International World Cup

၂၀၂၂ ကမ္ဘာ့ဖလားအပြီးမှာ ပရိသတ်တွေ နှုတ်ဆက်ရတော့မယ့် ကမ္ဘာ့ထိပ်တန်း ၁၀ ဦး

၂၀၂၂ ခုနှစ် ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲစတင်ဖို့ အချိန်တွေက တဖြည်းဖြည်း နီးကပ်လာနေပြီဖြစ်ပြီး ကမ္ဘာ့ဖလားအဖွင့်ပွဲစဉ်ကို ကြည့်ရှုရဖို့က အချိန် ၃ လလောက်သာ လိုတော့တာ ဖြစ်ပါတယ်။

ကမ္ဘာ့ဖလားဟာ ဘောလုံးပြိုင်ပွဲရဲ့ အကြီးကျယ်အခမ်းနားဆုံး ပြိုင်ပွဲကြီးဖြစ်ပြီး ကစားသမားတိုင်းက သူတို့ရဲ့ နိုင်ငံ့လက်ရွေးစင်အသင်းကို ကိုယ်စားပြုပြီး ဒီပြိုင်ပွဲမှာ ကစားဖို့အတွက် အိပ်မက် မက်ခဲ့ကြတာဖြစ်ပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ခွင့်ရတဲ့ အသင်းတိုင်းဟာ ကမ္ဘာပေါ်က အကောင်းဆုံးအသင်းတွေဖြစ်ကြပေမယ့် ဒီနှစ်မှာတော့ အီတလီ၊ ကိုလံဘီယာ၊ ဆွီဒင်၊ ချီလီ၊ နိုင်ဂျီးရီးယားတို့လို ထိပ်တန်းအသင်းတွေ မပါဝင်နိုင်ခဲ့ကြတာဖြစ်ပြီး ဘောလုံးလောကရဲ့ အကြီးမားဆုံးကြယ်ပွင့်ကစားသမားတွေဖြစ်တဲ့ ဟာလန်း၊ ဆာလား၊ ဗာရက်တီ၊ ဒေးဗစ် အလာဘာတို့ကလည်း ကမ္ဘာ့ဖလားနဲ့ လွဲချော်ခဲ့တဲ့သူတွေထဲမှာ ပါဝင်ခဲ့ပါတယ်။

၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲကို ကာတာနိုင်ငံမှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး ခေတ်သစ်ဘောလုံးလောကရဲ့ အကြီးကျယ် အခမ်းနားဆုံး ကစားသမားတွေထဲက အချို့ကို ဒီပြိုင်ပွဲမှာ နောက်ဆုံး မြင်တွေ့ရဖွယ်ရှိနေပြီး ဒီကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ လက်ရွေးစင်အသင်းတွေနဲ့ နောက်ထပ်မြင်တွေ့ရဖွယ်မရှိတော့တဲ့ ကစားသမား ၁၀ ဦးလည်း ရှိနေပါတယ်။

၁၀။ အီဒင်ဆင် ကာဗာနီ(ဥရုဂွေး)

ကာဗာနီဟာ သူ့ရဲ့ မျိုးဆက်မှာ အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တစ်ဦးဖြစ်ခဲ့ပြီး ဥရုဂွေးလက်ရွေးစင်တိုက်စစ်မှူးဟာ လက်ရွေးစင်အသင်းအတွက် ၁၂၉ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ သွင်းဂိုး ၅၆ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၇ ကြိမ် ပြုလုပ်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ကာဗာနီဟာ တိကျသေသပ်တဲ့အဆုံးသတ်၊ ခေါင်းတိုက်စွမ်းရည်တို့ကြောင့် လူသိများသလို ဇွဲနဘဲကြီးကြီးနဲ့ ရေကုန်ရေခမ်း တိုက်ပွဲဝင်တတ်တဲ့စိတ်ဓာတ်မျိုးရှိသူလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ကာဗာနီဟာ လက်ရှိမှာ အသက် ၃၅ နှစ်အရွယ် ရှိနေပြီဖြစ်ပြီး ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဟာ ၎င်းအတွက် လက်ရွေးစင်အသင်းကို ကိုယ်စားပြုပြီး နောက်ဆုံးပါဝင်ကစားမယ့် ပြိုင်ပွဲဖြစ်လာတော့မှာ ဖြစ်ပါတယ်။

၉။ လူးဝစ္စ ဆွာရက်ဇ်(ဥရုဂွေး)

ကာဗာနီရဲ့ တိုက်စစ်တွဲဖော်ဖြစ်တဲ့ လူးဝစ္စ ဆွာရက်ဇ်လည်း ခေတ်သစ်ဘောလုံးလောကရဲ့ အကြီးကျယ်ဆုံး ကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး အသက် ၃၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဥရုဂွေးတိုက်စစ်မှူးဟာ အက်သလက်တီကို မက်ဒရစ်နဲ့ လမ်းခွဲခဲ့ပြီးနောက် လက်ရှိမှာတော့ ဥရုဂွေးကလပ်ဖြစ်တဲ့ နေစီယွန်နယ်အသင်းအတွက် ကစားပေးနေတာဖြစ်ပါတယ်။ ခေတ်သစ်ကာလရဲ့ ဘက်စုံထူးချွန်တဲ့ တိုက်စစ်မှူးကောင်းတွေထဲက တစ်ဦးဖြစ်တဲ့ ဆွာရက်ဇ်ဟာ ကစားသမားဘဝ အကောင်းဆုံးအချိန်ကို ဘာစီလိုနာအသင်းမှာ လီယွန်နယ် မက်ဆီနဲ့အတူ တွဲဖက်ကစားပြီး ဥရောပရဲ့ အကောင်းဆုံး ခံစစ်မှူးတွေကို တုန်လှုပ်စေခဲ့သူဖြစ်ပါတယ်။ ဆွာရက်ဇ်ဟာ လက်ရှိမှာတော့ ကစားသမားဘဝ အကောင်းဆုံးအချိန်တွေကို ကျော်လွန်ခဲ့ပြီဖြစ်ပြီး ပြီးခဲ့တဲ့ရာသီတွေမှာ ခြေစွမ်း ကျဆင်းလာတာကို မြင်တွေ့နေရပြီဖြစ်တာကြောင့် ၂၀၂၂ ကမ္ဘာ့ဖလားအပြီးမှာ အသက် ၃၅ နှစ်အရွယ် တိုက်စစ်မှူးကို ထပ်မြင်တွေ့ရဖွယ်မရှိတော့တာဖြစ်ပါတယ်။

၈။ အိန်ဂျယ် ဒီမာရီယာ(အာဂျင်တီးနား)

ဒီမာရီယာဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း အာဂျင်တီးနားရဲ့ အရေးအပါဆုံး ကစားသမားတွေထဲက တစ်ဦးဖြစ်ခဲ့သူဖြစ်ပြီး ၎င်းရဲ့ ဒဏ်ရာကြောင့် လွဲချော်ခဲ့မှုက ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားတို့ ဒုတိယနေရာနဲ့ ကျေနပ်ခဲ့ရခြင်းရဲ့ အကြောင်းအရင်းအဖြစ် ရှုမြင်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။ ဒီမာရီယာဟာ ၂၀၂၁ ခုနှစ် ကိုပါအမေရိကဗိုလ်လုပွဲမှာ အာဂျင်တီးနားအတွက် အနိုင်ဂိုးကို သွင်းယူပေးခဲ့ပြီး အသက် ၃၄ နှစ်အရွယ် အာဂျင်တီးနားတောင်ပံကစားသမားဟာ ယခုနွေရာသီမှာ ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်းကုန်ဆုံးပြီးနောက် ဂျူဗင်တပ်ကို အလွတ်နဲ့ ပြောင်းရွှေ့ခဲ့သူဖြစ်ပါတယ်။ ဒါပေမယ့်လည်း အသက် ၃၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒီမာရီယာဟာ ခြေစွမ်း အမြင့်မားဆုံးအနေအထားမှာ မရှိတော့တာဖြစ်ပြီး ၂၀၂၆ ကမ္ဘာ့ဖလားအထိ အာဂျင်တီးနားလက်ရွေးစင်အသင်းနဲ့ ထပ်မံမြင်တွေ့ရတော့မှာမဟုတ်တာ သေချာပါတယ်။

၇။ မာကို ရွိုက်စ်(ဂျာမနီ)

မာကို ရွိုက်စ်ဟာ သူ့ရဲ့ မျိုးဆက်မှာတော့ အကောင်းဆုံး တိုက်စစ်ကစားသမားတွေထဲက တစ်ဦးဆိုတာ သံသယဖြစ်စရာမရှိဘဲ ကံဆိုးစွာနဲ့ပဲ ဒဏ်ရာပြဿနာတွေကြောင့် ဂျာမနီလက်ရွေးစင်အသင်းမှာ ပါဝင်ကစားခွင့် အကန့်အသတ်နဲ့သာ ရရှိခဲ့တာဖြစ်ပါတယ်။ မာကို ရွိုက်စ်ဟာ ကစားသမားဘဝတလျှောက် ဂျာမနီလက်ရွေးစင်အသင်းသအတွက် ၄၈ ပွဲသာ ပါဝင်ကစားပေးနိုင်ခဲ့ပြီး သွင်းဂိုး ၁၅ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၄ ကြိမ် ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ ရွိုက်စ်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၃ ပွဲသာ ကစားပေးခဲ့ဖူးပြီး ယခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ လက်ရွေးစင်အသင်းအတွက် ကိုယ်စားပြု ကစားပေးနိုင်မယ်လို့ မျှော်လင့်နေမှာဖြစ်ပါတယ်။ အသက် ၃၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒေ့ါမွန်ကြယ်ပွင့်အတွက် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဟာ နောက်ဆုံး ပါဝင်ကစားပေးနိုင်မယ့် အခွင့်အရေးတစ်ခု ဖြစ်လာတော့မှာဖြစ်ပါတယ်။

၆။ သီယေဂို ဆေးလ်ဗား(ဘရာဇီးလ်)

ဘရာဇီးလ်ဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရာမှာ ကမ္ဘာ့အဆင့် ခံစစ်မှူးတွေ မရှိတဲ့အသင်းမဟုတ်ပေမယ့် အသက် ၃၇ နှစ်အရွယ် ချဲလ်ဆီးနောက်ခံလူဟာ ၎င်းတို့ရဲ့ ခံစစ်မှာ အဓိကကစားသမားဖြစ်လာမှာဖြစ်ပါတယ်။ ဝါရင့် နောက်ခံကစားသမားဟာ အသက်အရွယ်အားဖြင့် ၄၀ တန်းနား ကပ်နေပြီဖြစ်ပေမယ့်လည်း ခံစစ်မှာ တံတိုင်းကြီးသဖွယ်ရှိနေဆဲဖြစ်ပြီး ဆေးလ်ဗားအတွက် ကာတာ ကမ္ဘာ့ဖလားဟာ လက်ရွေးစင်အသင်းအတွက် နောက်ဆုံးပါဝင်ကစားပေးတဲ့ကမ္ဘာ့ဖလားပြိုင်ပွဲဖြစ်လာတော့မှာ ဖြစ်ပါတယ်။

၅။ သောမတ်စ် မူလာ(ဂျာမနီ)

သောမတ်စ် မူလာဟာ ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ ဂျာမနီအတွက် အဓိကအခန်းကဏ္ဍကနေ ပါဝင်ကစားပေးခဲ့သူဖြစ်ပြီး ဥရောပရဲ့ ဂိုးဖန်တီးမှုဘုရင်ဟာ ကမ္ဘာပေါ်က နည်းစနစ်ပိုင်း ပါရမီအရှိဆုံးနဲ့ အထက်မြက်ဆုံး ဘောလုံးသမားတွေထဲကတစ်ဦး ဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်တိုက်စစ်မှူးဟာ အသက် ၃၃ နှစ်ပြည့်ဖို့ ရက်သတ္တပတ်အနည်းငယ်သာ လိုတော့ပေမယ့်လည်း ထိပ်တန်းအဆင့်မှာ ဆက်လက် ကစားပေးနိုင်ဆဲဖြစ်ပြီး ဂျာမနီအတွက် ကမ္ဘာ့ဖလားပွဲစဉ် ၁၆ ပွဲ ကစားပေးခဲ့ရာမှာ သွင်းဂိုး ၁၀ ဂိုးနဲ့ ဂိုးဖန်တီးမှု ၆ ကြိမ် ပြုလုပ်နိုင်ခဲ့သူဖြစ်ပါတယ်။ ဒီကိန်းဂဏန်းတွေဟာ ဂျာမနီလက်ရွေးစင်အသင်းအတွက် ဝါရင့်တိုက်စစ်မှူးက ဘယ်လောက်အထိ အရေးပါလဲဆိုတာကို အလိုလို စကားပြောနေတာဖြစ်ပါတယ်။

၄။ ကာရင် ဘန်ဇီးမား(ပြင်သစ်)

ဘန်ဇီးမားဟာ ၆ နှစ်ကြာ လက်ရွေးစင်အသင်းနဲ့ ဝေးကွာခဲ့ပြီးနောက် ပြင်သစ်လက်ရွေးစင်အသင်းကို ပြန်လည်ခေါ်ယူခြင်းခံခဲ့ရသူဖြစ်ပြီး ရီးရဲလ်မက်ဒရစ်ကြယ်ပွင့်ဟာ ကလပ်အသင်းအဆင့်နဲ့ နိုင်ငံတကာအဆင့်မှာ တောက်ပတဲ့ စွမ်းဆောင်ရည်ပြသနိုင်ခဲ့တာကြောင့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၎င်းဆီကနေ ကြီးမားတဲ့အရာတွေကို မျှော်မှန်းခြင်းခံထားရသူဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဘန်ဇီးမားဟာ လက်ရှိမှာ အသက် ၃၄ နှစ်အရွယ်ရှိနေပြီဖြစ်တာကြောင့် ၂၀၂၂ ကမ္ဘာ့ဖလားဟာ ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူးအတွက် နောက်ဆုံးကမ္ဘာ့ဖလားဖြစ်လာဖွယ်ရှိနေပီး ပြင်သစ်အသင်းအတွက် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အဓိကအဆုံးအဖြတ်ပေးနိုင်မယ့်ကစားသမားဖြစ်ကြောင်း သက်သေပြသသွားမှာဖြစ်ပါတယ်။

၃။ လူကာ မိုဒရစ်(ခရိုအေးရှား)

လူကာ မိုဒရစ်ဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြိုင်ပွဲတလျှောက် အကောင်းဆုံးကစားသမားဆု ချီးမြှင့်ခြင်းခံခဲ့ရသူဖြစ်ပြီး လွန်ခဲ့တဲ့ ၄ နှစ်တုန်းက ခရိုအေးရှားလက်ရွေးစင်အသင်းကို ကမ္ဘာ့ဖလားဗိုလ်လုပွဲအထိ ပို့ဆောင်ပေးခဲ့ပေမယ့် ပြင်သစ်ကို ရှုံးနိမ့်ခဲ့တာကြောင့် ဒုတိယနဲ့သာ ကျေနပ်ခဲ့ရတာဖြစ်ပါတယ်။ မိုဒရစ်ဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပတဲ့အချိန်ရောက်ရင် အသက် ၃၇ နှစ်အရွယ် ရှိနေတော့မှာဖြစ်ပြီး ရီးရဲလ်မက်ဒရစ်အသင်းနဲ့အတူ ပြီးခဲ့တဲ့ရာသီမှာ တောက်ပတဲ့ ခြေစွမ်း ပြသခဲ့တဲ့ ကွင်းလယ်ဖန်တီးရှင်ဟာ ခရိုအးရှားအတွက် နောက်ထပ်တစ်ကြိမ် အဓိကကစားသမားဖြစ်လာဦးမှာဖြစ်ပါတယ်။

၂။ လီယွန်နယ် မက်ဆီ(အာဂျင်တီးနား)

လီယွန်နယ် မက်ဆီဟာ တသက်တာအကောင်းဆုံးကစားသမားဆိုတာ သံသယဖြစ်စရာမရှိဘဲ ဘလွန်ဒေါ ၇ ဆုအထိ စံချိန်တင်ပိုင်ဆိုင်ထားတဲ့ အာဂျင်တီးနားတိုက်စစ်မှူးဟာ ကစားသမားဘဝတလျှောက်လုံး ထိပ်တန်းအဆင့်မှာ ရှိနေခဲ့သူဖြစ်ပါတယ်။ မက်ဆီဟာ ၂၀၂၁ ခုနှစ် ကိုပါအမေရိကပြိုင်ပွဲမှာ အာဂျင်တီးနားလက်ရွေးစင်အသင်းကို ၁၉၉၃ ခုနှစ် နောက်ပိုင်း ပထမဆုံး နိုင်ငံတကာအဆင့် အဓိကဆုဖလား ရရှိအောင် ကူညီပေးနိုင်ခဲ့ပြီးနောက် ပြိုင်ပွဲတလျှောက် အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။ မက်ဆီဟာ အာဂျင်တီးနားအတွက် ၁၆၂ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ သွင်းဂိုး ၈၆ ဂိုးနဲ့ ဂိုးဖန်တီးမှု ၅၁ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပြီး ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူးရဲ့ ကစားသမားဘဝမှာ ပျောက်ဆုံးနေတဲ့ဖလားဆိုလို့ ကမ္ဘာ့ဖလားတစ်ခုတည်းသာ ကျန်ရှိတော့တာဖြစ်တာကြောင့် နောက်ဆုံးအကြိမ် ပါဝင်ကစားပေးတာ ဖြစ်ဖို့များတဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အဲဒီဆုဖလားကို အရယူဖို့ ကြိုးပမ်းသွားမှာဖြစ်ပါတယ်။

၁။ ခရစ္စတီယာနို ရော်နယ်လ်ဒို(ပေါ်တူဂီ)

နိုင်ငံတကာအဆင့်မှာ တသက်တာထိပ်တန်းဂိုးသွင်းရှင်အဖြစ် ရပ်တည်နေတဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ပေါ်တူဂီလက်ရွေးစင်အသင်းအတွက် ၁၈၉ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ သွင်းဂိုး ၁၁၇ ဂိုးနဲ့ ဂိုးဖန်တီးမှု ၄၂ ကြိမ်အထိ ပြုလုပ်ပေးထားသူဖြစ်ပါတယ်။ ရော်နယ်လ်ဒိုဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ လက်ရွေးစင်ကစားသမားဘဝကနေ အနားယူတော့မှာဖြစ်တယ်လို့ ကြေညာထားတာကြောင့် နောက်ဆုံးပါဝင်ကစားပေးမယ့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ရှိသမျှ အရာအားလုံးကို အစွမ်းကုန်ပေးဆပ်သွားတာကို မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
UNITED A2Z.

ZAWGYI: ၂၀၂၂ ခုႏွစ္ ဖီဖာကမာၻ႔ဖလားၿပိဳင္ပြဲစတင္ဖို႔ အခ်ိန္ေတြက တျဖည္းျဖည္း နီးကပ္လာေနၿပီျဖစ္ၿပီး ကမာၻ႔ဖလားအဖြင့္ပြဲစဥ္ကို ၾကည့္ရႈရဖို႔က အခ်ိန္ ၃ လေလာက္သာ လိုေတာ့တာ ျဖစ္ပါတယ္။

ကမာၻ႔ဖလားဟာ ေဘာလုံးၿပိဳင္ပြဲရဲ႕ အႀကီးက်ယ္အခမ္းနားဆုံး ၿပိဳင္ပြဲႀကီးျဖစ္ၿပီး ကစားသမားတိုင္းက သူတို႔ရဲ႕ ႏိုင္ငံ့လက္ေ႐ြးစင္အသင္းကို ကိုယ္စားျပဳၿပီး ဒီၿပိဳင္ပြဲမွာ ကစားဖို႔အတြက္ အိပ္မက္ မက္ခဲ့ၾကတာျဖစ္ပါတယ္။ ကမာၻ႔ဖလားၿပိဳင္ပြဲကို ဝင္ခြင့္ရတဲ့ အသင္းတိုင္းဟာ ကမာၻေပၚက အေကာင္းဆုံးအသင္းေတြျဖစ္ၾကေပမယ့္ ဒီႏွစ္မွာေတာ့ အီတလီ၊ ကိုလံဘီယာ၊ ဆြီဒင္၊ ခ်ီလီ၊ ႏိုင္ဂ်ီးရီးယားတို႔လို ထိပ္တန္းအသင္းေတြ မပါဝင္ႏိုင္ခဲ့ၾကတာျဖစ္ၿပီး ေဘာလုံးေလာကရဲ႕ အႀကီးမားဆုံးၾကယ္ပြင့္ကစားသမားေတြျဖစ္တဲ့ ဟာလန္း၊ ဆာလား၊ ဗာရက္တီ၊ ေဒးဗစ္ အလာဘာတို႔ကလည္း ကမာၻ႔ဖလားနဲ႔ လြဲေခ်ာ္ခဲ့တဲ့သူေတြထဲမွာ ပါဝင္ခဲ့ပါတယ္။

၂၀၂၂ ခုႏွစ္ ကမာၻ႔ဖလားၿပိဳင္ပြဲကို ကာတာႏိုင္ငံမွာ က်င္းပျပဳလုပ္သြားမွာျဖစ္ၿပီး ေခတ္သစ္ေဘာလုံးေလာကရဲ႕ အႀကီးက်ယ္ အခမ္းနားဆုံး ကစားသမားေတြထဲက အခ်ိဳ႕ကို ဒီၿပိဳင္ပြဲမွာ ေနာက္ဆုံး ျမင္ေတြ႕ရဖြယ္ရွိေနၿပီး ဒီကမာၻ႔ဖလားၿပိဳင္ပြဲအၿပီးမွာ လက္ေ႐ြးစင္အသင္းေတြနဲ႔ ေနာက္ထပ္ျမင္ေတြ႕ရဖြယ္မရွိေတာ့တဲ့ ကစားသမား ၁၀ ဦးလည္း ရွိေနပါတယ္။

၁၀။ အီဒင္ဆင္ ကာဗာနီ(ဥ႐ုေဂြး)

ကာဗာနီဟာ သူ႔ရဲ႕ မ်ိဳးဆက္မွာ အေကာင္းဆုံး တိုက္စစ္မႉးေတြထဲက တစ္ဦးျဖစ္ခဲ့ၿပီး ဥ႐ုေဂြးလက္ေ႐ြးစင္တိုက္စစ္မႉးဟာ လက္ေ႐ြးစင္အသင္းအတြက္ ၁၂၉ ပြဲ ပါဝင္ကစားေပးခဲ့ရာမွာ သြင္းဂိုး ၅၆ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၁၇ ႀကိမ္ ျပဳလုပ္ေပးႏိုင္ခဲ့တာျဖစ္ပါတယ္။ ကာဗာနီဟာ တိက်ေသသပ္တဲ့အဆုံးသတ္၊ ေခါင္းတိုက္စြမ္းရည္တို႔ေၾကာင့္ လူသိမ်ားသလို ဇြဲနဘဲႀကီးႀကီးနဲ႔ ေရကုန္ေရခမ္း တိုက္ပြဲဝင္တတ္တဲ့စိတ္ဓာတ္မ်ိဳးရွိသူလည္း ျဖစ္ပါတယ္။ ဒါေပမယ့္ ကာဗာနီဟာ လက္ရွိမွာ အသက္ ၃၅ ႏွစ္အ႐ြယ္ ရွိေနၿပီျဖစ္ၿပီး ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲဟာ ၎အတြက္ လက္ေ႐ြးစင္အသင္းကို ကိုယ္စားျပဳၿပီး ေနာက္ဆုံးပါဝင္ကစားမယ့္ ၿပိဳင္ပြဲျဖစ္လာေတာ့မွာ ျဖစ္ပါတယ္။

၉။ လူးဝစၥ ဆြာရက္ဇ္(ဥ႐ုေဂြး)

ကာဗာနီရဲ႕ တိုက္စစ္တြဲေဖာ္ျဖစ္တဲ့ လူးဝစၥ ဆြာရက္ဇ္လည္း ေခတ္သစ္ေဘာလုံးေလာကရဲ႕ အႀကီးက်ယ္ဆုံး ကစားသမားေတြထဲက တစ္ဦးျဖစ္ၿပီး အသက္ ၃၅ ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ ဥ႐ုေဂြးတိုက္စစ္မႉးဟာ အက္သလက္တီကို မက္ဒရစ္နဲ႔ လမ္းခြဲခဲ့ၿပီးေနာက္ လက္ရွိမွာေတာ့ ဥ႐ုေဂြးကလပ္ျဖစ္တဲ့ ေနစီယြန္နယ္အသင္းအတြက္ ကစားေပးေနတာျဖစ္ပါတယ္။ ေခတ္သစ္ကာလရဲ႕ ဘက္စုံထူးခြၽန္တဲ့ တိုက္စစ္မႉးေကာင္းေတြထဲက တစ္ဦးျဖစ္တဲ့ ဆြာရက္ဇ္ဟာ ကစားသမားဘဝ အေကာင္းဆုံးအခ်ိန္ကို ဘာစီလိုနာအသင္းမွာ လီယြန္နယ္ မက္ဆီနဲ႔အတူ တြဲဖက္ကစားၿပီး ဥေရာပရဲ႕ အေကာင္းဆုံး ခံစစ္မႉးေတြကို တုန္လႈပ္ေစခဲ့သူျဖစ္ပါတယ္။ ဆြာရက္ဇ္ဟာ လက္ရွိမွာေတာ့ ကစားသမားဘဝ အေကာင္းဆုံးအခ်ိန္ေတြကို ေက်ာ္လြန္ခဲ့ၿပီျဖစ္ၿပီး ၿပီးခဲ့တဲ့ရာသီေတြမွာ ေျခစြမ္း က်ဆင္းလာတာကို ျမင္ေတြ႕ေနရၿပီျဖစ္တာေၾကာင့္ ၂၀၂၂ ကမာၻ႔ဖလားအၿပီးမွာ အသက္ ၃၅ ႏွစ္အ႐ြယ္ တိုက္စစ္မႉးကို ထပ္ျမင္ေတြ႕ရဖြယ္မရွိေတာ့တာျဖစ္ပါတယ္။

၈။ အိန္ဂ်ယ္ ဒီမာရီယာ(အာဂ်င္တီးနား)

ဒီမာရီယာဟာ ၿပီးခဲ့တဲ့ ဆယ္စုႏွစ္အတြင္း အာဂ်င္တီးနားရဲ႕ အေရးအပါဆုံး ကစားသမားေတြထဲက တစ္ဦးျဖစ္ခဲ့သူျဖစ္ၿပီး ၎ရဲ႕ ဒဏ္ရာေၾကာင့္ လြဲေခ်ာ္ခဲ့မႈက ၂၀၁၄ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ အာဂ်င္တီးနားတို႔ ဒုတိယေနရာနဲ႔ ေက်နပ္ခဲ့ရျခင္းရဲ႕ အေၾကာင္းအရင္းအျဖစ္ ရႈျမင္ျခင္းခံခဲ့ရတာျဖစ္ပါတယ္။ ဒီမာရီယာဟာ ၂၀၂၁ ခုႏွစ္ ကိုပါအေမရိကဗိုလ္လုပြဲမွာ အာဂ်င္တီးနားအတြက္ အႏိုင္ဂိုးကို သြင္းယူေပးခဲ့ၿပီး အသက္ ၃၄ ႏွစ္အ႐ြယ္ အာဂ်င္တီးနားေတာင္ပံကစားသမားဟာ ယခုေႏြရာသီမွာ ပီအက္စ္ဂ်ီနဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆုံးၿပီးေနာက္ ဂ်ဴဗင္တပ္ကို အလြတ္နဲ႔ ေျပာင္းေ႐ႊ႕ခဲ့သူျဖစ္ပါတယ္။ ဒါေပမယ့္လည္း အသက္ ၃၄ ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ ဒီမာရီယာဟာ ေျခစြမ္း အျမင့္မားဆုံးအေနအထားမွာ မရွိေတာ့တာျဖစ္ၿပီး ၂၀၂၆ ကမာၻ႔ဖလားအထိ အာဂ်င္တီးနားလက္ေ႐ြးစင္အသင္းနဲ႔ ထပ္မံျမင္ေတြ႕ရေတာ့မွာမဟုတ္တာ ေသခ်ာပါတယ္။

၇။ မာကို ႐ြိဳက္စ္(ဂ်ာမနီ)

မာကို ႐ြိဳက္စ္ဟာ သူ႔ရဲ႕ မ်ိဳးဆက္မွာေတာ့ အေကာင္းဆုံး တိုက္စစ္ကစားသမားေတြထဲက တစ္ဦးဆိုတာ သံသယျဖစ္စရာမရွိဘဲ ကံဆိုးစြာနဲ႔ပဲ ဒဏ္ရာျပႆနာေတြေၾကာင့္ ဂ်ာမနီလက္ေ႐ြးစင္အသင္းမွာ ပါဝင္ကစားခြင့္ အကန႔္အသတ္နဲ႔သာ ရရွိခဲ့တာျဖစ္ပါတယ္။ မာကို ႐ြိဳက္စ္ဟာ ကစားသမားဘဝတေလွ်ာက္ ဂ်ာမနီလက္ေ႐ြးစင္အသင္းသအတြက္ ၄၈ ပြဲသာ ပါဝင္ကစားေပးႏိုင္ခဲ့ၿပီး သြင္းဂိုး ၁၅ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၁၄ ႀကိမ္ ျပဳလုပ္ႏိုင္ခဲ့တာျဖစ္ပါတယ္။ ႐ြိဳက္စ္ဟာ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ၃ ပြဲသာ ကစားေပးခဲ့ဖူးၿပီး ယခုႏွစ္ ကမာၻ႔ဖလားၿပိဳင္ပြဲမွာေတာ့ လက္ေ႐ြးစင္အသင္းအတြက္ ကိုယ္စားျပဳ ကစားေပးႏိုင္မယ္လို႔ ေမွ်ာ္လင့္ေနမွာျဖစ္ပါတယ္။ အသက္ ၃၃ ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ ေဒ့ါမြန္ၾကယ္ပြင့္အတြက္ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲဟာ ေနာက္ဆုံး ပါဝင္ကစားေပးႏိုင္မယ့္ အခြင့္အေရးတစ္ခု ျဖစ္လာေတာ့မွာျဖစ္ပါတယ္။

၆။ သီေယဂို ေဆးလ္ဗား(ဘရာဇီးလ္)

ဘရာဇီးလ္ဟာ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲကို ဝင္ေရာက္ယွဥ္ၿပိဳင္ရာမွာ ကမာၻ႔အဆင့္ ခံစစ္မႉးေတြ မရွိတဲ့အသင္းမဟုတ္ေပမယ့္ အသက္ ၃၇ ႏွစ္အ႐ြယ္ ခ်ဲလ္ဆီးေနာက္ခံလူဟာ ၎တို႔ရဲ႕ ခံစစ္မွာ အဓိကကစားသမားျဖစ္လာမွာျဖစ္ပါတယ္။ ဝါရင့္ ေနာက္ခံကစားသမားဟာ အသက္အ႐ြယ္အားျဖင့္ ၄၀ တန္းနား ကပ္ေနၿပီျဖစ္ေပမယ့္လည္း ခံစစ္မွာ တံတိုင္းႀကီးသဖြယ္ရွိေနဆဲျဖစ္ၿပီး ေဆးလ္ဗားအတြက္ ကာတာ ကမာၻ႔ဖလားဟာ လက္ေ႐ြးစင္အသင္းအတြက္ ေနာက္ဆုံးပါဝင္ကစားေပးတဲ့ကမာၻ႔ဖလားၿပိဳင္ပြဲျဖစ္လာေတာ့မွာ ျဖစ္ပါတယ္။

၅။ ေသာမတ္စ္ မူလာ(ဂ်ာမနီ)

ေသာမတ္စ္ မူလာဟာ ကမာၻ႔ဖလားၿပိဳင္ပြဲေတြမွာ ဂ်ာမနီအတြက္ အဓိကအခန္းက႑ကေန ပါဝင္ကစားေပးခဲ့သူျဖစ္ၿပီး ဥေရာပရဲ႕ ဂိုးဖန္တီးမႈဘုရင္ဟာ ကမာၻေပၚက နည္းစနစ္ပိုင္း ပါရမီအရွိဆုံးနဲ႔ အထက္ျမက္ဆုံး ေဘာလုံးသမားေတြထဲကတစ္ဦး ျဖစ္ပါတယ္။ ဘိုင္ယန္ျမဴးနစ္တိုက္စစ္မႉးဟာ အသက္ ၃၃ ႏွစ္ျပည့္ဖို႔ ရက္သတၱပတ္အနည္းငယ္သာ လိုေတာ့ေပမယ့္လည္း ထိပ္တန္းအဆင့္မွာ ဆက္လက္ ကစားေပးႏိုင္ဆဲျဖစ္ၿပီး ဂ်ာမနီအတြက္ ကမာၻ႔ဖလားပြဲစဥ္ ၁၆ ပြဲ ကစားေပးခဲ့ရာမွာ သြင္းဂိုး ၁၀ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၆ ႀကိမ္ ျပဳလုပ္ႏိုင္ခဲ့သူျဖစ္ပါတယ္။ ဒီကိန္းဂဏန္းေတြဟာ ဂ်ာမနီလက္ေ႐ြးစင္အသင္းအတြက္ ဝါရင့္တိုက္စစ္မႉးက ဘယ္ေလာက္အထိ အေရးပါလဲဆိုတာကို အလိုလို စကားေျပာေနတာျဖစ္ပါတယ္။

၄။ ကာရင္ ဘန္ဇီးမား(ျပင္သစ္)

ဘန္ဇီးမားဟာ ၆ ႏွစ္ၾကာ လက္ေ႐ြးစင္အသင္းနဲ႔ ေဝးကြာခဲ့ၿပီးေနာက္ ျပင္သစ္လက္ေ႐ြးစင္အသင္းကို ျပန္လည္ေခၚယူျခင္းခံခဲ့ရသူျဖစ္ၿပီး ရီးရဲလ္မက္ဒရစ္ၾကယ္ပြင့္ဟာ ကလပ္အသင္းအဆင့္နဲ႔ ႏိုင္ငံတကာအဆင့္မွာ ေတာက္ပတဲ့ စြမ္းေဆာင္ရည္ျပသႏိုင္ခဲ့တာေၾကာင့္ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ၎ဆီကေန ႀကီးမားတဲ့အရာေတြကို ေမွ်ာ္မွန္းျခင္းခံထားရသူျဖစ္ပါတယ္။ ဒါေပမယ့္လည္း ဘန္ဇီးမားဟာ လက္ရွိမွာ အသက္ ၃၄ ႏွစ္အ႐ြယ္ရွိေနၿပီျဖစ္တာေၾကာင့္ ၂၀၂၂ ကမာၻ႔ဖလားဟာ ရီးရဲလ္မက္ဒရစ္တိုက္စစ္မႉးအတြက္ ေနာက္ဆုံးကမာၻ႔ဖလားျဖစ္လာဖြယ္ရွိေနပီး ျပင္သစ္အသင္းအတြက္ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ အဓိကအဆုံးအျဖတ္ေပးႏိုင္မယ့္ကစားသမားျဖစ္ေၾကာင္း သက္ေသျပသသြားမွာျဖစ္ပါတယ္။

၃။ လူကာ မိုဒရစ္(ခ႐ိုေအးရွား)

လူကာ မိုဒရစ္ဟာ ၂၀၁၈ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ၿပိဳင္ပြဲတေလွ်ာက္ အေကာင္းဆုံးကစားသမားဆု ခ်ီးျမႇင့္ျခင္းခံခဲ့ရသူျဖစ္ၿပီး လြန္ခဲ့တဲ့ ၄ ႏွစ္တုန္းက ခ႐ိုေအးရွားလက္ေ႐ြးစင္အသင္းကို ကမာၻ႔ဖလားဗိုလ္လုပြဲအထိ ပို႔ေဆာင္ေပးခဲ့ေပမယ့္ ျပင္သစ္ကို ရႈံးနိမ့္ခဲ့တာေၾကာင့္ ဒုတိယနဲ႔သာ ေက်နပ္ခဲ့ရတာျဖစ္ပါတယ္။ မိုဒရစ္ဟာ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲ က်င္းပတဲ့အခ်ိန္ေရာက္ရင္ အသက္ ၃၇ ႏွစ္အ႐ြယ္ ရွိေနေတာ့မွာျဖစ္ၿပီး ရီးရဲလ္မက္ဒရစ္အသင္းနဲ႔အတူ ၿပီးခဲ့တဲ့ရာသီမွာ ေတာက္ပတဲ့ ေျခစြမ္း ျပသခဲ့တဲ့ ကြင္းလယ္ဖန္တီးရွင္ဟာ ခ႐ိုအးရွားအတြက္ ေနာက္ထပ္တစ္ႀကိမ္ အဓိကကစားသမားျဖစ္လာဦးမွာျဖစ္ပါတယ္။

၂။ လီယြန္နယ္ မက္ဆီ(အာဂ်င္တီးနား)

လီယြန္နယ္ မက္ဆီဟာ တသက္တာအေကာင္းဆုံးကစားသမားဆိုတာ သံသယျဖစ္စရာမရွိဘဲ ဘလြန္ေဒါ ၇ ဆုအထိ စံခ်ိန္တင္ပိုင္ဆိုင္ထားတဲ့ အာဂ်င္တီးနားတိုက္စစ္မႉးဟာ ကစားသမားဘဝတေလွ်ာက္လုံး ထိပ္တန္းအဆင့္မွာ ရွိေနခဲ့သူျဖစ္ပါတယ္။ မက္ဆီဟာ ၂၀၂၁ ခုႏွစ္ ကိုပါအေမရိကၿပိဳင္ပြဲမွာ အာဂ်င္တီးနားလက္ေ႐ြးစင္အသင္းကို ၁၉၉၃ ခုႏွစ္ ေနာက္ပိုင္း ပထမဆုံး ႏိုင္ငံတကာအဆင့္ အဓိကဆုဖလား ရရွိေအာင္ ကူညီေပးႏိုင္ခဲ့ၿပီးေနာက္ ၿပိဳင္ပြဲတေလွ်ာက္ အေကာင္းဆုံးကစားသမားအျဖစ္ သတ္မွတ္ျခင္းခံခဲ့ရတာျဖစ္ပါတယ္။ မက္ဆီဟာ အာဂ်င္တီးနားအတြက္ ၁၆၂ ပြဲ ပါဝင္ကစားေပးခဲ့ရာမွာ သြင္းဂိုး ၈၆ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၅၁ ႀကိမ္အထိ ျပဳလုပ္ႏိုင္ခဲ့ၿပီး ပီအက္စ္ဂ်ီၾကယ္ပြင့္တိုက္စစ္မႉးရဲ႕ ကစားသမားဘဝမွာ ေပ်ာက္ဆုံးေနတဲ့ဖလားဆိုလို႔ ကမာၻ႔ဖလားတစ္ခုတည္းသာ က်န္ရွိေတာ့တာျဖစ္တာေၾကာင့္ ေနာက္ဆုံးအႀကိမ္ ပါဝင္ကစားေပးတာ ျဖစ္ဖို႔မ်ားတဲ့ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ အဲဒီဆုဖလားကို အရယူဖို႔ ႀကိဳးပမ္းသြားမွာျဖစ္ပါတယ္။

၁။ ခရစၥတီယာႏို ေရာ္နယ္လ္ဒို(ေပၚတူဂီ)

ႏိုင္ငံတကာအဆင့္မွာ တသက္တာထိပ္တန္းဂိုးသြင္းရွင္အျဖစ္ ရပ္တည္ေနတဲ့ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဟာ ေပၚတူဂီလက္ေ႐ြးစင္အသင္းအတြက္ ၁၈၉ ပြဲ ပါဝင္ကစားေပးခဲ့ရာမွာ သြင္းဂိုး ၁၁၇ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၄၂ ႀကိမ္အထိ ျပဳလုပ္ေပးထားသူျဖစ္ပါတယ္။ ေရာ္နယ္လ္ဒိုဟာ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲအၿပီးမွာ လက္ေ႐ြးစင္ကစားသမားဘဝကေန အနားယူေတာ့မွာျဖစ္တယ္လို႔ ေၾကညာထားတာေၾကာင့္ ေနာက္ဆုံးပါဝင္ကစားေပးမယ့္ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ရွိသမွ် အရာအားလုံးကို အစြမ္းကုန္ေပးဆပ္သြားတာကို ျမင္ေတြ႕ရေတာ့မွာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
UNITED A2Z.