Other Leagues

လက်နက်ကိုင်လုယက်သူတွေရဲ့တိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိခဲ့တဲ့ ဒူဆန် တာဒစ်

အိုင်းယက်စ်အသင်းခေါင်းဆောင် ဒူဆန် တာဒစ်ဟာ အမ်စတာဒမ်က ၎င်းရဲ့အိမ်နားမှာ ရှိနေတဲ့ လက်နက်ကိုင် လုယက်မှုမှာ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ နယ်သာလန်က သတင်းတွေအရ သိရပါတယ်။

ဒတ်ချ်သတင်းဌာန De Telegraaf ရဲ့ ဖော်ပြချက်အရ တာဒစ်ဟာ အမ်စတာဒမ်မြို့တော် တောင်ဘက် Van Eeghenstraat က ၎င်းရဲ့ အိမ်အနီးနားမှာ ဆိုင်ကယ်စီး ဦးထုပ်ဆောင်းထားတဲ့ လက်နက်ကိုင် အမျိုးသား ၂ ဦးရဲ့ ချဉ်းကပ်ခြင်းကို ခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

ဒီဖြစ်စဉ် ဖြစ်ပွားခဲ့တာက ဇူလိုင်လ ၂၈ ရက်နေ့ နံနက်အစောပိုင်းမှာ ဖြစ်တယ်လို့ သိရပြီး ဒူဆန် တာဒစ်က ကားပေါ်ကနေ ဆင်းလာတဲ့အချိန်မှာ လုယက်သူ ၂ ဦးက ချဉ်းကပ်လာခဲ့တာဖြစ်ပါတယ်။

ဆောက်သမ်တန်ကြယ်ပွင့်ဟောင်းဟာ အခြေအနေက ထူးခြားနေပြီဆိုတာကို သိသွားတာနဲ့ တပြိုင်နက် ထွက်ပြေးဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း လုယက်သူ ၂ ဦးက အချိန်တိုအတွင်းမှာပဲ ဖမ်းမိသွားခဲ့တာဖြစ်ပါတယ်။

လုယက်သူ ၂ ဦးဟာ အဲဒီအချိန်တုန်းက ဒူဆန် တာဒစ်လက်မှာ ဝတ်ဆင်ထားတဲ့ Patek Philippe နာရီကို လုယက်ဖို့ ကြိုးပမ်းခဲ့တာဖြစ်နိုင်တယ်လို့ နယ်သာလန်ဒေသတွင်း သတင်းတွေက ဖော်ပြခဲ့ပြီး အိုင်းယက်စ်အသင်းခေါင်းဆောင်ဟာ လုယက်သူ ၂ ဦးထဲက တစ်ဦးရဲ့ ဆိုင်ကယ်စီးဦးထုပ်လေကာမှန်ကို ဖွင့်ပြီး ပါးပိတ်ရိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒီ ရုန်းရင်းဆန်ခတ်မှုအတွင်းမှာ ဒူဆန် တာဒစ်ဟာ ဒဏ်ရာ အနည်းငယ်သာ ရရှိသွားခဲ့ပြီး ပြီးခဲ့တဲ့လတုန်းက နောက်ထပ် အိုင်းယက်စ်ကစားသမားတစ်ဦးဖြစ်တဲ့ မိုဟာမက် အစ်ဟတ်တာရန်လည်း ခြိမ်းခြောက်ခြင်း ခံခဲ့ရတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ ဂျူဗင်တပ်ကနေ ဒတ်ချ်ကလပ်ကို အငှားနဲ့ လာကစားနေတဲ့ အသက် ၂၀ အရွယ် ကစားသမားဟာ သြစတြီးယားက ရာသီကြို လေ့ကျင့်ရေးအတွက် အသင်းလူစာရင်းကနေ ချန်လှပ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။

အိုင်းယက်စ်အသင်းက အဲဒီလို ချန်လှပ်ခဲ့တာဟာ ကြံ့ခိုင်မှု ပြဿနာကြောင့်ဖြစ်တယ်လို့ ဖြေရှင်းခဲ့ပေမယ့် De Telegraaf က နောက်ပိုင်းမှာ မိုဟာမက်အနေနဲ့ ခြိမ်းခြောက်ခြင်းခံခဲ့ရတာကြောင့် လူစာရင်းကနေ ချန်လှပ်ခြင်းခံခဲ့ရတာဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:အိုင္းယက္စ္အသင္းေခါင္းေဆာင္ ဒူဆန္ တာဒစ္ဟာ အမ္စတာဒမ္က ၎ရဲ႕အိမ္နားမွာ ရွိေနတဲ့ လက္နက္ကိုင္ လုယက္မႈမွာ ထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို႔ နယ္သာလန္က သတင္းေတြအရ သိရပါတယ္။

ဒတ္ခ်္သတင္းဌာန De Telegraaf ရဲ႕ ေဖာ္ျပခ်က္အရ တာဒစ္ဟာ အမ္စတာဒမ္ၿမိဳ႕ေတာ္ ေတာင္ဘက္ Van Eeghenstraat က ၎ရဲ႕ အိမ္အနီးနားမွာ ဆိုင္ကယ္စီး ဦးထုပ္ေဆာင္းထားတဲ့ လက္နက္ကိုင္ အမ်ိဳးသား ၂ ဦးရဲ႕ ခ်ဥ္းကပ္ျခင္းကို ခံခဲ့ရတာျဖစ္တယ္လို႔ သိရပါတယ္။

ဒီျဖစ္စဥ္ ျဖစ္ပြားခဲ့တာက ဇူလိုင္လ ၂၈ ရက္ေန႔ နံနက္အေစာပိုင္းမွာ ျဖစ္တယ္လို႔ သိရၿပီး ဒူဆန္ တာဒစ္က ကားေပၚကေန ဆင္းလာတဲ့အခ်ိန္မွာ လုယက္သူ ၂ ဦးက ခ်ဥ္းကပ္လာခဲ့တာျဖစ္ပါတယ္။

ေဆာက္သမ္တန္ၾကယ္ပြင့္ေဟာင္းဟာ အေျခအေနက ထူးျခားေနၿပီဆိုတာကို သိသြားတာနဲ႔ တၿပိဳင္နက္ ထြက္ေျပးဖို႔ ႀကိဳးပမ္းခဲ့ေပမယ့္လည္း လုယက္သူ ၂ ဦးက အခ်ိန္တိုအတြင္းမွာပဲ ဖမ္းမိသြားခဲ့တာျဖစ္ပါတယ္။

လုယက္သူ ၂ ဦးဟာ အဲဒီအခ်ိန္တုန္းက ဒူဆန္ တာဒစ္လက္မွာ ဝတ္ဆင္ထားတဲ့ Patek Philippe နာရီကို လုယက္ဖို႔ ႀကိဳးပမ္းခဲ့တာျဖစ္ႏိုင္တယ္လို႔ နယ္သာလန္ေဒသတြင္း သတင္းေတြက ေဖာ္ျပခဲ့ၿပီး အိုင္းယက္စ္အသင္းေခါင္းေဆာင္ဟာ လုယက္သူ ၂ ဦးထဲက တစ္ဦးရဲ႕ ဆိုင္ကယ္စီးဦးထုပ္ေလကာမွန္ကို ဖြင့္ၿပီး ပါးပိတ္႐ိုက္ႏိုင္ခဲ့တယ္လို႔ သိရပါတယ္။

ဒီ ႐ုန္းရင္းဆန္ခတ္မႈအတြင္းမွာ ဒူဆန္ တာဒစ္ဟာ ဒဏ္ရာ အနည္းငယ္သာ ရရွိသြားခဲ့ၿပီး ၿပီးခဲ့တဲ့လတုန္းက ေနာက္ထပ္ အိုင္းယက္စ္ကစားသမားတစ္ဦးျဖစ္တဲ့ မိုဟာမက္ အစ္ဟတ္တာရန္လည္း ၿခိမ္းေျခာက္ျခင္း ခံခဲ့ရတယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။ ဂ်ဴဗင္တပ္ကေန ဒတ္ခ်္ကလပ္ကို အငွားနဲ႔ လာကစားေနတဲ့ အသက္ ၂၀ အ႐ြယ္ ကစားသမားဟာ ၾသစႀတီးယားက ရာသီႀကိဳ ေလ့က်င့္ေရးအတြက္ အသင္းလူစာရင္းကေန ခ်န္လွပ္ျခင္းခံခဲ့ရတာျဖစ္ပါတယ္။

အိုင္းယက္စ္အသင္းက အဲဒီလို ခ်န္လွပ္ခဲ့တာဟာ ႀကံ့ခိုင္မႈ ျပႆနာေၾကာင့္ျဖစ္တယ္လို႔ ေျဖရွင္းခဲ့ေပမယ့္ De Telegraaf က ေနာက္ပိုင္းမွာ မိုဟာမက္အေနနဲ႔ ၿခိမ္းေျခာက္ျခင္းခံခဲ့ရတာေၾကာင့္ လူစာရင္းကေန ခ်န္လွပ္ျခင္းခံခဲ့ရတာျဖစ္တယ္လို႔ ေဖာ္ျပခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.