Premier League

နောက်ဆုံးရမန်ချက်စတာယူနိုက်တက်သတင်းများ စုစည်းမှု-၂၃.၈.၂၀၂၀






REF: INTERNET SOURCES
PHOTOS CREDIT TO OWNER
SPORTS A2Z.

ယူနိုက်တက်နောက်ခံလူစမောလင်းကို ခေါ်ယူဖို့ ပရီးမီးယားလိဂ်အသင်းတြွေဖစ်တဲ့ အဲဗာတန်၊နယူးကာဆယ်နဲ့ ဖူဟမ်အသင်းတို့က စိတ်ဝင်တစားရှိနေကြပါတယ်။အချို့သတင်းတွေအရတော့ စမောလင်းဟာ သူ့အတွက်အောင်မြင်ဖြစ်ခဲ့တဲ့ရိုးမားအသင်းကို ပြန်ရောက်သွားနိုင်တယ်လို့ ဆိုပါတယ်။

ယူနိုက်တက်တိုက်စစ်မှူးမာစီယဲလ်ကတော့ ပြီးခဲ့တဲ့ရာသီက ဂိုးတွေပိုမို သွင်းယူနိုင်ခဲ့ခြင်းမှာ ပွဲထွက်ကစားခွင့်များများရခဲ့တဲ့အတွက် ယုံကြည်မှုတွေရှိလာလို့ကြောင့် နဲ့ အသင်းဖော်တွေနဲ့စည်းစည်းလုံးလုံး ကစားနိုင်ခဲ့တာကြောင့်လို့ ပြောဆိုသွားခဲ့ပါတယ်။

အင်တာမီလန်အသင်းနဲ့ အနာဂတ်မရေမရာ ဖြစ်နေတဲ့ နည်းပြကွန်တီဟာ အနာဂတ်မှာ ယူနိုက်တက်အသင်းဆီလာပြီး နည်းပြဖို့ရှိတယ်လို့ သတင်းထွက်ပေါ်လာပါတယ်။နည်းပြကွန်တီဟာ စီးရီးအေနဲ့ ပရီးမီးယားလိဂ်တို့အကြောင်းကို ကောင်းကောင်းသိပြီး အောင်မြင်မှုတွေရယူထားနိုင်ခဲ့သူလည်းဖြစ်ပါတယ်။

ယူနိုက်တက်အသင်းခေါင်းဆောင် ဟယ်ရီမဂွိုင်းယားဟာ ဂရိစ်နိုင်ငံမှာဖြစ်ပွါးခဲ့တဲ့ ပြဿနာရှင်းပြီးနောက် အင်္ဂလန်ကိုပြန်လာခဲ့ပြီဖြစ်ပေမဲ့ ဂရိစ်ကို ပြန်ပြီး တရားရင်ဆိုင်ရဖို့ရှိသေးတယ်လို့ သိရပါတယ်။

အင်္ဂလန်လက်ရွေးစင်နည်းပြ ဆောက်ဂိတ်ကတော့ အင်္ဂလန်အသင်းရဲ့လူစာရင်းကို နောက်ဆုံးမရွေးချယ်ခင် ဟယ်ရီမဂွိုင်းယားနဲ့ အရင်ဆွေးနွေးသွားအုံးမယ်လို့ ဆိုပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNER
SPORTS A2Z.