La Liga Match Report

မှတ်ပုံတင်စစ်လို့ လမ်းဆင်းလျှောက်ပြီး ရာယိုကို သရေကျတဲ့ ဘာစီလိုနာ

ဘာစီလိုနာအသင်းအနေနဲ့ ကစားသမားသစ်နဲ့ စာချုပ်သက်တမ်း တိုးထားသူတွေကို ဒီနေ့ ရာယို ဗယ်လေကာနိုနဲ့ပွဲအမီ မှတ်ပုံတင်နိုင်ဖို့ ရှိတာ အကုန်ထုတ်ရောင်းပြီး ကြိုးစားခဲ့တဲ့နောက် ရောဘတ် လီဗန်ဒေါ့ဗ်စကီး၊ အန်ဒရီးယက်စ် ခရစ္စတင်ဆန်၊ ဖရန့်ခ် ကက်ဆီယေး၊ ရာဖင်ညာ၊ အူစမွန် ဒမ်ဘီလီနဲ့ ဆာဂျီ ရော်ဘတ်တိုတို့ကို ထည့်သွင်းနိုင်ခဲ့အပြီးမှာ မနေ့ညက နူးကမ့်မှာ လာလီဂါ အဖွင့်ပွဲကို ကစားခဲ့တာဖြစ်ပါတယ်။

ဒီပွဲမှာ ဂိုးသမား တာစတီဂန်၊ ခံစစ်မှာ အရော်ဂျို၊ ခရစ္စတင်ဆန်၊ အဲရစ် ဂါစီယာနဲ့ ဂျော်ဒီ အယ်လ်ဘာတို့ ကစားခဲ့ကြပြီး ကွင်းလယ်မှာတော့ ဆာဂျီယို ဘူးစကွက်စ်၊ ပက်ဒရီနဲ့ ဂါဗီတို့ကို အသုံးပြုခဲ့သလို တိုက်စစ်မှာတော့ လီဗန်ဒေါ့ဗ်စကီး၊ ရာဖင်ညာနဲ့ ဒမ်ဘီလီတို့ကို နည်းပြ ဇာဗီ ဟာနန်ဒက်ဇ်က ပွဲထုတ်ခဲ့တာပါ။

အိမ်ကွင်းမှာ ဘာစီလိုနာတို့ ဘောလုံးကိုင်ကစားခဲ့ပြီး ၆၈ ရာခိုင်နှုန်းအထိ ထိန်းချုပ်သွားနိုင်ခဲ့သလို ရာယိုတို့ လုပ်နိုင်စွမ်းကို ကန့်သတ်သွားခဲ့ပြီး ဘောလုံးပေးပို့ပုံ တိကျမှုကလည်း အကြိမ်ရေ ၅၆၀ မှာ ၈၇ ရာခိုင်နှုန်းရှိခဲ့လို့ အသင်းကြီး ပီသခဲ့ပေမယ့် ပွဲရဲ့ ရလဒ်ပိုင်းမှာတော့ အားလုံး ဟားစရာပဲဖြစ်ခဲ့ရပါတယ်။

ရာယိုဘက်ကို ဂိုးကန်သွင်းခွင့် ၂၁ ကြိမ်အထိ ရခဲ့ပေမယ့် ဂိုးပေါက်တည့်ခဲ့တာကတော့ သုံးပုံတစ်ပုံဖြစ်တဲ့ ၇ ကြိမ်တောင် မရှိခဲ့ဘဲ ၆ ကြိမ်သာ လုပ်ဆောင်နိုင်ခဲ့သလို ပွဲချိန် ၁၂ မိနစ်မှာ လီဗန်ဒေါ့ဗ်စကီးက တစ်ဖက်ဂိုးသမား ဒီမီထရီယက်ဗ်စကီးကို ကျော်ဖြတ်ဂိုးသွင်းနိုင်ခဲ့ပေမယ့် သိသိသာသာ လူကျွံနေခဲ့တာပါ။

ဘာစီလိုနာရဲ့ ကစားသမားသစ်တွေအနေနဲ့ ဒီနေ့ပွဲမှာ ဆန္ဒစောနေခဲ့ကြတာကို တွေ့ရပြီး အဆိုးဆုံးကတော့ ချဲလ်ဆီးနဲ့ အာဆင်နယ်တို့ဆီက လုထားတဲ့ ရာဖင်ညာပဲဖြစ်ခဲ့သလို ဘေးကန်လိုက် လူထိလိုက် ငှက်ပစ်လိုက်နဲ့ ဖြစ်နေခဲ့ပြီး ရာယိုခံစစ်ကတော့ အိမ်ရှင်တွေရဲ့ ကန်ချက်တွေကို လိုရာမရောက်အောင် ထိန်းကျောင်းချုပ်ကိုင်သွားနိုင်ခဲ့ကြလို့ ပထမပိုင်းမှာ ဂိုးမရှိသရေဖြစ်ခဲ့ပါတယ်။

စာချုပ်ကုန်ပြီးမှ ပြန်ချော့ခေါ်ထားတဲ့ ဒမ်ဘီလီကတော့ တစ်ဖက်ဂိုးသမားဆီကို ပျော့ပျော့လေးတွေပဲ ပေးနေခဲ့ပြီး ရာဖင်ညာနဲ့ သူနဲ့ ဘယ်ညာ ပြောင်းကစားပြီး ထိုးဖောက်ခဲ့ပေမယ့် အဆင်မပြေဘဲဖြစ်နေခဲ့ချိန်မှာ ဘာစီလိုနာတို့အနေနဲ့ တစ်ဖက်အသင်းကို အသည်းအသန်တွေ လုပ်နိုင်တဲ့ ထိုးဖောက်မှုတွေကျတော့ လူကျွံနေတာပဲများလို့ ငိုအားထက် ရယ်အားသန်ခဲ့ရတာပါ။

ဒုတိယပိုင်း တစ်နာရီလောက်မှာတော့ ခရစ္စတင်ဆန်အစား ဆာဂျီ ရော်ဘတ်တို၊ ဂါဗီအစား ဖရန်ကီ ဒီယုံး၊ ရာဖင်ညာအစား အန်ဆူဖာတီတို့ ဝင်ရောက်ကစားခဲ့ကြပြီး လီဗန်ဒေါ့ဗ်စကီး လဲကျတာလည်း ပင်နယ်တီ မရခဲ့သလို အဝေးကန်ချက်တွေကလည်း ရာယိုဂိုးသမား ဒီမီထရော့ဗ်စကီးကို မကျော်နိုင်ခဲ့တာကြောင့် ဇာဗီအနေနဲ့ ပက်ဒရီနဲ့ အယ်လ်ဘာတို့အစား ကက်ဆီယေးနဲ့ အူဘာမီယန်းတို့ အာဖရိကသားတွေကို ထပ်ထည့်ခဲ့ရပါတယ်။

အူဘာမီယန်းလည်း ဂိုးပေါက်တစ်ကြိမ် တည့်ပေမယ့် ဂိုးရအောင် မစွမ်းနိုင်ခဲ့သလို အန်ဆူ ဖာတီ ဂိုးသွင်းတာကလည်း လူကျွံနေခဲ့ပြီး နာကျင် အချိန်ပို ၃ မိနစ်မှာတော့ ရာယိုတိုက်စစ်မှူး ဖယ်လ်ကာအိုကို အသင်းခေါင်းဆောင်ကြီး ဘူးစ်ကွက်စ် တံတောင်နဲ့ တွက်လို့ နှစ်ဝါတစ်နီနဲ့ အထုတ်ခံရတာက ရုပ်ဆိုးခဲ့ပြီး လက်ကျန် ၇ မိနစ်ကိုတော့ ဆယ်ယောက်ကျန် ဘာစီလိုနာတို့ ဂိုးမပေးရအောင် ထိန်းကစားသွားခဲ့ကြရတာပါ။

ဒီရာသီမှာတော့ ဘာစီလိုနာတို့ရဲ့ ရာသီမစခင် ဘဏ္ဏာရေး အိုးနင်းခွက်နင်းဖြစ်မှုတွေက အားလုံးအတွက် လှောင်ပြောင်စရာဖြစ်ခဲ့သလို ဒီနေ့လို အဖွင့်ပွဲမှာတော့ အခက်အခဲတွေရဲ့ တွန်းအားက အိမ်ကွင်းနိုင်ပွဲနဲ့ အဖွင့်လှမလားလို့ ထင်ခဲ့ကြပေမယ့် တကယ်တမ်းမှာတော့ ဖုတ်ပူမီးတိုက် မှတ်ပုံတင်ခဲ့တဲ့ ကစားသမားတွေရဲ့ ခြေစွမ်းမပြနိုင်မှုတွေနဲ့အတူ ဂိုးမရှိသရေနဲ့ပဲ ရာယို ဗယ်လေကာနိုကို တစ်မှတ်ခွဲပေးခဲ့ရကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဘာစီလိုနာအသင္းအေနနဲ႔ ကစားသမားသစ္နဲ႔ စာခ်ဳပ္သက္တမ္း တိုးထားသူေတြကို ဒီေန႔ ရာယို ဗယ္ေလကာႏိုနဲ႔ပြဲအမီ မွတ္ပုံတင္ႏိုင္ဖို႔ ရွိတာ အကုန္ထုတ္ေရာင္းၿပီး ႀကိဳးစားခဲ့တဲ့ေနာက္ ေရာဘတ္ လီဗန္ေဒါ့ဗ္စကီး၊ အန္ဒရီးယက္စ္ ခရစၥတင္ဆန္၊ ဖရန႔္ခ္ ကက္ဆီေယး၊ ရာဖင္ညာ၊ အူစမြန္ ဒမ္ဘီလီနဲ႔ ဆာဂ်ီ ေရာ္ဘတ္တိုတို႔ကို ထည့္သြင္းႏိုင္ခဲ့အၿပီးမွာ မေန႔ညက ႏူးကမ့္မွာ လာလီဂါ အဖြင့္ပြဲကို ကစားခဲ့တာျဖစ္ပါတယ္။

ဒီပြဲမွာ ဂိုးသမား တာစတီဂန္၊ ခံစစ္မွာ အေရာ္ဂ်ိဳ၊ ခရစၥတင္ဆန္၊ အဲရစ္ ဂါစီယာနဲ႔ ေဂ်ာ္ဒီ အယ္လ္ဘာတို႔ ကစားခဲ့ၾကၿပီး ကြင္းလယ္မွာေတာ့ ဆာဂ်ီယို ဘူးစကြက္စ္၊ ပက္ဒရီနဲ႔ ဂါဗီတို႔ကို အသုံးျပဳခဲ့သလို တိုက္စစ္မွာေတာ့ လီဗန္ေဒါ့ဗ္စကီး၊ ရာဖင္ညာနဲ႔ ဒမ္ဘီလီတို႔ကို နည္းျပ ဇာဗီ ဟာနန္ဒက္ဇ္က ပြဲထုတ္ခဲ့တာပါ။

အိမ္ကြင္းမွာ ဘာစီလိုနာတို႔ ေဘာလုံးကိုင္ကစားခဲ့ၿပီး ၆၈ ရာခိုင္ႏႈန္းအထိ ထိန္းခ်ဳပ္သြားႏိုင္ခဲ့သလို ရာယိုတို႔ လုပ္ႏိုင္စြမ္းကို ကန႔္သတ္သြားခဲ့ၿပီး ေဘာလုံးေပးပို႔ပုံ တိက်မႈကလည္း အႀကိမ္ေရ ၅၆၀ မွာ ၈၇ ရာခိုင္ႏႈန္းရွိခဲ့လို႔ အသင္းႀကီး ပီသခဲ့ေပမယ့္ ပြဲရဲ႕ ရလဒ္ပိုင္းမွာေတာ့ အားလုံး ဟားစရာပဲျဖစ္ခဲ့ရပါတယ္။

ရာယိုဘက္ကို ဂိုးကန္သြင္းခြင့္ ၂၁ ႀကိမ္အထိ ရခဲ့ေပမယ့္ ဂိုးေပါက္တည့္ခဲ့တာကေတာ့ သုံးပုံတစ္ပုံျဖစ္တဲ့ ၇ ႀကိမ္ေတာင္ မရွိခဲ့ဘဲ ၆ ႀကိမ္သာ လုပ္ေဆာင္ႏိုင္ခဲ့သလို ပြဲခ်ိန္ ၁၂ မိနစ္မွာ လီဗန္ေဒါ့ဗ္စကီးက တစ္ဖက္ဂိုးသမား ဒီမီထရီယက္ဗ္စကီးကို ေက်ာ္ျဖတ္ဂိုးသြင္းႏိုင္ခဲ့ေပမယ့္ သိသိသာသာ လူကြၽံေနခဲ့တာပါ။

ဘာစီလိုနာရဲ႕ ကစားသမားသစ္ေတြအေနနဲ႔ ဒီေန႔ပြဲမွာ ဆႏၵေစာေနခဲ့ၾကတာကို ေတြ႕ရၿပီး အဆိုးဆုံးကေတာ့ ခ်ဲလ္ဆီးနဲ႔ အာဆင္နယ္တို႔ဆီက လုထားတဲ့ ရာဖင္ညာပဲျဖစ္ခဲ့သလို ေဘးကန္လိုက္ လူထိလိုက္ ငွက္ပစ္လိုက္နဲ႔ ျဖစ္ေနခဲ့ၿပီး ရာယိုခံစစ္ကေတာ့ အိမ္ရွင္ေတြရဲ႕ ကန္ခ်က္ေတြကို လိုရာမေရာက္ေအာင္ ထိန္းေက်ာင္းခ်ဳပ္ကိုင္သြားႏိုင္ခဲ့ၾကလို႔ ပထမပိုင္းမွာ ဂိုးမရွိသေရျဖစ္ခဲ့ပါတယ္။

စာခ်ဳပ္ကုန္ၿပီးမွ ျပန္ေခ်ာ့ေခၚထားတဲ့ ဒမ္ဘီလီကေတာ့ တစ္ဖက္ဂိုးသမားဆီကို ေပ်ာ့ေပ်ာ့ေလးေတြပဲ ေပးေနခဲ့ၿပီး ရာဖင္ညာနဲ႔ သူနဲ႔ ဘယ္ညာ ေျပာင္းကစားၿပီး ထိုးေဖာက္ခဲ့ေပမယ့္ အဆင္မေျပဘဲျဖစ္ေနခဲ့ခ်ိန္မွာ ဘာစီလိုနာတို႔အေနနဲ႔ တစ္ဖက္အသင္းကို အသည္းအသန္ေတြ လုပ္ႏိုင္တဲ့ ထိုးေဖာက္မႈေတြက်ေတာ့ လူကြၽံေနတာပဲမ်ားလို႔ ငိုအားထက္ ရယ္အားသန္ခဲ့ရတာပါ။

ဒုတိယပိုင္း တစ္နာရီေလာက္မွာေတာ့ ခရစၥတင္ဆန္အစား ဆာဂ်ီ ေရာ္ဘတ္တို၊ ဂါဗီအစား ဖရန္ကီ ဒီယုံး၊ ရာဖင္ညာအစား အန္ဆူဖာတီတို႔ ဝင္ေရာက္ကစားခဲ့ၾကၿပီး လီဗန္ေဒါ့ဗ္စကီး လဲက်တာလည္း ပင္နယ္တီ မရခဲ့သလို အေဝးကန္ခ်က္ေတြကလည္း ရာယိုဂိုးသမား ဒီမီထေရာ့ဗ္စကီးကို မေက်ာ္ႏိုင္ခဲ့တာေၾကာင့္ ဇာဗီအေနနဲ႔ ပက္ဒရီနဲ႔ အယ္လ္ဘာတို႔အစား ကက္ဆီေယးနဲ႔ အူဘာမီယန္းတို႔ အာဖရိကသားေတြကို ထပ္ထည့္ခဲ့ရပါတယ္။

အူဘာမီယန္းလည္း ဂိုးေပါက္တစ္ႀကိမ္ တည့္ေပမယ့္ ဂိုးရေအာင္ မစြမ္းႏိုင္ခဲ့သလို အန္ဆူ ဖာတီ ဂိုးသြင္းတာကလည္း လူကြၽံေနခဲ့ၿပီး နာက်င္ အခ်ိန္ပို ၃ မိနစ္မွာေတာ့ ရာယိုတိုက္စစ္မႉး ဖယ္လ္ကာအိုကို အသင္းေခါင္းေဆာင္ႀကီး ဘူးစ္ကြက္စ္ တံေတာင္နဲ႔ တြက္လို႔ ႏွစ္ဝါတစ္နီနဲ႔ အထုတ္ခံရတာက ႐ုပ္ဆိုးခဲ့ၿပီး လက္က်န္ ၇ မိနစ္ကိုေတာ့ ဆယ္ေယာက္က်န္ ဘာစီလိုနာတို႔ ဂိုးမေပးရေအာင္ ထိန္းကစားသြားခဲ့ၾကရတာပါ။

ဒီရာသီမွာေတာ့ ဘာစီလိုနာတို႔ရဲ႕ ရာသီမစခင္ ဘဏၰာေရး အိုးနင္းခြက္နင္းျဖစ္မႈေတြက အားလုံးအတြက္ ေလွာင္ေျပာင္စရာျဖစ္ခဲ့သလို ဒီေန႔လို အဖြင့္ပြဲမွာေတာ့ အခက္အခဲေတြရဲ႕ တြန္းအားက အိမ္ကြင္းႏိုင္ပြဲနဲ႔ အဖြင့္လွမလားလို႔ ထင္ခဲ့ၾကေပမယ့္ တကယ္တမ္းမွာေတာ့ ဖုတ္ပူမီးတိုက္ မွတ္ပုံတင္ခဲ့တဲ့ ကစားသမားေတြရဲ႕ ေျခစြမ္းမျပႏိုင္မႈေတြနဲ႔အတူ ဂိုးမရွိသေရနဲ႔ပဲ ရာယို ဗယ္ေလကာႏိုကို တစ္မွတ္ခြဲေပးခဲ့ရေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.