Premier League

နောက်ဆုံးရချဲလ်ဆီးသတင်းများ စုစည်းမှု-၂၂.၈.၂၀၂၀






REF: INTERNET SOURCES
PHOTOS CREDIT TO OWNER
SPORTS A2Z.

မန်ချက်စတာယူနိုက်တက်အသင်းဟာ ချဲလ်ဆီးကွင်းလယ်လူ အန်ဂိုလို ကန်တေကို ခေါ်ယူဖို့ အထူးစိတ်ဝင်စားနေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ချဲလ်ဆီးအသင်းကလည်း ဒဏ်ရာပြဿနာတွေများနေတဲ့ကန်တေကို အသင်းကနေ ရောင်းထုတ်ဖို့ပြင်ဆင်နေတယ်လို့လည်း သိရပါတယ်။

ချဲလ်ဆီးအသင်းနဲ သတင်းထွက်ပေါ်နေတဲ့ ဘရိုက်တန်အသင်းရဲ့ ဗဟိုနောက်ခံကစားသမား လူးဝစ် ဒန့်ခ်ဟာ ဘရိုက်တန်အသင်းနဲ့ ၂၀၂၅ခုနှစ်အထိ ဆက်ရှိမဲ့စာချုပ်အသစ် ချုပ်ဆိုသွားခဲ့ပါတယ်။

ချံပီယံလိဂ်ပွဲစဉ်ကစားပြီးတာနဲ့ PSGအသင်းနဲ့စာချုပ်သက်တန်းကုန်ဆုံးတော့မယ် သီယာဂို ဆေးလ်ဗားကို ခေါ်ယူဖို့ ချဲလ်ဆီးအသင်းက ဆွေးနွေးမှုတွေ ထပ်မံပြုလုပ်နေပါတယ်။ ဆေးလ်ဗားဟာ တည်ငြိမ်မှုကင်းမဲ့နေတဲ့ ချဲလ်ဆီးအသင်းရဲ့ ခံစစ်မှူးတွေကို အတွေ့အကြုံကောင်းတွေ ပြသပေမဲ့ ခေါင်းဆောင်းကောင်းတစ်ယောက်လည်း ဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းဟာ လက်စတာအသင်းရဲ့ ဘယ်နောက်ခံလူ ဘန် ချေးလ်ဝဲလ်ကို ခေါ်ယူဖို့ ပေါင်သန်း၅၀ နဲ့ သဘောတူညီမှုရရန် နီးစပ်နေပြီဖြစ်ကြောင်း ခိုင်မာတဲ့သတင်းတွေက ဆိုပါတယ်။ အသက်၂၃နှစ်အရွယ် လက်စတာနောက်ခံလူဟာ ချဲလ်ဆီးနည်းပြ ဖရန့်လမ်းပတ်ကိုယ်တိုင်သဘောကျတဲ့ကစားသမားလည်း ဖြစ်ပါတယ်။

ဒီနှစ်ရာသီ အပြောင်းအရွှေ့မှာ ဂိုးသမားတစ်ဦး ရှာဖွေနေတဲ့ ချဲလ်ဆီးအသင်းဟာ ရန်းန်စ်အသင်းရဲ့ ဂိုးသမား မန်ဒီကိုလည်း စိတ်ဝင်စားနေပါတယ်။ မန်ဒီဟာ ပြီးခဲ့တဲ့ရာသီက ရန်းန်စ်အသင်းအတွက် ၂၄ပွဲကစားထားရာ clean sheets ၉ ပွဲ ရရှိထားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNER
SPORTS A2Z.