Match Report Premier League

လူစုံတက်စုံနဲ့ အက်စတန် ဗီလာကို အိမ်ကွင်းမှာ ဖုတ်တဲ့ တန်းတက် ချယ်ရီတွေ

စနေနေ့ညနေက ယှဉ်ပြိုင်ကစားခဲ့တဲ့ ဘုန်းမောက်နဲ့ အက်စတန် ဗီလာတို့ရဲ့ပွဲစဉ်မှာ တန်းတက်အသင်းဟာ ၂-၀ နဲ့ အထင်ကြီးဖွယ် နိုင်ပွဲကို ရရှိခဲ့ပါတယ်။

တန်းတက် ဘုန်းမောက်အသင်းဟာ ၎င်းတို့ရဲ့ ပထမဆုံး ပရီးမီးယားလိဂ်သွင်းဂိုးကို ရရှိဖို့ ၂ မိနစ်သာ အချိန်လိုအပ်ခဲ့တာဖြစ်ပြီး ဂျက်ဖာဆန် လာမာက တာဗာနီယာရဲ့ ထောင့်ကန်ဘော ကန်တင်ရာကနေ ကယ်လီ ခေါင်းတိုက်လိုက်တဲ့ဘောလုံးကို ဗီလာနောက်ခံလူတွေ မရှင်းထုတ်နိုင်တာကို အခွင့်ကောင်းယူပြီး အပြင်းကန်သွင်းယူခဲ့တာဖြစ်ပါတယ်။

ဂျက်ဖာဆန် လာမာရဲ့ ကန်ချက်ဟာ လူထိပြီး လမ်းကြောင်းအနည်းငယ် ပြောင်းသွားခဲ့ပေမယ့်လည်း အဆုံးမှာတော့ ဂိုးပိုက်ထဲကို ဝင်သွားခဲ့တာကြောင့် ဘုန်းမောက်တို့ ဦးဆောင်ဂိုး စတင်ရရှိသွားခဲ့တာဖြစ်ပြီး အက်စတန် ဗီလာအသင်းက ပထမပွဲထွက်ကစားသမား ၁၁ ဦးနဲ့ ပွဲထွက်လာခဲ့ပေမယ့် ဘုန်းမောက်ဂိုးပေါက်ကို အမှန်တကယ် ခြိမ်းခြောက်နိုင်ခြင်းမရှိခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်း ၆၅ မိနစ်မှာ အက်စတန် ဗီလာက အလွတ်တည်ကန်ဘောကို လျင်လျင်မြန်မြန် ကန်ခဲ့ပြီး ဘူအန်ဒီယာပေးပို့ခဲ့တဲ့ဘောလုံးကို ကာမာရာက ဂိုးညာဘက်အပေါ်ထောင့်ကို အပြင်းကန်သွင်းခဲ့ပေမယ့်လည်း ဘေးကို ဝိုက်ထွက်သွားခဲ့ပြီး ဧည့်သည်အသင်း ချေပဂိုး ရရှိမယ့် အခွင့်အရေး လွဲချော်ခဲ့ရတာ ဖြစ်ပါတယ်။

မိနစ် ၈၀ မှာတော့ ကီဖာ မိုးက လွိုက်ဒ် ကယ်လီရဲ့ ညာတောင်ပံကနေ ကောင်းမွန်တဲ့ ဖြတ်တင်ပေးပို့မှုကနေတဆင့် အက်စတန် ဗီလာဂိုးသမား မာတီနက်ဇ် ဘယ်လိုမှ ကာကွယ်လို့မရအောင် ဂိုးညာဘက်အပေါ်ထောင့်ကို အားပါပြင်းထန်တဲ့ ခေါင်းတိုက်ချက်နဲ့ ဂိုးသွင်းယူပြီး ဘုန်းမောက်အသင်းကို အနိုင်သေချာစေမယ့် ဒုတိယမြောက် ဦးဆောင်ဂိုးကို သွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၁၀ နှစ်က အခုလို အချိန်မှာ အင်္ဂလန်ရဲ့ ဆဌမတန်းပြိုင်ပွဲက ထရူရို စီးတီးအသင်းအတွက် ကစားပေးနိုင်ဖို့အတွက် အသက်ကယ်သမားအလုပ်ကို စနေနေ့မှာ နားရက်ယူခဲ့ရတဲ့ ကီဖာ မိုးဟာ လက်ရှိမှာတော့ ၎င်းရဲ့ ပထမဆုံး ပရီးမီးယားလိဂ်သွင်းဂိုးကို သွင်းယူနိုင်ခဲ့တာက ပုံပြင်ဆန်တဲ့ အဖြစ်အပျက်တစ်ခု ဖြစ်ခဲ့မှာဖြစ်ပါတယ်။

ဗီတာလတီကွင်းဟာ ပရီးမီးယားလိဂ်မှာ အသေးငယ်ဆုံး ဘောလုံးကွင်းဖြစ်ပေမယ့်လည်း အသင်းကြီး တော်တော်များများအတွက် ဒီကွင်းသေးလေးဟာ လာရောက်ကစားဖို့ ခက်ခဲတဲ့ ကွင်းငယ်တစ်ခု ဖြစ်ခဲ့တာဖြစ်ပြီး အက်စတန် ဗီလာအသင်းလည်း လူစုံတက်စုံနဲ့ အနိုင် ၃ မှတ်အပြည့်ယူမယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ လာခဲ့ပုံပေါ်ပေမယ့် လက်ဗလာနဲ့သာ အိမ်ပြန်သွားခဲ့ရတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:စေနေန႔ညေနက ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ဘုန္းေမာက္နဲ႔ အက္စတန္ ဗီလာတို႔ရဲ႕ပြဲစဥ္မွာ တန္းတက္အသင္းဟာ ၂-၀ နဲ႔ အထင္ႀကီးဖြယ္ ႏိုင္ပြဲကို ရရွိခဲ့ပါတယ္။

တန္းတက္ ဘုန္းေမာက္အသင္းဟာ ၎တို႔ရဲ႕ ပထမဆုံး ပရီးမီးယားလိဂ္သြင္းဂိုးကို ရရွိဖို႔ ၂ မိနစ္သာ အခ်ိန္လိုအပ္ခဲ့တာျဖစ္ၿပီး ဂ်က္ဖာဆန္ လာမာက တာဗာနီယာရဲ႕ ေထာင့္ကန္ေဘာ ကန္တင္ရာကေန ကယ္လီ ေခါင္းတိုက္လိုက္တဲ့ေဘာလုံးကို ဗီလာေနာက္ခံလူေတြ မရွင္းထုတ္ႏိုင္တာကို အခြင့္ေကာင္းယူၿပီး အျပင္းကန္သြင္းယူခဲ့တာျဖစ္ပါတယ္။

ဂ်က္ဖာဆန္ လာမာရဲ႕ ကန္ခ်က္ဟာ လူထိၿပီး လမ္းေၾကာင္းအနည္းငယ္ ေျပာင္းသြားခဲ့ေပမယ့္လည္း အဆုံးမွာေတာ့ ဂိုးပိုက္ထဲကို ဝင္သြားခဲ့တာေၾကာင့္ ဘုန္းေမာက္တို႔ ဦးေဆာင္ဂိုး စတင္ရရွိသြားခဲ့တာျဖစ္ၿပီး အက္စတန္ ဗီလာအသင္းက ပထမပြဲထြက္ကစားသမား ၁၁ ဦးနဲ႔ ပြဲထြက္လာခဲ့ေပမယ့္ ဘုန္းေမာက္ဂိုးေပါက္ကို အမွန္တကယ္ ၿခိမ္းေျခာက္ႏိုင္ျခင္းမရွိခဲ့တာျဖစ္ပါတယ္။

ဒုတိယပိုင္း ၆၅ မိနစ္မွာ အက္စတန္ ဗီလာက အလြတ္တည္ကန္ေဘာကို လ်င္လ်င္ျမန္ျမန္ ကန္ခဲ့ၿပီး ဘူအန္ဒီယာေပးပို႔ခဲ့တဲ့ေဘာလုံးကို ကာမာရာက ဂိုးညာဘက္အေပၚေထာင့္ကို အျပင္းကန္သြင္းခဲ့ေပမယ့္လည္း ေဘးကို ဝိုက္ထြက္သြားခဲ့ၿပီး ဧည့္သည္အသင္း ေခ်ပဂိုး ရရွိမယ့္ အခြင့္အေရး လြဲေခ်ာ္ခဲ့ရတာ ျဖစ္ပါတယ္။

မိနစ္ ၈၀ မွာေတာ့ ကီဖာ မိုးက လြိဳက္ဒ္ ကယ္လီရဲ႕ ညာေတာင္ပံကေန ေကာင္းမြန္တဲ့ ျဖတ္တင္ေပးပို႔မႈကေနတဆင့္ အက္စတန္ ဗီလာဂိုးသမား မာတီနက္ဇ္ ဘယ္လိုမွ ကာကြယ္လို႔မရေအာင္ ဂိုးညာဘက္အေပၚေထာင့္ကို အားပါျပင္းထန္တဲ့ ေခါင္းတိုက္ခ်က္နဲ႔ ဂိုးသြင္းယူၿပီး ဘုန္းေမာက္အသင္းကို အႏိုင္ေသခ်ာေစမယ့္ ဒုတိယေျမာက္ ဦးေဆာင္ဂိုးကို သြင္းယူေပးသြားခဲ့တာျဖစ္ပါတယ္။

လြန္ခဲ့တဲ့ ၁၀ ႏွစ္က အခုလို အခ်ိန္မွာ အဂၤလန္ရဲ႕ ဆဌမတန္းၿပိဳင္ပြဲက ထ႐ူ႐ို စီးတီးအသင္းအတြက္ ကစားေပးႏိုင္ဖို႔အတြက္ အသက္ကယ္သမားအလုပ္ကို စေနေန႔မွာ နားရက္ယူခဲ့ရတဲ့ ကီဖာ မိုးဟာ လက္ရွိမွာေတာ့ ၎ရဲ႕ ပထမဆုံး ပရီးမီးယားလိဂ္သြင္းဂိုးကို သြင္းယူႏိုင္ခဲ့တာက ပုံျပင္ဆန္တဲ့ အျဖစ္အပ်က္တစ္ခု ျဖစ္ခဲ့မွာျဖစ္ပါတယ္။

ဗီတာလတီကြင္းဟာ ပရီးမီးယားလိဂ္မွာ အေသးငယ္ဆုံး ေဘာလုံးကြင္းျဖစ္ေပမယ့္လည္း အသင္းႀကီး ေတာ္ေတာ္မ်ားမ်ားအတြက္ ဒီကြင္းေသးေလးဟာ လာေရာက္ကစားဖို႔ ခက္ခဲတဲ့ ကြင္းငယ္တစ္ခု ျဖစ္ခဲ့တာျဖစ္ၿပီး အက္စတန္ ဗီလာအသင္းလည္း လူစုံတက္စုံနဲ႔ အႏိုင္ ၃ မွတ္အျပည့္ယူမယ္ဆိုတဲ့ ဆုံးျဖတ္ခ်က္နဲ႔ လာခဲ့ပုံေပၚေပမယ့္ လက္ဗလာနဲ႔သာ အိမ္ျပန္သြားခဲ့ရတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.