Premier League

နောက်ဆုံးရ ချဲလ်ဆီးသတင်းများ စုစည်းမှု-၂၃.၈.၂၀၂၀






REF: INTERNET SOURCES
PHOTOS CREDIT TO OWNER
SPORTS A2Z.

ချဲလ်ဆီးအသင်းရဲ့ကွင်းလယ်လူဂျော်ဂျင်ဟိုကို ခေါ်ယူဖို့ အီတလီကလပ်ရိုးမားအသင်းဟာ စိတ်ဝင်စားနေတယ်လို့ သတင်းထွက်ပေါနေပါတယ်။ချဲလ်ဆီးအသင်းကတော့ အပြောင်းအရွှေ့အသုံးစရိတ်ကာမိဖို့အတွက် အီတလီလက်ရွေးစင်အား ရောင်းချလာနိုင်ပါတယ်။

အင်တာမီလန်အသင်းဟာ ချဲလ်ဆီးအသင်းရဲ့ ဘယ်နောက်ခံကစားသမား အီမာဆန်ကိုခေါ်ယူဖို့ ချိန်ရွယ်နေပါတယ်။အီမာဆန်ဟာ ချဲလ်ဆီးအသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရတာဖြစ်ပြီး ချဲလ်ဆီးဘက်ကလည်း အီတလီကလပ်ဘက်က ကမ်းလမ်းမှုတွေကို နားစွင့်နေပါတယ်။

ချဲလ်ဆီးအသင်းဟာ လေဗာကူဆင်ကစားသမားကြယ်ပွင့် ကိုင်ဟာဗက်ဇ်ကို ခေါ်ယူဖို့အတွက် ကမ်းလှမ်းမှုအသစ်တစ်ခုထပ်မံပြုလုပ်လိုက်ပြီး နှစ်ဘက်အသင်းအကြား စေ့စပ်ညှိနှိုင်းမှုတွေတော့ ပြုလုပ်နေကြဆဲဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းဟာ လက်စတာအသင်းရဲ့ ဘယ်
နောက်ခံလူ ဘင်ချီဝဲလ်ကို တရားဝင်ခေါ်ယူနိုင်ပြီဖြစ်ကြောင်း လာမဲ့ရက်အနည်းအတွင်း ကြေညာသွားဖွယ်ရှိပြီး ပေါင်သန်း၅၀လောက် ပေးချေရဖို့ ရှိပါတယ်။

ချဲလ်ဆီးအသင်းဟာ သီယာဂိုဆေးလ်ဗားဆီက ပြတ်သားတဲ့ဆုံးဖြတ်ချက်ကို ယနေ့ညမှာကစားမဲ့ ချံပီယံလိဂ်ပွဲစဉ်ပြီးတာနဲ့ကြားရဖွယ်ရှိနေပြီး ချဲလ်ဆီးအသင်းရဲ့ ပရိသက်တွေပျော်ရမဲ့အနေအထားတွေ ရှိနေပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNER
SPORTS A2Z.