Premier League Transfer News

မန်ယူနိုက်တက်ရဲ့ အခြေအနေကို မြင်ပြီး လေသံပြောင်းသွားတဲ့ ထိပ်တန်းပစ်မှတ်

အိုင်းယက်စ်ကြယ်ပွင့်တောင်ပံကစားသမား အန်တိုနီဟာ ယခုနွေရာသီမှာ မန်ချက်စတာယူနိုက်တက်ကို မပြောင်းရွှေ့ဘူးလို့ မငြင်းပယ်ခဲ့ပေမယ့်လည်း ဒတ်ချ်ကလပ်နဲ့ ပျော်ရွှင်နေပြီး ပရီးမီးယားလိဂ်ကို ပြောင်းဖို့ အာရုံမစိုက်ထားဘူးလို့ ပြောကြားခဲ့ပါတယ်။

အသက် ၂၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အန်တိုနီဟာ ယခုနွေရာသီမှာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ထိပ်တန်းတိုက်စစ်ပစ်မှတ်တွေထဲက တစ်ဦးဖြစ်ပေမယ့်လည်း အိုင်းယက်စ်အသင်း တောင်းဆိုထားတဲ့ ပြောင်းရွှေ့ကြေးက ယူနိုက်တက်အတွက် ပြဿနာဖြစ်နေတာဖြစ်ပါတယ်။

အစပိုင်းတုန်းက အိုင်းယက်စ်အသင်းဟာ ဘရာဇီးလ်တောင်ပံကစားသမားအတွက် ပေါင် ၆၈ သန်းဝန်းကျင်လိုချင်ခဲ့ပေမယ့်လည်း ယခုနွေရာသီမှာ နောက်ထပ် အဓိကကစားသမားတစ်ဦးကို အဆုံးရှုံးမခံချင်တော့တာကြောင့် ပြောင်းရွှေ့ကြေးကို ပေါင် ၈၄ သန်းအထိ တိုးမြှင့်ခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ဘရာဇီးလ်တောင်ပံကစားသမားအတွက် အဲဒီလောက်ပမာဏကို သုံးစွဲသွားလိုတဲ့ဆန္ဒမရှိပေမယ့်လည်း ရာသီအဖွင့်ပွဲစဉ်ဖြစ်တဲ့ ဘရိုက်တန်နဲ့ ဘရန့်တ်ဖို့ဒ်တို့ကို ရှုံးနိမ်ခဲ့ပြီးနောက် မဖြစ်မနေ သုံးစွဲသွားရတော့မယ့်အနေအထား ဖြစ်လာဖွယ်ရှိပါတယ်။

အန်တိုနီဟာ မန်ချက်စတာယူနိုက်တက်ရဲ့ စိတ်ဝင်စားမှုအကြောင်း မေးမြန်းခဲ့ချိန်မှာ ကောလာဟလတွေကို အဆုံးမသတ်ခဲ့တာသေချာပြီး မယုတ်မလွန်သာ ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။

“တန်ဟက်က ကျွန်တော့်ကို ခေါ်မှာလားဆိုရင် မသိပါဘူး။ သူ ကျွန်တော့်ရဲ့ အေးဂျင့်တွေနဲ့ ဆွေးနွေးရမှာပါ။ ကျွန်တော်ကတော့ ဒီမှာပဲ အာရုံစိုက်ထားတယ်။ ဘာတွေ ရောက်လာမလဲဆိုတာကို ကျွန်တော်တို့ မြင်ရမှာပါ။ ကျွန်တော် အိုင်းယက်စ်မှာ ကောင်းမွန်နေတယ်လို့ ခံစားရပါတယ်။ ကျွန်တော် ဒီအသင်းအတွက် အရာအားလုံးပေးထားတယ်။ မိနစ်တိုင်းပဲ။ အဲဒီတော့ ကျွန်တော် ဒီမြို့နဲ့ ဒီကလပ်ကို ချစ်မြတ်နိုးပါတယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

အိုင်းယက်စ်အသင်းဟာ တနင်္ဂနွေနေ့ညနေက အမ်စတာဒမ်မှာ ဂရိုနင်ဂန်ကို ၆-၁ နဲ့ အပြတ်အသတ် အနိုင်ယူပြီး ပျော်ရွှင်စရာ ညနေခင်းကို ဖြတ်သန်းခဲ့တာဖြစ်ပြီး အန်တိုနီက ဒတ်ချ်ချန်ပီယံတွေအတွက် အမှတ်ရစရာ ဒုတိယမြောက် သွင်းဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
UNITED A2Z.

ZAWGYI: အိုင္းယက္စ္ၾကယ္ပြင့္ေတာင္ပံကစားသမား အန္တိုနီဟာ ယခုေႏြရာသီမွာ မန္ခ်က္စတာယူႏိုက္တက္ကို မေျပာင္းေ႐ႊ႕ဘူးလို႔ မျငင္းပယ္ခဲ့ေပမယ့္လည္း ဒတ္ခ်္ကလပ္နဲ႔ ေပ်ာ္႐ႊင္ေနၿပီး ပရီးမီးယားလိဂ္ကို ေျပာင္းဖို႔ အာ႐ုံမစိုက္ထားဘူးလို႔ ေျပာၾကားခဲ့ပါတယ္။

အသက္ ၂၂ ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ အန္တိုနီဟာ ယခုေႏြရာသီမွာ မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ ထိပ္တန္းတိုက္စစ္ပစ္မွတ္ေတြထဲက တစ္ဦးျဖစ္ေပမယ့္လည္း အိုင္းယက္စ္အသင္း ေတာင္းဆိုထားတဲ့ ေျပာင္းေ႐ႊ႕ေၾကးက ယူႏိုက္တက္အတြက္ ျပႆနာျဖစ္ေနတာျဖစ္ပါတယ္။

အစပိုင္းတုန္းက အိုင္းယက္စ္အသင္းဟာ ဘရာဇီးလ္ေတာင္ပံကစားသမားအတြက္ ေပါင္ ၆၈ သန္းဝန္းက်င္လိုခ်င္ခဲ့ေပမယ့္လည္း ယခုေႏြရာသီမွာ ေနာက္ထပ္ အဓိကကစားသမားတစ္ဦးကို အဆုံးရႈံးမခံခ်င္ေတာ့တာေၾကာင့္ ေျပာင္းေ႐ႊ႕ေၾကးကို ေပါင္ ၈၄ သန္းအထိ တိုးျမႇင့္ခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဟာ ဘရာဇီးလ္ေတာင္ပံကစားသမားအတြက္ အဲဒီေလာက္ပမာဏကို သုံးစြဲသြားလိုတဲ့ဆႏၵမရွိေပမယ့္လည္း ရာသီအဖြင့္ပြဲစဥ္ျဖစ္တဲ့ ဘ႐ိုက္တန္နဲ႔ ဘရန႔္တ္ဖို႔ဒ္တို႔ကို ရႈံးနိမ္ခဲ့ၿပီးေနာက္ မျဖစ္မေန သုံးစြဲသြားရေတာ့မယ့္အေနအထား ျဖစ္လာဖြယ္ရွိပါတယ္။

အန္တိုနီဟာ မန္ခ်က္စတာယူႏိုက္တက္ရဲ႕ စိတ္ဝင္စားမႈအေၾကာင္း ေမးျမန္းခဲ့ခ်ိန္မွာ ေကာလာဟလေတြကို အဆုံးမသတ္ခဲ့တာေသခ်ာၿပီး မယုတ္မလြန္သာ ေျပာဆိုသြားခဲ့တာျဖစ္ပါတယ္။

“တန္ဟက္က ကြၽန္ေတာ့္ကို ေခၚမွာလားဆိုရင္ မသိပါဘူး။ သူ ကြၽန္ေတာ့္ရဲ႕ ေအးဂ်င့္ေတြနဲ႔ ေဆြးေႏြးရမွာပါ။ ကြၽန္ေတာ္ကေတာ့ ဒီမွာပဲ အာ႐ုံစိုက္ထားတယ္။ ဘာေတြ ေရာက္လာမလဲဆိုတာကို ကြၽန္ေတာ္တို႔ ျမင္ရမွာပါ။ ကြၽန္ေတာ္ အိုင္းယက္စ္မွာ ေကာင္းမြန္ေနတယ္လို႔ ခံစားရပါတယ္။ ကြၽန္ေတာ္ ဒီအသင္းအတြက္ အရာအားလုံးေပးထားတယ္။ မိနစ္တိုင္းပဲ။ အဲဒီေတာ့ ကြၽန္ေတာ္ ဒီၿမိဳ႕နဲ႔ ဒီကလပ္ကို ခ်စ္ျမတ္ႏိုးပါတယ္”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

အိုင္းယက္စ္အသင္းဟာ တနဂၤေႏြေန႔ညေနက အမ္စတာဒမ္မွာ ဂ႐ိုနင္ဂန္ကို ၆-၁ နဲ႔ အျပတ္အသတ္ အႏိုင္ယူၿပီး ေပ်ာ္႐ႊင္စရာ ညေနခင္းကို ျဖတ္သန္းခဲ့တာျဖစ္ၿပီး အန္တိုနီက ဒတ္ခ်္ခ်န္ပီယံေတြအတြက္ အမွတ္ရစရာ ဒုတိယေျမာက္ သြင္းဂိုးကို သြင္းယူေပးခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
UNITED A2Z.