Premier League

နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု-၂၂.၈.၂၀၂၀






REF: INTERNET SOURCES
PHOTOS CREDIT TO OWNER
SPORTS A2Z.

ဘရာဇီးလ်တောင်ပံကစားသမား ဝီလီယံကတော့ အာဆင်နယ်အသင်းကို ပြောင်းခဲ့ခြင်းအကြောင်းမှာ မီခယ်လ် အာတီတာက သူမထွက်ခင် ချံပီယံလိဂ်ဖလားရယူပေးမယ်ဆိုပြီး ပြောဆိုခဲ့တာကြောင့်လို့ သိရပါတယ်။ ဝီလီယံဟာ အာဆင်နယ်အသင်းကို လာကစားတဲ့ ၁၃ယောက်မြောက် ဘရာဇီးလ်ကစားသမား ဖြစ်ပါတယ်။

အာဆင်နယ်အသင်းကို လာကစားခဲ့ဖူးတဲ့ ဘရာဇီးလ်ကစားသမားတွေကတော့ အီဒူး၊ ဂျူအန်၊ ဆဲလ်ဗင်ဟို၊ ဘက်တစ္စတာ၊ ဒီနယ်လ်ဆင်၊ ဂီလ်ဘာတို ဆေးလ်ဗား၊ ပက်ဒရို ဘိုတယ်ဟို၊ ဝယ်လင်တန် ဆေးလ်ဗား၊ အန်ဒရီ ဆန်တို့စ်၊ ဂါဘရီယယ်လ် ပေါ်လစ္စတာ၊ မာတီနယ်လီနဲ့ ဒေးဗစ် လူးဝစ်ဇ်တို့အပြင် ဝီလီယန်က နောက်ဆုံးရောက်ရှိလာသူဖြစ်ပြီး နောက်ထပ်ကစားသမားတွေလည်း မြင်ရဖို့ ရှိနေပါတယ်။

လိုင်လီနောက်ခံလူ ဂါဘရီရယ်လ်ကို ခေါ်ယူဖို့ အာဆင်နယ်အသင်းနဲ့အပြိုင် ယူနိုက်တက်အသင်းက ကြိုးစားလာတော့မယ်ဆိုပြီး သတင်းထွက်လာခဲ့မှုမှာ အမှန်တကယ်မဟုတ်ဘဲ ဈေးမေးမြန်းခြင်းသက်သက်လို့ပဲ သိရပါတယ်။ ဒါ့ကြောင့်မလို့ အာဆင်နယ်အသင်းဟာ ဂါဘရီရယ်ကို အနှောက်အယှက်ကင်းကင်းနဲ့ ခေါ်ယူခွင့်ရတော့မှာပါ။

အာဆင်နယ်အသင်းဟာလည်း ဂါဘရီယယ်အတွက် လစာတိုးမြှင့်ကမ်းလှမ်းလိုက်တာကြောင့် သူ့ရဲ့အေးဂျင့်ကလည်း အချိန်သိပ်ဆွဲမနေတော့ဘဲ သဘောတူစာချုပ်ချုပ်ဆိုလာဖို့ နီးစပ်နေပြီပဲဖြစ်ပါတယ်။

လီယွန်ကွင်းလယ်လူ ဟူဆင်းမ် အောဝါကို မန်စီးတီးအသင်းအပါအဝင် အသင်းကြီးအချို့က စိတ်ဝင်စားနေတယ်လို့ သတင်းထွက်ပေါ်နေပေမဲ့ အမှန်တကယ် ခေါ်ယူဖို့စိတ်ဝင်စားနေတာကတော့ အာဆင်နယ်အသင်းပဲ ဖြစ်တယ်လို့ သိရပါတယ်။