Match Report Premier League

ဟားလန်းရဲ့ သွင်းဂိုးတွေနဲ့ ကစားရခက်တဲ့ ဝက်စ်ဟမ်းကို အနိုင်ယူတဲ့ မန်စီးတီး

မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဒီနေ့ အဝေးကွင်းမှာ ဂိုးသမား အီဒါဆန်၊ ခံစစ်မှာ ဝေါ်လ်ကာ၊ ရူဘင် ဒီယက်စ်၊ အာကေနဲ့ ကန်ဆယ်လိုတို့ကို အထိုင်ချခဲ့ပြီး ကွင်းလယ်မှာတော့ ရိုဒရီ၊ ဂွန်ဒိုးဝမ်နဲ့ ဒီဘရိုင်းနားတို့ကို သုံးပြီး ထိန်းချုပ်ဖို့ လုပ်ဆောင်လာခဲ့သလို တိုက်စစ်မှာတော့ ဟားလန်း၊ ဂရီးလစ်ရှ်နဲ့ ဖိုဒန်တို့ ကစားလာခဲ့ကြတာဖြစ်ပါတယ်။

အိမ်ရှင် ဝက်စ်ဟမ်းတို့ကတော့ ဂိုးသမား ဖာဘီယန်စကီး၊ ခံစစ်မှာ ဇူးမား၊ ဂျွန်ဆန်၊ ဆိုဖာလ်နဲ့ ခရက်စ်ဝဲလ်တို့ကို သုံးစွဲခဲ့ပြီး ကွင်းလယ်မှာတော့ ဒက်ကလန် ရိုက်စ်၊ ဆိုးချက်ခ်နဲ့ လန်ဇီနီတို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ အန်တိုနီယိုကို ဖော်နယ်လ်စ်နဲ့ ဘိုဝင်တို့က ဘယ်ညာရံပြီး ပွဲထွက်လာခဲ့ကြတာပါ။

ထုံးစံအတိုင်း စီးတီးတို့ ဘောလုံးကိုင်ကစားခဲ့ချိန်မှာ ဝက်စ်ဟမ်းကတော့ ဖြတ်တင်ဘောတွေ အမြင့်ဘောတွေနဲ့ ကောင်တာတွေကနေ ပြန်ပြီး ခြိမ်းခြောက်ဖို့ ကြိုးစားခဲ့သလို ဟားလန်းကတော့ ဂွန်းဒိုးဝမ် ပါလာလို့ တည်ငြိမ်နေတဲ့ ကွင်းလယ်ရှေ့မှာ ပြီးခဲ့တဲ့ လီဗာပူးလ်နဲ့ ပွဲကထက်ပိုပြီး အခွင့်အရေးတွေ ရရှိနိုင်ခဲ့ပါတယ်။

ပွဲချိန် ၂၂ မိနစ်မှာတော့ ဟားလန်းနဲ့ ထိခိုက်ပြီး ဒဏ်ရာရသွားတဲ့ ဖာဘီယန်စကီးရဲ့ ဒဏ်ရာ မသက်သာတော့တာကြောင့် ပွဲချိန် ၂၉ မိနစ်မှာ အရန်ဂိုးသမား အာရီယိုးလားနဲ့ လူစားလဲခဲ့ရပြီး ဝက်စ်ဟမ်းခံစစ် အနည်းငယ် အားနည်းသွားခဲ့သလို ပွဲချိန် ၃၅ မိနစ်မှာတော့ ဂွန်ဒိုးဝမ်ရဲ့ ပေးပို့မှုကနေ ခံစစ်ကြားထဲက ပြေးဝင်သွားခဲ့တဲ့ ဟားလန်းကို ခြေထောက်ဆွဲမိခဲ့တဲ့ ဖိလစ်ပိုင်နွယ်ဖွား ပြင်သစ်သားကြောင့် ပင်နယ်တီ ပေးခဲ့ရတာပါ။

ဒီအခွင့်အရေးကိုတော့ ပင်နယ်တီ ရှာဖွေနိုင်ခဲ့တဲ့ တိုက်စစ်မှူး ဟားလန်းက သူကိုယ်တိုင်ပဲ ပထမဆုံး ပရီးမီးယားလိဂ်ဂိုးအတွက် ကန်သွင်းယူခဲ့ပြီး ဝက်စ်ဟမ်းဂိုးသမား အာရီယိုးလားကို လှလှပပ လှည့်စားနိုင်ခဲ့သလို ဘယ်ဘက်တိုင်ခြေကို ဝေ့ဝိုက်ကန်သွင်းယူခဲ့ပြီး ပွဲချိန် ၃၆ မိနစ်မှာ မန်ချက်စတာစီးတီးတို့ တစ်ဂိုး-ဂိုးမရှိနဲ့ စတင်ဦးဆောင်ခဲ့ပါတယ်။

ပထမပိုင်းမှာ ဘောလုံးပိုင်ဆိုင်မှု ၇၉ ရာခိုင်နှုန်းအထိ ရှိခဲ့တဲ့ စီးတီးတို့ ဝက်စ်ဟမ်းဘက်ကို အလစ်မပေးဘဲ ကစားသွားခဲ့သလို အသင်းရဲ့ အဓိက အင်အားဖြစ်တဲ့ ဘိုဝင်ရဲ့ ဖြတ်တင်ဘောနဲ့ ဖရီးကစ်တွေကလည်း လိုရာမရောက်ခဲ့တာကြောင့် အိမ်ရှင်တို့တွေ ဂိုးပေါက်တောင် တည့်အောင် မလုပ်နိုင်ခဲ့ကြပဲ တစ်ဂိုး-ဂိုးမရှိနဲ့ ဧည့်သည်တွေ အနိုင်ရနေခဲ့တာပါ။

ဒုတိယပိုင်းမှာတော့ ဝက်စ်ဟမ်းတို့ ချေပဂိုး ပြန်ရဖို့ ကြံစည်လာခဲ့ပြီး စီးတီးတို့ဘက်ကို ဖိကစားလာနိုင်ခဲ့ပေမယ့် ဂိုးပေါက်ခြိမ်းခြောက်ဖို့ ခက်နေခဲ့တာကြောင့် ပွဲချိန် ၅၇ မိနစ်မှာ လန်ဇီနီအစား ဘင်ရာမာနဲ့ တိုက်စစ်က အန်တိုနီယိုအစား ယူရိုသန်း ၄၀ တန် ကစားသမားသစ် ဆကာမက်ကာတို့ကို နည်းပြ ဒေးဗစ်မွိုက်စ်က ထည့်ကစားလာခဲ့ပါတယ်။

ပွဲချိန် ၆၅ မိနစ်မှာတော့ ဂိုးလိုချင်နေတဲ့ အိမ်ရှင်တွေအစား မန်စီးတီးတို့ပဲ ဒုတိယဂိုး ထပ်ယူသွားခဲ့ပြီး ဒီဂိုးကိုတော့ ကွင်းလယ်ကနေ ဝက်စ်ဟမ်း ခံစစ်ကြားထဲက မျှောထိုးပေးလိုက်တဲ့ ဒီဘရိုင်းနားရဲ့ ပေးပို့မှုကို ဟားလန်းက အလယ်ကနေ ညာခြမ်းကို ပြေးထွက်ပြီးမှ သူသန်တဲ့ ဘယ်ခြေနဲ့ အဝေးတိုင်ခြေ ဘယ်ဘက်ခြမ်းကို တိတိကျကျ အဆုံးသတ်နိုင်ခဲ့လို့ ဆာဂျီယို အဂွေရိုရဲ့ ပရီးမီးယားလိဂ် ပွဲထွက်စံချိန်ကို လိုက်မီနိုင်ခဲ့တာပါ။

ပွဲချိန် မိနစ် ၇၀ မှာတော့ ဘယ်ခြမ်းက ဂရီးလစ်ရှ် ဖြတ်တင်ပေးတာကို ဟားလန်း ခေါင်းတိုက်ခွင့် ရခဲ့ပေမယ့် တိုင်မင်မကိုက်တာကြောင့် ထောင်သွားခဲ့ပြီး သူ့ရဲ့ ပရီးမီးယားလိဂ် ပွဲဦးထွက်မှာ ဟက်ထရစ်ရဖို့ လွဲချော်ခဲ့ရပြီး ဒီအချိန်မှာတော့ ဝက်စ်ဟမ်းတို့ရဲ့ တိုက်စစ်တွေက အထာမနပ်တဲ့ ပုံစံတွေနဲ့ လူကျွံဘောတွေသာ များနေခဲ့ပါတယ်။

ပွဲချိန် ၇၈ မိနစ်မှာတော့ ဂွန်ဒိုးဝမ်အစား ဘာနာဒို ဆေးလ်ဗားကို ထည့်သွင်းခဲ့သလို ဟားလန်းကို အဲလ်ဗာရက်ဇ်နဲ့ လူစားလဲခဲ့တာကြောင့် နော်ဝေသားရဲ့ ပရီးမီးယားလိဂ်ပွဲထွက် ဟက်ထရစ်အိပ်မက်က ပျက်ပြယ်ခဲ့ရပြီး ဒီနောက်ပိုင်းမှာတော့ ဖိုဒန်၊ ဒီဘရိုင်းနားနဲ့ ရိုဒရီတို့အစား မာရက်ဇ်၊ ပါးလ်မားနဲ့ ကယ်လ်ဗင် ဖိလစ်တို့ကို ထည့်သွင်းကစားသွားခဲ့ပြီး ပွဲကို ထိန်းချုပ်သွားခဲ့တာပါ။

ပွဲချိန်အပြည့်မှာတော့ မန်ချက်စတာစီးတီးတို့ အဝေးကွင်းမှာ ကစားရခက်တဲ့ အိမ်ရှင် ဝက်စ်ဟမ်းတို့ကို နှစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ယူအောင်ပွဲခံနိုင်ခဲ့ပြီး ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့် ၄ နေရာမှာ ရပ်တည်ပြီး ရာသီသစ်မှာ ကစားသမားသစ် ဟားလန်းရဲ့ သွင်းဂိုးတွေနဲ့အတူ အဖွင့်လှခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ဒီေန႔ အေဝးကြင္းမွာ ဂိုးသမား အီဒါဆန္၊ ခံစစ္မွာ ေဝၚလ္ကာ၊ ႐ူဘင္ ဒီယက္စ္၊ အာေကနဲ႔ ကန္ဆယ္လိုတို႔ကို အထိုင္ခ်ခဲ့ၿပီး ကြင္းလယ္မွာေတာ့ ႐ိုဒရီ၊ ဂြန္ဒိုးဝမ္နဲ႔ ဒီဘ႐ိုင္းနားတို႔ကို သုံးၿပီး ထိန္းခ်ဳပ္ဖို႔ လုပ္ေဆာင္လာခဲ့သလို တိုက္စစ္မွာေတာ့ ဟားလန္း၊ ဂရီးလစ္ရွ္နဲ႔ ဖိုဒန္တို႔ ကစားလာခဲ့ၾကတာျဖစ္ပါတယ္။

အိမ္ရွင္ ဝက္စ္ဟမ္းတို႔ကေတာ့ ဂိုးသမား ဖာဘီယန္စကီး၊ ခံစစ္မွာ ဇူးမား၊ ဂြၽန္ဆန္၊ ဆိုဖာလ္နဲ႔ ခရက္စ္ဝဲလ္တို႔ကို သုံးစြဲခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဒက္ကလန္ ႐ိုက္စ္၊ ဆိုးခ်က္ခ္နဲ႔ လန္ဇီနီတို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ အန္တိုနီယိုကို ေဖာ္နယ္လ္စ္နဲ႔ ဘိုဝင္တို႔က ဘယ္ညာရံၿပီး ပြဲထြက္လာခဲ့ၾကတာပါ။

ထုံးစံအတိုင္း စီးတီးတို႔ ေဘာလုံးကိုင္ကစားခဲ့ခ်ိန္မွာ ဝက္စ္ဟမ္းကေတာ့ ျဖတ္တင္ေဘာေတြ အျမင့္ေဘာေတြနဲ႔ ေကာင္တာေတြကေန ျပန္ၿပီး ၿခိမ္းေျခာက္ဖို႔ ႀကိဳးစားခဲ့သလို ဟားလန္းကေတာ့ ဂြန္းဒိုးဝမ္ ပါလာလို႔ တည္ၿငိမ္ေနတဲ့ ကြင္းလယ္ေရွ႕မွာ ၿပီးခဲ့တဲ့ လီဗာပူးလ္နဲ႔ ပြဲကထက္ပိုၿပီး အခြင့္အေရးေတြ ရရွိႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၂၂ မိနစ္မွာေတာ့ ဟားလန္းနဲ႔ ထိခိုက္ၿပီး ဒဏ္ရာရသြားတဲ့ ဖာဘီယန္စကီးရဲ႕ ဒဏ္ရာ မသက္သာေတာ့တာေၾကာင့္ ပြဲခ်ိန္ ၂၉ မိနစ္မွာ အရန္ဂိုးသမား အာရီယိုးလားနဲ႔ လူစားလဲခဲ့ရၿပီး ဝက္စ္ဟမ္းခံစစ္ အနည္းငယ္ အားနည္းသြားခဲ့သလို ပြဲခ်ိန္ ၃၅ မိနစ္မွာေတာ့ ဂြန္ဒိုးဝမ္ရဲ႕ ေပးပို႔မႈကေန ခံစစ္ၾကားထဲက ေျပးဝင္သြားခဲ့တဲ့ ဟားလန္းကို ေျခေထာက္ဆြဲမိခဲ့တဲ့ ဖိလစ္ပိုင္ႏြယ္ဖြား ျပင္သစ္သားေၾကာင့္ ပင္နယ္တီ ေပးခဲ့ရတာပါ။

ဒီအခြင့္အေရးကိုေတာ့ ပင္နယ္တီ ရွာေဖြႏိုင္ခဲ့တဲ့ တိုက္စစ္မႉး ဟားလန္းက သူကိုယ္တိုင္ပဲ ပထမဆုံး ပရီးမီးယားလိဂ္ဂိုးအတြက္ ကန္သြင္းယူခဲ့ၿပီး ဝက္စ္ဟမ္းဂိုးသမား အာရီယိုးလားကို လွလွပပ လွည့္စားႏိုင္ခဲ့သလို ဘယ္ဘက္တိုင္ေျခကို ေဝ့ဝိုက္ကန္သြင္းယူခဲ့ၿပီး ပြဲခ်ိန္ ၃၆ မိနစ္မွာ မန္ခ်က္စတာစီးတီးတို႔ တစ္ဂိုး-ဂိုးမရွိနဲ႔ စတင္ဦးေဆာင္ခဲ့ပါတယ္။

ပထမပိုင္းမွာ ေဘာလုံးပိုင္ဆိုင္မႈ ၇၉ ရာခိုင္ႏႈန္းအထိ ရွိခဲ့တဲ့ စီးတီးတို႔ ဝက္စ္ဟမ္းဘက္ကို အလစ္မေပးဘဲ ကစားသြားခဲ့သလို အသင္းရဲ႕ အဓိက အင္အားျဖစ္တဲ့ ဘိုဝင္ရဲ႕ ျဖတ္တင္ေဘာနဲ႔ ဖရီးကစ္ေတြကလည္း လိုရာမေရာက္ခဲ့တာေၾကာင့္ အိမ္ရွင္တို႔ေတြ ဂိုးေပါက္ေတာင္ တည့္ေအာင္ မလုပ္ႏိုင္ခဲ့ၾကပဲ တစ္ဂိုး-ဂိုးမရွိနဲ႔ ဧည့္သည္ေတြ အႏိုင္ရေနခဲ့တာပါ။

ဒုတိယပိုင္းမွာေတာ့ ဝက္စ္ဟမ္းတို႔ ေခ်ပဂိုး ျပန္ရဖို႔ ႀကံစည္လာခဲ့ၿပီး စီးတီးတို႔ဘက္ကို ဖိကစားလာႏိုင္ခဲ့ေပမယ့္ ဂိုးေပါက္ၿခိမ္းေျခာက္ဖို႔ ခက္ေနခဲ့တာေၾကာင့္ ပြဲခ်ိန္ ၅၇ မိနစ္မွာ လန္ဇီနီအစား ဘင္ရာမာနဲ႔ တိုက္စစ္က အန္တိုနီယိုအစား ယူ႐ိုသန္း ၄၀ တန္ ကစားသမားသစ္ ဆကာမက္ကာတို႔ကို နည္းျပ ေဒးဗစ္မြိဳက္စ္က ထည့္ကစားလာခဲ့ပါတယ္။

ပြဲခ်ိန္ ၆၅ မိနစ္မွာေတာ့ ဂိုးလိုခ်င္ေနတဲ့ အိမ္ရွင္ေတြအစား မန္စီးတီးတို႔ပဲ ဒုတိယဂိုး ထပ္ယူသြားခဲ့ၿပီး ဒီဂိုးကိုေတာ့ ကြင္းလယ္ကေန ဝက္စ္ဟမ္း ခံစစ္ၾကားထဲက ေမွ်ာထိုးေပးလိုက္တဲ့ ဒီဘ႐ိုင္းနားရဲ႕ ေပးပို႔မႈကို ဟားလန္းက အလယ္ကေန ညာျခမ္းကို ေျပးထြက္ၿပီးမွ သူသန္တဲ့ ဘယ္ေျခနဲ႔ အေဝးတိုင္ေျခ ဘယ္ဘက္ျခမ္းကို တိတိက်က် အဆုံးသတ္ႏိုင္ခဲ့လို႔ ဆာဂ်ီယို အေဂြ႐ိုရဲ႕ ပရီးမီးယားလိဂ္ ပြဲထြက္စံခ်ိန္ကို လိုက္မီႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ မိနစ္ ၇၀ မွာေတာ့ ဘယ္ျခမ္းက ဂရီးလစ္ရွ္ ျဖတ္တင္ေပးတာကို ဟားလန္း ေခါင္းတိုက္ခြင့္ ရခဲ့ေပမယ့္ တိုင္မင္မကိုက္တာေၾကာင့္ ေထာင္သြားခဲ့ၿပီး သူ႔ရဲ႕ ပရီးမီးယားလိဂ္ ပြဲဦးထြက္မွာ ဟက္ထရစ္ရဖို႔ လြဲေခ်ာ္ခဲ့ရၿပီး ဒီအခ်ိန္မွာေတာ့ ဝက္စ္ဟမ္းတို႔ရဲ႕ တိုက္စစ္ေတြက အထာမနပ္တဲ့ ပုံစံေတြနဲ႔ လူကြၽံေဘာေတြသာ မ်ားေနခဲ့ပါတယ္။

ပြဲခ်ိန္ ၇၈ မိနစ္မွာေတာ့ ဂြန္ဒိုးဝမ္အစား ဘာနာဒို ေဆးလ္ဗားကို ထည့္သြင္းခဲ့သလို ဟားလန္းကို အဲလ္ဗာရက္ဇ္နဲ႔ လူစားလဲခဲ့တာေၾကာင့္ ေနာ္ေဝသားရဲ႕ ပရီးမီးယားလိဂ္ပြဲထြက္ ဟက္ထရစ္အိပ္မက္က ပ်က္ျပယ္ခဲ့ရၿပီး ဒီေနာက္ပိုင္းမွာေတာ့ ဖိုဒန္၊ ဒီဘ႐ိုင္းနားနဲ႔ ႐ိုဒရီတို႔အစား မာရက္ဇ္၊ ပါးလ္မားနဲ႔ ကယ္လ္ဗင္ ဖိလစ္တို႔ကို ထည့္သြင္းကစားသြားခဲ့ၿပီး ပြဲကို ထိန္းခ်ဳပ္သြားခဲ့တာပါ။

ပြဲခ်ိန္အျပည့္မွာေတာ့ မန္ခ်က္စတာစီးတီးတို႔ အေဝးကြင္းမွာ ကစားရခက္တဲ့ အိမ္ရွင္ ဝက္စ္ဟမ္းတို႔ကို ႏွစ္ဂိုး-ဂိုးမရွိနဲ႔ အႏိုင္ယူေအာင္ပြဲခံႏိုင္ခဲ့ၿပီး ပရီးမီးယားလိဂ္ အမွတ္ေပးဇယားရဲ႕ အဆင့္ ၄ ေနရာမွာ ရပ္တည္ၿပီး ရာသီသစ္မွာ ကစားသမားသစ္ ဟားလန္းရဲ႕ သြင္းဂိုးေတြနဲ႔အတူ အဖြင့္လွခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.