Premier League
နောက်ဆုံးရမန်ချက်စတာယူနိုက်တက် သတင်းများ စုစည်းမှု-၂၂.၈.၂၀၂၀
REF: INTERNET SOURCES
PHOTOS CREDIT TO OWNER
SPORTS A2Z.
ယူနိုက်တက်အသင်းအနေနဲ့ ပေါ်တူဂီလူငယ်ကစားသမား ဒါလော့ကို ရောင်းထုတ်တော့မယ်ဆိုပါက ခေါ်ယူချင်တဲ့အ သင်းတွေ အသင့်ရှိနေပါတယ်။ ဒါလော့ကို ခေါ်ယူဖို့ အဲဗာတန်အသင်း၊ ဘာစီလိုနာအသင်းနဲ့ PSGအသင်းတို့က အထူးစိတ်ဝင်စားနေကြပါတယ်။
ဒီနှစ်ရာသီ ယူရိုပါလိဂ်ပြိုင်ပွဲရဲ့ ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ယူနိုက်တက်ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်က ရပ်တည်နိုင်ခဲ့ပါတယ်။ ဖာနန်ဒက်စ်ဟာ စပို့တင်းလစ္စဘွန်းအသင်းမှာ ရယူခဲ့တဲ့ သွင်းဂိုးတွေ အပါအဝင် ၈ ဂိုးထိ သွင်းယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းနဲ့ မကြာခင် လမ်းခွဲတော့မယ်လို့ သတင်းထွက်နေတဲ့ အာဂျင်တီးနားဂိုးသမား ရိုမဲရိုဟာလည်း clean sheetsအများဆုံး ရရှိထားတဲ့ ဂိုးသမားဖြစ်ခဲ့ရပါတယ်။ ရိုမဲရိုဟာ ယူရိုပါလိဂ်ပြိုင်ပွဲမှာ ၇ ပွဲထိ clean sheets ရရှိထားခဲ့ပါတယ်။
ပါတီဇန်တောင်ပံကစားသမား ဖိလစ် စတီဗာနိုဗစ်ချ်ဟာ ယူနိုက်တက်အသင်းကို အပြီးသတ်ပြောင်းရွှေ့ဖို့ ဆေးစစ်ရန်သာ ကျန်တော့တာ ဖြစ်ပါတယ်။ ယူနိုက်တက်အသင်းဟာ အသက် ၁၇ နှစ်အရွယ် ဒီလူငယ်ကစားသမားလေးကို ခေါ်ယူဖို့ ယူရို၁၂သန်း ပေးချေခဲ့ရပြီး ပါတီဇန်အသင်းမှာပဲ တစ်ရာသီအငှါးချထားအုံးမှာပါ။
ယူနိုက်တက်အသင်းဟာ ဂျူဗင်တပ်စ် တိုက်စစ်ကစား ဒေါက်ဂလပ်စ်ကော်စတာကို ခေါ်ယူဖို့ထက် ဘုန်းမောက်အသင်းရဲ့တောင်ပံကစားသမား ဒေးဗစ် ဘရွတ်ခ်စ်ကိုပဲ ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNER
SPORTS A2Z.