Ligue1 Premier League Transfer News

အာဆင္နယ္ရဲ႕ ဂါဘရီယယ္လ္အိပ္မက္ကို ႐ိုက္ခ်ဳိးဖို႔ ႀကဳိးစားေနတဲ့ မန္ခ်က္စတာယူႏိုက္တက္

အာဆင္နယ္အသင္းကို ေရာက္ေတာ့မယ္လို႔ သတင္းထြက္ေနတဲ့ ေနာက္ခံလူ ဂါဘရီယယ္လ္ မာဂါလိုင္စ္အေနနဲ႔ ပရီးမီးယားလိဂ္က မန္ခ်က္စတာ ယူႏိုက္တက္အသင္းနဲ႔ လီဂူးဝမ္းအင္အားႀကီး PSG အသင္းတို႔က ေနာက္ဆုံးအခ်ိန္မွာ ၾကားျဖတ္ၾကိဳးပမ္းလာျခင္းအတြက္ ေျပာင္းေရႊ႕ဖို႔ ဆုံးျဖတ္ခ်က္ကို ေခတၱဆိုင္းငံ့လိုက္တယ္လုိ႔ ဆိုပါတယ္။

အသက္ ၂၂ ႏွစ္အရြယ္ ဘရာဇီးလ္သား ဗဟိုေနာက္ခံလူအေနနဲ႔ အာဆင္နယ္အသင္းနဲ႔ ပုဂိၢဳလ္ေရး ညႇိႏွဳိင္းမွဳ အဆင္ေျပသေဘာတူခဲ့သလို အာဆင္နယ္အသင္းနဲ႔ လိုင္လီအသင္းတို႔ဟာလည္း ဂါဘရီယယ္လ္အတြက္ ေျပာင္းေရႊ႔ေၾကးကို ေပါင္ ၂၂ သန္း (ယူ႐ို ၂၅ သန္း)နဲ႔ ေပးေခ်ဖို႔ သေဘာတူခဲ့ၾကျပီးျဖစ္ပါတယ္။

သို႔ေပမယ့္ မေန႔ညေနက မန္ခ်က္စတာယူႏိုက္တက္အသင္းနဲ႔ PSG အသင္းတို႔ဟာ ဂါဘရီယယ္လ္ကို စိတ္၀င္စားမႈရိွလာၿပီး လို္င္လီအသင္းဆီ ကမ္းလွမ္းမႈေတြ လုပ္လိုက္လုိ႔ ဂါဘရီယယ္လ္အေနနဲ႔ စိတ္လည္သြားျပီး အာဆင္နယ္အသင္းဆီ ေျပာင္းေရႊ႔မယ့္ကိစၥကို ဆိုင္းငံ့လုိက္တယ္လို႔ စကိုင္းစပုိ႔စ္သတင္းဌာနက ဆိုထားပါတယ္။

ဂါဘရီယယ္လ္နဲ႔ အာဆင္နယ္တို႔ရဲ႕ အေျပာင္းအေရႊ႕ဟာ ေဆးစစ္ဖို႔ပဲက်န္ၿပီး ေနာက္ထပ္ ၄၈ နာရီအတြင္း ေဆးစစ္မယ္လို႔ သတင္းဌာန ေတာ္ေတာ္မ်ားမ်ားက ဆိုထားခဲ့ခ်ိန္မွာ ကစားသမားအေနနဲ႔ ေျမာက္လန္ဒန္ကို ေရာက္ဖို႔ ေသခ်ာသေလာက္ရိွမွ မန္ခ်က္စတာယူႏိုက္တက္အသင္းနဲ႔ PSG အသင္းတို႔ရဲ႕ အနီးကပ္ ၾကိဳးစားကမ္းလွမ္းမႈဟာ ပူပူေႏြးေႏြး အက္ဖ္ေအဖလားပုိင္ရွင္တုိ႔အတြက္ေတာ့ စိတ္ပ်က္စရာလည္းျဖစ္ေနပါတယ္။

ဂါဘရီယယ္လ္အေနနဲ႔ အာဆင္နယ္အသင္းအစား တျခားအသင္းကို ေရြးခ်ယ္မယ္ဆို ပရီးမီးယားလိဂ္မွာပဲ ကစားခ်င္တယ္ဆိုထားတဲ့အတြက္ မန္ခ်က္စတာယူႏိုက္တက္အသင္းကိုပဲ ေရြးခ်ယ္ျဖစ္ဖို႔မ်ားၿပီး အေျပာင္းအေရႊ႕ျဖစ္ေျမာက္ခဲ့ရင္ေတာ့ အာဆင္နယ္အသင္းရဲ႕ အိပ္မက္ေတြကို ရိုက္ခ်ိဳးလိုက္သလိုု ျဖစ္သြားနိုင္ျပီး ခါးသီးတဲ့ ျပိဳင္ဘက္အသင္းၾကီး ႏွစ္သင္းအၾကား ျပိဳင္ဆုိင္မႈေတြ ပိုျပင္းထန္လာႏိုင္ေၾကာင္းလည္း သိရွိရပါတယ္။

REF: SKY SPORTS
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: အာဆင်နယ်အသင်းကို ရောက်တော့မယ်လို့ သတင်းထွက်နေတဲ့ နောက်ခံလူ ဂါဘရီယယ်လ် မာဂါလိုင်စ်အနေနဲ့ ပရီးမီးယားလိဂ်က မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ လီဂူးဝမ်းအင်အားကြီး PSG အသင်းတို့က နောက်ဆုံးအချိန်မှာ ကြားဖြတ်ကြိုးပမ်းလာခြင်းအတွက် ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ချက်ကို ခေတ္တဆိုင်းငံ့လိုက်တယ်လို့ ဆိုပါတယ်။

အသက် ၂၂ နှစ်အရွယ် ဘရာဇီးလ်သား ဗဟိုနောက်ခံလူအနေနဲ့ အာဆင်နယ်အသင်းနဲ့ ပုဂ္ဂိုလ်ရေး ညှိနှိုင်းမှု အဆင်ပြေသဘောတူခဲ့သလို အာဆင်နယ်အသင်းနဲ့ လိုင်လီအသင်းတို့ဟာလည်း ဂါဘရီယယ်လ်အတွက် ပြောင်းရွှေ့ကြေးကို ပေါင် ၂၂ သန်း (ယူရို ၂၅ သန်း)နဲ့ ပေးချေဖို့ သဘောတူခဲ့ကြပြီးဖြစ်ပါတယ်။

သို့ပေမယ့် မနေ့ညနေက မန်ချက်စတာယူနိုက်တက်အသင်းနဲ့ PSG အသင်းတို့ဟာ ဂါဘရီယယ်လ်ကို စိတ်ဝင်စားမှုရှိလာပြီး လိုင်လီအသင်းဆီ ကမ်းလှမ်းမှုတွေ လုပ်လိုက်လို့ ဂါဘရီယယ်လ်အနေနဲ့ စိတ်လည်သွားပြီး အာဆင်နယ်အသင်းဆီ ပြောင်းရွှေ့မယ့်ကိစ္စကို ဆိုင်းငံ့လိုက်တယ်လို့ စကိုင်းစပို့စ်သတင်းဌာနက ဆိုထားပါတယ်။

ဂါဘရီယယ်လ်နဲ့ အာဆင်နယ်တို့ရဲ့ အပြောင်းအရွှေ့ဟာ ဆေးစစ်ဖို့ပဲကျန်ပြီး နောက်ထပ် ၄၈ နာရီအတွင်း ဆေးစစ်မယ်လို့ သတင်းဌာန တော်တော်များများက ဆိုထားခဲ့ချိန်မှာ ကစားသမားအနေနဲ့ မြောက်လန်ဒန်ကို ရောက်ဖို့ သေချာသလောက်ရှိမှ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ PSG အသင်းတို့ရဲ့ အနီးကပ် ကြိုးစားကမ်းလှမ်းမှုဟာ ပူပူနွေးနွေး အက်ဖ်အေဖလားပိုင်ရှင်တို့အတွက်တော့ စိတ်ပျက်စရာလည်းဖြစ်နေပါတယ်။

ဂါဘရီယယ်လ်အနေနဲ့ အာဆင်နယ်အသင်းအစား တခြားအသင်းကို ရွေးချယ်မယ်ဆို ပရီးမီးယားလိဂ်မှာပဲ ကစားချင်တယ်ဆိုထားတဲ့အတွက် မန်ချက်စတာယူနိုက်တက်အသင်းကိုပဲ ရွေးချယ်ဖြစ်ဖို့များပြီး အပြောင်းအရွှေ့ဖြစ်မြောက်ခဲ့ရင်တော့ အာဆင်နယ်အသင်းရဲ့ အိပ်မက်တွေကို ရိုက်ချိုးလိုက်သလို ဖြစ်သွားနိုင်ပြီး ခါးသီးတဲ့ ပြိုင်ဘက်အသင်းကြီး နှစ်သင်းအကြား ပြိုင်ဆိုင်မှုတွေ ပိုပြင်းထန်လာနိုင်ကြောင်းလည်း သိရှိရပါတယ်။

REF: SKY SPORTS
PHOTOS CREDIT TO OWNERS
SPORTS A2Z.