Premier League

နောက်ဆုံးရ ချဲလ်ဆီးသတင်းတိုများ စုစည်းမှု – ၂၁.၈.၂၀၂၀

ချဲလ်ဆီးအသင်းဟာ ဘာစီလိုနာ အသင်းနဲ့လမ်းခွဲခဲ့တဲ့ လူငယ်ဗဟိုနောက်ခံကစားသမား ဇားဗီးယား အမ်ဘူယမ်ဘာကို သုံးနှစ်စာချုပ်နဲ့ ခေါ်ယူလိုက်ပါတယ်။ အမ်ဘူယမ်ဘာဟာ ချဲလ်ဆီးလူငယ်အသင်းနဲ့ ပူပေါင်းသွားမယ်လို့လည်း သိရပါတယ်။

ချဲလ်ဆီးနည်းပြဖရန့်လမ်းပတ်ကတော့ အကယ်ဒမီထွက် လူငယ်ကစားသမားလေးတွေကို စီနီယာအသင်းမှာ အသုံးပြုခဲ့ခြင်းဟာ ဘယ်သူမှဖိအားပေးခဲ့လို့ မဟုတ်ပါကြောင်း အရည်အသွေးပေါ်မူတည်ပြီး ရွေးချယ်ခဲ့တာဖြစ်ကြောင်း ​ရှင်းပြသွားခဲ့ပါတယ်။

ချဲလ်ဆီးအသင်းရဲ့တိုက်စစ်ကစားသမားဟောင်း တိုနီကတ်စ်ကာရီနိုကတော့ ဘရိုက်တန်ခံစစ်မှူး လူး၀စ်ဒန့်ခ်ဟာ အမြင့်ဘောတွေကိုလည်း ရှင်းထုတ်နိုင်သလို ဘောလုံးဖြန့်ဝေတဲ့နေရာအှာလည်း တိကျတာကြောင့် ချဲလ်ဆီးအသင်းရဲ့ကစားကွက်နဲ့ကိုက်ညီမှာဖြစ်ကြောင်း အကြံပေးသွားခဲ့ပါတယ်။

ချဲလ်ဆီးအသင်းနဲ့ လေဗာကူဆင် ကစားတို့ဟာ ကိုင်ဟာဗက်ရဲ့ အပြောင်းအရွှေ့ကို သဘောတူညီမှုရဖို့အတွက် ပေါင် ၁၀သန်းလောက်ပဲ ကွာဟတော့တာကြောင့် မကြာခင်မှာပဲ အပြောင်းအရွှေ့တ ရား၀င်ဖြစ်မြောက်လာဖွယ် ရှိပါတယ်။

လာဇီယိုအသင်းဟာ ချဲလ်ဆီးအသင်းရဲ့ဂိုးသွင်းစက်ဖြစ်တဲ့ တိုက်စစ်မှူး အိုလီဗာဂျီရူးကို ခေါ်ယူဖို့ စိတ်၀င်စားနေပါတယ်။ချဲလ်ဆီးအသင်းဘက်ကတော့ ဂျီရူးအတွက် ပေါင်၇သန်းလောက် လာရောက်ကမ်းလှမ်းပါက ဒီနှစ်နွေရာသီအပြောင်းအရွှေ့မှာ ရောင်းချသွားမယ်လို့ သတင်းထွက်နေပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z

ZAWGYI:

ခ်ဲလ္ဆီးအသင္းဟာ ဘာစီလိုနာ အသင္းနဲ႔လမ္းခြဲခဲ့တဲ့ လူငယ္ဗဟိုေနာက္ခံကစားသမား ဇားဗီးယား အမ္ဘူယမ္ဘာကို သုံးႏွစ္စာခ်ဳပ္နဲ႔ ေခၚယူလိုက္ပါတယ္။ အမ္ဘူယမ္ဘာဟာ ခ်ဲလ္ဆီးလူငယ္အသင္းနဲ႔ ပူေပါင္းသြားမယ္လို႔လည္း သိရပါတယ္။

ခ်ဲလ္ဆီးနည္းျပဖရန္႔လမ္းပတ္ကေတာ့ အကယ္ဒမီထြက္ လူငယ္ကစားသမားေလးေတြကို စီနီယာအသင္းမွာ အသုံးျပဳခဲ့ျခင္းဟာ ဘယ္သူမွဖိအားေပးခဲ့လို႔ မဟုတ္ပါေၾကာင္း အရည္အေသြးေပၚမူတည္ၿပီး ေ႐ြးခ်ယ္ခဲ့တာျဖစ္ေၾကာင္း ​ရွင္းျပသြားခဲ့ပါတယ္။

ခ်ဲလ္ဆီးအသင္းရဲ႕တိုက္စစ္ကစားသမားေဟာင္း တိုနီကတ္စ္ကာရီႏိုကေတာ့ ဘရိုက္တန္ခံစစ္မွဴးလူး၀စ္ဒန္႔ခ္ဟာ အျမင့္ေဘာေတြကိုလည္း ရွင္းထုတ္ႏိုင္သလို ေဘာလုံးျဖန္႔ေဝတဲ့ေနရာအွာလည္း တိက်တာေၾကာင့္ ခ်ဲလ္ဆီးအသင္းရဲ႕ကစားကြက္နဲ႔ကိုက္ညီမွာျဖစ္ေၾကာင္း အႀကံေပးသြားခဲ့ပါတယ္။

ခ်ဲလ္ဆီးအသင္းနဲ႔ ေလဗာကူဆင္ ကစားတို႔ဟာ ကိုင္ဟာဗက္ရဲ႕ အေျပာင္းအေ႐ႊ႕ကို သေဘာတူညီမႈရဖို႔အတြက္ ေပါင္ ၁၀သန္းေလာက္ပဲ ကြာဟေတာ့တာေၾကာင့္ မၾကာခင္မွာပဲ အေျပာင္းအေ႐ႊ႕တ ရား၀င္ျဖစ္ေျမာက္လာဖြယ္ ရွိပါတယ္။

လာဇီယိုအသင္းဟာ ခ်ဲလ္ဆီးအသင္းရဲ႕ဂိုးသြင္းစက္ျဖစ္တဲ့ တိုက္စစ္မႉး အိုလီဗာဂ်ီ႐ူးကို ေခၚယူဖို႔ စိတ္၀င္စားေနပါတယ္။ခ်ဲလ္ဆီးအသင္းဘက္ကေတာ့ ဂ်ီ႐ူးအတြက္ ေပါင္၇သန္းေလာက္ လာေရာက္ကမ္းလွမ္းပါက ဒီႏွစ္ေႏြရာသီအေျပာင္းအေ႐ႊ႕မွာ ေရာင္းခ်သြားမယ္လို႔ သတင္းထြက္ေနပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z