Other Leagues

လီယွန်နယ် မက်ဆီ မပါဝင်တော့တဲ့ ဘလွန်ဒေါဆု ဆန်ခါတင်စာရင်း

၂၀၂၂ ဘလွန်ဒေါဆုအတွက် ဆန်ခါတင်စာရင်းကို France Football က ကြေညာခဲ့ပြီဖြစ်ပြီး ပရိသတ်တွေမမျှော်လင့်ထားတဲ့ ရလဒ်ဖြစ်ခဲ့ပါတယ်။

ဘလွန်ဒေါဆုကို နောက်ဆုံး ကိုင်မြှောက်ထားနိုင်ခဲ့တဲ့ ကစားသမားဟာ စံချိန်တင် ၇ ကြိမ်အထိ ဆွတ်ခူးထားတဲ့ လီယွန်နယ် မက်ဆီဖြစ်ပြီး ၂၀၀၅ ခုနှစ်နောက်ပိုင်း ဘလွန်ဒေါဆုအတွက် ဆန်ခါတင်စာရင်းမှာ အံ့အားသင့်ဖွယ် ချန်လှပ်ခံခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဘလွန်ဒေါ ၅ ဆုရှင်ဖြစ်တဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ဆန်ခါတင်စာရင်းထဲမှာ ပါဝင်ခဲ့ပြီး ၎င်းရဲ့ ရီးရဲလ်မက်ဒရစ်အသင်းဖော်ဟောင်းဖြစ်တဲ့ ကာရင် ဘန်ဇီးမားလည်း ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

ဘန်ဇီးမားဟာ ပြီးခဲ့တဲ့ရာသီမှာ ရီးရဲလ်မက်ဒရစ်အသင်းကို ချန်ပီယံလိဂ်ဖလားရော လာလီဂါဖလားပါ ရရှိအောင် ကူညီပေးနိုင်ခဲ့သူဖြစ်ပြီး ပြိုင်ပွဲစုံ ၄၆ ပွဲမှာ ၄၄ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ပီအက်စ်ဂျီကြယ်ပွင့် ခီလီယန် အမ်ဘာပေက ဘလွန်ဒေါဆုကို ရရှိဖို့ ဒုတိယမြောက်ရေပန်းအစားဆုံးကစားသမားအဖြစ် လောင်းကစားဒိုင်တွေက ကြေးဖွင့်ထားပြီး လီဗာပူးလ်ကြယ်ပွင့် မိုဟာမက် ဆာလားနဲ့ ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး ဆာဒီယို မာနေးတို့ကလည်း ဘလွန်ဒေါဆုအတွက် ယှဉ်ပြိုင်နေတဲ့အထဲမှာ ပါဝင်နေတာဖြစ်ပါတယ်။

ဘာစီလိုနာအမျိုးသမီးအသင်းခေါင်းဆောင် အလက်စီယာ ပူတဲယက်စ်ဟာ လက်ရှိ အမျိုးသမီး ဘလွန်ဒေါဆုကို ရရှိထားသူဖြစ်ပြီး ၂ နှစ်ဆက်တိုက် ဘလွန်ဒေါဆုကို ရရှိမယ့်သူအဖြစ် ရေပန်းစားနေပါတယ်။ ချဲလ်ဆီးတိုက်စစ်မှူး ဆမ် ကားနဲ့ အာဆင်နယ်တိုက်စစ်မှူး ဗီဗီယန်း မီဒယ်မာတို့ကလည်း ဘလွန်ဒေါဆုအတွက် ယှဉ်ပြိုင်နေကြပြီး ယူရို ၂၀၂၂ ချန်ပီယံ အင်္ဂလန်ကြယ်ပွင့်တွေဖြစ်တဲ့ လူစီ ဘရွန့်ဇ်၊ ဘက်သ် မိဒ်နဲ့ မီလီ ဘရိုက်တ်တို့လည်း အပါအဝင်ဖြစ်ပါတယ်။

အမျိုးသား၊ အမျိုးသမီး ဘလွန်ဒေါဆုရှင်တွေကို လာမယ့် အောက်တိုဘာလ ၁၇ ရက်နေ့မှာ တရားဝင်ထုတ်ဖော် ကြေညာသွားတော့မှာဖြစ်ပြီး ဘလွန်ဒေါဆုအတွက် ဆန်ခါတင်စာရင်း အပြည့်အစုံကို ဖော်ပြပေးလိုက်ပါတယ်။

အမျိုးသားဘလွန်ဒေါဆုဆန်ခါတင်စာရင်း- ကူတွာ၊ ရာဖေးလ် လီအို၊ ခရစ္စတိုဖာ အန်ကွန်ကူ၊ မိုဟာမက် ဆာလား၊ ဂျိုရွှာ ကင်းမစ်ချ်၊ အလက်ဇန္ဒား-အာနိုး၊ ဗင်နီးရှပ် ဂျူနီယာ၊ ဘာနာဒို ဆေးလ်ဗား၊ လူးဝစ္စ ဒီယက်ဇ်၊ ရောဘတ် လီဗန်ဒေါ့ဗ်စကီး၊ မာရက်ဇ်၊ ကက်စမဲရိုး၊ ဆွန်ဟောင်မင်၊ ဖာဘင်ညို၊ ကာရင် ဘန်ဇီးမား၊ မိုက်ခ် မိတ်ဂ်နမ်၊ ဟာရီ ကိန်း၊ ဒါဝင် နူးညက်ဇ်၊ ဖီးလ် ဖိုဒန်၊ ဆာဒီယို မာနေး၊ ဆီဘက်စတီယန် အဲလား၊ လူကာ မိုဒရစ်၊ ရူဒီဂါ၊ ရော်နယ်လ်ဒို၊ ဒီဘရိုင်းနား၊ ဒူဆန် ဗလာဟိုဗစ်ချ်၊ ဗန်ဒိုက်၊ ကန်ဆယ်လို၊ အမ်ဘာပေ၊ အာလင်း ဟာလန်း။

အမျိုးသမီး ဘလွန်ဒေါဆုဆန်ခါတင်စာရင်း- ဆယ်လ်မာ ဘာချာ(လီယွန်)၊ ဖရီဒိုလီနာ ရိုလ်ဖို(ဘာဆာ)၊ ဗီဗီယန်း မီဒယ်မာ(အာဆင်နယ်)၊ လူစီ ဘရွန့်ဇ်(ဘာဆာ)၊ ဆမ် ကား(ချဲလ်ဆီး)၊ ခရစ္စတီယန်း အမ်းဒလား(လီယွန်)၊ လီနာ အိုဘာဒေါ့ဖ်(ဝုဖ်ဘတ်)၊ ကဒီဒီယာတူ ဒီယာနီ(ပီအက်စ်ဂျီ)၊ ကာတာရီနာ မာကာရီယို(လီယွန်)၊ အလက်စီယာ ပူတဲယက်စ်(ဘာဆာ)၊ အလက်ဇန်းဒရား ပေါ့ပ်(ဝုဖ်ဘတ်)၊ ဘွန်မာတီ(ဘာဆာ)၊ ဝင်ဒီ ရန်းနက်ဒ်(လီယွန်)၊ အဲလက်စ် မော်ဂန်(ဆန်ဒီယေဂို ဝေ့ဗ်)၊ ဘက်သ် မိဒ်(အာဆင်နယ်)၊ အိုရှိုအာလာ(ဘာဆာ)၊ မာရီ-အန်းတွိုက် ကတိုတို(ပီအက်စ်ဂျီ)၊ မီလီ ဘရိုက်တ်(ချဲလ်ဆီး)၊ ထရီနတီ ရော့ဒ်မန်း(ဝါရှင်တန် စပိရစ်)၊ အေဒါ ဟေဂါဘတ်(လီယွန်)။

ကိုပါဆု ဆန်ခါတင်- ကာရင် အဒေယီမီ(ဒေါ့မွန်)၊ ဂျုဒ် ဘယ်လင်ဟမ်(ဒေါ့မွန်)၊ အက်ဒွါဒို ကမာဗင်ဂါ(ရီးရဲလ်)၊ ဂါဗီ(ဘာဆာ)၊ ဂရေဗင်ဘာ့ချ်(ဘိုင်ယန်)၊ နူနို မန်းဒက်စ်(ပီအက်စ်ဂျီ)၊ ဂျမဲလ် မူစီယားလား(ဘိုင်ယန်)၊ ဂွါဗီဒိုလ်(လိုက်ပ်ဇစ်)၊ ဆာကာ(အာဆင်နယ်)၊ ဖလိုရီယန် ဗာ့ဇ်(လေဗာကူဆင်)။

ယာရှင်ဆု ဆန်ခါတင်စာရင်း- ယာဆင်း ဘူနူ(ဆီဗီလာ)၊ အယ်လစ်ဆန် ဘက်ကာ(လီဗာပူးလ်)၊ ကူတွာ(ရီးရဲလ်)၊ အီဒါဆန်(စီးတီး)၊ မိုက်ခ် မိတ်ဂ်နမ်(အေစီ)၊ အေဒူယာ မန်ဒီ(ချဲလ်ဆီး)၊ မန်နျူရယ် နျူအာ(ဘိုင်ယန်)၊ ယန် အော့ဘလက်ခ်(အက်သလက်တီကို မက်ဒရစ်)၊ ကီဗင် ထရပ်(ဖရန့်ဖွတ်)၊ ဟူဂို လိုရစ်(စပါးစ်)။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
UNITED A2Z.

ZAWGYI:၂၀၂၂ ဘလြန္ေဒါဆုအတြက္ ဆန္ခါတင္စာရင္းကို France Football က ေၾကညာခဲ့ၿပီျဖစ္ၿပီး ပရိသတ္ေတြမေမွ်ာ္လင့္ထားတဲ့ ရလဒ္ျဖစ္ခဲ့ပါတယ္။

ဘလြန္ေဒါဆုကို ေနာက္ဆုံး ကိုင္ေျမႇာက္ထားႏိုင္ခဲ့တဲ့ ကစားသမားဟာ စံခ်ိန္တင္ ၇ ႀကိမ္အထိ ဆြတ္ခူးထားတဲ့ လီယြန္နယ္ မက္ဆီျဖစ္ၿပီး ၂၀၀၅ ခုႏွစ္ေနာက္ပိုင္း ဘလြန္ေဒါဆုအတြက္ ဆန္ခါတင္စာရင္းမွာ အံ့အားသင့္ဖြယ္ ခ်န္လွပ္ခံခဲ့ရတာျဖစ္ပါတယ္။ ဒါေပမယ့္လည္း ဘလြန္ေဒါ ၅ ဆုရွင္ျဖစ္တဲ့ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဟာ ဆန္ခါတင္စာရင္းထဲမွာ ပါဝင္ခဲ့ၿပီး ၎ရဲ႕ ရီးရဲလ္မက္ဒရစ္အသင္းေဖာ္ေဟာင္းျဖစ္တဲ့ ကာရင္ ဘန္ဇီးမားလည္း ပါဝင္ခဲ့တာ ျဖစ္ပါတယ္။

ဘန္ဇီးမားဟာ ၿပီးခဲ့တဲ့ရာသီမွာ ရီးရဲလ္မက္ဒရစ္အသင္းကို ခ်န္ပီယံလိဂ္ဖလားေရာ လာလီဂါဖလားပါ ရရွိေအာင္ ကူညီေပးႏိုင္ခဲ့သူျဖစ္ၿပီး ၿပိဳင္ပြဲစုံ ၄၆ ပြဲမွာ ၄၄ ဂိုးအထိ သြင္းယူေပးႏိုင္ခဲ့တာျဖစ္ပါတယ္။ ပီအက္စ္ဂ်ီၾကယ္ပြင့္ ခီလီယန္ အမ္ဘာေပက ဘလြန္ေဒါဆုကို ရရွိဖို႔ ဒုတိယေျမာက္ေရပန္းအစားဆုံးကစားသမားအျဖစ္ ေလာင္းကစားဒိုင္ေတြက ေၾကးဖြင့္ထားၿပီး လီဗာပူးလ္ၾကယ္ပြင့္ မိုဟာမက္ ဆာလားနဲ႔ ဘိုင္ယန္ျမဴးနစ္တိုက္စစ္မႉး ဆာဒီယို မာေနးတို႔ကလည္း ဘလြန္ေဒါဆုအတြက္ ယွဥ္ၿပိဳင္ေနတဲ့အထဲမွာ ပါဝင္ေနတာျဖစ္ပါတယ္။

ဘာစီလိုနာအမ်ိဳးသမီးအသင္းေခါင္းေဆာင္ အလက္စီယာ ပူတဲယက္စ္ဟာ လက္ရွိ အမ်ိဳးသမီး ဘလြန္ေဒါဆုကို ရရွိထားသူျဖစ္ၿပီး ၂ ႏွစ္ဆက္တိုက္ ဘလြန္ေဒါဆုကို ရရွိမယ့္သူအျဖစ္ ေရပန္းစားေနပါတယ္။ ခ်ဲလ္ဆီးတိုက္စစ္မႉး ဆမ္ ကားနဲ႔ အာဆင္နယ္တိုက္စစ္မႉး ဗီဗီယန္း မီဒယ္မာတို႔ကလည္း ဘလြန္ေဒါဆုအတြက္ ယွဥ္ၿပိဳင္ေနၾကၿပီး ယူ႐ို ၂၀၂၂ ခ်န္ပီယံ အဂၤလန္ၾကယ္ပြင့္ေတြျဖစ္တဲ့ လူစီ ဘ႐ြန႔္ဇ္၊ ဘက္သ္ မိဒ္နဲ႔ မီလီ ဘ႐ိုက္တ္တို႔လည္း အပါအဝင္ျဖစ္ပါတယ္။

အမ်ိဳးသား၊ အမ်ိဳးသမီး ဘလြန္ေဒါဆုရွင္ေတြကို လာမယ့္ ေအာက္တိုဘာလ ၁၇ ရက္ေန႔မွာ တရားဝင္ထုတ္ေဖာ္ ေၾကညာသြားေတာ့မွာျဖစ္ၿပီး ဘလြန္ေဒါဆုအတြက္ ဆန္ခါတင္စာရင္း အျပည့္အစုံကို ေဖာ္ျပေပးလိုက္ပါတယ္။

အမ်ိဳးသားဘလြန္ေဒါဆုဆန္ခါတင္စာရင္း- ကူတြာ၊ ရာေဖးလ္ လီအို၊ ခရစၥတိုဖာ အန္ကြန္ကူ၊ မိုဟာမက္ ဆာလား၊ ဂ်ိဳ႐ႊာ ကင္းမစ္ခ်္၊ အလက္ဇႏၵား-အာႏိုး၊ ဗင္နီးရွပ္ ဂ်ဴနီယာ၊ ဘာနာဒို ေဆးလ္ဗား၊ လူးဝစၥ ဒီယက္ဇ္၊ ေရာဘတ္ လီဗန္ေဒါ့ဗ္စကီး၊ မာရက္ဇ္၊ ကက္စမဲ႐ိုး၊ ဆြန္ေဟာင္မင္၊ ဖာဘင္ညိဳ၊ ကာရင္ ဘန္ဇီးမား၊ မိုက္ခ္ မိတ္ဂ္နမ္၊ ဟာရီ ကိန္း၊ ဒါဝင္ ႏူးညက္ဇ္၊ ဖီးလ္ ဖိုဒန္၊ ဆာဒီယို မာေနး၊ ဆီဘက္စတီယန္ အဲလား၊ လူကာ မိုဒရစ္၊ ႐ူဒီဂါ၊ ေရာ္နယ္လ္ဒို၊ ဒီဘ႐ိုင္းနား၊ ဒူဆန္ ဗလာဟိုဗစ္ခ်္၊ ဗန္ဒိုက္၊ ကန္ဆယ္လို၊ အမ္ဘာေပ၊ အာလင္း ဟာလန္း။

အမ်ိဳးသမီး ဘလြန္ေဒါဆုဆန္ခါတင္စာရင္း- ဆယ္လ္မာ ဘာခ်ာ(လီယြန္)၊ ဖရီဒိုလီနာ ႐ိုလ္ဖို(ဘာဆာ)၊ ဗီဗီယန္း မီဒယ္မာ(အာဆင္နယ္)၊ လူစီ ဘရြန္႔ဇ္(ဘာဆာ)၊ ဆမ္ ကား(ခ်ဲလ္ဆီး)၊ ခရစၥတီယန္း အမ္းဒလား(လီယြန္)၊ လီနာ အိုဘာေဒါ့ဖ္(ဝုဖ္ဘတ္)၊ ကဒီဒီယာတူ ဒီယာနီ(ပီအက္စ္ဂ်ီ)၊ ကာတာရီနာ မာကာရီယို(လီယြန္)၊ အလက္စီယာ ပူတဲယက္စ္(ဘာဆာ)၊ အလက္ဇန္းဒရား ေပါ့ပ္(ဝုဖ္ဘတ္)၊ ဘြန္မာတီ(ဘာဆာ)၊ ဝင္ဒီ ရန္းနက္ဒ္(လီယြန္)၊ အဲလက္စ္ ေမာ္ဂန္(ဆန္ဒီေယဂို ေဝ့ဗ္)၊ ဘက္သ္ မိဒ္(အာဆင္နယ္)၊ အိုရႈိအာလာ(ဘာဆာ)၊ မာရီ-အန္းတြိဳက္ ကတိုတို(ပီအက္စ္ဂ်ီ)၊ မီလီ ဘ႐ိုက္တ္(ခ်ဲလ္ဆီး)၊ ထရီနတီ ေရာ့ဒ္မန္း(ဝါရွင္တန္ စပိရစ္)၊ ေအဒါ ေဟဂါဘတ္(လီယြန္)။

ကိုပါဆု ဆန္ခါတင္- ကာရင္ အေဒယီမီ(ေဒါ့မြန္)၊ ဂ်ဳဒ္ ဘယ္လင္ဟမ္(ေဒါ့မြန္)၊ အက္ဒြါဒို ကမာဗင္ဂါ(ရီးရဲလ္)၊ ဂါဗီ(ဘာဆာ)၊ ဂေရဗင္ဘာ့ခ်္(ဘိုင္ယန္)၊ ႏူႏို မန္းဒက္စ္(ပီအက္စ္ဂ်ီ)၊ ဂ်မဲလ္ မူစီယားလား(ဘိုင္ယန္)၊ ဂြါဗီဒိုလ္(လိုက္ပ္ဇစ္)၊ ဆာကာ(အာဆင္နယ္)၊ ဖလိုရီယန္ ဗာ့ဇ္(ေလဗာကူဆင္)။

ယာရွင္ဆု ဆန္ခါတင္စာရင္း- ယာဆင္း ဘူႏူ(ဆီဗီလာ)၊ အယ္လစ္ဆန္ ဘက္ကာ(လီဗာပူးလ္)၊ ကူတြာ(ရီးရဲလ္)၊ အီဒါဆန္(စီးတီး)၊ မိုက္ခ္ မိတ္ဂ္နမ္(ေအစီ)၊ ေအဒူယာ မန္ဒီ(ခ်ဲလ္ဆီး)၊ မန္န်ဴရယ္ န်ဴအာ(ဘိုင္ယန္)၊ ယန္ ေအာ့ဘလက္ခ္(အက္သလက္တီကို မက္ဒရစ္)၊ ကီဗင္ ထရပ္(ဖရန႔္ဖြတ္)၊ ဟူဂို လိုရစ္(စပါးစ္)။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
UNITED A2Z.