Premier League Serie A Transfer News

၂၀၁၈ ကမ္ဘာ့ဖလားဗိုလ်လုပွဲကစားခဲ့တဲ့ ကွင်းလယ်ကစားသမားကို ကမ်းလှမ်းသွားတော့မယ့် လီဗာပူးလ်

လီဗာပူးလ်အသင်းဟာ အပြောင်းအရွှေ့ကာလ နောက်ဆုံးနေ့တွေမှာ အင်တာမီလန်ကြယ်ပွင့် မာဆယ်လို ဘရိုဇိုဗစ်ကို ကမ်းလှမ်းမှု ပြုလုပ်သွားဖို့ ပြင်ဆင်နေတယ်လို့ စပိန်သတင်းဌာန Fichajes က ဖော်ပြခဲ့ပါတယ်။

လီဗာပူးလ်ဟာ အသက်အရွယ်ရနေပြီဖြစ်တဲ့ ကွင်းလယ်ကို သွေးသစ်လောင်းဖို့ ကြိုးပမ်းနေတာကြောင့် ဘရိုဇိုဗစ်ကို ခေါ်ယူဖို့ သတင်းတွေ ထွက်ပေါ်နေခဲ့တာ ဖြစ်ပါတယ်။ ဂျုဒ် ဘယ်လင်ဟမ်ဟာ မာဆေးဆိုဒ် ကလပ်အသင်းရဲ့ ထိပ်တန်းပစ်မှတ်ဖြစ်ပေမယ့်လည်း လာမယ့်နှစ် နွေရာသီမတိုင်ခင်အထိ ခေါ်ယူလို့ ရမှာမဟုတ်သေးတာကြောင့် ကလော့ပ်အနေနဲ့ တခြားကစားသမားတွေကိုပဲ အာရုံပြောင်းလဲရတော့မယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်။

ကလော့ပ်ဟာ ဘရိုဇိုဗစ်ကို ဘယ်လင်ဟမ်အပြင် အခြားရွေးချယ်စရာ ကစားသမားတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ပြီး ယခုနွေရာသီအပြောင်းအရွှေ့ကာလ မကုန်ဆုံးခင်မှာ အရခေါ်ယူသွားဖို့ ပြင်ဆင်နေပြီလို့ ယင်းသတင်းက ဖော်ပြခဲ့တာဖြစ်ပါတယ်။

လီဗာပူးလ်ဟာ အင်တာမီလန်မှာ တစ်ပတ်လုပ်ခလစာ ပေါင် ၁၀၆၀၀၀ ရရှိနေတဲ့ အသက် ၂၉ နှစ်အရွယ် ကွင်းလယ်ကစားသမားကို ၁ နှစ်သက်တမ်းတိုးခွင့်ပါဝင်တဲ့ ၂ နှစ်စာချုပ် ကမ်းလှမ်းသွားတော့မှာဖြစ်တယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း လီဗာပူးလ်အသင်းအနေနဲ့ မန်ချက်စတာယူနိုက်တက်၊ ပီအက်စ်ဂျီတို့လို အသင်းတွေဆီကနေ ယှဉ်ပြိုင်မှုနဲ့ ရင်ဆိုင်ရနိုင်ပြီး ဒီ ၂ သင်းဟာ ၂၀၁၈ ကမ္ဘာ့ဖလားဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့တဲ့ ခရိုအေးရှားလက်ရွေးစင်ကွင်းလယ်ကစားသမားကို ကာလရှည်စိတ်ဝင်စားခဲ့ကြတာလို့ သိရပါတယ်။ မာဆယ်လို ဘရိုဇိုဗစ်ဟာ ပြီးခဲ့တဲ့ ၇ နှစ်စလုံးကို အင်တာမီလန်အသင်းနဲ့အတူ ကုန်ဆုံးခဲ့သူဖြစ်ပြီး ၂၀၂၁ ခုနှစ်မှာ စီးရီးအေချန်ပီယံဖြစ်ခဲ့တဲ့ မီလန်အခြေစိုက်အသင်းအတွက် ၂၉၁ ပွဲ ပါဝင်ကစားပေးခဲ့တဲ့ကစားသမား ဖြစ်ပါတယ်။

သီယေဂို အယ်လ်ကန်တာရာဟာ ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲစဉ်ဖြစ်တဲ့ ဖူလ်ဟမ်နဲ့ပွဲမှာ ရခဲ့တဲ့ ဒဏ်ရာကြောင့် ရက်သတ္တပတ်အတော်ကြာ အနားယူရမှာဖြစ်သလို နာဘီ ကီးတား၊ ချိန်ဘာလိန်တို့ကလည်း ကြံ့ခိုင်မှုပြဿနာနဲ့ ရုန်းကန်နေရတာကြောင့် ဘရိုဇိုဗစ်လို ကစားသမားမျိုးကို ခေါ်ယူတာက လီဗာပူးလ်အတွက် ရေတို ကွာဟချက်ကို ဖြေရှင်းဖို့အတွက် အဓိပ္ပာယ်ရှိတဲ့ ခေါ်ယူမှု ဖြစ်လာမှာ ဖြစ်ပါတယ်။

လာမယ့်နှစ် နွေရာသီမှာ ဘယ်လင်ဟမ်လိုမျိုး ပိုမို ငယ်ရွယ်တဲ့ ရွေးချယ်စရာကစားသမားမျိုး အန်းဖီးကို ပြောင်းရွှေ့လာချိန်မှာ အသက် ၃၀ ကျော်တန်း သီယေဂို၊ မီလ်နာ၊ ဟန်ဒါဆန်တို့နဲ့ ဖွဲ့စည်းထားတဲ့ အသက်အရွယ်ကြီးရင့်တဲ့ ကွင်းလယ်အတွက် သွေးသစ်လောင်းမှု ဖြစ်လာမှာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
UNITED A2Z.

ZAWGYI: လီဗာပူးလ္အသင္းဟာ အေျပာင္းအေ႐ႊ႕ကာလ ေနာက္ဆုံးေန႔ေတြမွာ အင္တာမီလန္ၾကယ္ပြင့္ မာဆယ္လို ဘ႐ိုဇိုဗစ္ကို ကမ္းလွမ္းမႈ ျပဳလုပ္သြားဖို႔ ျပင္ဆင္ေနတယ္လို႔ စပိန္သတင္းဌာန Fichajes က ေဖာ္ျပခဲ့ပါတယ္။

လီဗာပူးလ္ဟာ အသက္အ႐ြယ္ရေနၿပီျဖစ္တဲ့ ကြင္းလယ္ကို ေသြးသစ္ေလာင္းဖို႔ ႀကိဳးပမ္းေနတာေၾကာင့္ ဘ႐ိုဇိုဗစ္ကို ေခၚယူဖို႔ သတင္းေတြ ထြက္ေပၚေနခဲ့တာ ျဖစ္ပါတယ္။ ဂ်ဳဒ္ ဘယ္လင္ဟမ္ဟာ မာေဆးဆိုဒ္ ကလပ္အသင္းရဲ႕ ထိပ္တန္းပစ္မွတ္ျဖစ္ေပမယ့္လည္း လာမယ့္ႏွစ္ ေႏြရာသီမတိုင္ခင္အထိ ေခၚယူလို႔ ရမွာမဟုတ္ေသးတာေၾကာင့္ ကေလာ့ပ္အေနနဲ႔ တျခားကစားသမားေတြကိုပဲ အာ႐ုံေျပာင္းလဲရေတာ့မယ္ဆိုတဲ့အဓိပၸာယ္ျဖစ္ပါတယ္။

ကေလာ့ပ္ဟာ ဘ႐ိုဇိုဗစ္ကို ဘယ္လင္ဟမ္အျပင္ အျခားေ႐ြးခ်ယ္စရာ ကစားသမားေတြထဲက တစ္ဦးအျဖစ္ သတ္မွတ္ခံခဲ့ၿပီး ယခုေႏြရာသီအေျပာင္းအေ႐ႊ႕ကာလ မကုန္ဆုံးခင္မွာ အရေခၚယူသြားဖို႔ ျပင္ဆင္ေနၿပီလို႔ ယင္းသတင္းက ေဖာ္ျပခဲ့တာျဖစ္ပါတယ္။

လီဗာပူးလ္ဟာ အင္တာမီလန္မွာ တစ္ပတ္လုပ္ခလစာ ေပါင္ ၁၀၆၀၀၀ ရရွိေနတဲ့ အသက္ ၂၉ ႏွစ္အ႐ြယ္ ကြင္းလယ္ကစားသမားကို ၁ ႏွစ္သက္တမ္းတိုးခြင့္ပါဝင္တဲ့ ၂ ႏွစ္စာခ်ဳပ္ ကမ္းလွမ္းသြားေတာ့မွာျဖစ္တယ္လို႔ သိရပါတယ္။

ဒါေပမယ့္လည္း လီဗာပူးလ္အသင္းအေနနဲ႔ မန္ခ်က္စတာယူႏိုက္တက္၊ ပီအက္စ္ဂ်ီတို႔လို အသင္းေတြဆီကေန ယွဥ္ၿပိဳင္မႈနဲ႔ ရင္ဆိုင္ရႏိုင္ၿပီး ဒီ ၂ သင္းဟာ ၂၀၁၈ ကမာၻ႔ဖလားဗိုလ္လုပြဲအထိ တက္ေရာက္ႏိုင္ခဲ့တဲ့ ခ႐ိုေအးရွားလက္ေ႐ြးစင္ကြင္းလယ္ကစားသမားကို ကာလရွည္စိတ္ဝင္စားခဲ့ၾကတာလို႔ သိရပါတယ္။ မာဆယ္လို ဘ႐ိုဇိုဗစ္ဟာ ၿပီးခဲ့တဲ့ ၇ ႏွစ္စလုံးကို အင္တာမီလန္အသင္းနဲ႔အတူ ကုန္ဆုံးခဲ့သူျဖစ္ၿပီး ၂၀၂၁ ခုႏွစ္မွာ စီးရီးေအခ်န္ပီယံျဖစ္ခဲ့တဲ့ မီလန္အေျခစိုက္အသင္းအတြက္ ၂၉၁ ပြဲ ပါဝင္ကစားေပးခဲ့တဲ့ကစားသမား ျဖစ္ပါတယ္။

သီေယဂို အယ္လ္ကန္တာရာဟာ ပရီးမီးယားလိဂ္ရာသီအဖြင့္ပြဲစဥ္ျဖစ္တဲ့ ဖူလ္ဟမ္နဲ႔ပြဲမွာ ရခဲ့တဲ့ ဒဏ္ရာေၾကာင့္ ရက္သတၱပတ္အေတာ္ၾကာ အနားယူရမွာျဖစ္သလို နာဘီ ကီးတား၊ ခ်ိန္ဘာလိန္တို႔ကလည္း ႀကံ့ခိုင္မႈျပႆနာနဲ႔ ႐ုန္းကန္ေနရတာေၾကာင့္ ဘ႐ိုဇိုဗစ္လို ကစားသမားမ်ိဳးကို ေခၚယူတာက လီဗာပူးလ္အတြက္ ေရတို ကြာဟခ်က္ကို ေျဖရွင္းဖို႔အတြက္ အဓိပၸာယ္ရွိတဲ့ ေခၚယူမႈ ျဖစ္လာမွာ ျဖစ္ပါတယ္။

လာမယ့္ႏွစ္ ေႏြရာသီမွာ ဘယ္လင္ဟမ္လိုမ်ိဳး ပိုမို ငယ္႐ြယ္တဲ့ ေ႐ြးခ်ယ္စရာကစားသမားမ်ိဳး အန္းဖီးကို ေျပာင္းေ႐ႊ႕လာခ်ိန္မွာ အသက္ ၃၀ ေက်ာ္တန္း သီေယဂို၊ မီလ္နာ၊ ဟန္ဒါဆန္တို႔နဲ႔ ဖြဲ႕စည္းထားတဲ့ အသက္အ႐ြယ္ႀကီးရင့္တဲ့ ကြင္းလယ္အတြက္ ေသြးသစ္ေလာင္းမႈ ျဖစ္လာမွာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
UNITED A2Z.