Premier League

ဘရန့်ဖို့ဒ်ကို ရှုံးနိမ့်အပြီး လူခေါ်လို့ရအောင် အရာအားလုံးလုပ်သွားမယ်လို့ ကြုံးဝါးလိုက်တဲ့ တန်ဟက်

စပိန်လက်ရွေးစင်ဂိုးသမား ဒေးဗစ် ဒဟေးယားက စနေနေ့ညနေက ဘရန့်တ်ဖို့ဒ်အသင်းကို ၄-၀ နဲ့ အရှက်ရဖွယ်ရှုံးနိမ့်ခဲ့ပြီးနောက် နှစ် ၃၀ အတွင်း ပထမဆုံးအကြိမ် ပရီးမီးယားလိဂ်အမှတ်ပေးဇယားအောက်ဆုံးအထိ ကျဆင်းခဲ့မှုအတွက် ပြစ်တင်မှုတွေကို ခံယူသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ၁၉၉၂ ခုနှစ် သြဂုတ်လ ၂၁ ရက်နေ့နောက်ပိုင်း ပထမဆုံးအကြိမ် ပရီးမီးယားလိဂ်အမှတ်ပေးဇယား ကြမ်းပြင်မှာ ရပ်တည်ခဲ့ရတာဖြစ်ပြီး ဘရန့်တ်ဖို့ဒ်နဲ့ပွဲက ရလဒ်ကြောင့် တန်ဟက်ကလည်း ၁၉၂၁ ခုနှစ် နိုဝင်ဘာလတုန်းက ဂျွန် ချပ်မန်းနောက်ပိုင်း ပထမဆုံးကိုင်တွယ်တဲ့ ၂ ပွဲစလုံး ရှုံးနိမ့်တဲ့ ပထမဆုံး နည်းပြဖြစ်လာခဲ့ပြီဖြစ်ပါတယ်။

ဒဟေးယားရဲ့ အမှားတွေကနေတဆင့် ဘရန့်တ်ဖို့ဒ်အသင်းက ပထမ ၂ ဂိုးကို သွင်းယူသွားနိုင်ခဲ့တာဖြစ်ပြီး ပထမပိုင်း ၁၀ မိနစ်ကျော်မှာ ဂျော့ရှ် ဒါဆေးလ်ဗားရဲ့ ရိုးရှင်းတဲ့ကန်ချက်က စပိန်ဂိုးသမားရဲ့ ရင်ဘတ်အောက်ကနေ ဂိုးထဲ ဝင်သွားခဲ့တာဖြစ်ပါတယ်။ ပြီးတဲ့နောက်မှာ ဒဟေးယားက ခရစ်ရှန် အဲရစ်ဆင်ဆီကို ဆိုးရွားတဲ့ ပေးပို့မှု ပြုလုပ်ခဲ့ပြီး ဘရန့်တ်ဖို့ဒ်အသင်းကို ဒုတိယမြောက်ဦးဆောင်ဂိုး သွင်းယူနိုင်စေခဲ့တာဖြစ်ပါတယ်။

“ရိုးရိုးသားသားပြောရရင် ဒီနေ့ ကျွန်တော့်အမှားတွေက အသင်းကို ၃ မှတ် ဆုံးရှုံးရအောင် လုပ်ခဲ့မိတယ်လို့ ထင်ပါတယ်။ ကျွန်တော်ကိုယ်တိုင်က ဆိုးရွားတဲ့ စွမ်းဆောင်ရည်နဲ့ ကစားခဲ့ပါတယ်။ ပထမအမှားအပြီးမှာ ဒုတိယအမှား ဆက်ကျူးလွန်မိတယ်။ ဆိုးရွားတဲ့နေ့တစ်နေ့ ဖြစ်ခဲ့ပါတယ်။ ပရော်ဖက်ရှင်နယ်ဘောလုံးလောကမှာ ကျွန်တော်လုပ်ခဲ့တဲ့အမှားမျိုးက ဖြစ်တတ်ပါတယ်။ ကျွန်တော် ပထမကန်ချက်ကို ကာကွယ်နိုင်ခဲ့သင့်ပြီး အဲဒီလိုဆိုရင် ရလဒ်က ကွာခြားခဲ့ကောင်း ကွာခြားခဲ့ပါလိမ့်မယ်”

“ကျွန်တော် အဲရစ်ဆင်ဆီကို ဘောလုံး မပေးခဲ့သင့်ပါဘူး။ ကျွန်တော်တို့ ကစားဖို့ ကြိုးစားခဲ့တာအမှန်ပဲဆိုပေမယ့် သူတို့တွေက တစ်ကွင်းလုံးကို ဖိအားပေးထားကြတယ်။ ကျွန်တော် အဲဒါကို ပိုကောင်းကောင်း ဖတ်နိုင်ခဲ့သင့်ပါတယ်။ ကျွန်တော် ၃ မှတ်ဆုံးရှုံးရအောင် လုပ်ခဲ့တယ်။ လွယ်ကူတဲ့ ကာကွယ်မှုဖြစ်ပေမယ့် ကျွန်တော် ၁-၀ ဖြစ်အောင် လုပ်ခဲ့မိတယ်”

“ကျွန်တော်တို့ အများကြီးပိုကောင်းကောင်း တုံ့ပြန်ပြီး ဂိုးတွေ သွင်းယူနိုင်ရမှာပါ။ ဆိုးရွားတဲ့ စွမ်းဆောင်ရည်ဖြစ်ခဲ့ပါတယ်။ ခင်ဗျား ဘာအတွက်မှ ကစားနေတာမဟုတ်တဲ့ ရာသီကြိုမှာ ကစားရတာ အရမ်းလွယ်ပါတယ်။ ဒီလိုပွဲစဉ်တွေမှာတော့ ခင်ဗျား ရဲရင့်ဖို့ လိုတယ်။ ခင်ဗျား ခြေစွမ်းတည်ငြိမ်ဖို့ လိုတယ်။ ဒီနေ့လိုမျိုး ဖြစ်ခဲ့ရမှာမဟုတ်ဘဲ ကျွန်တော်လည်း အလုပ်ဆက်လုပ်ဖို့ လိုအပ်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်နည်းပြ အဲရစ် တန်ဟက်ဂ်ကလည်း ဘရန့်တ်ဖို့ဒ်ကို အရှက်ရဖွယ်ရှုံးနိမ့်ခဲ့ပြီးနောက် ကစားသမားသစ်တွေ ခေါ်ယူခွင့်ပေးဖို့ အသင်းထိပ်ပိုင်းတာဝန်ရှိသူတွေကို တောင်းပန်ခဲ့ပါတယ်။ “ကျွန်တော်တို့ ကစားသမားသစ်တွေနဲ့ အရည်အသွေးရှိတဲ့ ကစားသမားတွေ လိုပါတယ်။ ကျွန်တော်တို့ သူတို့လာချင်အောင် စည်းရုံးဖို့ ဘာမဆို လုပ်သွားမှာပါ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
UNITED A2Z.

ZAWGYI:စပိန္လက္ေ႐ြးစင္ဂိုးသမား ေဒးဗစ္ ဒေဟးယားက စေနေန႔ညေနက ဘရန႔္တ္ဖို႔ဒ္အသင္းကို ၄-၀ နဲ႔ အရွက္ရဖြယ္ရႈံးနိမ့္ခဲ့ၿပီးေနာက္ ႏွစ္ ၃၀ အတြင္း ပထမဆုံးအႀကိမ္ ပရီးမီးယားလိဂ္အမွတ္ေပးဇယားေအာက္ဆုံးအထိ က်ဆင္းခဲ့မႈအတြက္ ျပစ္တင္မႈေတြကို ခံယူသြားမယ္လို႔ ေျပာၾကားခဲ့ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ၁၉၉၂ ခုႏွစ္ ၾသဂုတ္လ ၂၁ ရက္ေန႔ေနာက္ပိုင္း ပထမဆုံးအႀကိမ္ ပရီးမီးယားလိဂ္အမွတ္ေပးဇယား ၾကမ္းျပင္မွာ ရပ္တည္ခဲ့ရတာျဖစ္ၿပီး ဘရန႔္တ္ဖို႔ဒ္နဲ႔ပြဲက ရလဒ္ေၾကာင့္ တန္ဟက္ကလည္း ၁၉၂၁ ခုႏွစ္ ႏိုဝင္ဘာလတုန္းက ဂြၽန္ ခ်ပ္မန္းေနာက္ပိုင္း ပထမဆုံးကိုင္တြယ္တဲ့ ၂ ပြဲစလုံး ရႈံးနိမ့္တဲ့ ပထမဆုံး နည္းျပျဖစ္လာခဲ့ၿပီျဖစ္ပါတယ္။

ဒေဟးယားရဲ႕ အမွားေတြကေနတဆင့္ ဘရန႔္တ္ဖို႔ဒ္အသင္းက ပထမ ၂ ဂိုးကို သြင္းယူသြားႏိုင္ခဲ့တာျဖစ္ၿပီး ပထမပိုင္း ၁၀ မိနစ္ေက်ာ္မွာ ေဂ်ာ့ရွ္ ဒါေဆးလ္ဗားရဲ႕ ႐ိုးရွင္းတဲ့ကန္ခ်က္က စပိန္ဂိုးသမားရဲ႕ ရင္ဘတ္ေအာက္ကေန ဂိုးထဲ ဝင္သြားခဲ့တာျဖစ္ပါတယ္။ ၿပီးတဲ့ေနာက္မွာ ဒေဟးယားက ခရစ္ရွန္ အဲရစ္ဆင္ဆီကို ဆိုး႐ြားတဲ့ ေပးပို႔မႈ ျပဳလုပ္ခဲ့ၿပီး ဘရန႔္တ္ဖို႔ဒ္အသင္းကို ဒုတိယေျမာက္ဦးေဆာင္ဂိုး သြင္းယူႏိုင္ေစခဲ့တာျဖစ္ပါတယ္။

“႐ိုး႐ိုးသားသားေျပာရရင္ ဒီေန႔ ကြၽန္ေတာ့္အမွားေတြက အသင္းကို ၃ မွတ္ ဆုံးရႈံးရေအာင္ လုပ္ခဲ့မိတယ္လို႔ ထင္ပါတယ္။ ကြၽန္ေတာ္ကိုယ္တိုင္က ဆိုး႐ြားတဲ့ စြမ္းေဆာင္ရည္နဲ႔ ကစားခဲ့ပါတယ္။ ပထမအမွားအၿပီးမွာ ဒုတိယအမွား ဆက္က်ဴးလြန္မိတယ္။ ဆိုး႐ြားတဲ့ေန႔တစ္ေန႔ ျဖစ္ခဲ့ပါတယ္။ ပေရာ္ဖက္ရွင္နယ္ေဘာလုံးေလာကမွာ ကြၽန္ေတာ္လုပ္ခဲ့တဲ့အမွားမ်ိဳးက ျဖစ္တတ္ပါတယ္။ ကြၽန္ေတာ္ ပထမကန္ခ်က္ကို ကာကြယ္ႏိုင္ခဲ့သင့္ၿပီး အဲဒီလိုဆိုရင္ ရလဒ္က ကြာျခားခဲ့ေကာင္း ကြာျခားခဲ့ပါလိမ့္မယ္”

“ကြၽန္ေတာ္ အဲရစ္ဆင္ဆီကို ေဘာလုံး မေပးခဲ့သင့္ပါဘူး။ ကြၽန္ေတာ္တို႔ ကစားဖို႔ ႀကိဳးစားခဲ့တာအမွန္ပဲဆိုေပမယ့္ သူတို႔ေတြက တစ္ကြင္းလုံးကို ဖိအားေပးထားၾကတယ္။ ကြၽန္ေတာ္ အဲဒါကို ပိုေကာင္းေကာင္း ဖတ္ႏိုင္ခဲ့သင့္ပါတယ္။ ကြၽန္ေတာ္ ၃ မွတ္ဆုံးရႈံးရေအာင္ လုပ္ခဲ့တယ္။ လြယ္ကူတဲ့ ကာကြယ္မႈျဖစ္ေပမယ့္ ကြၽန္ေတာ္ ၁-၀ ျဖစ္ေအာင္ လုပ္ခဲ့မိတယ္”

“ကြၽန္ေတာ္တို႔ အမ်ားႀကီးပိုေကာင္းေကာင္း တုံ႔ျပန္ၿပီး ဂိုးေတြ သြင္းယူႏိုင္ရမွာပါ။ ဆိုး႐ြားတဲ့ စြမ္းေဆာင္ရည္ျဖစ္ခဲ့ပါတယ္။ ခင္ဗ်ား ဘာအတြက္မွ ကစားေနတာမဟုတ္တဲ့ ရာသီႀကိဳမွာ ကစားရတာ အရမ္းလြယ္ပါတယ္။ ဒီလိုပြဲစဥ္ေတြမွာေတာ့ ခင္ဗ်ား ရဲရင့္ဖို႔ လိုတယ္။ ခင္ဗ်ား ေျခစြမ္းတည္ၿငိမ္ဖို႔ လိုတယ္။ ဒီေန႔လိုမ်ိဳး ျဖစ္ခဲ့ရမွာမဟုတ္ဘဲ ကြၽန္ေတာ္လည္း အလုပ္ဆက္လုပ္ဖို႔ လိုအပ္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္နည္းျပ အဲရစ္ တန္ဟက္ဂ္ကလည္း ဘရန႔္တ္ဖို႔ဒ္ကို အရွက္ရဖြယ္ရႈံးနိမ့္ခဲ့ၿပီးေနာက္ ကစားသမားသစ္ေတြ ေခၚယူခြင့္ေပးဖို႔ အသင္းထိပ္ပိုင္းတာဝန္ရွိသူေတြကို ေတာင္းပန္ခဲ့ပါတယ္။ “ကြၽန္ေတာ္တို႔ ကစားသမားသစ္ေတြနဲ႔ အရည္အေသြးရွိတဲ့ ကစားသမားေတြ လိုပါတယ္။ ကြၽန္ေတာ္တို႔ သူတို႔လာခ်င္ေအာင္ စည္း႐ုံးဖို႔ ဘာမဆို လုပ္သြားမွာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
UNITED A2Z.