Premier League

နည်းပြ ၂ ဦးစလုံးအနီကတ်ထိတဲ့အထိ ပွဲကြမ်းခဲ့ရတဲ့အကြောင်းအရင်းကို ပြောပြခဲ့တဲ့ တူဟယ်

ချဲလ်ဆီးနည်းပြ သောမတ်စ် တူဟယ်က ပွဲပြီးချိန်မှာ ဖြစ်ပျက်ခဲ့တဲ့ ရန်ပွဲအတွက် အန်တိုနီယို ကွန်တီကို အပြစ်တင်ခဲ့ပြီး ဂျာမန်လူမျိုးနည်းပြဟာ စပါးစ်နည်းပြနဲ့ လက်ဆွဲနှုတ်ဆက်ရာမှာ လက်ကို ဆွဲထားခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးနဲ့ တော့တင်ဟမ်ဟော့စပါးတို့ရဲ့ လန်ဒန်ဒါဘီပွဲစဉ်ဟာ ဘယ်တုန်းကမှ ပျင်းရိစရာ မကောင်းခဲ့တာဖြစ်ပြီး တနင်္ဂနွေနေ့ ညနေက တစ်ဖက် ၂ ဂိုးစီ သရေကျခဲ့တဲ့ပွဲစဉ်ကလည်း အဖြစ်အပျက်တွေ အစုံအလင်နဲ့ ပွဲကောင်းတစ်ပွဲဖြစ်ခဲ့တာဖြစ်ပါတယ်။

အဓိကဇာတ်လမ်းဖြစ်ခဲ့တာကတော့ ကွင်းဘေးစည်းက နည်းပြ ၂ ဦးဖြစ်တဲ့ တူဟယ်နဲ့ ကွန်တီတို့ရဲ့ ရန်ပွဲအပြင် ချဲလ်ဆီးနည်းပြဟာ အသင်းရဲ့ ဒုတိယမြောက်ဂိုးမှာ မော်ရင်ညိုလိုမျိုးတောင် အောင်ပွဲခံလုနီးနီးဖြစ်ခဲ့တာလည်း ပါပါတယ်။

တူဟယ်နဲ့ ကွန်တီတို့ ၂ ဦးစလုံးဟာ ပွဲစဉ်အတွင်း အဝါကတ်ပြား ကိုယ်စီ ပြသခြင်း ခံခဲ့ရတာဖြစ်ပြီး ပွဲပြီးချိန်မှာ လက်ဆွဲနှုတ်ဆက်ရင်း ခိုက်ရန်ဖြစ်ပွားခဲ့တာကြောင့် ၂ ဝါ ၁ နီနဲ့ ၂ ဦးစလုံး အပြစ်ပေးခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။

တူဟယ်ဟာ စပါးစ်နည်းပြရဲ့ လက်ကို ဆွဲထားခဲ့တာကို မြင်တွေ့ရပြီး လက်ဆွဲနှုတ်ဆက်ပြီးနောက်မှာတောင် လက်ကို မလွှတ်ပေးခဲ့တာကြောင့် ခိုက်ရန် စတင်ဖြစ်ပွားခဲ့တာဖြစ်ပမေယ့် ဂျာမန်နည်းပြက ကွန်တီကို ရန်ပွဲအတွက် အပြစ်တင်ခဲ့တာဖြစ်ပါတယ်။

“လက်ဆွဲနှုတ်ဆက်တဲ့အချိန်မှာ တစ်ယောက်နဲ့တစ်ယောက် မျက်လုံးချင်းဆုံအောင် ကြည့်ခဲ့ကြပေမယ့် မတူညီတဲ့ ထင်မြင်ချက်တွေရှိခဲ့တာကြောင့် စိတ်မထိန်းနိုင်ဖြစ်ခဲ့တာလို့ ထင်ပါတယ်”လို့ တူဟယ်က ပြောကြားခဲ့ပါတယ်။ ကနဦး ရန်ပွဲဟာ စပါးစ်အသင်းက ချေပဂိုး သွင်းယူပြီးနောက် ဖြစ်ပွားခဲ့တာဖြစ်ပြီး ဟော့ဘ်ဂျက်က သရေ ၁ မှတ် ရရှိစေမယ့် ဂိုးကို သွင်းယူနိုင်ခဲ့ပေမယ့် အိမ်ရှင်အသင်းဆီကနေ စောဒကတက်မှုတွေ ရှိခဲ့တာဖြစ်ပါတယ်။

ကွန်တီက အသင်းရဲ့ ချေပဂိုးအတွက် အောင်ပွဲခံနေချိန်မှာ အိမ်ကွင်းပရိသတ်တွေ၊ ချဲလ်ဆီးနည်းပြအဖွဲ့ဝင်တွေဟာ စပါးစ်ရဲ့ ချေပဂိုးဟာ တိုက်စစ် စတင်ချိန်မှာ ပြစ်ဒဏ်ကျူးလွန်ခဲ့ပြီး လူကျွံဘောဖြစ်နိုင်ခြေရှိတယ်လို့ စောဒကတက်ခဲ့ကြတာဖြစ်ပါတယ်။

တူဟယ်က အန်တိုနီယို ကွန်တီအနေနဲ့ ချေပဂိုးအတွက် အောင်ပွဲခံတာ တော်တော်လေးများတယ်လို့ ခံစားခဲ့ရကြောင်းကို “သူတို့ ချေပဂိုး ရသွားချိန်မှာ သူ ပျော်ရွှင်နေခဲ့တယ်။ အဲဒါက နည်းနည်းတော့ ပြဿနာဖြစ်စေပေမယ့် ကြီးကြီးမားမားတော့မဟုတ်ပါဘူး”

“ကျွန်တော်တို့ ၂ ဦးစလုံး အနီကတ်ပြခံခဲ့ရတာလား။ အဲဒီလောက်လည်း မလိုပါဘူး။ ဒါပေမယ့် အရာတော်တော်များများက မလိုအပ်ခဲ့တာပါ။ ဒီနေ့အတွက် ဒိုင်လူကြီးဆီကနေ နောက်ထပ် ဆိုးရွားတဲ့ ဆုံးဖြတ်ချက်ပါပဲ”လို့ တူဟယ်က ထပ်လောင်း ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
UNITED A2Z.

ZAWGYI: ခ်ဲလ္ဆီးနည္းျပ ေသာမတ္စ္ တူဟယ္က ပြဲၿပီးခ်ိန္မွာ ျဖစ္ပ်က္ခဲ့တဲ့ ရန္ပြဲအတြက္ အန္တိုနီယို ကြန္တီကို အျပစ္တင္ခဲ့ၿပီး ဂ်ာမန္လူမ်ိဳးနည္းျပဟာ စပါးစ္နည္းျပနဲ႔ လက္ဆြဲႏႈတ္ဆက္ရာမွာ လက္ကို ဆြဲထားခဲ့တာျဖစ္ပါတယ္။

ခ်ဲလ္ဆီးနဲ႔ ေတာ့တင္ဟမ္ေဟာ့စပါးတို႔ရဲ႕ လန္ဒန္ဒါဘီပြဲစဥ္ဟာ ဘယ္တုန္းကမွ ပ်င္းရိစရာ မေကာင္းခဲ့တာျဖစ္ၿပီး တနဂၤေႏြေန႔ ညေနက တစ္ဖက္ ၂ ဂိုးစီ သေရက်ခဲ့တဲ့ပြဲစဥ္ကလည္း အျဖစ္အပ်က္ေတြ အစုံအလင္နဲ႔ ပြဲေကာင္းတစ္ပြဲျဖစ္ခဲ့တာျဖစ္ပါတယ္။

အဓိကဇာတ္လမ္းျဖစ္ခဲ့တာကေတာ့ ကြင္းေဘးစည္းက နည္းျပ ၂ ဦးျဖစ္တဲ့ တူဟယ္နဲ႔ ကြန္တီတို႔ရဲ႕ ရန္ပြဲအျပင္ ခ်ဲလ္ဆီးနည္းျပဟာ အသင္းရဲ႕ ဒုတိယေျမာက္ဂိုးမွာ ေမာ္ရင္ညိဳလိုမ်ိဳးေတာင္ ေအာင္ပြဲခံလုနီးနီးျဖစ္ခဲ့တာလည္း ပါပါတယ္။

တူဟယ္နဲ႔ ကြန္တီတို႔ ၂ ဦးစလုံးဟာ ပြဲစဥ္အတြင္း အဝါကတ္ျပား ကိုယ္စီ ျပသျခင္း ခံခဲ့ရတာျဖစ္ၿပီး ပြဲၿပီးခ်ိန္မွာ လက္ဆြဲႏႈတ္ဆက္ရင္း ခိုက္ရန္ျဖစ္ပြားခဲ့တာေၾကာင့္ ၂ ဝါ ၁ နီနဲ႔ ၂ ဦးစလုံး အျပစ္ေပးျခင္း ခံခဲ့ရတာ ျဖစ္ပါတယ္။

တူဟယ္ဟာ စပါးစ္နည္းျပရဲ႕ လက္ကို ဆြဲထားခဲ့တာကို ျမင္ေတြ႕ရၿပီး လက္ဆြဲႏႈတ္ဆက္ၿပီးေနာက္မွာေတာင္ လက္ကို မလႊတ္ေပးခဲ့တာေၾကာင့္ ခိုက္ရန္ စတင္ျဖစ္ပြားခဲ့တာျဖစ္ပေမယ့္ ဂ်ာမန္နည္းျပက ကြန္တီကို ရန္ပြဲအတြက္ အျပစ္တင္ခဲ့တာျဖစ္ပါတယ္။

“လက္ဆြဲႏႈတ္ဆက္တဲ့အခ်ိန္မွာ တစ္ေယာက္နဲ႔တစ္ေယာက္ မ်က္လုံးခ်င္းဆုံေအာင္ ၾကည့္ခဲ့ၾကေပမယ့္ မတူညီတဲ့ ထင္ျမင္ခ်က္ေတြရွိခဲ့တာေၾကာင့္ စိတ္မထိန္းႏိုင္ျဖစ္ခဲ့တာလို႔ ထင္ပါတယ္”လို႔ တူဟယ္က ေျပာၾကားခဲ့ပါတယ္။ ကနဦး ရန္ပြဲဟာ စပါးစ္အသင္းက ေခ်ပဂိုး သြင္းယူၿပီးေနာက္ ျဖစ္ပြားခဲ့တာျဖစ္ၿပီး ေဟာ့ဘ္ဂ်က္က သေရ ၁ မွတ္ ရရွိေစမယ့္ ဂိုးကို သြင္းယူႏိုင္ခဲ့ေပမယ့္ အိမ္ရွင္အသင္းဆီကေန ေစာဒကတက္မႈေတြ ရွိခဲ့တာျဖစ္ပါတယ္။

ကြန္တီက အသင္းရဲ႕ ေခ်ပဂိုးအတြက္ ေအာင္ပြဲခံေနခ်ိန္မွာ အိမ္ကြင္းပရိသတ္ေတြ၊ ခ်ဲလ္ဆီးနည္းျပအဖြဲ႕ဝင္ေတြဟာ စပါးစ္ရဲ႕ ေခ်ပဂိုးဟာ တိုက္စစ္ စတင္ခ်ိန္မွာ ျပစ္ဒဏ္က်ဴးလြန္ခဲ့ၿပီး လူကြၽံေဘာျဖစ္ႏိုင္ေျခရွိတယ္လို႔ ေစာဒကတက္ခဲ့ၾကတာျဖစ္ပါတယ္။

တူဟယ္က အန္တိုနီယို ကြန္တီအေနနဲ႔ ေခ်ပဂိုးအတြက္ ေအာင္ပြဲခံတာ ေတာ္ေတာ္ေလးမ်ားတယ္လို႔ ခံစားခဲ့ရေၾကာင္းကို “သူတို႔ ေခ်ပဂိုး ရသြားခ်ိန္မွာ သူ ေပ်ာ္႐ႊင္ေနခဲ့တယ္။ အဲဒါက နည္းနည္းေတာ့ ျပႆနာျဖစ္ေစေပမယ့္ ႀကီးႀကီးမားမားေတာ့မဟုတ္ပါဘူး”

“ကြၽန္ေတာ္တို႔ ၂ ဦးစလုံး အနီကတ္ျပခံခဲ့ရတာလား။ အဲဒီေလာက္လည္း မလိုပါဘူး။ ဒါေပမယ့္ အရာေတာ္ေတာ္မ်ားမ်ားက မလိုအပ္ခဲ့တာပါ။ ဒီေန႔အတြက္ ဒိုင္လူႀကီးဆီကေန ေနာက္ထပ္ ဆိုး႐ြားတဲ့ ဆုံးျဖတ္ခ်က္ပါပဲ”လို႔ တူဟယ္က ထပ္ေလာင္း ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
UNITED A2Z.