International World Cup

ကာတာ ကမ္ဘာ့ဖလားကို သပိတ်မှောက်မယ်လို့ တကမ္ဘာလုံးကို တပ်လှန့်လိုက်တဲ့ ဂျာမနီကမ္ဘာ့ဖလားသူရဲကောင်း

ဂျာမနီလက်ရွေးစင်အသင်းခေါင်းဆောင်ဟောင်း ဖိလစ်ပ် လမ်းက အိမ်ရှင်ကာတာနိုင်ငံရဲ့ ဆိုးရွားလွန်းတဲ့ လူ့အခွင့်အရေး မှတ်တမ်းတွေကြောင့် ယခုနှစ် ဆောင်းရာသီ ကမ္ဘာ့ဖလားပြိုင်ပွဲကို သပိတ်မှောက်သွားမယ်လို့ ကြေညာခဲ့ပါတယ်။

ဖီဖာဟာ သေးငယ်တဲ့ ပင်လယ်ကွေ့နိုင်ငံလေးကို ကမ္ဘာ့ဖလားလို ကြီးကျယ်ခမ်းနားတဲ့ ပြိုင်ပွဲကြီး ကျင်းပခွင့်ပေးခဲ့တဲ့အတွက် ပြစ်တင်ဝေဖန်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ခံခဲ့ရတာဖြစ်ပြီး လူဦးရေ ၂ သန်းသာရှိတဲ့ ကာတာနိုင်ငံဟာ ဘယ်တုန်းကမှ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ခွင့်မရခဲ့တဲ့နိုင်ငံဖြစ်ပါတယ်။

ဒါ့အပြင် ကာတာနိုင်ငံဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကို ကျင်းပခွင့် ပေးအပ်ခြင်းခံခဲ့ရတဲ့အချိန်မှာ ကမ္ဘာ့အဆင့်သတ်မှတ်ချက် ၁၁၃ မှာ ရပ်တည်နေတာဖြစ်ပြီး ကာတာနိုင်ငံရဲ့ အလွန်ပူပြင်းတဲ့ နွေရာသီအပူချိန်ကြောင့် ပြိုင်ပွဲကို ဆောင်းရာသီကာလအထိ ပြောင်းရွှေ့ခဲ့ရတာဖြစ်ပါတယ်။

ကာတာနိုင်ငံဟာ ၂၀၁၀ ခုနှစ်မှာ အိမ်ရှင်အဖြစ် သတ်မှတ်ခံခဲ့ရတဲ့အချိန်ကတည်းက လူ့အခွင့်အရေးစံချိန်နဲ့ ရွှေ့ပြောင်းလုပ်သားတွေအပေါ် ဆက်ဆံမှုတွေကလည်း ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ပြစ်တင်ခံခဲ့ရတာဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်ဂန္တဝင် နောက်ခံကစားသမား ဖိလစ်ပ် လမ်းက ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဂျာမနီအသင်းကို ကမ္ဘာ့ဖလား ရရှိအောင် အသင်းခေါင်းဆောင်အဖြစ် ဦးဆောင်ကစားပေးခဲ့သူဖြစ်ပြီး လက်ရှိမှာတော့ ယူရို ၂၀၂၄ ပြိုင်ပွဲအတွက် ဂျာမနီဘောလုံးအဖွဲ့ချုပ်ရဲ့ ပြိုင်ပွဲဒါရိုက်တာအဖြစ် တာဝန်ယူဆောင်ရွက်နေတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အသက် ၃၈ နှစ်အရွယ် ဂျာမန်နောက်ခံကစားသမားဟောင်းက ကာတာနိုင်ငံမှာ ကျင်းပမယ့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကို တက်ရောက်ကြည့်ရှုသွားမှာမဟုတ်ဘူးလို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

“ကျွန်တော့်အနေနဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ကိုယ်စားလှယ်အဖွဲ့မှာလည်း မပါဘူး။ အဲဒီကို ပရိသတ်တစ်ယောက်အနေနဲ့လည်း သွားကြည့်ချင်စိတ်မရှိပါဘူး။ ကျွန်တော်ကတော့ အိမ်ကနေပဲ ကမ္ဘာ့ဖလားပြိုင်ပွဲကို စောင့်ကြည့်သွားမှာပါ။ ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပခွင့်ပေးတဲ့နေရာမှာ လူ့အခွင့်အရေးက အကြီးမားဆုံးအခန်းကဏ္ဍကနေ ပါဝင်သင့်တယ်”

“လူ့အခွင့်အရေးနဲ့ပတ်သက်ပြီး အဆိုးရွားဆုံးတွေထဲက တစ်နိုင်ငံကို ကမ္ဘာ့ဖလားကျင်းပခွင့်ပေးမယ်ဆိုရင် ခင်ဗျား ဆုံးဖြတ်ချက် ချမှတ်ဖို့အတွက် စံနှုန်းတွေနဲ့ပတ်သက်ပြီး စပြီး စဉ်းစားရမှာပါ။ ဒါမျိုး အနာဂတ်မှာ နောက်ထပ်တစ်ကြိမ် ထပ်မဖြစ်သင့်တော့ပါဘူး။ လူ့အခွင့်အရေး၊ တည်ငြိမ်အေးချမ်းမှု၊ တိုင်းပြည်အရွယ်အစား အဲဒီဟာတွေက ဘယ်အခန်းကဏ္ဍမှာမှ ပါဝင်တဲ့ပုံမပေါ်ပါဘူး”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ဂ်ာမနီလက္ေ႐ြးစင္အသင္းေခါင္းေဆာင္ေဟာင္း ဖိလစ္ပ္ လမ္းက အိမ္ရွင္ကာတာႏိုင္ငံရဲ႕ ဆိုး႐ြားလြန္းတဲ့ လူ႔အခြင့္အေရး မွတ္တမ္းေတြေၾကာင့္ ယခုႏွစ္ ေဆာင္းရာသီ ကမာၻ႔ဖလားၿပိဳင္ပြဲကို သပိတ္ေမွာက္သြားမယ္လို႔ ေၾကညာခဲ့ပါတယ္။

ဖီဖာဟာ ေသးငယ္တဲ့ ပင္လယ္ေကြ႕ႏိုင္ငံေလးကို ကမာၻ႔ဖလားလို ႀကီးက်ယ္ခမ္းနားတဲ့ ၿပိဳင္ပြဲႀကီး က်င္းပခြင့္ေပးခဲ့တဲ့အတြက္ ျပစ္တင္ေဝဖန္မႈေတြ က်ယ္က်ယ္ျပန႔္ျပန႔္ ခံခဲ့ရတာျဖစ္ၿပီး လူဦးေရ ၂ သန္းသာရွိတဲ့ ကာတာႏိုင္ငံဟာ ဘယ္တုန္းကမွ ကမာၻ႔ဖလားၿပိဳင္ပြဲကို ဝင္ခြင့္မရခဲ့တဲ့ႏိုင္ငံျဖစ္ပါတယ္။

ဒါ့အျပင္ ကာတာႏိုင္ငံဟာ ကမာၻ႔ဖလားၿပိဳင္ပြဲကို က်င္းပခြင့္ ေပးအပ္ျခင္းခံခဲ့ရတဲ့အခ်ိန္မွာ ကမာၻ႔အဆင့္သတ္မွတ္ခ်က္ ၁၁၃ မွာ ရပ္တည္ေနတာျဖစ္ၿပီး ကာတာႏိုင္ငံရဲ႕ အလြန္ပူျပင္းတဲ့ ေႏြရာသီအပူခ်ိန္ေၾကာင့္ ၿပိဳင္ပြဲကို ေဆာင္းရာသီကာလအထိ ေျပာင္းေ႐ႊ႕ခဲ့ရတာျဖစ္ပါတယ္။

ကာတာႏိုင္ငံဟာ ၂၀၁၀ ခုႏွစ္မွာ အိမ္ရွင္အျဖစ္ သတ္မွတ္ခံခဲ့ရတဲ့အခ်ိန္ကတည္းက လူ႔အခြင့္အေရးစံခ်ိန္နဲ႔ ေ႐ႊ႕ေျပာင္းလုပ္သားေတြအေပၚ ဆက္ဆံမႈေတြကလည္း က်ယ္က်ယ္ျပန႔္ျပန႔္ ေဝဖန္ျပစ္တင္ခံခဲ့ရတာျဖစ္ပါတယ္။

ဘိုင္ယန္ျမဴးနစ္ဂႏၲဝင္ ေနာက္ခံကစားသမား ဖိလစ္ပ္ လမ္းက ၂၀၁၄ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ဂ်ာမနီအသင္းကို ကမာၻ႔ဖလား ရရွိေအာင္ အသင္းေခါင္းေဆာင္အျဖစ္ ဦးေဆာင္ကစားေပးခဲ့သူျဖစ္ၿပီး လက္ရွိမွာေတာ့ ယူ႐ို ၂၀၂၄ ၿပိဳင္ပြဲအတြက္ ဂ်ာမနီေဘာလုံးအဖြဲ႕ခ်ဳပ္ရဲ႕ ၿပိဳင္ပြဲဒါ႐ိုက္တာအျဖစ္ တာဝန္ယူေဆာင္႐ြက္ေနတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း အသက္ ၃၈ ႏွစ္အ႐ြယ္ ဂ်ာမန္ေနာက္ခံကစားသမားေဟာင္းက ကာတာႏိုင္ငံမွာ က်င္းပမယ့္ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲကို တက္ေရာက္ၾကည့္ရႈသြားမွာမဟုတ္ဘူးလို႔ ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

“ကြၽန္ေတာ့္အေနနဲ႔ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲရဲ႕ ကိုယ္စားလွယ္အဖြဲ႕မွာလည္း မပါဘူး။ အဲဒီကို ပရိသတ္တစ္ေယာက္အေနနဲ႔လည္း သြားၾကည့္ခ်င္စိတ္မရွိပါဘူး။ ကြၽန္ေတာ္ကေတာ့ အိမ္ကေနပဲ ကမာၻ႔ဖလားၿပိဳင္ပြဲကို ေစာင့္ၾကည့္သြားမွာပါ။ ကမာၻ႔ဖလားၿပိဳင္ပြဲ က်င္းပခြင့္ေပးတဲ့ေနရာမွာ လူ႔အခြင့္အေရးက အႀကီးမားဆုံးအခန္းက႑ကေန ပါဝင္သင့္တယ္”

“လူ႔အခြင့္အေရးနဲ႔ပတ္သက္ၿပီး အဆိုး႐ြားဆုံးေတြထဲက တစ္ႏိုင္ငံကို ကမာၻ႔ဖလားက်င္းပခြင့္ေပးမယ္ဆိုရင္ ခင္ဗ်ား ဆုံးျဖတ္ခ်က္ ခ်မွတ္ဖို႔အတြက္ စံႏႈန္းေတြနဲ႔ပတ္သက္ၿပီး စၿပီး စဥ္းစားရမွာပါ။ ဒါမ်ိဳး အနာဂတ္မွာ ေနာက္ထပ္တစ္ႀကိမ္ ထပ္မျဖစ္သင့္ေတာ့ပါဘူး။ လူ႔အခြင့္အေရး၊ တည္ၿငိမ္ေအးခ်မ္းမႈ၊ တိုင္းျပည္အ႐ြယ္အစား အဲဒီဟာေတြက ဘယ္အခန္းက႑မွာမွ ပါဝင္တဲ့ပုံမေပၚပါဘူး”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.