအားလုံးကို ျပႆနာႀကီးျဖစ္ေအာင္ လုပ္မွာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

ဥ႐ုေဂြးဝါရင့္တိုက္စစ္မႉးဟာ လီဗာပူးလ္အသင္းကစားသမားအျဖစ္နဲ႔ ကစားခဲ့တဲ့အခ်ိန္တုန္းက ပရိသတ္ေတြရဲ႕ အႏွစ္သက္ဆုံး ကစားသမားျဖစ္ခဲ့ၿပီး ၎ရဲ႕ ဂိုးသြင္းဖို႔ အၿမဲတမ္း ေခ်ာင္းေျမာင္းၿပီး ထူးျခားတဲ့စြမ္းရည္ေတြေၾကာင့္ ပရီးမီးယားလိဂ္မွာ ကစားခဲ့ဖူးတဲ့ အေကာင္းဆုံးကစားသမားေတြထဲက တစ္ဦး ျဖစ္ခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
UNITED A2Z.