La Liga Match Report

နောက်ကနေ ဂိုးတွေလိုက်သွင်းပြီး ရာသီအဖွင့်ပွဲကို နိုင်ပွဲနဲ့ဖွင့်ခဲ့တဲ့ ရီးရဲလ်

တနင်္ဂနွေနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ အယ်လ်မီးရီးယားနဲ့ ရီးရဲလ်မက်ဒရစ်တို့ရဲ့ ပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်အသင်းက ၂-၁ နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။

ပထမပိုင်း စတင်ပြီး ၆ မိနစ်အကြာမှာပဲ မမျှော်လင့်ထားတဲ့ အချိုးအကွေ့တစ်ခု ဖြစ်ပေါ်ခဲ့ပြီး အီနီဂို အီဂွာရက်စ်ရဲ့သေသပ်တဲ့ ပေးပို့မှုကနေ ရာမာဇာနီက ရီးရဲလ်နောက်ခံလူတွေကြားကနေ ပြေးထွက်ပြီး ကူတွာ ဘယ်လိုမှ မကာကွယ်နိုင်အောင် ဂိုးဘယ်ဖက်အောက်ထောင့်ကို အပြင်းကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းဟာ မထင်မှတ်ထားတဲ့ ဦးဆောင်ဂိုး ခွင့်ပြုခဲ့ရပြီးနောက် ချက်ချင်းပဲ တုံ့ပြန်နိုင်ဖို့ လုပ်ဆောင်လာခဲ့ပြီး အယ်လ်မီးရီးယားဂိုးသမားနဲ့ နောက်ခံကစားသမားတွေက အလူးအလဲ ကာကွယ်ပိတ်ဆို့ခဲ့ကြရတာဖြစ်ပါတယ်။

၄၃ မိနစ်မှာ ပင်နယ်တီဧရိယာထိပ်ကနေ တိုနီ ခရူးစ် ဖြတ်တင်ပေးပို့လိုက်တဲ့ ဘောလုံးကို လူးကပ်စ် ဗက်စ်ကွက်ဇ် အသာအယာ ပိတ်သွင်းယူနိုင်ခဲ့ပေမယ့် စည်းကြပ်ဒိုင်က လူကျွံအလံထောင်ပြခဲ့တာကြောင့် ပထမပိုင်းအပြီးမှာ အယ်လ်မီးရီးယားက ၁-၀ နဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒုတိယပိုင်း ပြန်လည်စတင်ပြီးနောက် ၆၁ မိနစ်မှာပဲ လူးကပ်စ် ဗက်စ်ကွက်ဇ်က ရီးရဲလ်မက်ဒရစ်အတွက် ချေပဂိုးကို သွင်းယူပေးသွားခဲ့ပြီး ဗင်နီးရှပ်ရဲ့ တစ်ကိုယ်တော် ထိုးဖောက်ကန်သွင်းမှုကို အယ်လ်မီးရီးယားဂိုးသမား ကာကွယ်ခဲ့ရာကနေ ထွက်လာတဲ့ဘောလုံးကို ဘန်ဇီးမားက အသာအယာခင်းပေးခဲ့ရာမှာ ဗက်စ်ကွက်ဇ်က ပြေးဝင်ပိတ်သွင်းခဲ့တာဖြစ်ပါတယ်။

၇၄ မိနစ်မှာ ကစားအား အနည်းငယ်ကျဆင်းလာတဲ့ မန်ဒီရဲ့ နေရာမှာ ဒေးဗစ် အလာဘာကို အန်ဆယ်လော့တီက လူစားဝင်ကစားစေခဲ့ပြီး သြစတြီးယားလက်ရွေးစင်ကြယ်ပွင့်ဟာ ကွင်းထဲဝင်ဝင်ချင်းပဲ အလွတ်တည်ကန်ဘောကနေ တိုက်ရိုက်ကန်သွင်းယူသွားခဲ့ပြီး အလွန်ကောင်းမွန်တဲ့ လူစားလဲလှယ်မှုဖြစ်ကြောင်း သက်သေပြသနိုင်ခဲ့တာဖြစ်ပါတယ်။

အိမ်ရှင် အယ်လ်မီးရီးယားဟာ ချေပဂိုးနဲ့ ဦးဆောင်ဂိုးတွေ ပြန်လည်ခွင့်ပြုခဲ့ရတာကြောင့် စိတ်ဓာတ်ရေးရာ ပျက်ပြားသွားခဲ့ပြီး ချေပဂိုး ပြန်လည်ရရှိဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း ကူတွာက နောက်ထပ်တစ်ကြိမ် ဂိုးပေါက်ထဲကို ဝင်ခွင့် မပြုတော့တာဖြစ်ပါတယ်။

လာလီဂါချန်ပီယံတွေဟာ ရာသီအဖွင့်ပွဲစဉ်ကို အနိုင်နဲ့ ဖွင့်လှစ်နိုင်ခဲ့ပေမယ့် ခက်ခက်ခဲခဲ အနိုင်ရယူခဲ့ရတာဖြစ်ပြီး အယ်လ်မီးရီးယားဟာ အလွန်ကောင်းမွန်တဲ့ ခံစစ်စုဖွဲ့မှုမျိုး ရှိခဲ့ပေမယ့် ရီးရဲလ်မက်ဒရစ်ရဲ့ ကြယ်ပွင့်တွေ ပြည့်နှက်နေတဲ့ တိုက်စစ်ကို မဟန့်တားနိုင်ခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
UNITED A2Z.

ZAWGYI: တနဂၤေႏြေန႔ညက ယွဥ္ၿပိဳင္ကစားခဲ့တဲ့ အယ္လ္မီးရီးယားနဲ႔ ရီးရဲလ္မက္ဒရစ္တို႔ရဲ႕ ပြဲစဥ္မွာ ရီးရဲလ္မက္ဒရစ္အသင္းက ၂-၁ နဲ႔ အႏိုင္ရရွိသြားခဲ့ပါတယ္။

ပထမပိုင္း စတင္ၿပီး ၆ မိနစ္အၾကာမွာပဲ မေမွ်ာ္လင့္ထားတဲ့ အခ်ိဳးအေကြ႕တစ္ခု ျဖစ္ေပၚခဲ့ၿပီး အီနီဂို အီဂြာရက္စ္ရဲ႕ေသသပ္တဲ့ ေပးပို႔မႈကေန ရာမာဇာနီက ရီးရဲလ္ေနာက္ခံလူေတြၾကားကေန ေျပးထြက္ၿပီး ကူတြာ ဘယ္လိုမွ မကာကြယ္ႏိုင္ေအာင္ ဂိုးဘယ္ဖက္ေအာက္ေထာင့္ကို အျပင္းကန္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္အသင္းဟာ မထင္မွတ္ထားတဲ့ ဦးေဆာင္ဂိုး ခြင့္ျပဳခဲ့ရၿပီးေနာက္ ခ်က္ခ်င္းပဲ တုံ႔ျပန္ႏိုင္ဖို႔ လုပ္ေဆာင္လာခဲ့ၿပီး အယ္လ္မီးရီးယားဂိုးသမားနဲ႔ ေနာက္ခံကစားသမားေတြက အလူးအလဲ ကာကြယ္ပိတ္ဆို႔ခဲ့ၾကရတာျဖစ္ပါတယ္။

၄၃ မိနစ္မွာ ပင္နယ္တီဧရိယာထိပ္ကေန တိုနီ ခ႐ူးစ္ ျဖတ္တင္ေပးပို႔လိုက္တဲ့ ေဘာလုံးကို လူးကပ္စ္ ဗက္စ္ကြက္ဇ္ အသာအယာ ပိတ္သြင္းယူႏိုင္ခဲ့ေပမယ့္ စည္းၾကပ္ဒိုင္က လူကြၽံအလံေထာင္ျပခဲ့တာေၾကာင့္ ပထမပိုင္းအၿပီးမွာ အယ္လ္မီးရီးယားက ၁-၀ နဲ႔ ဦးေဆာင္ႏိုင္ခဲ့ပါတယ္။

ဒုတိယပိုင္း ျပန္လည္စတင္ၿပီးေနာက္ ၆၁ မိနစ္မွာပဲ လူးကပ္စ္ ဗက္စ္ကြက္ဇ္က ရီးရဲလ္မက္ဒရစ္အတြက္ ေခ်ပဂိုးကို သြင္းယူေပးသြားခဲ့ၿပီး ဗင္နီးရွပ္ရဲ႕ တစ္ကိုယ္ေတာ္ ထိုးေဖာက္ကန္သြင္းမႈကို အယ္လ္မီးရီးယားဂိုးသမား ကာကြယ္ခဲ့ရာကေန ထြက္လာတဲ့ေဘာလုံးကို ဘန္ဇီးမားက အသာအယာခင္းေပးခဲ့ရာမွာ ဗက္စ္ကြက္ဇ္က ေျပးဝင္ပိတ္သြင္းခဲ့တာျဖစ္ပါတယ္။

၇၄ မိနစ္မွာ ကစားအား အနည္းငယ္က်ဆင္းလာတဲ့ မန္ဒီရဲ႕ ေနရာမွာ ေဒးဗစ္ အလာဘာကို အန္ဆယ္ေလာ့တီက လူစားဝင္ကစားေစခဲ့ၿပီး ၾသစႀတီးယားလက္ေ႐ြးစင္ၾကယ္ပြင့္ဟာ ကြင္းထဲဝင္ဝင္ခ်င္းပဲ အလြတ္တည္ကန္ေဘာကေန တိုက္႐ိုက္ကန္သြင္းယူသြားခဲ့ၿပီး အလြန္ေကာင္းမြန္တဲ့ လူစားလဲလွယ္မႈျဖစ္ေၾကာင္း သက္ေသျပသႏိုင္ခဲ့တာျဖစ္ပါတယ္။

အိမ္ရွင္ အယ္လ္မီးရီးယားဟာ ေခ်ပဂိုးနဲ႔ ဦးေဆာင္ဂိုးေတြ ျပန္လည္ခြင့္ျပဳခဲ့ရတာေၾကာင့္ စိတ္ဓာတ္ေရးရာ ပ်က္ျပားသြားခဲ့ၿပီး ေခ်ပဂိုး ျပန္လည္ရရွိဖို႔ ႀကိဳးပမ္းခဲ့ေပမယ့္လည္း ကူတြာက ေနာက္ထပ္တစ္ႀကိမ္ ဂိုးေပါက္ထဲကို ဝင္ခြင့္ မျပဳေတာ့တာျဖစ္ပါတယ္။

လာလီဂါခ်န္ပီယံေတြဟာ ရာသီအဖြင့္ပြဲစဥ္ကို အႏိုင္နဲ႔ ဖြင့္လွစ္ႏိုင္ခဲ့ေပမယ့္ ခက္ခက္ခဲခဲ အႏိုင္ရယူခဲ့ရတာျဖစ္ၿပီး အယ္လ္မီးရီးယားဟာ အလြန္ေကာင္းမြန္တဲ့ ခံစစ္စုဖြဲ႕မႈမ်ိဳး ရွိခဲ့ေပမယ့္ ရီးရဲလ္မက္ဒရစ္ရဲ႕ ၾကယ္ပြင့္ေတြ ျပည့္ႏွက္ေနတဲ့ တိုက္စစ္ကို မဟန႔္တားႏိုင္ခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
UNITED A2Z.